PSR Procurement and Supply Chain Management Training
13/02/2026
မင်္ဂလာရှိသောနေ့လေး ဖြစ်ပါစေကြောင်းနဲ့ PSR Logistics and Supply Chain Management ရဲ့ "Practical Procurement Skills for Professionals” Zoom Online သင်တန်း (Batch 33)ကို မိတ်ဆက်ရှင်းပြခွင့်ပြုပါခင်ဗျာ။
Practical Procurement Skills for Professionals Training (Basic to Intermediate Level)
ပရော်ဖက်ရှင်နယ်များအတွက် လက်တွေ့ ဝယ်ယူရေး ကျွမ်းကျင်မှု သင်တန်း (အခြေခံအဆင့်မှ အလယ်အလတ်အဆင့်အထိ)
Company၊NGO တွေမှာ Procurement Positions အလုပ်ခေါ်ယူမူ မြင့်မားနေဆဲမို့ PSR မှာ သင်တန်း တက်ရောက်ပြီး လုပ်ငန်းခွင် ဝင်ကြမယ် ။
တကယ့်လုပ်ငန်းခွင် (Company and NGO )တွေမှာ Procurement Professional တွေက နေ့စဥ် ဘာတွေ လုပ်ရလဲ ဘာတွေဘယ်လို စဥ်စားပြီး Policy ကို လိုက်နာ လုပ်ဆောင်ကြလဲ ဘယ်လို Supporting Documents တွေ နဲ့ Communication Tools တွေကိုသုံးပြီး ယုံကြည်မူ ရှိရှိ နဲ့ ပင်ကိုယ်စွမ်းဆောင်ရည် တိုးတက်စေမယ့် သင်တန်းဖြစ်ပါတယ်။
🌟 အမေးများဆုံး PSR ရဲ့ Procurement Management Course က ဘယ်လိုသင်တန်းမျိုးလဲ?
Supply Chain Management ရဲ့အဓိကအကျဆုံးအခန်းကဏ္ဍတစ်ခုဖြစ်တဲ့ Procurement ‘s Strategic Sourcing Process ကို အစအဆုံး ပြည့်ပြည့်စုံစုံနားလည်ချင်သူတွေအတွက် ရည်ရွယ်ပြီး ဒီသင်တန်းကို ဖန်တီးထားပါတယ်။
🌟 ဘယ်သူတွေ လေ့လာသင့်သလဲ?
Procurement ကို အခုမှစလေ့လာမယ့်သူတွေ၊ အခြားနယ်ပယ်ကနေ ကူးပြောင်းချင်သူတွေအတွက်သာမက၊ လက်ရှိ UN၊ NGO၊ ကုမ္ပဏီ၊ ဟိုတယ်၊ စက်ရုံနှင့် ဆေးရုံများမှာ ဝယ်ယူရေးတာဝန်ယူထားသူတွေအတွက်ပါ အကျိုးရှိစေမယ့် လက်တွေ့ကျတဲ့ သင်တန်းတစ်ခုပါ။
📚 ဘာတွေ သင်ယူရမလဲ၊ ဘာအကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ?
✅ Procurement Cycle လုပ်ငန်းစဉ်တစ်ခုလုံးကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်ခြင်း
Planning အဆင့်ကနေစပြီး Payment နှင့် Reporting အဆင့်အထိ လုပ်ထုံးနည်းများ၊ ကြုံတွေ့ရနိုင်တဲ့စိန်ခေါ်မှုများကိုပါ လက်တွေ့ကျကျနားလည်သွားမှာပါ။
✅ လက်တွေ့အသုံးချ လေ့ကျင့်ခန်းများဖြင့် သင်ကြားခြင်း
Real Life Case Studies များကို အသုံးပြုပြီး နေ့စဉ် လုပ်ငန်းခွင်တွင် မရှိမဖြစ်လိုအပ်သော ဝယ်ယူရေးဆိုင်ရာ စာရွက်စာတမ်းများ (Plan, PR, RFX, Market Survey, CBA, Negotiation Note, PO, SO, Contract, GR, QC, Tracking Sheet, Supplier List, Monthly Report, Payment Request & Clearance စသည်တို့) ကို Global Standard SOP နည်းစနစ်များအတိုင်း ရှင်းပြ သင်ပြပေးမည့် တစ်ခုတည်းသော Practical Workspace Class (လက်တွေ့လုပ်ငန်းခွင် သင်တန်း ) ဖြစ်ပါတယ်။
✅ မိမိ၏ SOP ကို ပိုမိုကောင်းမွန်အောင် မြှင့်တင်နိုင်ခြင်း
Procurement Cycle တစ်ခုလုံးကို နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်သွားတဲ့အတွက် မိမိလုပ်ငန်းခွင်ရဲ့ SOP (Standard Operating Procedure) တွေကို ပိုမိုထိရောက်အောင် ပြန်လည်ရေးဆွဲခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်နိုင်ပါလိမ့်မယ်။
✅ Global Standard များနှင့်အညီ လုပ်ဆောင်နိုင်ခြင်း
သင်တန်းကို Global Procurement Practices ကို အဓိကအခြေခံပြီး သင်ကြားပေးတာဖြစ်လို့ ပြည်တွင်းပြည်ပကုမ္ပဏီတွေရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ယုံကြည်မှုရှိရှိ လိုက်နာဆောင်ရွက်နိုင်စေမှာပါ။
✅ Career အတွက် အခွင့်အရေးကောင်းများရရှိခြင်း
လုပ်ငန်းခွင်လိုအပ်ချက်နှင့် ကိုက်ညီတဲ့ ဗဟုသုတတွေ၊ ကျွမ်းကျင်မှုတွေကို ရရှိသွားမှာဖြစ်တဲ့အတွက် သင့် Career အတွက် အကောင်းဆုံးလမ်းပြပေးနိုင်မှာပါ။
✅ အင်တာဗျူးအတွက် စိတ်ချလက်ချပြင်ဆင်နိုင်ခြင်း
Procurement နယ်ပယ်ရဲ့ သဘောတရားနဲ့ လုပ်ဆောင်ချက်တွေကို ရင်းနှီးကျွမ်းဝင်လာပြီး လုပ်ငန်းခွင်မှာ လက်တွေ့အသုံးချနိုင်တဲ့ အသိပညာတွေကြောင့် အင်တာဗျူးတွေကို ယုံကြည်မှုအပြည့်နဲ့ ဖြေဆိုနိုင်ဖို့ပါ အထောက်အကူပြုပေးပါလိမ့်မယ်။
✅သင်တန်းကြေး: ၁၅၀,၀၀၀ကျပ်
✅သင်တန်းကာလ: ၈.၃.၂၀၂၆ မှ ၁၂.၄.၂၀၂၆
✅သင်တန်းရက်နှင့် အချိန်: အပတ်စဉ် တနင်္ဂနွေနေ့ (နေ့လယ် ၁၂:၀၀ နာရီ မှ ၁:၃၀ နာရီ အထိ)
✅သင်ကြားမည့်ပုံစံ: Zoom မှ တိုက်ရိုက်သင်ကြားခြင်း
✅ကြိုတင်စာရင်းသွင်းသူများအတွက် ၁.၃.၂၀၂၆ အထိ ၂၀% အထူးလျှော့စျေး ရရှိမည်။
✅ငွေပေးချေမူစနစ်: Kpay, AYA Pay , Mobile Banking (AYA, KBZ, CB)
✅သင်တန်းလက်ခံသည့်နောက်ဆုံးရက်: ၇.၃.၂၀၂၆
✅သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ် အပြင် Training Acknowledgement Letterပါ ပူးတွဲပေးပို့မှာဖြစ်ပါတယ်။
✅သင်တန်းပျက်ကွက်ရက်များအတွက် ပြန်လေ့လာလို့ရအောင် ( Recorded Videos သင်ခန်းစာများ ) ကို ၂၄ နာရီ ပြန်ကြည့်နိုင်အောင် (Google Drive ) မှာ တင်ပေးထားမှာ ဖြစ်ပါတယ်။
✅သင်တန်းကာလက အချိန်ကာလအားဖြင့် ၁လ ခန့်ကြာမြင့်မှာဖြစ်ပြီး Group Discussionများပါဝင်သောကြောင့် ၁လ (၅ ပတ်)ထက် ၁ပတ် (သို့) ၂ပတ်ခန့် ပိုကြာမြင့်နိုင်ပါတယ်။)
Trainer Profile U David Oung (Aung)
ဝယ်ယူရေး (Procurement)အတွေ့အကြုံ နှစ် ၂၀ ရှိပြီး၊ UN NGO အဖွဲ့အစည်း (၉) ခုနှင့် နိုင်ငံတကာကုမ္ပဏီ (၂) ခုတို့တွင် ကျယ်ပြန့်စွာ တာဝန်ထမ်းဆောင်ခဲ့သူ/နေသူ ဖြစ်ပါသည်။ (Entrepreneur) တစ်ဦးလည်းဖြစ်ပြီး၊ Supply chain သင်ကြားရေးတွင်ယနေ့အထိ သင်တန်းသား ၉၀၀ ကျော် အား ကျွမ်းကျင်ဘာသာရပ်များ ပို့ချပေးခဲ့သည့်အပြင်၊ ကုမ္ပဏီ ၂၀ ကျော် အား အကြံပေးဝန်ဆောင်မှုများ ပေးခဲ့ပါသည်။ ထို့အပြင်၊ NGO နှင့် ကုမ္ပဏီများအတွက် (Procurement and Warehouse Policy Handbook) များကို ရေးသားပြုစုခဲ့သူလည်း ဖြစ်ပါသည်။
သင်တန်းချိန် တလ အတွင်း အသေးစိတ် အချိန်ပေး သင်ကြားပေးမယ့် Module 5 တွင် ပါ၀င်သော Outlines များကို သင်တန်းမအပ်မီ လေ့လာနိုင်ပါတယ်နော်။
ဒီသင်တန်းကို တက်ရောက်ပြီး Procurement နယ်ပယ်မှာ ပိုမိုတိုးတက်တဲ့ အနာဂတ်တစ်ခုကို တည်ဆောက်လိုက်ပါ။
သင်တန်းတက်ရောက်လိုပါက ဖုန်း: ၀၉-၇၇၆-၁၉၁-၂၁၉ , Viber , Telegram သို့မဟုတ် (PSR Logistics and Supply Chain Management Training ) page Messenger/ LinkedIn Page (PSR Supply Chain Education Service ) မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်။
(Corporate Training နှင့် Individual Training များကိုလည်း ရရှိနိုင်ပါသည်)
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon
11182