The Rooster Myanmar

The Rooster Myanmar

Share

24/06/2024

#အခါပျက်ကြက်။

..
အခါပျက်ကြက်ဆိုတာ
မတိုက်သင့်ပဲ သားထိုးနားသင့်သည်...ကြက်။
အခါပျက်ကြက်ကို
ဘယ်လိုစစ်ဆေးရလဲဆိုတော့က...

ကျနော်နည်းကတော့ လည်ဆံမွေး ၊
ခါးဆံမွေး ၊တောင်ပံမွေး ၊ တောင်ဖုံမွေး
ကြက်လုံးတိုင်းခြင်းကြည့်ယုံဖြင့်ခွဲခြင်းပါ။

ပထမအချက်...
ကြက်ရဲ့လည်ဆံမွေးသည် ခါးဆံမွေးထက်ပို၍
အရောင်မရင့်ပဲ ဖျော့နေပါက
အခါပျက်တော့မည်ကြက်တကောင်အဖြစ်
မကြာမှီရောက်တော့ပါမည်။
သဘောက ရိုးတွင်ချဉ်ဆီက လည်ဆံအဖျား
အထိမရောက်သောကြောင့် လည်ဆံအဖျား
အထိမစိုပဲ...ခြောက်သွေ့လာသောကြောင့်
ဖြစ်သည် ။ထိုသို့ခွဲခြားတက်စေရန်
လည်ဆံမွေးနှင့်ခါးဆံမွေးကို တစ်ချောင်းချင်စီကို
ကျနော်လို့ လေ့လာကြည့်ပြီး မှ
လက်တွေ့ မြင်ယုံဖြင့်သိနေရပါမယ်။

ကြက်ကိုကိုင်၍ အတောင်ဖြန့်ကြည့်စရာပင်
မလိုပေ။သိုသော်လည်း အတောင်ဖြန့်ကြည့်ကိုင်လို့ရပါကပို၍ တိကျသောအဖြေရလိမ့်မည်
ဖြစ်သည်။

ဒုတိယအချက်...
လည်ဆံမွေးရှိသော အခါပျက်ကြက်တွေဟာ
မြင်ယုံနဲ့သိနိူင်သောလည်း

လည်ဆံမွေးမရှိသော ကြက်ကို
အခါပျက်စ နှင့် အခါပျက်ကြက်
သေချာကိုင်တွယ်ကြည့်မှသာသိမြင်နိူင်ပါတယ်။

အခါပျက်ကြက်တွေဟာ
လည်ဆံမွေးရှိသောကြက်ပဲဖြစ်ဖြစ်...
လည်ဆံမွေးမရှိတဲ့ကြက်ပဲ ဖြစ်ဖြစ်...ထိုကြက်တွေ
ဟာ...အခါပျက်စနှင့်အခါပျက်နေသည်အခါ
တောင်ဖုံးမွေးတွေကြွတက်လာပါတယ်...

ကြက်စပ်ကြက်ကပ်သူ ကြက်ရှင်ဖြစ်ပါက
ကိုင်တွယ်ခွင့်ရမယ်ဆိုရင် ...
ကြက်လုံးတိုင်းကြည့်ပါ...၃ကြိမ်တိတိ...
ဒီနေရာမှာ
ကြက်သမားကြီးတွေနှင့်
ကြက်ကိုယ်တိုင်တော်သူများသာ သိပါလိမ့်မည်။

ဒါတောင်မှ သတိမထားမိရင် ဒီပညာမသိနိူင်ပါ...
အလုပ်ရောက်တဲ့ ကြက်လား...၊
အခါပျက်တော့မည်ကြက်လား...၊
အခါပျက်နေသည်ကြက်လားဆိုတာ...။

ဒီလောက်သိနေတာ ကိုကြည်ခိုင် ခင်ဗျာ
ကြက်....မမွေးပဲ ဝိုင်းမှာ ကြက်ကိုင်ကြည့်ပြီး
နိူင်မည်ကြက်လက်ဖျားဝင်လောင်းပါလားလို့...
မိတ်ဆွေတို့မေးစရာရှိလာနိူင်တယ်။

ကျနော် ဝါသနာအရ...
ကြက်ပညာလေ့လာခြင်း၊
ကြက်ပညာမျှဝေခြင်း၊
ကြက်တွန်သံနားထောင်းခြင်း၊
ကြက်ကိုင်တွယ်ပွက်သပ်ခြင်းနှင့်
ကြက်...မမွေးရ ၊မနေနိူင်လို့ပဲ ဟု ...
ကျနော်ပြန်ဖြေယုံမှ အပ အခြားမရှိပါ...။..
မှတ်ချက်...ကြက်တစ်ကောင်ဟာ(or)
ဖြစ်ပျက်တွေဟာ...
ထိကရုံပင်လေးများလို့ ထိလိုက်တိုင်း
မူလအတိုင်းပြန်မရနိူင်သလို့...
ဥာဏ်သာလျှင် ဦးဆောင်နိူင်ပါစေ...။..

#ပြန်လှည်မျှဝေသည်း

20/02/2024

#ကြက်တိုက်တော့မယ်ဆို
မိမိကြက်က အလိမ္မာလား အမိုက်လား လမ်းအခွပ်လားသေချာသိထားဖို့အရေးကြီးပါတယ်
အလိမ္မာစစ်စစ်ကိုင်မယ်ဆိုရင် ကြက်ကိုင်ကောင်းဖို့
ပိုအရေးကြီးပါတယ်
ခွပ်လက်ပုတ်တာကိုက အခြားကြက်တွေလိုပုတ်လိုမရပါဘူး အရမ်းအနုစိတ်ဆန်တယ်
ကြက်ပေါက်အလိမ္မာကိုကိုင်မယ်ဆိုပါတော့
ခွပ်လက်ပုတ်တာကို နှစ်ရက်တစ်ခါ ၁၅ မိနစ်ခန့်
၁၅ ကြိမ်လောက်ပုတ်ပါ တစ်လပြည့်လို့ ၁၅ ကြိမ်ပုတ်ပြီးပြီဆိုရင် တစ်ပတ်လောက်လက်သားထည့်ပြီး ခွပ်လက်ကိုမိုင်ရှည်ရအောင်ဆွဲချပါ အနည်းဆုံးနှစ်နာရီလောက်ရပ်အောင်ဆွဲယူသွားပါ
အဲ့ဒါပြီရင် သုံးပတ်မွေးပါ ခွန်အားလိုတာထက်မပိုပါစေနဲ့
သုံးပတ်ပြည့်ရင် ခြေကျော် ၅ မိနစ်လောက်ထိုးပါ
တစ်ပတ်မွေးပြီး ကျန်မာရေးအသန့်အပြန်ကိုကြည့်ပြီး
ကြေးစမ်းစလိုက်ပါတော့ဗျာ
လုံးမူ လူမုန်း thanks

#ပြန်လည်မျှဝေသည်း

20/02/2024

#အရှုံးများနေလို့။..
ခင်မင်သောဝါသနာရှင်တစ်ယောက်က
ကြက်အရှုံးများနေလို့
ကျနော်ဆီ အကူအညီလာတောင်းတယ်
ဆိုတော့ ကျနော်ပေးတဲ့ ကြက်ပညာနဲ့ ပြောတဲ့အတိုင်းလုပ်ရင်တောင် အရှုံးသက်သာစေနိူင်သလို့
အနိူင်လဲ သက်သာစေနိူင်ပါတယ်။
ကျနော်လည်း လိုအပ်သည်ခေါင်းစဉ်မသိပဲ
အဘယ်နည်းဖြင့်စွမ်းဆောင်းကူညီရမလဲ...
ကြက်ပညာလေ့လာသိရှိသလောက်တော့
မျှဝေပေးနေပါတယ်။

ကြက်ပွဲတစ်ပွဲဟာ
လက်ရှိ ကမ္ဘာဒေါ်လာဈေးအတက်အကျထက်
ကြက်ပွဲလက်ရင်းလက်ဖျားနဲ့ ပွဲအနိူင်အရှုံးကပိုပြီးရင်ခုန်စရာကောင်းပါတယ်။

ဒါကြောင့်လည်း
ကြက်တစ်ခုန်ကြွေတစ်လှည့် ဆိုးရိုးစကားရှိတာမဟုတ်လား။

ကျနော်စေတနာက ဝေဒနာဖြစ်မှာစိုးရိမ်မိ ။
သိုသော်
ဆရာ ဦးကြပ်ကြီးစကားတစ်ခွန်းသတိရမိ...
ကြက်သမားတစ်ယောက်ဟာ...
အရှုံးများနေတာ ဘာကြောင့်လဲဆိုတော့...
ကိုယ့်ရဲ့အားနည်းချက်ကို
ကိုယ်ကိုယ်တိုင်မရှာဖွေသ၍
အမှန်တရားနဲ့ဝေးနေအုံးမှာပါပဲ ။

ကြက်သမားမှမဟုတ်ပါဘူး...
လူတိုင်းပဲ ဘာအလုပ်ပဲလုပ်လုပ်
အရှုံးများနေရင်...
ဆရာဦးကြပ်ကြီးပြောသလိုပါပဲ ...

ကိုယ့်ရဲ့အားနည်းချက်ကို
ကိုယ်ကိုယ်တိုင်မရှာဖွေသ၍
အမှန်တရားနဲ့ဝေးနေအုံးမှာပါပဲ ။

Kyi Khaing thanks

#ပြန်လည်မျှဝေသည်း

18/02/2024

#ရှောင်ကြဉ်ရန်
အချို့ကြက်ဝါသနာရှင် အတော်
များများကို လေ့လာမိတယ်
မိမိအိမ်က ခြံပေါက်ကြက်ဖြစ်စေ၊
အခြားတပါးကဝယ်ယူတဲ့ ကြက်
ဖြစ်စေ၊တကယ်ဝိုင်းဝင် ရာသီ
ရောက်ချိန် အမွေးအတောင်ချွတ်
ခြင်း၊စကတွေထိုးခြင်းစတဲ့ ပြသာ
နာတွေ တွေရမြင်ရကြားရပါတယ်။
အမှန်ဒီလို့ဖြစ်ရတဲ့ အကြောင်း
အရင်းက အရွယ်မရောက်မှီ ခွပ်
လက်ချခြင်း၊ ခွပ်လက်ကိုကြည့်
ကောင်းကောင်းနဲ့ ကြည့်ကြခြင်း၊
အချို့ဆိုရင် ကြားတောင်တွေ
အနုထွက်နေတုန်းလဲ ကြည့်ကြ
တာပါပဲ ဒါကြောင့်ကြက်ပေါက်နဲ့
မွေးထိုးကြက်တွေဟာ သုံးစားမရ
လောက်အောင် အတောင်တွေ
ပျက်စီးပြီး ပစ်ထားရပြန်ရော။။
အချို့ကြက်ပေါက်တွေဟာ ၇လ
မပြည့်ခင်တောင် ကြက်၏ကြီးထွား
သန်စွမ်းမူကြောင့် အတောင်တွေက
ရင့်တက်တဲ့သဘောကရှိပါတယ်။
ဒါကိုကြက်ရှင်ဖြစ်တဲ့ မိမိကကြည့်
ချင်ဇောနဲ့ကြည့်မိရင်လည်း မဟုတ်
သေးပါဘူး #ဘာကြောင့်လဲဆိုရင်
သူအရိုး သူမနိုင်သေးတဲ့ ကြက်ပေါက်
ကို မညှာမတာ ကြည့်လိုက်တဲ့အခါ
ဒူးချောင်သွားခြင်း၊ရိုးတွင်းချဉ်ဆီအား
နည်းသွားခြင်း ဒီလိုဆိုးကျိုးတွေ ကြက်မှ
မှာ ဖြစ်တက်ပါတယ် အခန့်မသင့်ရင်
နောက်တကြိမ်ထပ်ကြည့် ခြေမထွက်
ခြင်း၊ခြေသားတွေမာမနေပဲ ပျော့အိ
သွားခြင်း၊ ဒီဆိုးကျိုးတွေဖြစ်တက်ပါ
တယ်။
ဒါကြောင့်မိမိက မိမိကြက်ကို ကောင်း
မှန်းသိရင် ကြက်သက်လေးရမှ အတောင်လေးရင့်မှ စ၍ခွပ်လက်ပုတ်ခြင်း
ဟာ အကောင်းဆုံးပဲဖြစ်တယ်။ ။

ဧရာဝတီသား နှလုံးလှလူမိုက်ကို

#ပြန်လည်မျှဝေသည်း

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
45