LINN TAROT
25/09/2023
🍀 ဘာတွေခက်နေလည်း___
ငွေကြေးနဲ့ပက်သက်ပြီး အဆင်ပြေစေတဲ့ နည်းတစ်ခုကိုပြော
ပြပေးပါ့မယ် ၊ ငွေကြေးနဲ့ပက်သက်နေသော ပူပန်သောက
များ ၊ ငွေကြေးနဲ့ပက်သက်ပြီး အစဥ်အမြဲလာဘ်ရွှင် လိုသော
သူများပြုလုပ်နိုင်ပါသည်။
စတီးလင်ဗန်းတစ်ချပ်ထဲသို့ ငွေပန်း ( ၁၅) ပွင့် ၊ ရွှေပန်း
( ၁၇)ပွင့်ကို စက်ဝိုင်းပုံ ဖြန့်ခင်းထားပြီး ဗန်းအလယ်တွင် ကြွေရေနွေးကရားထဲသို့ ရေထည့်ပြီး ရွက်လှညွန့် ( ၄) ညွန့် ၊ ကံ့ကော်ညွန့် ( ၂)ညွန့် ထည့်ထားပါ။
ပြီးလျှင်မြတ်စွာဘုရားအားလှူတန်းပါ ၊ ပဋ္ဌာန်း( ၂၄)ပစ္စည်း
အား ပုတီး( ၁) ပတ်စိပ်ပါ ၊ ပြီးလျင်ငွေကြေးကိစ္စအတွက်
အလေးအနက်ဆုတောင်းပါ။
ဤအစီအရင်အား တနင်္လါနေ့နံက် ( ၉:၄၅) တွင်ပြုလုပ်ပါ
ခေါင်းလောင်းတီးပြီး ဆုတောင်းအမျှဝေပေးပါ။
ကျွန်ုပ်၏ မိတ်ဆွေများ ငွေကြေးသောကများမှ လွတ်ကင်း
ချမ်းသာကြပါစေ။
win myat oo ( Tarot Reader)
📲 09421152098
24/09/2023
🍀ဘာတွေခက်နေလည်း____
အလုပ်အကိုင် အကြံအစည်များ အဆင်မပြေဖြစ်နေခြင်း
ဘာကိုပဲလုပ်လုပ် ၊ ဘာကိုပဲရောင်းရောင်း ထစ်ငေါ့ကြန့်ကြာ
နေခြင်း ၊ အစရှိသော လုပ်သမျှကိုင်သမျှ အခက်အခဲပေါင်း
များစွာနဲ့ ရင်ဆိုင်နေရသော သူများအတွက် အဆင်ပြေစေ
နိုင်သော နည်းလမ်းတစ်ခုကို ပြောပြပေးပါ့မယ်။
မိိမ၏မွေးနေ့ သို့မဟုတ် တနင်္ဂနွေနေ့နံက်ပိုင်း (၁၀)နာရီတွင်
ကြွေပန်းကန်ပြား တစ်ချပ်ထဲသို့ ပေါက်ပေါက်ပွင့်များထည့်ပါ
ပြီးလျင် ပျားရည်ဆမ်းပြီး မြတ်စွာဘုရှားအားလှူပေးပါ။
ဤကဲ့သို့မကြာခဏလှူပေးပြီး ဖြစ်ပေါ်နေသောအခက်အခဲကို
ဆုတောင်းပေးပါ ။
မိတ်ဆွေများအားလုံး အခက်အခဲများမှ လွတ်မြောက်နိုင်ကြ
ပါစေ။
win myat oo ( Tarot Reader)
📲 09421152098
15/09/2023
"အကြော်လေးပါးယတြာ"___
အောင်မြင်ကျော်ကြားလိုတဲ့ သူတွေအတွက် အကြော်လေး
မျိုးနဲ့ ဓာတ်ဆင်ပြီး လှူပေးရတဲ့ နည်းကောင်းတခုပါ ။
စတီးလင်ဗန်း တစ်ချပ်ထဲကို
(1) ဗယာကြော် = ( 5 ) ခု ။
(2) ကြက်သွန်ကြော် = ( 5 ) ခု ။
(3) ငှက်ပျောကြော် = ( 5 ) ခု ။
(4) ဘူးသီးကြော် = ( 5 ) ခု ။
တစ်ပုံစီ စုပုံပြီးထည့်ပေးထားပါ၊
ဘုရားစင်ရှေ့ ခုံပုလေးခင်းပြီး အကြော်ဗန်းကို တင်ထားပါ
အလယ်ခေါင်မှာ ဖယောင်းတိုင် တစ်တိုင်ထွန်းပြီး လှုပေး
ထားပါ ၊
မိန်းကလေးလှုရင် ခေါင်းလောင်းတီးပြီးလှုပေးရတယ်
ယောင်္ကျားလေးလှုရက်တော့ ကြေးစည်တီးပြီးလှုပေးရတယ်
မွေးနေ့နံက် (10:00) AM တိတိမှာ လှုပေးရပါတယ် ။
သူ့ကိုခေါ်ပုံက....
အညင်းကြော်ဆိုတာ ဘူးသီးကြော်ကိုခေါ်တာ။
နဝင်းကြော် ဆိုတာ ဗယာကြော်ကို ခေါ်တာ။
ကြက်ကြော် ဆိုတာ ကြက်သွန်ကြော်ကို ခေါ်တာ။
ငှက်ကြော်ဆိုတာ ငှက်ပျောကြော်ကို ခေါ်တာဖြစ်ပါတယ် ။
ဒါ့ကြောင့်....
အညင်းကြော် ကြက်ကြော် ငှက်ကြော် နဝင်းကြော်တွေနဲ့
အကြော်လေးပါး ယတြာပွဲကြီး ဟု
ရှေးဆရာသမားက ခေါ်ဆိုကြခြင်းဖြစ်ပေသည် ။
ဘဝတွင် ထင်ရှားအောင်မြင် ကျော်ကြားလိုသူများအားလုံး ဤအကြော်လေးပါး ယတြာအစီအရင်ကြီအား ပြုလုပ်နိုင်
ကြပါတယ် ။
win myat oo ( Tarot Reader )
📲 09421152098
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Cherry Street Eastdagon
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |