Hla22
10/12/2024
အကြော် ကြော်ရင် ခဏလေးနဲ့ ပျော့သွားတယ်ဆိုတဲ့
အိမ်ရှင်မတို့အတွက်
အကြော်စုံ လေး ကြော်စားကြပါနော်
~~~~~~~~~~~~~~
ဘူးသီးကြော် ကြက်သွန်ကြော် ရွှေဖရုံသီးကြော် မြင်းခွာရွက်
ကြော် ပြောင်းဖူးကြော်
ကိုယ်ကြိုက်နှစ်သက်ရာ အသီးအနှံတွေ အသုံးပြုချင်လဲ
ရပါတယ် ရှင်
အခုက ရွှေလိပ်ပြာ၁ထုပ်ခွဲ/ကောက်ညှင်း ၁ဇွန်း/ရွှေကြည် ၁
ဇွန်း/ပဲအစိမ်းမှုန့် ၂ဇွန်း/နနွင်း အနည်းငယ်/ကြက်သားမှုန့် အနည်းငယ်/ကြက်ဥအကာ၁ဇွန်းကိုရေနဲ့မပျစ်မကျဲဖျော်တာပါ၊စမ်းပြီးလုပ်ကြည့်တာ တော်တော်ကြာတဲ့အထိ မပျော့သွားပါဘူး။ဇွန်းက စတီးချိုင့် အသေးမှာထည့်လို့ရတဲ့ ကလေးထမင်းစားဇွန်း အသေးပါ။
အချဉ်ကတော့
~~~~~~~
မန်းကျည်သီးကိုရေစိမ် အနှစ်တိုက် /ကြက်သွန်ဖြူ ၆မွှာ ငရုတ်သီးစိမ်း ၂တောင့်/ငံပြာရည် ၁ဇွန်း/သကြား ၁ဇွန်း
ရွက်လှေတံဆိပ် ငရုတ်ဆီ ၁ဇွန်း/origano tamarind
sauce ၂ဇွန်း/ပဲအကျက်မှုန့် ၁ဇွန်း ရောမွှေပြီး နံနံပင်
၄ပင်နုတ်နုတ်စင်းထည့်ပါ။
(ရွှေလိပ်ပြာနဲ့ မကြော်ချင်ရင် ဆန် ၂ဆ ကောက်ညှင်း ၁ဆ
ရွှေကြည် ၁ဆ ပဲမှုန့် ၁ဆနဲ့ဖျော်ပါ။)
(Photo crd.)
09/09/2024
စာလေးခွေ ကြော်နည်း
-------------
ပဲမှုန့်စိမ်း ငါးကျပ်သား ၊ ကော်မှုန့် ထမင်းစားဇွန်းတဇွန်း
ရောမွှေ ဇကာချ ၊ အရသာမှုန့် ၊ သကြားအနည်းငယ်
ဆနွင်းထည့်မွှေ ရေနည်းနည်းချင်းထည့်
ပျစ်နေအောင်ဖျော်ပြီး ပလတ်စတစ်အိတ်အမာထဲထည့်
တင်းအောင်ချည် အဖျားစွန်းကို ကက်ကြေးဖြင့်
အပေါက်သေးသေးဖောက်
ဆီများများထည့် ပူအောင်တည် ပြီးမှ မုန့်အိတ်ကို
ညှစ်ထည့်ခွေပြီးကြော်ပါ
တဘက်အရောင်ပြောင်းမှ ကျန်တဘက်လှန်ပါ
မီးရှိန်မပြင်းရ
ခရင်မ် အိတ်မရှိလို့ ပလတ်စတစ်အိတ်သုံးပါတယ်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
YANGON