Psycho

Psycho

Share

23/08/2021

ငယ်ငယ်က ကျောင်းနဲ့ ကျူရှင်
သွားရင် သနပ်ခါးအထူကြီး
ကိုယ့်ဘာကိုယ့်လိမ်းပြီးသွားတယ်
ဒါပေမဲ့ အိမ်ပြန်ရင် အမြဲအဆူခံရတယ်
သနပ်ခါး မရှိတော့လို့တဲ့။
လူကြီးတွေ့ထင်တာ အရမ်းဆော့လို့ပေါ့
တကယ်တော့ မဟုတ်ပါဘူးဗျာ
သူငယ်ချင်းတွေ့က အဖေကလွယ်အိတ်လွယ်
အမေကထမင်းချိုင့်လေးကိုင်ပြီး
ကျောင်းလာတက်ကျတယ်။
ကျွန်တော်က ကိုယ့်အိတ်ကိုယ်လွယ်
ကိုယ့်ထမင်းချိုင့်ကိုယ်ကိုင်ပြီး ကျောင်းတက်ရတယ်
အဲ့လိုစိတ်တွေ့ကြောင့် ကျောင်းပြန်တိုင်း
အိမ်ပြန်လမ်းမှာ အမြဲငိုရတယ်လေ။
အဲ့တာကြောင့်သနပ်ခါးဆို မလိမ်းချင်တော့ဘူး
အိမ်ရောက်ရင်လဲအဆူခံရတော့။😄💔

15/08/2021

ငယ်ငယ်က အိပ်ခါနီးတိုင်း
လူကြီးတစ်ယောက်ယောက်က

ပုံပြင်ပြောပြမှ ပုံပြင်နားထောင်ပြီး
အိပ်တက်တဲ့ ကလေးလေးပေါ့။

ကြီးလာပြန်တော့လဲ သူပြောခဲ့တဲ့
စိတ်ကူးယဥ်သက်သက် အချစ်ပုံပြင်လေးကို

မျက်ရည်တွေ့စိုရွှဲ နေပေမဲ့လည်းပဲ
ခေါင်းအုန်းလေးပေါ်မှာ ငိုယိုပြီးကြားယောင်မိတယ်။

ဘယ်တက်နိုင်မလဲဗျာ ငယ်ငယ်ထဲက
ပုံပြင်တွေ့ကြိုက်နှစ်သက်တဲ့ ဒီလူသားက။

ကြီးလာတော့သူပြောတဲ့ ပုံပြင်လေးတွေပါ
အိပ်ခါနီးကြားယောင်ပြီး ငိုပြီးအိပ်ရပြန်တယ်ဗျာ။

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Culinary Team

Attire

Website

Address


Yangon