Harbinger Of Death - PDF

Harbinger Of Death - PDF

Share

Photos from Harbinger Of Death - PDF's post 31/05/2026

နေ့စဉ် မနက်မိုးလင်းတာနဲ့ ရဲ‌ဘော်တွေဟာ
ပြိုကျပျက်စီးနေတာတွေကို တည်ဆောက်ရေးလုပ်ရတယ်။
လက်နက်ထုတ်လုပ်ရေးရဲ‌ဘော်တွေက လက်နက်/စက်ယန္တယားတည်ဆောက်ရေးအပိုင်းကို လုပ်တယ်။
ဘဏ္ဍာရေးတာဝန်ခံက လိုအပ်ချက်တွေအတွက် ထောက်ပံ့ငွေရှာတယ် မရရင် ငိုတယ်။
တပ်ဖွဲ့တာဝန်ခံ က ဘာပဲလိုလိုအကြွေးယူခိုင်းတယ်
(ထုတ်လုပ်ရေး)ဒီဇယ် လိုတယ် အကြွေးယူလိုက်
(စားဖို) ရိက္ခာလိုတယ် အကြွေးဝယ်လိုက်
(ဆောက်လုပ်ရေး)အမိုးလိုတယ် အကြွေးမှာလိုက်
(ဘဏ္ဍာရေး)တပ်ဖွဲ့မှာအကြွေး သိန်း ၂၀၀ လောက်ဖြစ်နေပြီ
(တာဝန်ခံ)ငါလည်းငွေမကိုင်ဘူး တစ်ကျပ်မှလည်း မမြင်ဖူးဘူး
ဘယ်ကအကြွေးလဲ ဘဏ္ဍာရေးကို‌ထောက်ပံ့ငွေရှာခိုင်းပြီး အကြွေးဆပ်လိုက်
မနက်မိုးလင်းတာနဲ့
ဘဏ္ဍာရေးတာဝန်ခံက အကြွေးတွေ လိုအပ်ချက်တွေအတွက် ထောက်ပံ့ငွေရှာတယ် မရရင် ငိုတယ်
တာဝန်ခံကိုတင်ပြတယ် အကြွေးယူခိုင်းတယ်
ပြီးရင် ငါလည်း တစ်ကျပ်မှမရှိဘူး ငွေလည်းမကိုင်ဘူး
ဘယ်ကအကြွေးလဲ ပြန်မေးတယ်
လိုတာတွေအတွက် အကြွေးယူထားတာပါ
ဒါဆို ဘဏ္ဍာရေးကို ဆပ်ခိုင်းလိုက်
ဘဏ္ဍာရေးက ငိုတယ် ....

Harbinger Of Death - PDF

28/05/2026

သိန်း ၅၀၀ ကမ်ပိန်း လုပ်တာ တစ်လပြည့်တော့မယ် ကမ်ပိန်းအတွက် လာထောက်ပံ့တာ ၁၀ သိန်း မပြည့်ဘူး။
အထွေထွေ လိုအပ်ချက်တွေအတွက်သာ ထည့်သုံးလိုက်ပါ ပြီးတော့ ကမ်ပိန်းကိုလည်းရပ်လိုက်ဆိုလို့ တပ်ဖွဲ့ခေါင်းဆောင်အမိန့်အရ ကမ်ပိန်းလေးကို ဒီညမှာပဲ ရပ်လိုက်ပါပြီခင်ဗျာ။ပါဝင်အား‌ပေးထောက်ပံ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။

ဘဏ္ဍာရေးတာဝန်ခံ
Video ကတော့ စိတ်မပျက်ကြဖို့နဲ့ နိုင်သလောက်ကြိုးစားနေပါကြောင်း
Harbinger Of Death - PDF

24/05/2026

တစ်ခုလုပ်ဖို့ ခက်ခဲနေပါတယ်ဆို နောက်တစ်ခုထပ်လာ
မြေအောက်လက်နက်ထုတ်လုပ်ရေးအခန်း မိုးတွင်းရေငွေ့နဲ့ သစ်တွေဆွေးပြီးပြိုကျ လူထိခိုက်မှုမရှိပေမယ့် ပြန်ပြင်ဆင်ရမယ်။ အခိုင်အမာလုပ်ချင်ရင်တော့ RC လောင်းမှရမယ်လို့ ပြောတယ် ခဏတော့ လုပ်နိုင်တာတွေ ၈၀% လောက် လျော့ချမှဖြစ်မယ်ထင်ပါတယ်။ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားခဲ့တယ်ဆိုတာ သက်သေပါပဲဗျာ။လောလောဆယ် တပ်ဖွဲ့ ရံပုံငွေအရ ရိက္ခာအတွက်‌လောက်ပဲ လစဥ်ရရှိနေတော့ တခြားကိစ္စတွေအတွက် လုံးဝကို စိတ်သွားတိုင်း ငွေမပါနိုင်ဘူး။
ဘာပဲဖြစ်ဖြစ်ပါ အဆင်မပြေရင် အဆင်ပြေတဲ့အချိန်ထိ စောင့်ပါမယ်။အရေးကြီးတာ ဒုက္ခတွေကြားမှာ စိတ်မကျဖို့ပဲမဟုတ်လား။

Harbinger Of Death - PDF

20/05/2026

ကော်ဖီ ဆို Espresso 😋😋😋

Harbinger Of Death - PDF

Want your organization to be the top-listed Government Service in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon