Success- Knowledges For your Dreams
30/09/2023
ချစ်ရပါသော ကာကာတို့ရေ🥺🥺
ညီမတို့ရဲ့ရုံးချိန်လေးကတော့
မနက် ၉နာရီမှ ညနေ ၅နာရီအထိ ဖြစ်ပြီး တနင်္ဂနွေကတော့ ရုံးပိတ်ရက်လေးဖြစ်ပါတယ်ရှင့်
29/09/2023
DV နဲ့ပတ်သက်တဲ့ Link လေးတွေကိုစုစည်းပေးထားပါတယ်ရှင့်
DV ဆိုတာဘာလဲ?
https://m.facebook.com/story.php?story_fbid=703313861838372&id=100064792928049&mibextid=Nif5oz
DV ဘယ်လိုလျှောက်ရမလဲ/ဘယ်လောက်ကုန်မှာလဲ
https://m.facebook.com/story.php?story_fbid=704423618394063&id=100064792928049&mibextid=Nif5oz
Dvကိုဘယ်အချိန်တွေမှာလျောက်
ရမလဲ/ပညာအရည်ချင်းကရော?
https://m.facebook.com/story.php?story_fbid=713084260861332&id=100064792928049&mibextid=Nif5oz
23/09/2023
passport လျှောက်ဖို့အတွက် online bookingဘယ်လိုတင်မလဲ?🤔🤔🤔🤔
ကိုယ်တိုင် online Booking တင်မယ်ဆိုရင် passport ရုံး website ဖြစ်တဲ့💁🏻♀️💁🏻♀️💁🏻♀️💁🏻♀️ https://www.passport.gov.mm/ ထဲသို့ဝင်ရပါမယ်။
၁။ ဝင်ပြီးပြီဆိုရင်တော့ online Appointment ပြုလုပ်ခြင်းခလုတ်ကို နှိပ်၍ စနစ်အတွင်း ဝင်ရောက်ရပါမယ်။🙇🙇🙇
ပြီးရင်တော့ မိမိနှင့်အတူ နိုင်ငံကူးလက်မှတ် ပူးတွဲလျှောက်ထားလိုသည့် လူဦးရေကို ရွေးချယ်ပါ။ လျှောက်ထားသူအားလုံးအတွက် ငွေလက်ခံနှင့် ရက်ချိန်းအတည်ပြုချက် လက်ခံရယူမည့် Email အား ဖြည့်သွင်း၍ Continue ခလုတ်ကို နှိပ်ပါ။😗😗😗😗
၂။ ကိုယ်ရေးအချက်အလက်(၁)ရှိ အချက်အလက်များအားလုံးကို ဖြည့်သွင်းပါ။ ကိုယ်ရေး အချက်အလက်(၂)နှင့် မိသားစုဝင်နှင့် ညီအစ်ကိုမောင်နှများ၏ အချက်အလက်များကိုလည်း Online မှ တစ်ပါတည်းဖြည့်သွင်း လျှောက်ထားရမှာဖြစ်ပါတယ် ။
🥺🥺🥺🥺🥺
၃။ တစ်ဦးထက်ပိုသော လျှောက်ထား
သူများမှ လျှောက်ထားသူတစ်ဦးအတွက် အချက်အလက်များ ဖြည့်သွင်းပြီးလျှင် အချက်အလက်ဖြည့်စွက်ပြီးသည့် လျှောက်ထားသူအား စာရင်းသွင်းရန် Add to List ခလုတ်ကို နှိပ်ပါ။ ထို့နောက် အခြားလျှောက်ထားသူ၏ အချက်အလက်များကို ဆက်လက်ဖြည့်သွင်းပါ။🤓🤓🤓
၄။ လျှောက်ထားသူအားလုံးအတွက် အချက်အလက်များ ဖြည့်သွင်းပြီးမှသာ မျက်နှာပြင် ညာဘက်အပေါ်ထောင့်ရှိ Review and Submit ခလုတ်ကိုနှိပ်ပါ။ တစ်ဦးချင်းစီစစ်ဆေးပြီး မှန်ကန်လျှင် 'အချက်အလက်များစစ်ဆေးပြီး အားလုံးမှန်ကန်ပါသည်' စာသားရှေ့တွင် အမှန် ခြစ်ပါ။🤗🤗🤗
ကွဲလွဲချက်ရှိနေပါက Edit ခလုတ်ကို နှိပ်၍ ကွဲလွဲသည့်အချက်အလက်ကို ပြင်ဆင်ပါ။ အားလုံးမှန်ကန်ပါက Submit Form ကို နှိပ်ပါ။😉😉😉
၅။ ကိုယ်ရေးအချက်အလက်များ ဖြည့်စွက်ပြီးပါက ငွေပေးသွင်းရပါမည်။ ငွေပေးသွင်းခြင်းကို KBZ-Pay ဖြင့်သော်လည်းကောင်း၊ မြန်မာနိုင်ငံဘဏ်များအားလုံး၏ MPU ဘဏ်ကတ်ဖြင့် လည်းကောင်း ပေးချေနိုင်ပါသည်။ သို့ရာတွင် MPU ဘဏ်ကတ်သည် E-commerce အသုံးပြုရန် သက်ဆိုင်ရာဘဏ်တွင် လျှောက်ထားပြီးသည့် ဘဏ်ကတ်ဖြစ်ဖို့လိုပါတယ်။ ပေးချေတဲ့အခါမှာလျှောက်ထားသူတစ်ဦးချင်းစီ၏ Invoice No. ကို ရွေးချယ်၍ ငွေပေးချေမည့်စနစ်ကို ရွေးချယ်ပေးချေနိုင်ပါတယ်။ 🙆🏻♀️🙆🏻♀️🙆🏻♀️🙆🏻♀️
လျှောက်ထားသူအမျိုးအစားအလိုက် အသစ်လျှောက်နှင့် သက်တမ်းတိုးအတွက် ၃၅၀၀၀ ကျပ်၊ ပျောက်ဆုံး/ပျက်စီးအတွက် ၉၁၀၀၀ ကျပ်တို့ ပေးသွင်း ရပါမည်။ သက်တမ်းတိုး လျှောက်ထားသူများအနေဖြင့် မိမိလက်ဝယ်ရှိ နိုင်ငံကူးလက်မှတ် စာအုပ်သည် ရေစိုပျက်စီးခြင်း၊ စုတ်ပြဲခြင်းများ ဖြစ်ပေါ်နေပါက ဌာနမှ ပျက်စီးစာအုပ်အဖြစ် သတ်မှတ်မည်ဖြစ်သည့်အတွက် ၉၁၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းထားရန်လိုအပ်ပြီး ၃၅၀၀၀ ကျပ် နှုန်းဖြင့်သာ ပေးသွင်းထားပါက ရုံးတွင်းရောက်ချိန် ကျန်ဒဏ်ကြေးငွေ ၅၆၀၀၀ ကျပ်ကို ထပ်မံပေးသွင်းရန် အခက်အခဲ ကြုံတွေ့နိုင်ပါတယ်။🤒🤒🤒🤒
၆။ ငွေပေးချေပြီးသည်နှင့် ပုံမှန်ရက်ချိန်းရယူသူများကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးသို့ လာရောက်ရမည့်ရက်အား စနစ်မှအလိုအလျောက် သတ်မှတ်ပေးသွားမှာပဲဖြစ်ပါတယ် ။🙆🙆🙆
Source from passport gov.mm
(Viber or phone )
09-942806782
Click here to claim your Sponsored Listing.
Category
Website
Address
Yangon