The Fool's Idea

The Fool's Idea

Share

Photos from The Fool's Idea's post 29/10/2017

ကူညီပေးကြပါ
ပိုက်ဆံအိတ်တစ်အိတ်ကောက်ရထားတယ်

ကိုကြည်အောင်ခင်ဗျား...
အခုလောက်ဆို ပိုက်ဆံအိတ်ထက်
ကိုယ်ရေးမှတ်ပုံတင်နဲ့ လိုင်စင်ကို
စိတ်ပူးဆွေးသောကရောက်နေပြီထင်ပါရဲ့

ကိုကြည်အောင်ခင်ဗျား ဒီPostလေးကို တွေ့ရာအရပ်မှ အချိန်မရွေးကျွန်တော့်ဆီမှာ လာရောက်၍ယူနိုင်ပါကြောင်း။

ခင်မြင်လေးစားစွာဖြင့်
ဆက်သွယ်ရန် - Aung Lin Khaing
09254268373
09775510055

VOTING FOR TOP 10 BEST NATIONAL COSTUMES 16/10/2017

MISS GRAND MYANMAR - AYE CHAN MOE

06/10/2017

အမျိုးသား‌ရေး
___________

လူမိုက်‌တို့သည်‌ မိမိနိုင်‌ငံကို
အထင်‌‌သေးလျှက်‌ တိုင်းတစ်‌ပါကို ချီးမွန်း၏။

ဤသို့ပြူခြင်းဖြင့်‌ တစ်‌ပါးကျွန်‌
ဖြစ်‌‌နေမှန်းကိုလည်းသ‌ဘောမ‌ပေါက်‌
ကြ‌ချေ။

လူ‌တော်‌များသည်‌ မိမိတိုင်းပြည်‌ကို ချီးကျူးလျှက်‌ တိုင်းတစ်‌ပါးကို
အထင်‌အမြင်‌‌သေး၏။

ဤသို့ပြုခြင်းအားဖြင့်‌ မိမိထက်‌
အင်‌အားကြီး‌သော ရန်‌သူများကို ဖန်‌တီး‌နေမှန်းသ‌ဘောမ‌ပေါက်‌ကြ‌ချေ။

ဇာဂနာ

28/09/2017

လူသုံးမျိုး
********
(၁) စိတ်ဓာတ်အမြဲကျနေသူ

လူတစ်ယောက်ဟာ စိတ်ဓာတ်ကျနေတယ် ဆိုရင် သူဟာ အတိတ်က အကြောင်းအရာတွေကိုပဲ စဉ်းစာနေသူ ဖြစ်ပါတယ်။

(၂) အမြဲစိုးရိမ်ပူပန်သူ

လူတစ်ယောက်က အမြဲတန်း စိုးရိမ်ပူပန်နေတယ်ဆိုရင် သူဟာ အနာဂတ်ကိုပဲ အမြဲတန်း စဉ်းစားနေသူ ဖြစ်ပါတယ်။

(၃) စိတ်တည်ငြိမ်အေးချမ်းသူ

လူတစ်ယောက်ဟာ စိတ်တည်ငြိမ်ပြီး အေးချမ်းနေတယ် ဆိုရင်တော့ ယခုလက်ရှိ ပစ္စုပ္ဗန် အကြောင်းကိုသာ စဉ်းစားနေသူဖြစ်ပါတယ်။

လောင်ဇူး

09/09/2017

ဒေါ်လာတစ်ရာနဲ့ဝယ်ပါရစေ
******
ညနေခင်းတစ်ခုမှာ အလုပ်ကနေ မောမောပန်းပန်းနဲ့ အိမ်ကိုပြန်လာတဲ့
ဖခင်တစ်ဦးကို သူရဲ့ တစ်ဦးတည်းသော
သားလေးက အိမ်ရှေ့ကနေထွက်
ကြိုနေလေရဲ့။

သားငယ်။ ။""အဖေ""အဖေအလုပ်
လုပ်တာတစ်နာရီကို ဘယ်လောက်ရ
လဲဟင်?

ဖခင်။ ။ တစ်နာရီ ဒေါ်လာ ၁၀၀ ရတယ်ကွ

သားငယ်။ ။ အဲဒါဆို သားကို ဒေါ်လာ ၅၀ လောက် မုန့်ဖိုးပေးပါ။

ဖခင်။ ။ ငါ အလုပ်ထဲမှာ နဖူးကချွေး ခြေမ ထိကျမှ ရတဲ့ ပိုက်ဆံကို မင်းက အရုပ်ဝယ် မုန့်ဝယ်ပီး ဖြုန်းတီးမလို့လားကွာ ပင်ပန်းလာရတဲ့ အထဲကွာ။ သွားသွား သွားအိပ်ချေတော့လို့ပြန်ပြောလိုက်တယ်
ကလေးငယ်ဟာ ခေါင်း ငိုက်စိုက်ကျပီး သူ့အဖေရှေ့က ထွက်သွားခဲ့ရတော့တယ်။
ဖခင်ဟာ ရေမိုးချိုး အိပ်ရာဝင် ရမ်နှစ်ပက်လောက် မြုံ့လိုက်ပီး အိပ်ရာပေါ်မှာ လဲလျောင်းလိုက်ပါတယ်။ အဲဒီတော့မှ ခုနတုန်းက သူ့သားငယ် သူ့ကို အပြေးလာကြိုပီး ဒေါ်လာ ၅၀ တောင်းတဲ့ကိစွ သူ့ခေါင်းထဲ ၀င်လာပါတော့တယ်။ ' အင်းလေ ဒီကောင် ဘာအရုပ်ဝယ်ချင်လို့လဲမှ မသိတာ၊ ငါလည်း ဒီကောင့်ကို မုန့်ဖိုးမပေးတာကြာပီပဲ' ဆိုပီး ဒေါ်လာ ၅၀ ယူ၊ သူ့ သားလေးရဲ့ အိပ်ခန်းထဲကို ၀င်လာခဲ့တယ်။

ဖခင်။ ။သားရေ အိပ်ပီလားကွ၊ ခုနက အဖေ အလုပ်က ပင်ပင်ပန်းပန်းနဲ့ ပြန်လာလာချင်း မင်းက ပိုက်ဆံတောင်းတော့ အဖေ ရုတ်တရက် ဒေါသထွက်သွားလို့ ဆောရီးပဲ သားလေးရေ.....

သားငယ်။ ။ သား မအိပ်သေးပါဘူး ဖေဖေ။ သားလည်းမှားသွားပါတယ်။ အဖေ ပင်ပန်းလာတာကို သား မသိလို့ပါ အဖေရယ်.... ဆိုပီး သားအဖ နှစ်ယောက် အပြုံးချင်း ဖလှယ် လိုက်ကြတယ်။ ပီးတော့ ဖခင်ဖြစ်သူက ဒေါ်လာ ၅၀ ကို သားငယ်ကို ပေးလိုက်တယ်။ သားလေးဟာ ဖခင်ပေးတဲ့ ဒေါ်လာ ၅၀ ကို လှမ်းယူလိုက်ပီး သူ့ရဲ့ ခေါင်းအုံးအောက်မှာ စုထားတဲ့ ဒေါ်လာ ၅၀ နဲ့ စုစုပေါင်း ဒေါ်လာ ၁၀၀ ဖြစ်သွားတယ်ပေါ့။
အဲဒိအခါမှာ ဖခင်ဖြစ်သူဟာ ဒီကောင် သူ့မှာဒေါ်လာ ၅၀ ရှိရဲ့သားနဲ့ ငါ့ဆီက ဒေါ်လာ ၅၀ ထပ်တောင်းတာ ဘာလုပ်မလို့ ဘာဝယ်မလို့လည်း မသိဘူးဆိုပီး တွေးနေတုန်း သားလေးပြောလိုက်တဲ့ စကားကြောင့် မျက်ရည်ပေါက်ကြီးတွေ ဖြိုင်ဖြိုင်ကျအောင် ရှိုက်ကြီးတငင် ချုံးပွဲချ ငိုကြွေးလိုက်ရတော့တယ်......

သားငယ်။ ။ အဖေက တစ်နာရီ ဒေါ်လာ ၁၀၀ ရတာဆိုတော့ သားမှာ ရှိတဲ့ ဒီဒေါ်လာ ၁၀၀ နဲ့ သား အဖေ့ရဲ့ တစ်နာရီကို ၀ယ်လို့ရမလား ဟင်???
အဖေက မနက်ဖြန် တစ်နာရီလောက် စောပြန်လာခဲ့ပီး အဖေနဲ့ သား ညစာတူတူ စားကြရအောင်နော်......တဲ့။

08/09/2017

မဟောင်းသေးတဲ့ ပုံပြင်
*********************

တစ်ခုသော တနင်္ဂနွေနေ့ ဖြစ်၏။ ကျွန်ုပ်လည်း အလုပ် နားရက် ဖြစ်သည့် အတွက် အိမ်ရှိ စာအုပ်စင်မှ စာအုပ် တစ်အုပ်ဖြင့် ငြိမ်ချမ်း နေလေရာ အဆိုပါ စာအုပ် အတွင်းမှ ပုံပြင်လေး တစ်ပုဒ်အား များစွာ သဘောကျလှသည် ဖြစ်သဖြင့် ဆက်စပ်ရင်း အတွေးနယ်ချဲ့ နေရတော့သည်။

"အခါတပါး၌ ဗရာဏသီပြည်ရှိ ဒီသာပါ မောက္ခကြီး တစ်ဦးသည် အကျင့်သီလ အရာတွင် အားနည်းနေသော မင်းသား တစ်ပါးအား ပညာပေးလိုသည် ဖြစ်သောကြောင့် မင်းသားနှင့် အတူ လမ်းလျောက် လာလေ၏။ တစ်နေရာ အရောက်တွင် ဆရာကြီးက တပည့်အား လမ်းတွင် တွေ့ရသော အပင်ပေါက်ခါစ ညောင်ပင်လေးအား နုတ်စေရာ တပည့်လည်း လက်မ လက်ညိုးဖြင့် အသာအယာ နုတ်ယူနိုင်လေ၏။ ဆရာကြီးလည်း ဘာမျှမပြောဘဲ ဆက်ထွက်လာကြပြန်လေ၏။

တစ်နေရာ အရောက်တွင် တစ်တောင်ခန့်ရှိ ညောင်ပင်ကို တွေ့ရာ ဆရာကြီးမှ နုတ်ခိုင်းပြန်လေ၏။ တပည့်လည်း အသာအယာ နုတ်ယူရာ မရသဖြင့် လက်နှစ်ဖက်ဖြင့် အားစိုက် နုတ်ယူရလေသည်။ ထိုနောက် ဆရာ တပည့်တို့လည်း ဆက်ထွက်လာကြပြန်ရာ တစ်နေရာ အရောက်တွင် လူတစ်ရပ်ခန့် ညောင်ပင်ကို တွေ့ပြန်လေ၏။ ဆရာက နုတ်စေရာ တပည့်မှ မည်သို့ အားအင်ကို သုံးစေကာမူ နုတ်မရဘဲ ရှိလေ၏။ သို့သော် အကိုင်းအခက်များအား ချိုးယူ သုတ်သင်ပါက အမြစ် မပြတ်သော်လည်း အပင် မရှင်နိုင်ဘဲ ဖြစ်မည့်အကြောင်း ဆရာကြီးအား ပြောလေလျှင် ဆရာ တပည့်တို့ ဆက်ထွက်ကြပြန်၏။

ခဏ အကြာတွင် အရိပ်အဝါသ ကောင်းပြီး အကိုင်း အခက် အလက်နှင့် ပြည့်စုံသည့် လူငါးဦးဖက်စာမျှ ကြီးမားသော ညောင်ပင်ကြီးအား တွေ့ပြန်ရာ ဆရာကြီးက တပည့်အား နုတ်ယူရန် ပြောပြန်၏။ တပည့်လည်း မည်သို့မျှ မဖြစ်နိုင်တော့ကြောင်း အကိုင်းအခက် အလက်ပင် မဖယ်ရှာနိုင်ကြောင်း ပြောပြလေ၏။

ထိုအခါ ပါမောက္ခ ဆရာကြီးမှ တပည့်အား မကောင်သော အတွေး အကြံ မကောင်းသော စိတ်ဓါတ် တို့အား မကောင်းသည်ကို သိသည့်နှင့် ပယ်သတ် သုတ်သင်သင့်ကြောင်း ထို့သို့ အစ အချိန်တွင် အသာအယာ သုတ်သင်နိုင်ကြောင်း အချိန် ကြာလာသည့်နှင့် အတူ မကောင်းသည့် အတွေး အကြံတိုသည် ညောင်ပင်ကဲ့သို့ ကြီးလာသည်ဖြစ်ရာ နောင်အချိန်တွင် ဘဝအတွက် မည်သို့မျှ မသုတ်သင်နိုင်ဘဲ ပျက်စီးရမည် ဖြစ်သဖြင့် မကောင်းသည့် အရာအား အမြစ် မတွယ်မီ ရှင်းလင်ပစ်ရန် လိုကြောင်း ဆုံးမလေတော့သည်။

တပည့် မင်းသားလည်း ဆရာကြီးအား ကျေးဇူး အထူးတင်လျက် မကောင်းသော စိတ် အကြံတို့အား ပြုပြင်ယူရာ နောင်တစ်ချိန်တွင် မင်းကျင့်တရားနှင့် ပြည့်စုံသော ဧကရာဇ်မင်း တစ်ပါး ဖြစ်ခဲ့လေသည်" ဟုသော ပုံပြင်လေး ဖြစ်လေ၏။

ထိုပုံပြင်ကလေးက များစွာ ကောင်းလှလေ၏။ ခေတ်မှီနေသည်မှာ အမှန်ပင်ဖြစ်၏။ ကျွန်ုပ်တို့သည်လည်း လူဖြစ်သဖြင့် အမှား မကင်းနိုင် သကဲ့သို့ လောဘ ဒေါသ မောဟ မာန တို့သည်လည်း မကင်းနိုင်သည်သာဖြစ်ရာ လူလောက လူ့သဘာဝ အတိုင်းပင်ဖြစ်သည်။ သို့ရာတွင် မိမိ လုပ်ကိုင် ကြံစည်သော အရာသည် မှားနေပြီးဟု သိရှိပါက အမှန်အား ပြင်ဆင်ရန် ချက်ချင်း ဆောင်ရွက်ရမည် ဆိုသည့် အသိအား တွေးနေရပြီဖြစ်၏။

လူငယ်တို့သည် မကောင်းသော အရက် သေစာ မူးယစ်ဆေးမှအစ လောင်းကစား အပါအဝင် မကောင်းဟု သိသည်နှင့် ညောင်ပင်ပေါက် အရွယ်မှ စရှင်လင်းမှသာ ငြိမ်းအေးပြီး အေးချမ်းသည့် ဘဝကို ရရှိမည်ဖြစ်ကြောင်း ကျွန်ုပ်ရင်တွင် အတွေးများဖြင့် စိတ်နယ်ကုန်ခဲ့တော့သည်. . . .ကျွန်ုပ်၏ အတွေးသက်သက်ပင် ဖြစ်သည်။ လူတစ်ဦးနှင့် တစ်ဦး ခံယူချက် အမြင်များ တူညီလိုက်မည်တော့ မဟုတ်ပေ။

အတွေးများဖြင့် ရှိနေစဉ် အိမ်ရှေ့လူခေါ် ခေါင်းလောင်းမှ အသံမြည်လာရာ ကျွန်ုပ်၏ အတွေးများအား ခဏထားလျက် တံခါးဖွင့်လိုက်ရာ ငယ်သူငယ်ချင်း ကျောင်းဆရာနှင့် သူ့မိတ်ဆွေတို့သည့် အိမ်ထဲသို့ ဝင်ရောက်ရင်း ဒီကနေ့ အားကြသည် ဖြစ်ရာ ခေါင်းစဉ် တစ်ခု တတ်ပြီး စကားပြောကြမည်ဟု ဆိုလေသဖြင့် ကျွန်ုပ်လည်း ထိုပုံပြင်ကလေးအား ပြန်လည် ပြောပြရလေ တော့သည်။

Lazy Cat (ရိုးရာလေး)
www.yoyarlay.com

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Website

Address


Riom No, 1215, Bogyoke Aung San Road
Yangon
11161