Chu-Life Insurance Advisor
21/11/2023
💟 ကိုယ့်တုန်းက မရခဲ့တဲ့ အခွင့်အရေးမျိုး သားသမီး ရစေချင်ရင်
💟 ကိုယ့်တုန်းက ခက်ခဲစွာ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေမျိုး သားသမီးမှာ မဖြစ်စေလိုဘူးဆိုရင်
ရေတို အစီအစဉ်ထက် အရှည်ကိုမျှော်တွေးပြီး ရေရှည် အစီအမံတခု ရှိထားရပါမယ်။
စီးပွားရေးလုပ်ရင်တောင် သေချာပြင်ဆင်ထားတဲ့ Business Plan တခု မရှိရင် ရေရှည်အောင်မြင်ဖို့ မဖြစ်နိုင်သလို ...
ကိုယ့်အသက်ထက်တောင် တန်ဖိုးထားရတယ်ဆိုတဲ့ သားသမီး အနာဂတ်အတွက် Life Plan တခုကိုတော့ သေချာလေး ပြင်ဆင်စီမံပေးဖို့ လိုအပ်တယ်ဆိုတာ မိဘတိုင်း လက်ခံကြမယ်လို့ ထင်ပါတယ်။
ဒါပေမယ့် အများစုက ရေရှည် အစီအမံလို့ ဆိုလိုက်ရင် ...
ဘယ်ချိန်ကာလ ထိကိုပဲ တွေးပေးကြလဲဆိုတော့
ကိုယ်မသေခင်အချိန်ထိကိုပဲ တွေးပေးကြတာ တွေ့ရပါတယ်။
ကိုယ် မရှိမယ့်အချိန်ကာလမှာ ကြုံတွေ့ရနိုင်မယ့် အခြေအနေမျိုးအတွက် သိပ်အလေးပေး မစဉ်းစားကြဘူး။
ဒါကြောင့်လည်း မိသားစုတခုမှာ မိဘတွေ အချိန်မတိုင်ခင် ဆုံးပါးတာတို့ ပြင်းထန်ရောဂါကြီးတွေ ခံစားရတာတို့ ကြုံရတဲ့အခါ
လက်ရှိ အခြေအနေတွေ ယိုင်လဲကုန်ပြီး နေထိုင်မှုပုံစံတွေ ပြောင်းလဲ၊ သားသမီးတွေရဲ့ အနာဂတ်တွေလည်း မိဘတွေ မျှော်မှန်းထားတဲ့ မဖြစ်နိုင်တော့ဘဲ Generation တွေအလိုက် ပိုတိုးတက်ဖို့ထက် အခက်အခဲတွေက ရုန်းထွက်ဖို့ ကြိုးစားနေရတဲ့ အခြေအနေမျိုးတွေသာ တွေ့နေ မြင်နေရတာပါ။
တရားသဘောအရ ဘယ်အရာမှ မမြဲဘူး ... အချိန်မရွေး ဘဝ ကူးနိုင်တယ်လို့ ပြောဆိုနေကြပေမယ့် ...
တကယ်တမ်းကြတော့ ...
"တခြားသူတွေသာ ဖြစ်ရင်ဖြစ်မယ် ငါတော့ မဖြစ်ဘူး ..".
"လူတိုင်း တနေ့သွားရမယ့်လမ်းတောင် ငါကတော့ နောက်ဆုံးလောက်မှ ..."
မသိစိတ်ထဲမှာ အဲ့အတွေးမျိုး ရှိနေကြတာက ရာခိုင်နှုန်း အများစုပါ။
အဲ့ဒီ အတွေးမျိုးဟာ သားသမီး Generation တွေရဲ့ အနာဂတ်အတွက်တော့ အရမ်းကို သက်ရောက်မှုကြီးမားတဲ့ Risk ကြီးတခု ဖြစ်နေပါတယ်။
ဒါကိုသာ သတိထားမိမယ်ဆိုရင် ကလေးတွေရဲ့ Life Plan အတွက် ခုကတည်းက တခုခု ပြင်ဆင်ပေးထားရတော့မှာပါ ... ရေရှည်အတွက် #ငွေကြေးအကာအကွယ် ကောင်းကောင်းတခု စီမံထားရတော့မှာပါ။
ဘာကြောင့် ငွေကြေးအကာအကွယ်လို့ ပြောတာလဲဆိုတော့ ...
