It Computer Center

It Computer Center

Share

Photos from It Computer Center's post 27/10/2020

Microsoft Word မှာ Scroll bar ပျောက်နေပါက..
File> Options> Advance> Display> Show vertical scroll bar
အကွက်မှာ အမှန်ခြစ်ထည့်ပေးလိုက်ပါ...
(နမူနာ.. Word 2010)

Credit Peaceful Land

13/10/2020

Computer တစ်လုံးဝယ်ရင် ဘာကိုအဓိက ထားဝယ်ကြမလည်း
+++++++++++++++++++++++++++++++++++++++

Computer အကြောင်း နားလည် ထားရင်တော့ မိမိအသုံးပြုမည့် အနေအထားအပေါ် မူတည်၍ ရွေးချယ်ဝယ်ယူ နိုင်ကြပါလေ့မည်။ Computer အကြောင်းနားမလည်သေးဘူး ခုမှစသုံးမယ်၊ ဒါမှမဟုတ် သုံးတက်ခါစ ဆိုရင်တော့ မိမိ အသုံးပြုမည့် အနေအထားကို မည်သို့မျှ ရွေးချယ်နိုင်မည်မဟုတ်ပါ။ ထိုအခါ မိမိနှင့် သင့်တင်သော Computer ကို မည်သို့ရွေးချယ် ဝယ်ယူမည်နည်း။

Computer တစ်လုံး သင့် မသင့်၊ ကောင်း မကောင်းကို အပြင်ပန်းကြည့်ရုံနဲ့ မသိနိုင်ပါ။ ဒီတော့ ဘာကိုကြည့်၍ ရွေးချယ်ဝယ်ယူ ကြမည်နည်း။ ရွေးချယ်စရာမပြောခင်မှာ Computer အကြောင်း အနည်းငယ် ပြောပြချင်ပါတယ်။ Computer မှာ ဘာတွေပါဝင်သလည်း ဆိုတာ အရင်လေ့လာကြည့် ရအောင်ပါ။ Computer ဝယ်ယူရာတွင် အဓိကသိထားရမည့် အကြောင်းအရာများမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။

1. CPU သည် Computer တစ်လုံးအတွက် အဓိက အစိတ်အပိုင်းတစ်ခုဆိုရင် မမှားနိုင်ပါ။ Computer တစ်လုံး၏ လုပ်ဆောင်မှုအားလုံးကို တွက်ချက်ပေးသော အရာဖြစ်ပါသည်။ ဥပမာ လူတစ်ယောက်၏ ဦးနှောက်နှင့်တူပါသည်။ လူတစ်ဦးနှင့်တစ်ဦး မှတ်ဉာဏ်မတူပါ။ တစ်ဦးက အတွက်အချက်မှာတော်ပေမယ့် တစ်ဦးက အရေးအဖက်မှာတော်ပါတယ်၊ နောက်တစ်ဦးက ဖြတ်ထိုးဉာဏ်မှာကောင်းပါတယ်။ ထိုကဲသို့ CPU များဟာလည်း ထုတ်လုပ်မှု ပုံစံအရည်အသွေးပေါ်လိုက်၍ စွမ်းဆောင်ရည်ကွာခြားသွားကြပါတယ်။ သို့သော် မည်သို့ပင် ထုတ်လုပ်စေကာမူ အခြေခံအားဖြင့်
Celeron
Pentium II Xeon
Athlon
Pentium III
Dual Core
Core i3, i5 i7 ဟူ၍ရှိပါသည်။ အခြေခံအားဖြင့် အနိပ်ဆုံးသည် Celeron ဖြစ်၍ i7 သည်လက်ရှိအချိန်အထိ မြန်မာပြည်တွင် အမြင့်ဆုံးထားသုံးနေပါသည်။ ( မှတ်ချက် ။ ။ အဓိက အစိတ်အပိုင်းဖြစ်၍ သတိထားဝယ်ယူရပါမည်။ အကောင်းဆုံးကတော့ လက်ရှိအချိန်မှာ Core အုတ်စုသာ အကောင်းပါ။ Celeron တော့ မသုံးကြဖို့ စေတနာ ရှေ့ထားတိုက်တွန်းလိုက်ပါသည်။)

2. RAM သည် CPU ကိုအထောက်အကူပြုပေးသော ယာယီမှတ်ဉာဏ်ဟု ဆိုလျှင်မမှားနိုင်ပါ။ ဥပမာ လူတစ်ယောက်၏ မသိစိတ်နှင့်တူညီပါသည်။ လူတစ်ဦးသည် ပုံမှန်လုပ်နေကြ အလုပ်တစ်ခုကို အလွယ်တစ်ကူ ပြုလုပ်နိုင်သလို RAM သည်လည်း လုပ်ငန်းပုံမှန် လည်ပတ်နိုင်ရန် ဆောင်ရွက်ပေးပါသည်။ RAM ပမဏ များလေလေ ပိုမို စွမ်းဆောင်နိုင်ပါတယ်။ အောက်တွင် RAM များ၏ အဆင့်များကို လေ့လာပါ။
FBM
EDO
SDRAM
RDRAM
DDR 1, 2, 3, 4 ဟူ၍ အခြေခံအားဖြင့်ရှိပြီး FBM သည် အနိမ့်ဆုံး RAM ဖြစ်၍ DDR 4 သည် အမြင့်ဆုံး RAM ဖြစ်ပါသည်။ လက်ရှိအသုံးအများဆုံး RAM ပမာဏများမှာ 1 GB မှ 8 GB အထိဖြစ်ပါသည်။ (မှတ်ချက် ။ ။ လက်ရှိအချိန်တွင် DDR 3, 4 သည် အကောင်းဆုံးဖြစ်ပါသည်။)

3. HDD သည် Window အပါအဝင် data အချက်အလက်များ ထိန်းသိမ်းထားရန်အတွက် ဖြစ်ပါသည်။ ဥပမာ လွယ်ထားသော အိတ်နှင့်တူပါသည်။ ပမာဏ များလေလေ သိမ်းဆည်းနိုင်မှု များလေလေ ဖြစ်ပါသည်။ လက်ရှိ Computer များတွင် 100 GB မှ 2 TB အထိတွေ့ရှိရပါသည်။ (မှတ်ချက် ။ ။ သိမ်းဆည်းမှု များများမလိုလျှင် GB နည်းလည်း အကြောင်းမဟုတ်ပါ။)

4. Graphics သည် ရုပ်ပုံဖေါ်ပြမှု အရည်အသွေး မြင့်တင်ရာ အပိုင်းဖြစ်သည်ဟု အခြေခံ အားဖြင့် သိထားရပါမည်။ လက်ရှိအချိန်တွင် 521 MB မှ 8 GB အထိ အများဆုံးအသုံးပြု ကြပါသည်။ ရုပ်ထွက်မြင့်မြင့်သုံးသော Software များ အသုံးမပြုပါက မပါရှိလည်း အကြောင်းမဟုတ်ပါ။

ဥပမာ
CPU = 7th Generation Intel Core i7-7500U Processor ( 2.7GHz, 4MB Cache )
RAM = 4GB DDR4,
HDD = 1TB HDD
Graphics = NVIDIA Geforce GT940MX 2GB
15.6" Diagonal High Definition Bright View LED backlit Display
DVD-RW,LAN, Wi-Fi, BT 4.2,Camera

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Insein
Yangon

Opening Hours

Monday 09:00 - 20:30
Tuesday 09:00 - 20:30
Wednesday 09:00 - 20:30
Thursday 09:00 - 20:30
Saturday 09:00 - 20:30
Sunday 09:00 - 20:30