Genius Kid Bookstore2
24/08/2025
မွေးနေ့ပဲဖြစ်ဖြစ် ပွဲတော်ပဲဖြစ်ဖြစ် သုံးလို့ရတဲ့ မီးလင်းလိပ်ပြာစကပ်လေးပါ
ရောင်စုံရ
မီးမီးလေးတွေ ဝတ်ဖို့ အတွက် စကတ်ပါ မီးလင်းလိပ်ပြာ (စကတ် က မီးလေးလင်းပါတယ်နော်)
Price - 15000 ks
မီးမီးလေးတွေအတွက် အရမ်းကြိုက်ပြီး အရမ်းလဲချစ်ဖို့ကောင်းတယ့် မီးလင်းလိပ်ပြာ လေးပါရှင်။
1.မီးလင်း လိပ်ပြာတောင်ပံ
2. မီးလင်း စကတ်
3. နှင်တံ
4. ဘီးကုတ် 4မျိုး တစုံစာပါပါတယ်။
စကပ်လေးမှာ မီးလေးတွေ လင်းတော့ မီးမီးလေးတွေ အကြိုက်ပါဘဲနော်။😘😘😘
21/06/2025
ဆန်ရေ နည်းတာ ဝမ်းနည်းစရာလား?
ကိုယ်က မိဘဖြစ်ပြီး
နေရာတကာ စုန်ရေ နဲ့ ဆန်ရေ
အနည်း နဲ့ အများ....အရှုံး နဲ့ အမြတ် တွက်နေရင်တော့
မိဘ မပီသလို့ပဲ
ကိုယ့် ဘဝ အိုချိန်...နာချိန် ...
သေဖို့....ကိုယ့်ဖာသာကိုယ်ပဲ ပြင်ဆင်ထားရမှာပါ
သားသမီးက ပြန်သိတတ်ခဲ့ရင်...
အတိုင်းထက် အလွန်......ဆန်ရေပဲ
ဆန်ရေဆိုတာ ...များချင်များမယ်
နည်းချင် နည်းမယ်
သေချာတာကတော့ စုန်ရေလောက် မများဘူး
စုန်ရေလောက် ဆန်ရေ မများတာကို
ကြိုတင်သိရှိ လက်ခံနိုင်ဖို့ ကြိုးစားပြင်ဆင်ထားရပါမယ်
လူဖြစ်စေ..တိရိစ္ဆာန်ဖြစ်စေ
သမိုင်းပေး အဓိက တာဝန်ဟာ
နောင်မျိုးဆက် ပျံ့ပွားဖို့
နောင်မျိုးဆက် တိုးတက်ကြီးပွားဖို့ပါပဲ......
ဒါကြောင့်လည်း ဆော်လမွန်ငါးတွေ မျိုးပွားရင်း သေကြတယ်
ပင့်ကူ တချို့ မျိုးပွားရင်း သေကြတယ်
သတ္တဝါလောကမှာ နောင်မျိုးဆက် တည်တံ့ကျန်ရစ်ဖို့
အသက်စတေးခံရတဲ့ မျိုးဆက်တွေ အများကြီး ရှိပါတယ်
မျိုးဆက်သစ်တွေ ကောင်းစားဖို့ အတွက်ဟာ
မျိုးဆက်ဟောင်းတွေကို ကျေးဇူးကြွေးဆပ်ဖို့ထက်
ပိုပြီး အရေးကြီးတယ်
ခါးသီးပေမဲ့
ဒါက လောက သဘာဝ အမှန်တရားပါပဲ
အသိဥာဏ် မြင့်မားလာတဲ့ လူသားကမ္ဘာမှာ
ကြွေးဟောင်းဆပ်သင့်ကြောင်း.....
ကျေးဇူးတရားအကြောင်း....ရှိလာပေမဲ့
အဓိက တာဝန် ကတော့ ပြောင်းမသွားဘူး
သားဆိုး သမီးဆိုး မဖြစ်ဖို့ထက်
မိဘဆိုး မဖြစ်ဖို့က ပိုပြီး လိုအပ်တယ်
အနာဂတ် လူသားကမ္ဘာ ကောင်းစားရေးအတွက်။
(၁) မွေးခါစ ကနေ အသက်(၆-၇) နှစ်အထိ
သားသမီးတိုင်းအတွက် အချစ်ဆုံး ချစ်သူဟာ
အချစ်ဦး ဟာ....မိခင်ပဲ...
ဒါမှ မဟုတ် ကျွေးမွေးစောင့်ရှောက်သူ မွေးစားမိဘ ပေါ့
(၂) အသက်(၇)နှစ်ကနေ အသက်(၁၂) လောက်အထိ
ရောက်လာတဲ့အခါ
သားသမီးတိုင်းအတွက် လူစွမ်းကောင်းဟာ
ဖခင်ပဲ
အသက်(၇နှစ်ကနေ--၁၂) နှစ်ကြားမှာ မိခင်ထက်
ဖခင်ကို ပိုပြီး အထင်ကြီးကြတယ်
တွယ်တာမြတ်နိုးကြတယ်
(၃) အသက်(၁၃) နှစ်နောက်ပိုင်းကျတော့
နိုင်ငံကျော် ဘောလုံးသမားဖြစ်စေ
ရုပ်ရှင်မင်းသားတယောက်ယောက်ဖြစ်စေ
သူငယ်ချင်းရဲ့ ဦးလေး ဖြစ်စေ ..စသဖြင့်
မိဘထက်...ဖခင်ထက် ..ပိုပြီး အထင်ကြီး လေးစားရတဲ့သူ..
Idol တယောက်ယောက်....
Super Hero တယောက်ယောက် က
ဖခင်ရဲ့ နေရာကို ယူသွားတတ်တာ သဘာဝပဲ ဖြစ်ပါတယ်
ဝမ်းနည်းစရာ မဟုတ်ပါဘူး
လူသားငယ်ကလေး အသိဥာဏ် ဖွံ့ဖြိုးလာတဲ့အခါမှာ
ငါ့ အဖေသာ အရာရာအကြီးမြတ်ဆုံး မဟုတ်မှန်း သိလာပြီး
အရှိတရား အမှန်တရားကို လက်ခံလာတဲ့ သဘောပါပဲ
သားသမီးတွေကို ရဲရင့်ထက်မြက်စေချင်ရင်
(၁) အသက်(၇) နှစ် မတိုင်မှီ ကလေးဘဝမှာ
မိခင်က ကလေးကို မရိုက်ရပါဘူး.ကိစ္စတခုခု နဲ့ ကလေး ယှဥ်လာရရင် ..ကလေးကို
ဦးစားပေးရမှာပါ(ဥပမာ....ကလေးကို နို့တိုက်ဖို့နဲ့
ထမင်းချက်ဖို့ ယှဥ်လာရင်
ကလေးနို့တိုက်ဖို့ကို ဦးစားပေးရပါမယ်...)
ကလေးနဲ့ အခြားအရာမှာ....အခြားအရာတွေကိုပဲ
မိဘက ဦးစားပေးရင်....ကလေးက
သူ့ကိုယ်သူ ...အရေးမပါတဲ့ ..သူ
တန်ဖိုး မဲ့ တဲ့ သူအဖြစ် ခံစားရပါတယ်...
အဲ့လို ကလေးမျိုး လူကြီးဖြစ်လာတဲ့ အခါ
မသိစိတ်က မိဘကို ကလဲ့စားချေပါလိမ့်မယ်...
မိဘ နဲ့ ဘာကိစ်စနဲ့ဘဲ ယှဥျယှဥျ
မိဘကို နောက်မှာ ထားပါလိမ့်မယ်..
အဲ့တော့မှ ဝမ်းမနည်းနဲ့
(၂) ကလေးအသက်(၇) နှစ်ကနေ (၁၂) နှစ်ကြား
ဒီကာလမှာ
လူကြီးတယောက်လို ကလေးကို တလေးတစား ဆက်ဆံရပါမယ်
ကလေး ပုံဆွဲတာ....စာရေးတာ....
သိချင်လို့ မေးမြန်းတာ...စပ်စုတာတွေကို
တလေးတစား ချီးမွမ်းတာ....
အသိအမှတ်ပြု ဝေဖန် အကြံပြုတာ......
သူတို့ ပြောရင် စိတ်ဝင်တစားနားထောင်တာ လုပ်ရပါမယ်
ရိုက်တာ....
အရေးမလုပ်တာ.....
ပြန်ပြောခွင့် ...ရှင်းပြခွင့် မပေးတာ....
အထင်သေးတာ( မင်း ဘာသိလဲ....
ကလေး..ကလေးလိုနေ....လာမရှုပ်နဲ့ ....ဆိုတာမျိုး)
" မိဘစကား မြေဝယ်မကျနားထောင်....
ငရဲအိုးဂျိုးကပ်ချင်လား....ပါးစပ် ပိတ်ထားစမ်း" ဆိုရင်...
အဲ့လိုဆက်ဆံခဲ့ရင် ကလေးက အောက်က (၂) မျိုးထဲက တခုခု
ဖြစ်သွားပါလိမ့်မယ်။
(က) အငုံ့မျိုး
ပင်ကိုဗီဇ ပျော့တဲ့ ကလေးဆိုရင်
စကားနည်း သွားမယ်
အရမ်းအေးဆေးတဲ့ ကလေး ဖြစ်သွားမယ်
မိဘကို မဆန့်ကျင်ရဲတော့ဘူး ...ပြန်မပြောရဲတော့ဘူး
တက်တက်ကြွကြွ မရှိတော့ဘူး
ဘယ်နေရာမှလည်း မထူးချွန်တော့ဘူး
ရန်မဖြစ်ဘူး..သူများက ရန်လာစရင်တောင်မှ
ငုံ့ခံတော့မယ်
ကိုယ့် ကလေး စာမတော်ရင် ...တရားခံဟာ ကိုယ်ပဲ
တခြားသူ မဟုတ်ဘူး
(တလောက YBS အပေါ်မှာ သူများထိုးတာကို ခံပြီး
ပြန်မထိုးရဲပဲ ဖေ့ဘုတ်တင်တဲ့သူဟာ အငုံ့မျိုးပါ)
(ခ) အကန်မျိုး
ပင်ကိုဗီဇ မာကြောတဲ့ ကလေးဆိုရင်
ဆိုးလာမယ်
မိဘကို မကြောက်တော့ဘူး
အရွဲ့တိုက်မယ် ...ပေကပ်ကပ်လုပ်မယ်
ရန် ခဏ ခဏ ဖြစ်မယ်
သူများကလေးတွေကို ထိုးမယ် ကြိတ်မယ်
(တလောက ဖေ့ဘုတ်ပေါ်မှာ သူများကို ဗလိုင်းကြီး
(၃) ချက် ဆွဲထိုးတဲ့ ကလေးမျိုးပေါ့
ထစ်ကနဲ ဆို လက်ပါတတ်တယ်
လင်မယား စကားများရင်တောင်မှ လက်ပါရမှ)
(၃) အသက်(၁၂) နှစ်မှ အထက်
သားသမီးကို လူကြီးတယောက်လို တိုင်ပင်တာ...
အရေးတယူ လူရာသွင်းတာ လုပ်ရမဲ့ အချိန်ပါ
ဝါသနာတွေ..ဗီဇတွေ စပြီး ထင်ရှားပေါ်ထွန်းလာချိန်ပါ။
သားသမီးကို တန်းတူထား....
ပြောရင် ကရုစိုက် နားထောင်ပြီး သူတို့ခံစားချက်ကို
နားလည်နိင်ဖို့..မျှဝေနိုင်ဖို့ ကြိုးစားရမဲ့ အချိန်ပါ
ဒီအသက်အရွယ်မှာ
(၁) မိဘနဲ့ သဘောထား ကွဲလွဲလာပြီးငြင်းခုံတာ ထုံးစံပါ
သူတို့ အသိဥာဏ် ဖွံ့ဖြိုးလာတာကိုး...
မိဘက ကျောင်းမှာ ပြဿနာဖြစ်လာရင်လည်း
အကျိုးအကြောင်း သေချာနားမထောင်ပဲ...
" ကျောင်းမှာ ဆရာတွေနဲ့ ဘယ် အဆင်ပြေမလဲ
မင်းက အချိုးမှ မပြေတာ " ဆိုတာမျိုး...
" ပြဿနာ တခုခု ဖြစ်ပြီဆိုရင် သားသမီးကို ဆူလား
ငေါက်လား လုပ်တတ်တယ်ဆိုရင်.."...
သေချာပါတယ်....အဲ့ဒီ မိဘ နဲ့ သားသမီး
ဒီဘဝမှာ ..ထာဝရ ဝေးပါပြီ
တခုခုဖြစ်လာရင်
ကိုယ့် ဖက်....ကိုယ့် ခံစားချက် နားမထောင်၊နားမလည်ပေးတဲ့
မိဘမျိုးတွေ ကို သားသမီးတွေက ခင်တွယ်လေ့ မရှိပါဘူး
ထစ်ကနဲဆို ကိုယ့်သားသမီးကို အပြစ်တင်လေ့ရှိရင်..သားသမီးတွေက
သူတို့အတွက် ရင်ဖွင့်ရာ.......
တိုင်ပင်ရာ...ဟာ မိဘ မဟုတ်တဲ့ ...အခြားတယောက်ယောက်ပဲ ဖြစ်သွားတတ်ပါတယ်
မိဘတော့ မသိဘူး ...သူငယ်ချင်းပဲ အသိပေးတယ်ဆိုတာမျိုး....
မိဘထက် ...သူငယ်ချင်းကို ခင်တွယ်တယ် ဆိုတာမျိုးပါ
" အငုံ့စိတ် နဲ့ မအုပ်ချုပ်ပါနဲ့"
အပြောလွယ်သလောက် အလုပ်အခက်ဆုံး တခုပါ
" အမေ ဘာသိလို့လဲ?" ....
" အဖေ ဘာမှ မသိပါဘူးဗျာ " ဆိုတဲ့ စကားဟာ
မိဘတွေ အခံရအခက်ဆုံး စကားပဲ
ဒါပေမဲ့ သားသမီးက မိဘကို အဲ့လိုစကားပြောလာပြီဆိုရင်
တရားခံက မိဘကိုယ်တိုင်ဆိုတာ သိရမှာပါ။
" မင်း ဘာသိလို့ လဲ? ကလေး...ကလေးလိုနေစမ်း"...
" ကလေးက ..ကလေးလိုနေ...လူကြီးတွေကြား
ဝင် မစပ်စုနဲ့
ဝင်မရှုပ် နဲ့ " လို့ ပြောခဲ့ဖူးတဲ့ မိဘတွေ ပဲ အဲ့လို ခံရတာ။
ကိုယ်က မိဘဆိုတဲ့ အရှိန်နဲ့ အထက်စီးက ပြောတုန်းကတော့
ဟုတ်တုတ်တုတ်ပေါ့
ကိုယ် ပြန် အပြောခံရတော့ မခံမရပ်နိုင် ဖြစ်ရော...
အရေးအကြီးဆုံးက မိဘတွေရဲ့ အသိပညာပါ
သားသမီးတွေ ကြီးလာတာနဲ့အမျှ
ဖွံ့ဖြိုးတိုးတက်လာတဲ့ အသိပညာကို
မိဘက မမှီရင် ...ပြဿနာက ကြီးပါပြီ။
အရေးအကြီးဆုံးက မိဘက ပညာနည်းနေရင်တောင်မှ
ဘယ်တော့မှ မမှားတဲ့ အုပ်ချုပ်နည်း ရှိပါတယ်
မေတ္တာတရားနဲ့ပဲ အုပ်ချုပ်ပါ
(၁) ရိုက်တာဟာ သားသမီး ကောင်းစားစေချင်လို့
မဟုတ်ပါဘူး
ကိုယ့် ဒေါသ ကိုယ် မထိန်းနိုင်လို့ ရိုက်တာပါ
ရိုက်ပြီး ဆုံးမတယ် ဆိုတာ...ဒေါသ မထိန်းနိုင်တာပါ
(၂) သားသမီးကို သူများနဲ့ မယှဥ်ပါနဲ့
" သူများ သားသမီးတွေများ ...တော်လိုက်တာ
လိမ္မာလိုက်တာ..." လို့ ဘယ်တော့မှ မပြောပါနဲ့
" သူများ မိဘတွေများ...တော်လိုက်တာ...အလိုက်သိလိုက်တာ
ချမ်းသာပြည့်စုံလိုက်တာလို့....." သားသမီးကလည်း
တွေးနေမှာပါ
(၃) သားသမီးရ ကံဆိုးတယ်လို့ မငြီးပါနဲ့
ရိုက်တာထက် နာပါတယ်
" ငါ တို့ မိဘရတာ ကံဆိုးတယ် " လို့ သူတို့ကလည်း
တွေးနေမှာပါ
(၄) နိုင်ကွက် မနင်းပါနဲ့
" ငါ့ စကား နားမထောင်နိုင်ရင် ...အိမ်ပေါ်က ဆင်းသွား လို့
ဘယ်တော့မှ မပြောပါနဲ့
နာကြည်းစိတ်ကြောင့် ဆင်းနိုင်တဲ့ အစွမ်း ရှိတဲ့တနေ့
ဝေးသထက် ဝေးအောင် နေပါလိမ့်မယ်"
(၅) စည်း မကျော်ပါနဲ့
ငါ မိဘပဲ ဆိုပြီး သားသမီးတွေ မရှိတုန်း
သူတို့ အဝတ်ဗီဒိုဖွင့်ပြီး ပေးချင်တဲ့ အင်္ကျီ လျှောက်မပေးပါနဲ့..
သူတို့ အရမ်းကြိုက်တဲ့ အင်္ကျီ နီလေး ပါသွားတတ်တယ်...
ရည်းစားဓာတ်ပုံ လွှင့် မပစ်ပါနဲ့.....
ခင်ဗျား (၁၈)နှစ်နဲ့ ခိုးရာလိုက်ပြေးတာ သူတို့သိတယ်
ခင်ဗျား အသက်(၂၂)မှာ မင်္လာဆောင်မှန်း
သူတို့ သိတယ်
ခင်ဗျားတို့ ငယ်ငယ်က ရည်းစားထားခဲ့မှန်း သိကြတယ်
မသိသလို နေပါ...စည်းကျော်ပြီး သူကြိုက်တဲ့ ဓာတ်ပုံ
လွှင့် မပစ်ပါနဲ့
စည်းကျော်တတ်တဲ့ မိဘတွေကို
သားသမီးတွေက သေတဲ့ နေ့ အထိ မမေ့ပါဘူး
နာလိမ့်မယ်....သေအောင် နာလိမ့်မယ်
လေးစားပါ
ငါမွေးထားတာ ...လူတွေ ဖြစ်လို့
လူ့ အခွင့်အရေး...လူ သားပီပီ လေးစားပါ
အဆုံးသတ် တနေ့ကို နားလည်ပါ...
သားသမီးကို မိဘက ပြုစုပျိုးထောင်တာ
ငါ့ မှာပဲ ရှိတယ် မထင်ပါနဲ့
ဝေလ ငါးကြီးတွေမှာ သာမက
သားပိုက်ကောင်တွေမှာ......
ကျားတွေမှာ........
သိမ်းငှက်တွေမှာ.......
ကျားသစ်တွေမှာရော ရှိတယ်
မိဘက (၃-၄) နှစ် ပြုစု ..ပျိုးထောင်
အမဲလိုက်နည်း...
အန္တာရာယ်ရှောင်နည်း.....
မိုးခိုနည်း.....ရေရှာနည်း...စတဲ့ ပညာစုံရင်
သားသမီးတိုင်းဟာ ..
နောင်မျိုးဆက် ပျံ့ပွားဖို့ပဲ တာဝန်ရှိတယ်
မိဘရင်ခွင်က ထွက်ပြီး....ဘဝသစ် စမှာပဲ....
Awaking Freeman
Crd.
28/05/2025
"ကလေးတစ်ယာက်ရဲ့ဉာဏ်ရည်ဉာဏ်သွေးက မိခင်အပေါ်မှာဘာကြောင့် မူတည်နေသလဲ?"
မျိုးရိုးဗီဇပညာရှင်တွေရဲ့နောက်ဆုံးလေ့လာတွေ့ရှိချက်အရ Intelligence လို့ခေါ်တဲ့ ကလေးတစ်ယောက်ရဲ့
ဉာဏ်ရည်ဉာဏ်သွေးက ဖခင်ထက် မိခင်အပေါ်မှာ ပို မူတည်နေတယ်လို့ အတည်ပြုထားကြပါတယ်။
ဘာကြောင့်လဲဆိုရင် မိန်းမတွေမှာ X Chromosome
နှစ်ခုရှိပြီး အမျိုးသားတွေမှာ X နဲ့ Y တစ်ခုစီ ရှိကြပါတယ်။
ဉာဏ်ရည်နဲ့ဆိုင်တဲ့ ဗီဇမျိုးစေ့များစွာဟာ X Chromosome
မှာရှိနေတဲ့အတွက် မိခင်တွေမှာ ပို အလေးသာနေရခြင်းဖြစ်
ပါတယ်။မိခင်တွေရဲ့ ဗီဇမျိုးစေ့တွေထဲက တချို့ဟာဉာဏ်ရည်နဲ့ပတ်သက်တဲ့အပိုင်းမှာ တက်ကြွစွာအလုပ်လုပ်နေပါတယ်။မိခင်တွေဟာ သားသမီးတွေကို ဝမ်းနဲ့လွယ်မွေးထားရတဲ့အပြင် လူ့လောကထဲ စ ရောက်လာတဲ့
ဘဝအစ ရက်တစ်ထောင်ခရီးအတွင်း မိခင်ရဲ့ရင်ဝယ်ပိုက်ထွေးပြုစုစောင့်ရှောက်မှုတွေက ကလေးတစ်ယောက်ရဲ့ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ပိုမိုအားကောင်းလာစေပါတယ်။
မိခင်တွေဟာ လူ့လောကထဲ စ ရောက်လာတဲ့ကလေး
တစ်ယောက်အတွက် "လက်ဦးဆရာ" First teacher တွေ
ဖြစ်ကြပါတယ်။ဒါကြောင့် သားသမီးတွေရဲ့ ခန္ဓာကိုယ်အတွင်းအပြင် ဖွံ့ဖြိုးမှုအားကောင်းလာစေဖို့ဆိုတာ မိခင်ရဲ့
နည်းလမ်းမှန်စွာ ပြုစုစောင့်ရှောက်မှု/သင်ကြားမှုတွေအပြင်
အစာအာဟာရကောင်းမွန်စွာ ကျွေးမွေးမှုတွေ ဟန်ချက်ညီ
နေဖို့ လိုအပ်ပါတယ်။ဒါကြောင့် ကလေးတစ်ယောက်မွေး
ကင်းစ ကနေ ငါးနှစ်အရွယ်ကြားကာလတွေမှာ အစားအသောက်/အနေအထိုင်(daily routineမှန်ကန်မှု)
အခြေခံစည်းကမ်းအဖုံဖုံကို အုတ်မြစ်ချထားပေးဖို့လိုအပ်
ပါတယ်။ဒီအရွယ်မှာ စနစ်တကျစည်းကမ်း လိုက်နာတတ်
အောင် လေ့ကျင့်ပေးမထားရင် ဆယ်ကျော်သက်အရွယ်မှာ
ပြောမရ/ဆိုမရ ဖြစ်လာပြီး မိဘနဲ့သားသမီးကြား ဆက်ဆံ
ရေး ပျက်စီးတတ်ပါတယ်။
ကလေးတစ်ယောက်ရဲ့ဉာဏ်ရည်နဲ့ပတ်သက်ပြီး
ဖခင်ဆီကနေ ရရှိနေတာတွေကတော့
(၁)ဗီဇမျိုးစေ့တစ်ချို့
(၂)ပညာရေးထောက်ပံ့မှု။
(၃)အချိန်ပေးမှု တွေဖြစ်ပါတယ်။
Parenting လို့ခေါ်တဲ့ သားသမီးပြုစုပျိုးထောင်ခြင်းတာဝန်ဟာ မိဘနှစ်ပါးစလုံးမှာ တာဝန်ရှိနေပါတယ်။ကလေးရဲ့ဉာဏ်ရည်က အမေ အပေါ်မှာပဲမူတည်နေတာဖြစ်လို့ အမေကပဲ သားသမီးတွေကို သေချာပြုစုပျိုးထောင်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။အမေ့ရဲ့နည်း
လမ်းမှန်တဲ့ သားသမီးပြုစုပျိုးထောင်နည်းရယ်/အဖေ့ရဲ့
ငွေးကြေးရေး မပူပင်အောင်ထောက်ပံ့မှု/သားသမီးတွေကို
မေတ္တာနဲ့ အချိန်ပေးမှုတွေရယ် အားလုံး အချိုးညီစွာ ပေါင်း
စပ်နေမှ သားသမီးတွေရဲ့ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးမှု
အားကောင်းပြီး Smart kid လေးတွေ ဖြစ်လာမှာဖြစ်ပါ
တယ်ရှင်။
ညနေမိုး(ကလေး)
-Kalay
Sang
&USA
Crd
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Insein
Yangon