ငွေဟာ အဓိက မဟုတ်ပေမယ့် ရည်မှန်းချက်တွေ အကောင်အထည်ဖော်နိုင်ဖို့တော့ ငွေနဲ့ပဲ အထောက်အကူပြုသွားရတာ မဟုတ်လား။
Business Plan တခုထက် ပိုအရေးပါတဲ့ သားသမီးရဲ့ Life Plan အတွက် ရေရှည်ကိုကြည့်ပြီး ပြင်ဆင်ရမှာပါ။
ရေရှည်ဆိုတဲ့ဟာကို ပြောရရင် အချိန်နည်းတာ များတာထက်
ကာလအပိုင်းအခြား နှစ်ခုကို ဆိုလိုချင်ပါတယ်။
- ကိုယ်ရှိတဲ့ အချိန်ကာလ နဲ့
- ကိုယ် မရှိမယ့် အချိန်ကာလ
ကိုယ် မရှိမယ့် အချိန်ကာလအတွက်ကိုပါ ထည့်ပြီး စဉ်းစားပြင်ဆင်ပေးထားသင့်တာပါ။
အသက်ထက် ချစ်ရတဲ့၊ ချစ်တာထက်ပိုပြီး တန်ဖိုးထားရတဲ့ သားသမီး တွေရဲ့ အနာဂတ်ဟာ ဂရုစိုက်ပေးဖို့ ထိုက်တန်ပါတယ်။
💟 ကိုယ့်တုန်းက မရခဲ့တဲ့ အခွင့်အရေးမျိုး သားသမီး ရစေချင်ရင်
💟 ကိုယ့်တုန်းက ခက်ခဲစွာ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေမျိုး သားသမီးမှာ မဖြစ်စေလိုဘူးဆိုရင်
ရေတို အစီအစဉ်ထက် အရှည်ကိုမျှော်တွေးပြီး ရေရှည်အတွက် ငွေကြေးအကာအကွယ် အစီအမံတခု ရှိထားရပါမယ်။
အသက်အာမခံ (ဘဝအာမခံ) နဲ့ ငွေကြေးစီမံခြင်း (သို့) ငွေကြေးစုဆောင်းခြင်း ကို လေ့လာကြည့်ပါ။
သင့်တော်လှတဲ့ ငွေကြေးအစီအမံတခု၊ လုံခြုံစိတ်ရတဲ့ Life Plan တခု၊ စိတ်အေးရတဲ့ ငွေကြေးအကာအကွယ်တခု ဖြစ်တယ် ဆိုတာ တွေ့မြင်ရပါလိမ့်မယ်။
အာမခံ ဆိုတာက ငွေကြေးစီမံခန့်ခွဲခြင်း တမျိုးဖြစ်သလို
အခြေအနေကောင်းတခုကို ထိန်းသိမ်းထားနိုင်ပြီး
မမြင်ရတဲ့ အခြေအနေဆိုးကို ကြိုပြီး ကာကွယ်ထားခြင်းလည်း ဖြစ်ပါတယ်။
credited: ကျော်ကျော် (တောင်ငူ)
Life Insurance Advisor
15/11/2023
🍀respect ဆိုတာ 🤝
ကြီးတာ ၊ ငယ်တာနဲ့ မဆိုင်ဘူး။
ပညာတတ်တာ ၊ မတတ်တာနဲ့မဆိုင်ဘူး ။
ရာထူးရှိတာ ၊ မရှိတာနဲ့ မဆိုင်ဘူး ။
🍀respect ဆိုတာ အချင်းချင်းကြားမှာ
ထားသင့် ၊ ထားအပ် ၊ ထားထိုက်တဲ့အရာ ။
🍀ကိုယ်က တစ်ခြားသူကို respect မထားရင်
ကိုယ့်ကိုလည်း သူများက respect ထားလိမ့်မယ်မဟုတ်ပါ ။
🍀respect ထားတယ်ဆိုတာ
လူသားပီသမှု့ ၊ တစ်ဖက်သားကိုငဲ့ညာမှု့ ၊
ကြီးသူကိုရိုသေမှု့ ၊ ရွယ်တူကိုအလေးထားမှု့ ၊
ငယ်သူကို ငဲ့ညှာသနားမှု့ အားလုံးပါဝင်ပါတယ်
Credit
