Apex Coding Technology
07/06/2023
When you spent $3500, but Apple wants $1 more/month, xD
Crd
20/05/2023
iPhone 15 နောက်ပိုင်းမှာ ထွက်ရှိလာမဲ့ Future Front Display
iPhone 14 Series အပြင် နောက်ထပ်ထွက်ရှိလာမဲ့ iPhone Series တိုင်းမှာ Dynamic Island ကိုအသုံးပြုလာနိုင်ပြီးတော့ iPhone 16 Series တွေမှာတော့ Pill Cutout ကနေ Hole Cutout Display ကိုအသုံးပြုလာနိုင်ပါတယ်။
Source news: Apple Hub
Apex Coding Technology
19/05/2023
Run box အတွင်းမှ အသုံးတည့် Search key များ
အားလုံးဘဲ အသုံးတည့်မယ်လို့ထင်လို့ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။
1. Run (box) ကိုဖွင့်ဖို့ရာ မခက်ပါ။ Windows logo key+ R ကီးကို နှိပ်လိုက်ပါ
2. Windows 7 မှာ Start > Search (search programs and files) (box) ကိုသုံးပါတယ်။
3. Component Services (box) ကိုဖွင့်ဖို့ရာ dcomcnfg လို့ရိုက်ထည့်ပါ
4. Add/Remove Programs ကိုဖွင့်ချင်ရင် Search မှာ appwix.cpl လို့ရိုက်ထည့်ပြီး Enter ကီးနှိပ်ရင်လည်း program > Program and Feature (box) ပွင့်ပါတယ်။
5. Administrative Toolas (box) ပွင့်ဖို့ရာ Run (box) မှာ control admintools လိုရိုက်ထည့်ပါ။ Search မှာ ရိုက်လို့မရပါ။
6. Calculator ကိုဖွင့်ဖို့ရာ clac လို့ရိုက်ထည့်ပါ
7. Character map ကိုဖွင့်ဖို့ရာ charmap သို့မဟုတ် char လို့ရိုက်ထည့်နိုင်ပါတယ်။
8. Certificate Manager (box) ကိုဖွင့်ချင်ရင် ‘certmgr.msc’ လို့ရိုက်ထည့်နိုင်ပါတယ်။
9. Authorization Manager (box) ကိုဖွင့်ချင်ရင် ‘azman.msc’ လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။
10. Check Disk Utility အတွက် chkdsk လို့ရိုက်ထည့်ပါ။ တစ်ခါတည်း check disk လုပ်ပါလိမ့်မယ်။ ပုံမှန်အားဖြင့် Run (box) မှာ cmd လို့ရိုက်ထည့်ပြီး Command Prompt ပေါ်လာမှ၎င်းမှာ chkcsk (check disk) ကိုသုံးခြင်းဖြစ်ပါတယ်။
11. Control Panel ကိုဖွင့်ချင်ရင် control လို့ရိုက်ထည့်ပါ။ ထို့အတူ Command Prompt အတွက် cmd.exe သို့မဟုတ် cmd လို့ရိုက်ထည့်ဖွင့်နိုင်ပါတယ်။
12. Device Manager ကိုတိုက်ရိုက်ဖွင့်ဖို့ရယ devmgmt.msc လို့ရိုက်ထည့်ပါ။ ရှည်တယ်ထင်ရင် device m လို့ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်နိုင်ပါတယ်။
13. Disk Management လုပ်ငန်းစဉ်အတွက် diskmgmt.msc လို့ရိုက်ထည့်ဖွင့်နိုင်ပါတယ်။
14. Computer Management ကိုဖွင့်ချင်ရင် compmgmt.msc လို့ရိုက်ထည့်ပါ။ Command အသစ်က Comp Mgmt Launcher ဖြစ်ပါတယ်။
15. Date and Time properties ကိုဖွင့်ချင်ရင် timedate.cpl လို့ရိုက်ထည့်ပါ။ date သို့မဟုတ် time လို့ရိုက်ထည့်ရင်လည်း ရပါတယ်။
16. Disk Cleanup Utility ကိုသုံးချင်ရင် cleanmgr လို့ရိုက်ထည့်ပါ။ clean လို့ရိုက်ရင်လည်း Disk Cleanup ပေါ်ပါတယ်။
17. Direct X Troubleshooter သို့မဟုတ် DirectX Diagnostic Tool ကိုဖွင့်ချင်ရင် dxdiag လို့ရိုက်ထည့်ပါ။
18. Defragment User Interface သို့မဟုတ် Disk Defragmenter လုပ်ချင်ရင် defrag လို့ရိုက်ထည့်ပြီး Disk Defragmenter ကို ရွေးချယ်ဖွင့်နိုင်ပါတယ်။ Command အသစ်က dfrgui ဖြစ်ပါတယ်။
19. Degitizer Calibration Tool ကို သုံးဖို့ရာ tabcal လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခု ဖြစ်ပါတယ်။ tabcal.exe ဟာ Window OS ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး digital calibrate လုပ်တဲ့ tool လည်းဖြစ်ပါတယ်။
20. Display Properties (box) သို့မဟုတ် Display > Screen Resolution ကိုဖွင့်ချင်ရင် desk.cpl လို့ရိုက်ထည့်ပါ။ control desktop လို့ရိုက်ထည့်ရတယ်လို့ရေးထားပေမယ့် လက်တွေ့အားဖြင့် Systerm Properties (box) ပေါ်ပါတယ်။ Run (box) မှာ ရိုက်ထည့်ရင်လည်း Appearance and Personalization > Personalization (box) ပေါ်ပါတယ်။ File Signature Verification Tool ကိုဖွင့်ဖို့ရာ sigverif လို့ရိုက်ထည့်ပါ။ ၎င်းဟာ ဝင်းဒိုးစ်စနစ်ရဲ့ တည်တံ့ခိုင်မြဲမှုအတွက် အထောက်အကူပြုပေးပါတယ်။ အရေးကြီးတဲ့ စနစ်ဖိုင်များကို ပြင်လို့၊ ပြောင်းလို့မရအောင် လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။ ဖိုင်ကို logging လုပ်တဲ့သဘောလည်းဖြစ်ပါတယ်။
21. Disk Part ဟာ ဟာ့ဒ်ဒစ်ရဲ့ disks, partitions, volumes ကဲ့သို့သော object များကို စီမံမှုပြုပေးနိုင်တဲ့ text-mode command တစ်ခုဖြစ်ပါတယ်။ Disk Parmelonion Manager အဖြစ်လုပ်ဆောင်ပေးပါတယ်။ ၎င်းအတွက် Search မှာ diskpart လို့ရိုက်ထည့် နိုင်ပါတယ်။
22. DPI Scaling သို့မဟုတ် Appearance and Personalization > Display (box) ကိုဖွင့်ဖို့ရာ dpiscaling လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခု ဖြစ်ပါတယ်။
23. Search သို့မဟုတ် Run (box) မှာ verifier လို့ရိုက်ထည့်ရင် Driver Verifier Manager (box) ပေါ်ပါတယ်။ Reset လို့လည်း ရိုက်ထည့်နိုင်တယ်ဆိုပေမယ့် Search မှာလည်း reset ရိုက်ထည့်တဲ့အခါ Forgetten Password Wizard သာပေါ်ပါတယ်။
24. DVD Player ဖွင့်ဖို့ရာ dvdplay လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ် တစ်ခုဖြစ်ပါတယ်။ DVD drive ထဲမှာ DVD ချပ်ထည့်ထားဖို့လိုပါမယ်။
25. ‘rekeywiz’ လို့ရိုက်ထည့်ရင် Encryption File System (box) ပေါ်ပါမယ်။ Command အသစ်တစ်ခု ဖြစ်ပါတယ်။
26. Event Viewer ကိုဖွင့်ချင်ရင် eventvwr.msc လို့ရိုက်ထည့်ပါ။
27. ‘fxscover’ လို့ရိုက်ထည့်ရင် Cover Page-Fax Cover Page Editor (box) ပေါ်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။
28. Folder Option ကိုဖွင့်ဖို့ရာ Run (box) မှာ control folders လို့ရိုက်ထည့်ပါ။ Search မှာထည့်လို့မရပါ။ Search မှာ Folder option လို့ရိုက်ထည့်နိုင်ပါတယ်။ ‘fold’ လို့ရိုက်ထည့်တာနဲ့တင် menu မှာ Folder Options ပေါ်နေပြီး ၎င်းကိုရွေးချယ်ကာ Enter ကီးနှိပ်ပေးနိုင်ပါတယ်။
29. Windows ထဲက Font folder ကိုဖွင့်ဖို့ရာ Run (box) မှာ command fonts လို့ရိုက်ထည့်ပါ။ Search မှာ control fonts ရိုက်ထည့်လို့ မပွင်ပါ။ Search မှာ fonts လို့ရိုက်ထည့်ပြီး enter ကီးနှိပ်ရင်လည်း ရပါတယ်။
30. Free Cell Card Game ကစားချင်ရင် frell cell လို့ Search မှာရိုက်ထည့်ပါ။
31. Group Policy Editor ထဲဝင်ပြီး ပြင်ချင်တယ်၊ ကြည့်ချင်တယ်ဆိုရင် Search မှာ gpedit.msc လို့ရိုက်ထည့်ပါ။ Local Group Policy Editor (box) ပေါ်လာပါမယ်။
32. အင်တာနက်အတွက် Internet Explorer ကိုဖွင့်ချင်ရင် iexplore လို့ရိုက်ထည့်နိုင်ပါတယ်။ အင်တာနက် connection ရှိတယ်ဆိုရင် Windows Internet Explorer-home page ပေါ်လာပါမယ်။ Search မှာ int လို့ရိုက်တာနဲ့တင် menu မှာ Internet Explorer ကိုတွေ့ရပါမယ်။ Enter ကီးကိုနှိပ်ပြီးဖွင့်နိုင်ပါတယ်။ IExpress Wizard အတွက် iexpress လို့ရိုက်ထည့်ပါ။
33. Keyboard Properties ကိုဖွင့်ဖို့ရာ Search မှာ k လို့စရိုက်တာနဲ့ menu မှာ Keyboard ကိုတွေ့ရပါမယ်။ ၎င်းကိုရွေးချယ်ပြီး Enter ကီးကိုနှိပ်ပါ။။ Keyboard Properties ပေါ်ပါမယ်။ Run box မှာ control keyboard လို့ရိုက်ထည့်ရင်လည်း Keyboard Properties (box) ပေါ်ပါတယ်။ Windows 7 ရဲ့ Seach မှာ control keyboard လို့ရိုက်ထည့်ရင်လည်း ‘Use the computer without a muose or keyboard’ ပေါ်လာပါမယ်။
34. Windows 7 Search မှာ keyboard လို့ရိုက်ရင် On-Screen Keyboard ပေါ်ပါတယ်။ osk လို့လည်း အတိုရိုက်ထည့်နိုင်ပါတယ်။ သို့မဟုတ် Windows key+U ကိုနှိပ်ပြီးပေါ်လာတဲ့ Ease of Access Center မှ On-Screen Keyboard (icon ) ကို click လုပ်ပြီး ဖွင့်ပါ။
35. Internet Properties (box) ဖွင့်ဖို့ရာ inetcpl.cpl လို့ရိုက်ထည့်နိုင်ပါတယ်။
36. Ip Configuration လုပ်ဖို့ရာ ipconfig.exe လို့ရိုက်ထည့်ပါ။ Configure လုပ်တာမြန်လို့ သင်မြင်လိုက်ရမယ်မဟုတ်ပါ။
37. ISCSI Initiator အတွက် iscsicpl လို့ရိုက်ထည့််နိုင်ပါတယ်။ ကွန်ပျူတာမှာ SCSI တပ်မထားလို့ iSCSI service အလုပ်လုပ်မယ်မဟုတ်ပါ။ SCSI ရှိရင် iSCSI Initiator Properties (box) ပေါ်လာပါလိမ့်မယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။
38. Search မှာ explorer လို့ရိုက်ထည့်ရင် Libraries ပေါ်ပါမယ်။ Windows key+ E ကီးများကိုနှိပ်ပြီး ပေါ်လာတဲ့ box ကနေ Libraries ကို ကလစ်လုပ် ဖွင့်နိုင်ပါတယ်။
39. Local Security Setting အတွက် secpol လို့ရိုက်ထည့်ပါ။ Local Security Policy (box) ပေါ်လာပါမယ်။
40. Logs You Out Of Windows အတွက် logoff လို့ရိုက်ထည့်ရင်လည်း ကွန်ပျူတာ logoff ဖြစ်သွားပါလိမ့်မယ်။
41. Lusrmgr (Local User and Groups) box အတွက် lusrmgr.msc လို့ရိုက်ထည့်နိုင်ပါတယ်။
42. Microsoft Support Diagnostic Tool အတွက် msdt လို့ရိုက်ထည့်ပါ။ Command အသ်စတစ်ခုဖြစ်ပါတယ်။
43. Microsoft Paint ကိုဖွင့်ချင်ရင် mspaint.exe လို့ရိုက်ထည့်နိုင်ပါတယ်။ paint လို့ရိုက်ထည့်ရင်လည်း ရပါတယ်။
44. Mouse Properties ကိုဖွင့်ဖို့ရာ Search မှာ mouse လို့ရိုက်ပြီး menu က Mouse ကို ကလစ်လုပ် ရွေးချယ်ပါ။ Mouse Properties (box) ပေါ်ပါမယ်။ Run box မှာ control mouse လို့ရိုက်ထည့်ရင်လည်း Mouse Properties (box) ပေါ်ပါတယ်။ Search သို့မဟုတ် Run (box) မှာလည်း main.cpl လို့ရိုက်ထည့်လည်း ရပါတယ်။ Windows 7 ရဲ့ Search မှာ Control mouse လို့ရိုက်ထည့်တော့ ‘Use the computer without a mouse or keyboard’ ပေါ်ပါလိမ့်မယ်။
45. Windows Mobility Center အတွက် mblctr လို့ရိုက်ထည့်ပါ။ သို့မဟုတ် Windows key+ X ကို နှိပ်ပါ။ Laptop ကဲ့သို့ mobile ကွန်ပျူတာများအတွက်သာဖြစ်ပါတယ်။ ပီစီကွန်ပျူတာမှာ ဘာမှပေါ်မယ် မဟုတ်ပါ။
46. Network connection အတွက် Run box မှာ control connections လို့ရိုက်ထည့်နိုင်ပါတယ်။ ncpa.cpl လို့လည်း ရိုက်ထည့်ကြည့်ပါ။ Local Area Connection ပေါ်ပါမယ်။
47. Notepad ကိုဖွင့်ချင်ရင် notepad လို့ရိုက်ထည့်ပါ။ Wordpad ကိုဖွင့်ချင်ရင် writepad လို့ရိုက်ထည့်ပါ။
48. OBDC Data Source Administration (box) ကိုဖွင့်ဖို့ရာ odbcad32 လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခု ဖြစ်ပါတယ်။
49. Power Configuration ပြုလုပ်ဖို့ရာ powercfg.cpl လို့ရိုက်ထည့်ပါ။ Power Option (box) ပေါ်လာမှာပါ။
50. Phome and Modem Options အတွက် telephon.cpl လို့ရိုက်ထည့်ပါ။
51. Printers and Faxes ကိုဖွင့်ဖို့ရာ control printers လို့ရိုက်ထည့်နိုင်ပါတယ်။ အဲဒီမှာ ပရင်တာများသာမက အခြားသော device များကိုလည်း ထပ်ထည့်နိုင်ပါတယ်။
52. Printer Migration အတွက် Print BrmUi လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။
53. Optional Features Manager သို့မဟုတ် Windwos Features အတွက် optional features လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။
54. Performance Monitor ကိုဖွင့်ဖို့ရာ perfmon.msc လို့ ရိုက်ထည့်ပါ။
55. Regional Settings ကိုဝင်ရန် သို့မဟုတ် ပြင်ရန် intl.cpl လို့ ရိုက်ထည့်နိုင်ပါတယ်။
56. Private Character Editor သို့ဝင်ဖို့ရာ eudcedit လို့ရိုက်ထည့်ပါ။
57. Resultant Set of Policy အတွက် rsop.msc လို့ ရိုက်ထည့်နိုင်ပါတယ်။
58. အသုံးအများဆုံး command ဖြစ်ပါတယ်။ Registery Editor ကိုဝင်ဖို့ရာ regedit.exe လို့ ရိုက်ထည့် နိုင်ပါတယ်။ regedit ဆိုရင်လုံလောက်ပါတယ်။
59. Windows Remote Assistance အတွက် msra လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။ MSRA ဟာ MS Remote Assistance ကို ဆိုလိုပါတယ်။
60. Remote Desktop အတွက် mstsc လို့ရိုက်ထည့်နိုင်ပါတယ်။ mstsc.exe ဟာ terminal services command ဖြစ်ပါတယ်။
61. Scheduled Tasks သို့မဟုတ် Task Scheduler ကိုဖွင့်ရန် Run (box) တွင် control schedtasks လို့ ရိုက်ထည့်ပါ။ Search မှာရိုက်ထည့်ပါက မပေါ်ပါ။
62. Services (box) ကိုဖွင့်ဖို့ရာ services.msc လို့ရိုက်ထည့်ပါ။
63. Security Center အတွက် wscui.cpl လို့ ရိုက်ထည့်နိုင်ပါတယ်။
64. Shared Folders ကိုဖွင့်ရန် fsmgmt.msc လို့ ရိုက်ထည့်ပါ။
65. Sound Recorder အတွက် soundrecorder လို့ ရိုက်ထည့်ပါ။ Audio recording device မရှိရင် မပေါ်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။
66. Sound Volume အတွက် sndvol လို့ ရိုက်ထည့်ပါ။ Volume Mixer (Speaker) box ပေါ်လာပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။
67. Spider Solitare Card Game ကစားဖို့ရာ spider လို့ရိုက်ထည့်ပါ။
68. System Configuration Editor အတွက် sysedit လို့ ရိုက်ထည့်နိုင်ပါတယ်။
69. Stored User Names and Passwords ကို Backup သို့မဟုတ် Restore ပြုလုပ်ဖို့ရာ credwiz လို လို့ ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်ဖြစ်ပါတယ်။
70. Sticky Note ဖော်ထုတ်ဖို့ရာ Stiky Not လို့ ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။
71. System File Checker Utility အတွက် sfc လို့ရိုက်ထည့်နိုင်ပါတယ်။ လုပ်ဆောင်ချက်မြန်လို့ မြင်ရမယ် မဟုတ်ပါ။
72. System Configuration Utility အတွက် msconfig လို့ ရိုက်ထည့်နိုင်ပါတယ်။
73. သင့်ကွန်ပျူတာ System Information ကိုကြည့်ချင်ရင် msinfo32 လို့ရိုက်ထည့်ပါ။
74. System Properties ကိုဖွင့်ဖို့ရာ sysdm.cpl လို့ရိုက်ထည့်ပါ။ Windows key+Pause/Break ကီးများနှိပ်ရင်လည်း ရပါတယ်။
75. Windows Backup Utitily သို့မဟုတ် Backup and Restore အတွက် sdclt လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။
76. Sound and Audio အတွက် mmsys.cpl လို့ ရိုက်ထည့်နိုင်ပါတယ်။ Sound (box) ပေါ်လာပါမယ်။ Shared Folders ကိုဖွင့်ဖို့ fsmgmt.msc လို့ ရိုက်ထည့်ပါ။
77. Task Manager ကိုဖွင့်ဖို့ရာ taxkmgr လို့ ရိုက်ထည့်ပါ။
78. Windows OS ကိုပိတ်ဖို့ရာ shutdown လို့ရိုက်ထည့်ပါ။ Search မှာ shutdown လို့ ရိုက်ထည့်ရင် ‘Change what the power buttons do’ နဲ့ ‘Choose when to turn off display’ ဆိုပြီး လုပ်ဆောင်ချက် နှစ်မျိုးတွေ့ရပါမယ်။
79. ‘Change what the power buttons do’ ကိုရွေးချယ်ပါက Power > System Setting ပေါ်လာပြီး ၎င်းမှာ power button နဲ့ sleep button တို့ကို သတ်မှတ်နိုင်ပါတယ်။ ‘Choose when to turn off display’ ကိုရွေးချယ်ပါက display ကို ဘယ်နှမိနစ်ကြာမှ ခေတ္တ (turn off) ပိတ်ထားမယ်နဲ့ ကွန်ပျူတာကို ဘယ်နှမိနစ်အကြာမှာ sleep လုပ်မယ်ဆိုတာကို သတ်မှတ်နိုင်ပါတယ်။
80. Utility Manager အတွက် utilman လို့ ရိုက်ထည့်ပါ။
81. User Accounts ကိုဖွင့်ဖို့ရာ netplwiz လို့ ရိုက်ထည့်ပါ။ Run (box) တွင် controluserpasswords2 လို့ ရိုက်ထည့်လည်း ရပါတယ်။
82. Windows Fax and Scan ကိုဖွင့်ဖို့ရာ wfs လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။
83. Windows Firewall with Advance Security ကိုဖွင့်ဖို့ရာ wf.msc လို့ ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။
84. Windows Activation ပြုလုပ်ဖို့ရာ slui လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။
85. Windows Media Player ကိုဖွင့်ဖို့ရာ wmplayer လို့ ရိုက်ထည့်ပါ။
86. Search မှာ magnify လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်တာနဲ့ display မြင်ကွင်းမှာ စာလုံးတွေ၊ ပုံတွေ အကြီးကြီး ဖြစ်သွားပါလိမ့်မယ်။ မှန်ဘီလူးနဲ့ ကြည့်လိုက်တဲ့ သဘောပါ။
87. Windows Management Infrastructure သို့မဟုတ် wmimgmt [Console Root\WMI Control(local)] ကိုဖွင့်ဖို့ရာ wmimgmt.msc လို့ ရိုက်ထည့်နိုင်ပါတယ်။
88. Windows System Secutity Tool သို့မဟုတ် Securing the Windows Account Database ကိုဖွင့်ဖို့ရာ syskey လို့ ရိုက်ထည့်နိုင်ပါတယ်။
89. Windows Share Creation Wizard ကိုဖွင့်ဖို့ရာ shrpubw လို့ ရိုက်ထည့်ပါ။ Create A Shared Folder Wizard (box) ပေါ်လာပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။
90. Windows Firewall အတွက် firewall.cpl လို့ ရိုက်ထည့်ပါ။
91. Trusted Plattform Module အတွက် TpmInit လို့ ရိုက်ထည့်နိုင်ပါတယ်။ Network connection ရှိမှ ဒီ Command ဟာ အလုပ်လုပ်ပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။
92. Windows Image Acquisition အတွက် wiaacmgr လို့ရိုက်ထည့်ပါ။ ၎င်းဟာ scanner အတွက်ဖြစ်လို့ scanner ကို install လုပ်မှသာ အလုပ်လုပ်ပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။
93. Windows Update App Manager သို့မဟုတ် Windows Update ကိုဖွင့်ဖို့ရာ wuapp လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။
94. Windows Standdalong Update Manager အတွက် wusa လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခု ဖြစ်ပါတယ်။
မှတ်ချက်- အထက်ပါ command များကို Start > Search မှာ ရိုက်ထည့်နိုင်တယ်ဆိုပေမယ့် အချို့ကို Run (box) မှာ ရိုက်ထည့်မှသာ အလုပ်လုပ်တာကို တွေ့ရှိရပါတယ်။
Own Writer
19/05/2023
ဆွီဒင်က လျှပ်စစ်ကားတွေကို အားသွင်းပေးနိုင်တဲ့ လမ်းကို ၂၀၂၅ ခုနှစ်မှာ ဖွင့်လှစ်မည်
================================================
ဆွီဒင်က လျှပ်စစ်ကားတွေကို အားသွင်းပေးနိုင်တဲ့ လမ်းကို တည်ဆောက်နေပါတယ်။ အဲဒီ လမ်းကို E-motorway လို့ ခေါ်ပြီး အိမ်သုံးလျှပ်စစ်ကားတွေကို အားသွင်းပေးနိုင်တဲ့ ကမ္ဘာ့ ပထမဆုံး လမ်း ဖြစ်လာမှာပါ။
အဲဒီ လမ်းကို Hallsberg နဲ့ Orebro မြို့တွေအကြားက ဥရောပလမ်း E20 တစ်လျှောက် တည်ဆောက်မှာ ဖြစ်ပြီး အရှည်က ၂၁ ကီလိုမီတာ (၁၃ မိုင်)ရှည်လျားမှာပါ။ ဆွီဒင်ရဲ့ လူအထူထပ်ဆုံး မြို့တော် ၃ ခု ဖြစ်တဲ့ Stockholm, Gothenburg နဲ့ Malmo အကြားက လမ်းဖြစ်တဲ့အတွက် အဲဒီ တည်နေရာကို ရွေးချယ်တာပါ။
လက်ရှိမှာတော့ လျှပ်စစ်ကား ပိုင်ရှင်တွေဟာ Plug-in EV Chargers တွေကိုပဲ အားကိုးနေရပြီး ဆွီဒင်က လျှပ်စစ်ကားတွေကို အားသွင်းပေးနိုင်တဲ့ လမ်းကို အစောဆုံး အနေနဲ့ ၂၀၂၅ ခုနှစ်မှာ ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။
ဆွီဒင်က ၂၀၄၅ ခုနှစ်မှာ စမ်းသပ်ဧရိယာကို ၃,၀၀၀ ကီလိုမီတာ ( ၁,၈၆၄ မိုင်) အထိ တိုးချဲ့ဖို့ စီစဉ်ထားပါတယ်။
၂၀၁၃ ခုနှစ်မှာ တောင်ကိုရီးယားက လျှပ်စစ်ကားတွေကို အားသွင်းပေးတဲ့ လမ်းကို ကမ္ဘာ့ပထမဆုံး အနေနဲ့ပြသခဲ့ပါတယ်။ Gumi ရဲ့ အများသုံးဘတ်စ်ကားတွေ ပြေးဆွဲတဲ့ နေရာမှာ တည်ဆောက်ထားပြီး ၂၄ ကီလိုမီတာ (၁၅ မိုင်) ရှည်လျားပါတယ်။ အင်ဒီယားနား သယ်ယူပို့ဆောင်ရေးဌာနကလည်း အမေရိကန်မှာ အလားတူ လမ်းမျိုး တည်ဆောက်ဖို့ စီစဉ်နေပါတယ်။
Apex Coding Technology
Crd : DigitalTimes
Ref : extremetech
16/05/2023
သင့်ရဲ့ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်းစဉ်တွေကို ပိုမိုမြန်ဆန်စေမဲ့ AI Figma Plugins များ
========================================================
အောက်ဖော်ပြပါ Links တစ်ခုချင်းစီမှာ အသုံးပြုပုံနည်းလမ်းများနှင့်တကွ ဖော်ပြပေးထားပါတယ်။
◆ User research:
1. [QoQo.AI](http://qoqo.ai/)
[https://lnkd.in/gcBhcY_q](https://lnkd.in/gcBhcY_q)
2. Attention Insight
[https://lnkd.in/gydS3fws](https://lnkd.in/gydS3fws)
3. Loops Feedback
[https://lnkd.in/g8J-sDgZ](https://lnkd.in/g8J-sDgZ)
◆ UX Writing:
1. [Muse.ai](http://muse.ai/)
[https://lnkd.in/gwmquaxJ](https://lnkd.in/gwmquaxJ)
2. Benson
[https://lnkd.in/gR2Zj7MX](https://lnkd.in/gR2Zj7MX)
3. MagiCopy
[https://lnkd.in/g86HvkfY](https://lnkd.in/g86HvkfY)
◆ Special effects:
1. Magician
[https://lnkd.in/gqxUyk5S](https://lnkd.in/gqxUyk5S)
2. Remove Bg
[https://lnkd.in/gDeTTkat](https://lnkd.in/gDeTTkat)
3. Ando
[https://lnkd.in/gFGF7GNH](https://lnkd.in/gFGF7GNH)
◆ Color Generators:
1. Foundation
[https://lnkd.in/giSXyijH](https://lnkd.in/giSXyijH)
2. Supa Palette
[https://lnkd.in/gm5hHJvJ](https://lnkd.in/gm5hHJvJ)
3. Palette
[https://lnkd.in/geDtB8nT](https://lnkd.in/geDtB8nT)
Crd links...
Apex Coding Technology
Click here to claim your Sponsored Listing.
Category
Contact the business
Address
Yangon Pyi Road
Yangon
11071