CEC-Capacity English Class
07/06/2021
သွက်လက်ထက်မြတ်အောင် လေ့ကျင့်မယ်
••••••••••••••••••••••••••••••••••••••••
အမှန်တော့မိဘများဘက်က မိမိကလေးကို အမြဲတမ်းတက်ကြွထက်မြတ်နေတာကို မြင်ချင်မိမှာပါ။ ကိုယ့်ရဲ့ကလေးဟာ အကြောက်စိတ်တွေ လွန်ကဲနေတာ၊ ရှက်စိတ်တွေလွန်ကဲနေတာ မျိုးဆိုရင်တော့ သက်ဆိုင်ရာ ကလေးဆရာဝန်များနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်။ ကလေးတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်မှာသာမက ဥာဏ်ရည်မှာလည်း မိဘများရဲ့ မျိုးရိုးဗီဇနဲ့လည်း သက်ဆိုင်ပါတယ်။ အချို့ကလေးများကတော့ အဖေနဲ့လည်းမတူ အမေနဲ့လည်းမတူဘဲ ပါရမီထူးတဲ့သူများလည်း ရှိပါတယ်။ ပုံမှန်ဥာဏ်ရည်ရှိတဲ့ကလေးအချို့ကတော့ သူတို့အသက်အရွယ်အလိုက် သွက်လက်တက်ကြွမှာပါ။ ဒီလိုမှမဟုတ်ဘဲ မိမိကလေးဟာ လူကြောက်တတ်သွားပြီဆိုရင် ဘယ်လိုအခြေအနေကြောင့်လဲဆိုတာ ပြန်လည်အဖြေရှာပြီး တိုးတတ်မှုကို ရှာသင့်ပါတယ်။ ကျွန်မတွေ့ဘူးတဲ့ မိဘအချို့ဆိုရင် သူ့ကလေးက လူကြောက်သွားတာက သူငယ်ငယ်က ကလေးက ခဏခဏ နေထိုင်းမကောင်းဖြစ်တဲ့အခါ ဆရာဝန်နဲ့ တွေ့ရတော့ ဆရာဝန်ကိုကြောက်ပြီး လူတွေကို သူ့အနားအကပ်မခံတော့တစ်မျိုး၊ ကလေးကို အိမ်ထဲမှာပဲ ထားပြီး ဘယ်သူနဲ့မှ ပေးမဆော့တာကြောင့်တစ်မျိုး၊ ကလေးတို့ကြိုက်တဲ့ ကစားကွင်းမပို့ဖြစ်တာမျိုး စတာတွေက ကလေးကြီးလာတဲ့အခါမှာ မိမိကလေးက လူကြားထဲသွားရမှာ ကြောက်သွားတယ် ဆိုတာမျိုးတွေကို ပြောပြကြပါတယ်။ ဒီလိုဖြစ်ရတာက ကလေးရဲ့ ဥာဏ်ရည်နဲ့မဆိုင်ပါဘူး။ မိဘတွေရဲ့ အုပ်ချုပ်ပုံ ကြောင့်ဖြစ်ရတာပါ။ ဒီလိုမျိုးတွေ မဖြစ်ရအောင် မိဘတွေဘက်က ကလေးတွေနဲ့ပတ်သတ်တဲ့ စာအုပ်တွေ ဆောင်ပါးတွေ ဂျာနယ်တွေကို ဖတ်ရူပြီး လေ့လာမူတွေလုပ်သင့်ပါတယ်။
ကလေးတွေကို သွက်လက်ထက်မြတ်အောင် လုပ်ယူလို့ရပါတယ် အသက်အရွယ် ငယ်သေးတဲ့အချိန်မှာ သူတို့ရဲ့ တစ်နေ့တာလုပ်ဆောင်ချက်လေးတွေထဲမှာ ခန္ဒာကိုယ် လူပ်ရှားတတ်ကြွ လို့ရအောင် လွတ်လပ်စွားပြေးခုန်ကစားခွင့်ပေးခြင်း ကလေးအချင်းချင်း အတူတူ ဆော့ကစားခြင်း စက်ဘီးစီးခြင်း ရေကူးခြင်း စတာတွေကို ပေးလုပ်ပါ။ နေ့တိုင်းလုပ်ပေးမယ် ဆိုရင်တော့ ကလေးတွေ အတွက် ပိုပြီးကောင်းပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ကလေးကို အိမ်ထဲမှာပဲထားမယ်ဆိုရင်တော့ ကိုယ့်ကလေး ဟာ ဆော့ခွင့်ရဖို့ အချိန်တွေ ရှိမှာမဟုတ်ပါဘူး။ ကလေးအတွက် ကလေးကိုအုပ်ချုပ်မယ့်သူဟာ စံပြ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေပါစေ ။ ကိုယ်မလုပ်နိုင်တာကို ကလေးကို ဇွတ်အတင်းခိုင်းတာမျိုး၊ ပေးထားတဲ့ ကတိကို အလွယ်တကူဖျက်ပစ်တာမျိုး အစရှိတာတွေကို လုပ်ခြင်းအားဖြင့် ကလေးက ကိုယ့်ကို ဘယ်လိုမှ အထင်ကြီးလေးစားမူရှိမှာ မဟုတ်ဘူး။ အဲဒီလိုမျိုးမဖြစ်ရလေအောင် အထူးဂရုပြုသင့်ပါတယ်။
ကလေးတို့ရဲ့ သဘာဝအလျောက် အပြောင်းအလဲဆိုတာ ရှိကိုရှိသင့်ပါတယ်။ သူတို့ရဲ့ ခန္ဒာကိုယ်ကို တတ်ကြွအောင် လုပ်ပေးပြီးရင် စိတ်ဓာတ်တွေကိုလည်း ပြုပြင်ပေးဖို့လည်းလိုအပ်ပါတယ်။ စိတ်ဓာတ်တွေ တတ်ကြွလာအောင် ငယ်စဉ်ထဲက တေးဂီတကို နားလည်လက်ခံတတ်အောင် စိတ်ဝင်စားတတ်အောင် လေ့ကျင့်ပေးသင့်ပါတယ်။ ကလေးတွေငယ်စဉ်ထဲက သူတို့ကြိုက်တဲ့ ကလေး သီချင်းလေးတွေကို နားထောင်ခိုင်းတာမျိုး၊ သီချင်းနဲ့အတူကခိုင်းတာမျိုး တွေကို ပြုလုပ်ပေးခြင်းက အင်မတန်ကို ကောင်းတဲ့ လေ့ကျင့်ခြင်းတစ်မျိုးပါ။ အဲဒီလိုမျိုးလေ့ကျင့်ပေးခြင်းအားဖြင့် ကလေးဟာ လူအများနဲ့ ဆက်ဆံရတဲ့အခါမှာလည်း ကြောက်စိတ်လုံးဝမရှိတော့သလို သူလုပ်ချင်တာလေးတွေကိုလည်း သီချင်းလေးဆိုပြီး နောက်ပိုင်းမှာ လုပ်တတ်လာမယ်ဆိုရင် သူတို့လေးတွေ လုပ်ကိုင်နေရတဲ့ အလုပ်လေးတွေကို မောတယ်လို့တောင် ထင်မှာ မဟုတ်သလို သူတို့စိတ်ရဲ့ ပျော်ရွှင်ခြင်းတစ်မျိုးကို ရှာတွေ့မှာပါ။ ဂီတကို နားထောင်ခြင်း ၊ သီဆိုခြင်းများကို ငယ်စဉ်ထဲကလေ့ကျင့်ပေးခြင်းတွေကို ကျော်ဖြတ်လာရတဲ့ ကလေးတစ်ယောက်နဲ့ မလေ့ကျင့်ခဲ့ရတဲ့ ကလေးတစ်ယောက်နဲ့ ကြီးလာတဲ့အခါမှာ အပေါင်းအသင်းကောင်းခြင်း၊ လူအများရှေ့မှာ ပြောရဲဆိုရဲရှိခြင်း၊ ပျော်ရွှင်ခြင်းတွေမှာ ကွာသွားပါလိမ့်မယ်။
ကလေးတွေအတွက် TV ကြည့်ခြင်း ဂိမ်းကစားခြင်းမျိုးက ကောင်းတယ်ဆိုပေမယ့် အဲဒါတွေနဲ့ပဲ အချိန်တွေကို မကုန်ဆုံးမိပါစေနဲ့၊ အဲဒါတွေကို လုပ်ဘို့အတွက် အချိန်တွေကို ကန့်သတ်ထားပါ။ အိမ်ထဲမှာပဲ အမြဲနေရတဲ့ကလေးတစ်ယောက်က ကြီးလာတဲ့အခါ တစ်ယောက်ထဲ အပြင်ထွက်ဖို့ ခက်ခဲနေပါလိမ့်မယ်။ အဲဒီလိုတွေမဖြစ်ရလေအောာင် ငယ်စဉ်ထဲက အပြင်ကို မကြာခဏ ထွက်ပေးသင့်ပါတယ်။ ထွက်ပေးတဲ့အခါ ရည်ရွယ်ချက်ရှိရှိနဲ့ အပြင်ကို ထွက်ရင်တော့ကလေးတွေ အတွက် ကောင်းပါတယ်။ ကလေးအချင်းချင်း တွေ့လို့ရအောင် သူတို့သူငယ်ချင်းကို အိမ်သွားလည်တာမျိုး လုပ်ပေးသင့်ပါတယ်။ မိမိကြိုက်သလို ကလေးတွေအတွက် အပြင်ထွက်လို့ရအောင် စီစဉ်ပေးပါ။
