The Virtual Pitch-PES

The Virtual Pitch-PES

Share

Photos from The Virtual Pitch-PES's post 25/08/2025

ဒီ ကွင်းလယ် ကစားသမား 5ယောက်ထဲနဲ့ ဖြေရှင်းလို့မရသော Manchester United ကွင်းလယ်ပြဿနာ...

ဖာဂီနောက်ပိုင်း မန်ချက်စတာယူနိုက်တက်ဟာ Right Coach, Right Playerတွေ နဲ့ အသာမကျခဲ့တာ တော်တော်ကြာနေခဲ့ပါပြီ။ Unique ဖြစ်တဲ့ ကစားဟန်၊ ကစားသမားတွေရဲ့ မာန်တွေကို မမြင်တွေ့ရတော့တာဟာလည်း ဝမ်းနည်းစရာပါ။ Theater of Dream ဟာ ခုတော့ အိမ်မက်တွေ အဆုံးသတ်ရာ ကွင်းပြင်ကြီးလာလို့ ထင်မှတ်ရလောက်အောင် ဖြစ်နေပါပြီ။

မန်ချက်စတာယူနိုက်ဟာ ဒီရာသီမှာ ကစားသမားအသစ်တွေ ခေါ်ယူပြီး ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ထားပေမယ့် ကစားကွက်အားလုံးရဲ့ Engine ခန်းကိုတော့ ခုအချိန်ထိ ပြုပြင်ပြောင်းလဲဖို့ လစ်ဟင်းနေတုန်းပါ။
Defensive Midfielder လို့ခေါ်တဲ့ DMF Role ဟာကစားကွက်တိုင်းရဲ့ Engineဖြစ်‌ပြီး
Attacking နဲ့ Defensive ကြားမှာ ဆက်သွယ်ပေးနေတဲ့ Linkတခုလိုပါပဲ။

Brunoဟာ အဲ့နေရာမှာမကစားနိုင်သလို၊ Casemiro လည်းPrime timeကုန်ဆုံးနေပါပြီ။ Ugarteဟာလည်း ဘောလုံး ဦးနှောက် မပါပါဘူး။   
နောက်ပြီး ကျန်တဲ့ Kobie Mainoo, Mason Mount တို့လည်း အဆင်မပြေပါဘူး။

ဒါပေမယ့် Kobie Mainooကတော့ အခုချိန် Line up မှာ ထည့်ကို ထည့်သင့်ပြီး Amorim ရဲ့ ကစားကွက်အရ လိုအပ်နေတဲ့ Box to Box Player တယောက်ဖြစ်တာကိုတော့ မေ့ထားလို့ မရပါဘူး။ နည်းပြ ဘာလို့မသုံးလည်းဆိုတာကတော့ စဉ်းစားရခက်ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီ အပြောင်းအရွှေ့ဈေးကွက်မှာ DMF Player တယောက် မဝယ်နိုင်ခဲ့ရင်တော့ ပြီးခဲ့တဲ့ Arsenal,Fulham တို့နဲ့ ပွဲတွေကလို မဆုံးရှုံးသင့်တဲ့ အမှတ်တွေ ဆက်ဆုံးရှုံးနေအုန်းမှာပါပဲ။
မန်ချက်စတာ ယူနိုက်တက် အမြန်ဆုံးပြန်လာဖို့ မျှော်လင့်ရင်း.....🔴

အဆုံးထိ ဖတ်ရှုပေးလို့ အားလုံးကို ကျေးဇူးတင်ပါတယ်💙

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon