Betta Hub

Betta Hub

Share

25/06/2021

ငါးပေါက်လေးတွေ ရေ‌ကူးနေပါပြီ

21/06/2021

ငါးမွေးရင် ငရဲကြီးသလား

ဟဲ့ကောင်လေး ငါးတွေ ထပ်ဝယ်လာပြန်ပြီလား ဟင် ငရဲတွေ ပိုက်ဆံ ပေးပြီးဝယ်လာတာ လား။
အမေ့အော်သံကို ငါးထုပ်ဆွဲပြီး အိမ်ထဲဝင်လာထဲက ကြားရတာပါ။ ကျွန်တော် ကလည်း ကျွန်တော် ပဲ ။အိမ်မှာ ရှိသမျှ သောက်ရေအိုးက လွဲရင် ဘယ်နားကြည့်ကြည့် ငါးတွေ ထည့်ထားတာကိုး။ ကျွန်တော့် နောက်မှာ ကျွန်တော့် တပည့် အောင်ကို လည်း ပါလာတယ် ။ (ကျွန်တော် တပည့်သာပြောတယ် ဘယ်သူပဲ ဖြစ်ဖြစ် ကျွန်တော် ဆီလာတုံးကသာ တပည့်၊ ၂လလောက် ကြာရင် ကျွန်တော့် ဆရာတွေ ပြန်ဖြစ်ကုန်တာ :-P :-P :-P
သူတို့က ကျွန်တော့် ထက်ပိုပြီး တတ်ကုန်ပြီး ကျွန်တော် ကသာ ဒီအတိုင်း ဘာမှ မတတ်ပဲ ကျန်ခဲ့တာ ။ အဲ့ဒီအချိန်ကစပြီး သူတို့က အိမ်လာလာပြီး ဆရာပြန်လုပ်တော့တာပဲ:-P :-P :-P :-P ). အဲ့ဒါနဲ့ ငါးထုပ်ထဲက ငါးကို အသင့် ပြင်ထားတဲ့ ငါးကန် ထဲကို ထည့်နေတုံး ...ဝူပေါက်ရေ ငါးမွေးတာက တစ်ကယ်ပဲ ငရဲကြီး သလားဟ.....

ကျွန်တော်။။။ မကြီးဘူးကွ ကုသိုလ် တောင်ရသေးတယ်

အောင်ကို။။။ ဟာ... ဟုတ်ပါ့မလား ကွာ သူများကို လှောင်အိမ် ထဲထည့်ထားတာ အကုသိုလ် အလုပ်ဟာကို မင်းကြမှ ကုသိုလ် တောင်ရသေး ဆိုပါလား ဟ။

ကျွန်တော်။။။ ဒီလိုကွ ခုတို့မွေးနေတဲ့ငါးတွေ ကို သဘာဝအတိုင်း လွှတ်လိုက်ပြီဆိုပါစို့ ။ ငါ့ကန်ထဲမှာ နေရတာ လောက် အန္တရာယ် ကင်းပါ့မလား။ နေတိုင်း အစာကို မပူမပင်နဲ့ ဝဝလင်လင် စားရဖို့ သေချာပါ့မလား။ နောက်ပြီးသူတို့ ဆွေစဉ်မျိုးဆက် က အလှမွေးကန်နဲ့ ကြီးလာတာ ဆိုတော့ သဘာဝ အခြေအနေမှာ ရုန်းကန် နိုင်ပါ့မလား။ ဆိုတာတွေက မသေချာဘူးကွ။ သဘာဝ အတိုင်းနေရရင် ကျယ်ကျယ်ပြန့်ပြန့် နေရတာ တစ်ခုပဲ အိမ်မွေးကန်ထက်သာမှာကွ ဘာလို့လည်းဆိုတော့ သူတို့က အိမ်မွေးငါး ဖြစ်နေလို့ ။ ဥပမာ ကွာ အိမ်မွေးခွေးတစ်ကောင်ကို သနားလို့ ဆိုပြီး တောထဲသွား ဘေးမဲ့ လွှတ်ကြည့်ပါလား ။ အဆင်ပြေမလား ဆိုပြီး။