ကလေးရဲ့လုပ်ဆောင်ချက်လေးတွေ ကောင်းတယ်ဆိုရင်လည်း သူတို့လေးတွေအတွက် အားပေး စကားလေးတွေ ပြောပေးတာမျိုး သို့မဟုတ် ဆုချတာမျိုးလေးတွေ လုပ်ပေးသင့်ပါတယ်။ မိဘပိုက်ဆံရှိလို့ ဘယ်လောက်ပဲ ဝယ်ပေးနိုင်ပါစေ သူတို့လေးတွေရဲ့ စွမ်းဆောင်နိုင်စွမ်းလေးတွေ ကောင်းလို့ ဆုချတာနဲ့ မတူပါဘူး။ သူတို့လုပ်နိုင်လို့ မိဘတွေဝယ်ပေးတာလေးတွေကို သူတို့လေးတွေ ပိုပြီး ဂုဏ်ယူပါတယ်။ ငယ်ငယ်လေးထဲက ကလေးနဲ့မိဘက အမြဲတမ်းအပေးအယူဆိုတဲ့ အရာမျိုးလေးတွေထားသင့်ပါတယ်။ တစ်ခုခုလိုချင်ရင် တစ်ခုခုပေးဆပ်ရမယ်ဆိုတဲ့အကျင့်ကို မိဘနဲ့သားသမီးကြားမှာ တည်ဆောက် ပေးထားရင် ကလေးက ကြီးလာတဲ့အခါ ဘယ်အရာမှ အလွယ်လေးမရသလို အလကားဆိုတာကိုလည်း သူတို့တွေ မလိုချင်တော့သလို အချောင်ခိုချင်တဲ့ စိတ်လည်း ကင်းသွားပါလိမ့်မယ်။ မိဘဘက်က ပိုက်ဆံရှိလို့ ကလေးရဲ့ ဆန္ဒကို အလွယ်တကူဖြည့်ဆည်းပေးလိုက်မယ်ဆိုရင် သူတို့ဟာ သူတို့လိုချင်တာကို ကြိုးစားအားထုတ်မူမလိုဘဲ အလွယ်တကူရတယ်ဆိုတာကို သိသွားပြီး ဘယ်အရာကိုမှ ကြိုးစားအားထုတ် တော့မှာမဟုတ်တော့ဘူး။ ပင်ကိုယ်အရည်အချင်းရှိပါလျှက်နဲ့ ကလေးမှာ ကြိုးစားအားထုတ်မူတွေ ကင်းသွားလိမ့်မယ်။ အဲဒီလိုမျိုးမဖြစ်အောင် မိဘနဲ့သားသမီးကြားမှာ အပေးနဲ့ အယူလေးကို လေ့ကျင့်ပေးထားသင့်ပါတယ်။ အဲဒီလိုမျိုးလုပ်ပေးခြင်းက ကလေးတွေ အနည်းနဲ့အများတော့ ကြိုးစား ချင်စိတ်တွေရှိလာမှာပါ။
ပုံမှန်ကလေးတစ်ယောက်ကို အထက်မှာ ဖော်ပြပေးထားတာလေးတွေလောက်ကိုပဲ လေ့ကျင့် ပေးထားတယ်ဆိုရင် မိမိကလေးဟာနေ့စဉ်နေ့တိုင်း ညဏ်ရည်ထက်မြတ်ပြီး သွက်လပ်နေပါလိမ့်မယ်။ ကလေးတစ်ယောက်ရဲ့ ကျော်ဖြတ်ရမယ့် အချိန်တစ်ခုကို အကျိုးရှိရှိနဲ့ နည်းမှန်လမ်းမှန်နဲ့ ဖွံ့ဖြိုးအောင် လေ့ကျင့်ပေးမယ်ဆိုရင် ကလေးတွေလည်း ပျော်သလို မိဘများဘက်ကလည်း ကိုယ့်ကလေးအတွက် နောင်တတွေရနေမှာမဟုတ်တော့ပါဘူး။
#တီချယ်ခင်
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11051
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |