Art By Pyae
Title ~ ခေါင်ရမ်းနီ 🌺❤ (Red Hibiscus)
Size ~2'3'
Medium~ oil
For sale🟢
အကုန်သိကြတဲ့အတိုင်း မြန်မာနိုင်ငံမှာ ခေါင်ရမ်းပန်းကို “မသာပန်း” လို့ တင်စားကြတယ်။
ဘာအပြစ်မှမရှိဘဲ လူတွေရဲ့အယူအဆတွေအောက်မှာ သူ့ခဗျာ ရှင်လျက်နဲ့ သေနေရသလိုပဲ။
အလှဆုံးပွင့်လန်းနေပါရဲ့၊
အမြတ်တနိုး နမ်းရှုံ့မယ့်သူမရှိ၊
ပန်ဆင်မယ့်သူမရှိတဲ့ ပြစ်ပယ်ခံထားရတဲ့ ဒီပန်းလေး...
ဒါပေမယ့် ကိုရီးယားမှာတော့ ခေါင်ရမ်းပန်းကို “무궁화 (Mugunghwa)” လို့ခေါ်ကြပြီး သူတို့နိုင်ငံရဲ့ National Flower အဖြစ် သတ်မှတ်ထားကြတယ်။
“무궁 (mugung)” ဆိုတာ “အဆုံးမရှိသော / ထာဝရ” ဆိုတဲ့ အဓိပ္ပါယ်ရှိပြီး၊ ခေါင်ရမ်းပန်းကလည်း နွေရာသီတစ်လျှောက် ပန်းတွေ ဆက်တိုက်ပွင့်နေလေ့ရှိတာကြောင့် —
• ခံနိုင်ရည်ရှိမှု
• မပျက်စီးလွယ်မှု
• တည်ကြည်မှု
တို့ကို ကိုယ်စားပြုတယ်လို့ ယူဆကြတယ်။
ဒါကြောင့်လည်း ကိုရီးယားလူမျိုးတွေရဲ့ စိတ်ဓာတ်နဲ့ ဆက်စပ်ပြီး National Flower အဖြစ် အမြတ်တနိုး သတ်မှတ်လာကြတာလို့ သိရပါတယ်။
အခြားနိုင်ငံတွေကတောင် အမြတ်တနိုးထားတဲ့ ပန်းတစ်ပွင့်ကို “နိမိတ်မကောင်းဘူး” ဆိုတဲ့ အယူတစ်ခုတည်းနဲ့ ပြစ်ပယ်ထားတာက တကယ်အဓိပ္ပါယ်ရှိပါ့မလား...
လူငယ်တစ်ယောက်ဖြစ်တဲ့ ပြည့်ကတော့ ယုတ္တိမရှိတဲ့ အယူအဆတွေကို ဆန့်ကျင်ပြီး၊ ခေါင်ရမ်းပန်းလေးရဲ့ အလှတရားတစ်ခုချင်းစီကို အမြတ်တနိုးထားကာ တတ်စွမ်းသလောက် ရေးဖွဲ့ဖြစ်ခဲ့ပါတယ် 🌺
25/05/2026
အညာ 🤎
Click here to claim your Sponsored Listing.
Category
Contact the establishment
Telephone
Website
Address
Yangon