14/10/2023
Chubb Lifetime Elite
ချက်ဘ်ထာဝရသုခ အသက်အာမခံ
#အားသာချက်များ
- အသက် 5 နှစ်မှ အသက် 60 နှစ်ထိ ထားရှိနိုင်ခြင်း။
- အာမခံထားငွေ သိန်းငါးဆယ်ကျပ် မှ သိန်းတစ်ထောင်ကျပ် အထိ ထားရှိနိုင်ခြင်း။😮😮😮😮😮
- အာမခံထားငွေ အတိုးအလျော့ပြုလုပ်နိုင်ခြင်း။
- မိမိအာမခံထားငွေအတွက် စုဆောင်းနေသော ငွေအမောက် တစ်ခုအပေါ်မှာ အတိုးနှုန်းရရှိခံစားပိုင်ခွင့်။
- ပုံမှန်စုနေသောငွေအမောက်အပေါ် အတိုးနှုန်းခံစားခွင့်အပြင် 5 နှစ်တစ်ကြိမ်
Loyalty Bonus အပိုထပ်ဆောင်း ရရှိပိုင်ခွင့်။💰💰💰
- တစ်သက်တာ(Life Time) အကာအကွယ်ရရှိမယ့် မဟာအခွင့်အရေးကြီး။
- ဒါတင်ပဲလားဆိုတော့ No ပါ၊အောက်မှာ ဆက်ဖတ်ရင်း ခံစားကြည့်ပါအုံး 🤭🤭🤭👇👇👇
- အပိုထပ်ဆောင်းအာမခံအကာကွယ်တွေကို လိုသလို မိမိစိတ်တိုင်းကျ ရွေးချယ်အကာကွယ်ယူနိုင်ခြင်း။
- အပိုထပ်ဆောင်း အာမခံအကာကွယ်တွေက ဘာလဲ???
- မတော်တဆထိခိုက်မှုအကာကွယ်
- ကျန်းမာရေးဆေးကုသစရိတ်အကာအကွယ်
- အပြင်းအထန်ရောဂါ ဆေးကုသစရိတ် အကာအကွယ် (ကင်ဆာရောဂါအပါ ရောဂါကြီး 26မျိုး)
- မြန်မာနိုင်ငံမှာ လုံးဝမရှိသေးတဲ့ ပထမဆုံး
ပရီမီယံ ကင်းလွတ်ခွင့်
( Premium Waiver ) ဆိုလိုတာ
မိမိသာတစ်စုံတစ်ခုဖြစ်ခဲ့သည်ရှိသော် မိမိ သားသမီး၊
မိသားစုဝင်များအတွက် Chubb Life Insurance မှ
မိသားစုဝင်သဖွယ် ပရီမီယံ ဆက်လက်သွင်းပေးမည့်
မိသားစုသဖွယ် အစောင့်အရှောက်ပေးမည့် အစီစဉ်။
- ဝင်ငွေခွန်ထမ်းဆောင်နေရသော အခွန်ထမ်းများ
အနေဖြင့် အစိုးရ၏ခွင့်ပြုချက်ဖြင့် ဝင်ငွေခွန်ဥပဒေအရ
ဝင်ငွေခွန်သက်သာခွင့် ရရှိနိုင်မည့် အခွင့်အရေး။
- မြန်မာနိုင်ငံမှာ တစ်ခုတည်းသော မိသားစုအတွက်
တရားဝင် ကြိုတင်အမွေပေးနိုင်မည့် အစီအစဉ်ကြီး။
#အားနည်းချက်များ
ထာဝရသုခအသက်အာမခံ မထားမိလို့ နောင်တရသွားသူ
စာရင်းမှာ ပါသွားနိုင်တယ်လို့စ် 😊😊😊
အသေးစိတ်အချက်အလက်များကို အခမဲ့ ဆွေးနွေးအကြံရယူဖို့ ခုပဲ ကြိုတင်စာရင်းပေးလို့ရနေပါပီနော်
Zin Nwe Chu
Agency Manager
09422192665
NDL
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Kabar Aye Pagoda Road
Yangon