အောင်ကို။။။ အင်း မင်းပြောတော့လည်း ဟုတ်သလိုလိုပဲ ကုသိုလ် က ဘယ်လိုရတာလဲဟ။

ကျွန်တော်။။။ ဒီလိုကွ သူတို့ငါးဆိုင်မှာနေရတာက ရောင်းတန်း အနေနဲ့နေရတာကွ။ ငါ့အိမ်မှာ နေရတာလောက်တော့ ဘယ်အဆင်ပြေမလဲ။ ငါးဆိုင်တွေကို အပြစ်ပြောနေတာ မဟုတ်ဘူး နော်။ သူတိုက ငါးထောင်ချီပြီး ဂရုစိုက်နေရတာ ဆိုတော့ ငါတို့အိမ်မွေး သမား ငါးအနည်းကလေး ဂရုစိုက်သလို တော့ ဘယ် စိုက်နိုင်လိမ့်မလဲ။ ဒါကိုငါက အိမ်ကို ဝယ်လာပြီး အစာကောင်းကောင်း ရေကောင်းကောင်း မှာ နေပါဆိုပြီး မေတ္တာ စိတ်နဲ့ ကျွေးတာကွ။ ငါးဆီကဘာမျှော်လင့်ချက်မှ လိုချင်လို့လည်း မဟုတ်ဖူး ။ အစာဝပါစေ ပိုလှပါစေဆိုပြီးကြွေးတာ ။ ကြီးလာလည်းသတ်စားမှာမ မဟုတ်ပဲ။ အစာ‌ေကျွးတိုင်း မေတ္တာ တွေပါ ထည့်‌ေကျွးနေတာလေ။

အောင်ကို ။။။ အော်..ဒါဆို ဟိုနေ့က ငါးကန်ကွဲလို့ မင်းငါးကြီး သေသွားတာကြတော့ကော ငရဲမကြီးတော့ဘူးလား....

ကျွန်တော် ။။။ အဲ့တာ က ငါရိုက်ခွဲမှ မဟုတ်ပဲဟ သူဟာသူ မှန်ကွဲပြီး မတော်တဆ နဲ့သေရတာ ။ လူတောင် မတော်တဆ ဖြစ်ရင်သေသေးတာပဲ။ ငါကသေပါစေ ဆိုပြီး လုပ်တာမှမဟုတ်တာ။ သူဟာသူ သဘာဝ ကန်ထဲနေလည်း မတော်တဆ မူ့တွေကတော့ ရှိနေမှာပဲဟ။

အောင်ကို ။။။ အေးလေ မင်းက ငါးတွေ ဂရုစိုက်တာတော့ သိပါတယ် ။ ဟိုတုံးလုံးကောင်ကြီး ကောင်းသွားတာပဲကြည့်ပါလား။ (တုံးလုံးလဲ နေသောငါးကြီး ပြန်ကောင်းအောင်ဆေးကု ကြတာ ကို မိတ်ဆွေ များသိအောင် ပြန်ပြောပြရ လျှင်)

တစ်နေ့ တွင် ကျွန်တော် နှင့် တပည့်ကျော် နှစ်ယောက် ဘီယာဆိုင်တွင် ဘီယာသောက်ရင်း ငါးအကြောင်း ဆွေးနွေးရန် အလို့ငှါ တစ်ခါနှိုးလျှင် ငါး မိနစ်မျှကြာမှ နိုးတဲ့ တရုပ်ပြည်ထုပ် အမြန်စီးအမြန်သေ တံဆိပ် မော်တော်ဆိုင်ကယ်ဖြင့် မြိ်ု့ထဲသို့ ထွက်ခဲ့ကြလေသည်။ ဘီယာ ဆိုင်ကို မရောက်ခင် ငါးဆိုင်အရင်ဝင် ကလိချင်စိတ် ပေါက်လာသဖြင့် ငါးဆိုင်သို့ အရင်ဝင်လိုက်ရာ ငါးဆိုင်ရှင် ဘဲကြီးသည် မျက်နှာမသာမယာ ဖြင့် ထိုင်နေသည်ကို တွေ့ရလေ ၏။ သူ၏ဘေးဘက်ရှိ ငါးကန်ထဲ တွင်လည်း fh တစ်ကောင်သည် အရက်သမား များရေချိန်ကိုက်၍ တုံးလုံးလဲ နေသကဲ့သို့ လဲနေသည်ကိုလည်းတွေရလေသည်။ ကျွန်တော် လည်း အခြေအနေကို စူးစမ်းလေ့လာ ကြည့်ရာ ၏သို့ဖြစ်နေသည်မှာ တစ်ပတ် ခန့်ကြာပြီ ဖြစ်ကြောင်း သိရလေ၏။ အစားလည်းမဝင် ဘာဆေးကုရမှန်းလည်းမသိဖြစ်နေကြသည်။ ကျွန်တော် လည်း သနား၍အိမ်သို့ ယူကုလိုကြောင်းပြောရာ ဆိုင်ရှင်က အလကားသာယူသွားသူလည်း မကုတတ်ဖူး ငါးက ခဏနေသေတော့မှာဟုပြောရာ ဘီယာ သောက်မည့် အစီအစဉ် ဖျက်ပြီး ငါးကို အိတ်ထဲထည့်ကာအိမ်သို့ ပြန်ခဲ့လေတော့သည်။ ကျွန်တော့် တပည့်ကျော် အောင်ကို မှာ ဘီယာ မသောက်ရသဖြင့် လေချဉ် တအေ့အေ့တက်ကာ မင်္ဂလာဦးညတွင် ကင်းစောင့်ခိုင်းခံရသည့် မျက်နှာဖြင့် ပြန်လိုက်လာရလေသည်။ အိမ်ရောက်သော် ငါးအားလေ့လာကြည့်ရာ အစာမဝင်သဖြင့်အတော်ပိန်နေသည်ကိုတွေရသည်။ ထို့ကြောင့် လက်ကီး အစာတောင့်လေး ခွန့်ကြည့်ရာစားသည်။ တစ်ခါ ခွန့်နှစ်တောင် သုံးတောင့် ခန့် တစ်ရက် ၆ ကြိမ်ခန့် ကြွေးရာ လေးရက်နေသော် ငါးက အတော်အားပြည့်လာပြီး လှုပ်ခြားသွားလာသော်လည်း ပြန်မတည့်သေးချေ။ အာ့ဒါနဲ့ ငါးကိုအုတ်ခဲ နှစ်ခုကြား တည့်အောင်ထောင် စားကြမ်းခပ် ဟီတာ ၃၀ ခန့်ပေးပြီး အဲယားစတုန်းကို ပါးစပ်အနီးနားထားပြီး ကုကြည့်တာ ၃ရက်လောက်ထပ်ကြာတော့ တော်တော် ပြန်ကောင်းလာပါသည်။ နောက်တစ်ပတ်ခန့်ကြာသော် အကောင်းတိုင်း ပြန်ဖြစ်လေသည်။ ထိုငါးအား ကျွန်တော့် တပည့်ကျော် အောင်ကို အားအပြီးပေးလိုက်လေရာ ကျွန်တော့် ကို ကျေးဇူးတင်သဖြင့် တသက်လုံး ဆရာ အဖြစ်ထားမည်ဖြစ်ကြောင်း ကျွန်တော့် ထက်ပိုတတ်သွားလျှင်လည်း ဆရာပြန်လုပ်မည် မဟုတ်ပါကြောင်း ကတိတွေ ပေးလေသည်။ (ဆရာပြန်မလုပ်သည်မှာမှန်သော်လည်း ကျွန်တော် သူ့ကို တွေ့တိုင်း ဦးချရအောင် ဦးဇင်း ဝတ်သွားသည်မှာ ယနေ့ထိတိုင်ဖြစ်သည်။)

ဤကား ကျွန်တော် တို့နှစ်ယောက် တုံးလုံးလဲ နေသောငါးကြီး အားဆေးကုသပုံဖြစ်တော့သည်။

အောင်ကို ။။။ ဪအာ့တာဆို ငါးမွေးတာက ငရဲမကြီးဘူးပေါ့နော်။

ကျွန်တော် ။။။ ကြီးတယ်ကွ ငရဲ မတရားကြီးတာ။

အောင်ကို ။။။ ဟင် မင်းစောန ကပြောတုံးက မကြီးဘူးဆို။ စကားကို နှပ်ချီး ညှစ်သလို ရှုံချီ ညှစ်ချီ မပြောနဲ့နော်။

ကျွန်တော် ။။။ ဒီလိုကွ ငါးလိုချင်တာပဲသိ အိမ်မှာကန်က အလုံအလောက်မရှိ အာ့ကို ရအောင် ကန့်ပြီး မွေး ရေလဲ မလဲ ရောဂါဖြစ်လည်း ဆေးဝယ်မကုပဲ တွေ့ရာ ဆေးမြီးတိုနဲ့ဆော် ငါးဖောက်တယ်ဆိုပြီး အထီးမှန်း အမမှန်းမသိပဲ အထီးအချင်းချင်းပြန်ဖောက် ၊ မွေးရတာရိုးလာရင် အိမ်နားကကလေးတွေ ပေးပြစ် ဆိုရင် ငရဲကြီး တာပေါ့ကွာ။

အောင်ကို ။။။ အော်......ဒါဆိုရင် ငါးဆိုတာ ကုသိုလ် ရအောင်မွေးရင်လည်းရ ငရဲကြီး အောင်မွေးချင်လည်း ရတဲ့ သဘောပေါ့နော်။
ကျွန်တော် ။။။ အေးပေါ့ကွာ ငါးမှမဟုတ်ဘူး ဘယ် အိမ်မွေး တရိစ္ဆာန် မဆို ယူတတ်ရင် ကုသိုလ် မယူတတ် အကုသိုလ် ပဲပေါ့ကွာ။ ဟု ကျွန်တော် ကပြောလိုက်ရာ အောင်ကို က ခေါင်း တညိမ့်ညိမ့် ဖြင့် ပြုံးနေလေတော့သတည်း..........

ဝူပေါက်

Credit to original poster

Photo Credit: Kat Grogan (Pinterest)

Photos from Betta Hub's post 20/06/2021

Red Copper (coming soon)

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Shwe Hnin Si 2 Street
Yangon