Nway
17/07/2025
အသက်အာမခံ နဲ့ပက်သက်လာရင် စိတ်ပညာဆိုင်ရာ အမှားများ (𝐏𝐬𝐲𝐜𝐡𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐌𝐢𝐬𝐭𝐚𝐤𝐞𝐬) ဆိုတဲ့ အပိုင်းအကြောင်းရေးချင်ပါတယ်ရှင်။
ကျွန်မတို့ 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐀𝐝𝐯𝐢𝐬𝐨𝐫 တွေ အဓိက ဖြေရှင်းရ အမြဲခက်နေတဲ့ လူအများရဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ထိခိုက်စေတဲ့ စိတ်ပညာဆိုင်ရာ အမှားများ
အကြောင်း ပါရှင်။
အထူးသဖြင့် အနေနဲ့ အသက်အာမခံ (𝐋𝐢𝐟𝐞 𝐈𝐧𝐬𝐮𝐫𝐚𝐧𝐜𝐞)နှင့် ပတ်သက်သည့် အမြင်လွဲမှားမှုများကို စိတ်ပိုင်းဆိုင်ရာ အမြင်ရှုထောင့်ကနေ ရေးသားလိုက်ပါတယ်။
𝟏. "ငွေဖြုန်းတီးမှု" ဟူသော အမြင်လွဲ မှားခြင်း (𝐓𝐡𝐞 "𝐖𝐚𝐬𝐭𝐞 𝐨𝐟 𝐌𝐨𝐧𝐞𝐲" 𝐅𝐚𝐥𝐥𝐚𝐜𝐲)
❌ လူများစွာက အသက်အာမခံကို "ငွေကြေးဖြုန်းတီးမှု" အဖြစ် မြင်ကြတယ်။ သူတို့အနေနဲ့ ငွေပေးပြီး ချက်ချင်းအကျိုးမခံစားရသည့် ဝန်ဆောင်မှု ကို တန်ဖိုးထားရန် ခက်ခဲနေကြတယ်။ ချက်ချင်း အကျိုးအမြတ်ရတာကို ပိုပြီး လိုချင်ကြတယ်။
✅အသက်အာမခံဟာ မမျှော်လင့်သော အန္တရာယ်များအတွက် ကာကွယ်မှုဖြစ်ပါတယ်။
ဥပမာ – မိသားစုအား ငွေကြေးအခက်အခဲမှ ကာကွယ်ရန် သေဆုံးပါက အာမခံငွေရရှိခြင်းသည် ကြီးမားသော လုံခြုံမှုကို ပေးစွမ်းနိုင်တယ်ဆိုတာကို သတိရသော်လည်း နမိတ်မကောင်းဟုဆိုကာ သိလျက်နှင့်မေ့ထားလိုက်ကြပါတယ်။
𝟐. "ငါ့မှာတော့ ဒါမျိုး မဖြစ်နိုင်ဘူး" ဟူသော ယုံကြည်မှု (𝐓𝐡𝐞 "𝐈𝐭 𝐖𝐨𝐧’𝐭 𝐇𝐚𝐩𝐩𝐞𝐧 𝐭𝐨 𝐌𝐞" 𝐁𝐢𝐚𝐬)
❌ လူအများစုဟာ မိမိတွင် ရောဂါ၊ မတော်တဆမှု၊ စီးပွားရေးအကျပ်အတည်းများ ဖြစ်လာနိုင်ခြေနည်းတယ် လို့ ယူဆကြလေ့ရှိတယ်။ လုံးဝ မဖြစ်ဘူး လို့ ယုံကြည်နေကြသူတွေတောင်တွေ့ဖူးတယ်။ ဒါကြောင့် အသက်အာမခံဝယ်ရန် လျစ်လျူရှုထားလိုက်ကြတယ်။ ကျန်းမာရေးအာမခံလဲ ထို့နည်းတူစွာပါပဲ။
✅ဘဝသည် မတူညီသော ဖြစ်နိုင်ခြေများစွာဖြင့် ပြည့်နှက်နေတယ်။ " 𝐋𝐢𝐟𝐞 𝐢𝐬 𝐟𝐮𝐥𝐥 𝐨𝐟 𝐞𝐯𝐞𝐧𝐭 " နောက် ပြီးတော့ 𝐋𝐢𝐟𝐞 𝐢𝐬 𝐮𝐧𝐩𝐫𝐞𝐝𝐢𝐜𝐭𝐚𝐛𝐥𝐞 လို့ အဓိပ္ပာယ်ဖွင့်ဆိုထားကြတာကို မေ့လျော့ပေါ့ဆ နေကြလေ့ရှိတယ်။
အသက်အာမခံ နဲ့ကျန်းမာရေး အာမခံဟာ မျှော်မှန်းမရသော အဖြစ်အပျက်များအတွက် စိတ်ချရသော အကာအကွယ်ပဲဖြစ်ပါတယ်။
𝟑. "လက်ငင်းအကျိုးကျေးဇူး" ကို လိုလားမှု (𝐏𝐫𝐞𝐬𝐞𝐧𝐭 𝐁𝐢𝐚𝐬)
❌လူတွေဟာ အခု ချက်ချင်း အကျိုးရှိမှု (ဥပမာ – အပိုငွေသုံးစွဲခြင်း) ကို နောင်တွင် ရရှိမည့် အကျိုးကျေးဇူးထက်
ထက် ပိုမိုဦးစားပေးတတ်ကြလေ့ရှိပါတယ်။
ဥပမာ - အာမခံဝယ်မယ့်အစား အဝတ်အစား နဲ့ အိတ်တွေဝယ် ဖို့ပဲ စိတ်ကူးမိတာ.. ရွှေပဲဝယ်ချင်တာ .. ကားပဲဝယ်လိုက်တော့မယ် စသည် ....
✅ အာမခံဟာ နောင်တစ်ချိန်တွင် မိမိနှင့် မိသားစုအတွက် စိတ်ချရမှု ကို ရင်းနှီးမြှုပ်နှံခြင်းဖြစ်တယ် ဆိုတာ သတိရစေချင်ပါတယ်။
ဥပမာ – မိမိအသက်နှင့် သားသမီးများအသက် ကွာဟ မှုကြီးခြင်းက ကလေးများ၏ ပညာရေးကို စိုးရိမ်ပူပန်စရာရှိနေတယ်။ အိမ်ခြံမြေအပေါင်အန္တရာယ် ၊ အိမ်အကြွေး ကားအကြွေးဝယ်ယူထားခြင်း ၊ စသည်တို့အတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်ပါတယ်ရှင်။
𝟒. "အခြားသူများနှင့် နှိုင်းယှဉ်ခြင်း" (𝐒𝐨𝐜𝐢𝐚𝐥 𝐂𝐨𝐦𝐩𝐚𝐫𝐢𝐬𝐨𝐧)
❌လူများစွာဟာ အသက်အာမခံဝယ်ရန် ငြင်းဆန်ကြလေ့ရှိတယ်။
သူများမဝယ်တာကို ငါလည်း မလိုအပ်ဘူး ဟူသော အမြင်ကြောင့်လဲဖြစ်ပါတယ်။
✅ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များသည် လူတစ်ဦးချင်းစီရဲ့ လိုအပ်ချက် နှင့် ထိုသူတွေမှာ ကျရောက်နိုင်ချေ များတဲ့ အန္တရာယ်များအပေါ် မူတည်ပါတယ်ရှင်။
မိမိ၏ ဘဝအခြေအနေကို အခြေခံ၍ ဆုံးဖြတ်ရန် လိုအပ်ပါတယ်ရှင်။
𝟓. "အာမခံကိုယ်စားလှယ်များအပေါ် မယုံကြည်မှု" (𝐃𝐢𝐬𝐭𝐫𝐮𝐬𝐭 𝐨𝐟 𝐀𝐠𝐞𝐧𝐭𝐬)
- ❌အာမခံလုပ်ငန်းတွင် "အကျိုးအမြတ်ကြီးစားသည့် ကိုယ်စားလှယ်များ"ရှိသည်ဟူသော အထင်အမြင်လွဲမှားမှုကြောင့် လူများစွာက အာမခံဝယ်ရန် ရှောင်ဖယ်လေ့ ရှိကြတယ်။
✅ အာမခံ ကိုယ်စားလှယ်များကို သေချာရွေးချယ်ပြီး မိမိနားလည်သည့် အာမခံအစီအစဉ်မျိုးကို ဝယ်ယူပါ" လို့ အကြံပြုလိုပါတယ်ရှင်။
🛡️အာမခံသည် လိုအပ်သော ကာကွယ်မှုတစ်ခုဖြစ်ပြီး၊ ယုံကြည်စိတ်ချရသော ဝန်ဆောင်မှုကို ရှာဖွေရန် အလွန်အရေးကြီးပါတယ်။
💹လူတွေရဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆုံးဖြတ်ချက်များဟာ ယုတ္တိထက် စိတ်ပညာနှင့် ပိုမိုသက်ဆိုင်နေပါတယ်။
🛡️အသက်အာမခံဟာ မမြင်နိုင်သော အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုဖြစ်ပြီး၊ ဒါကို 'ငွေဖြုန်းတီးမှု' အဖြစ် မြင်ခြင်းသည် ကြီးမားသော အမြင်လွဲမှားမှုတစ်ခုဖြစ်နေပါတယ်ရှင်။
ကျွန်မတို့ အသက်အာမခံ ကိုယ်စားလှယ်တွေ မှာ စိတ်ဖိစီးမှူ အများဆုံးကြုံတွေ့ရတဲ့ ပြဿနာရပ်တစ်ခုပဲဖြစ်တာမို့ ဒီလိုလူတွေကြုံတွေ့ရတဲ့အခါ သူတို့ကို စာနာ နားလည်ပြီး သူတို့စိတ် ထဲဝင်ရောက်ခံစား ကြည့်နိုင်မယ်ဆိုရင် အခုလိုအချက်အလက်တွေကို မြင်လာပြီး သူတို့နဲ့ကိုက်ညီတဲ့ ဖြေရှင်းမှုတွေ(𝐎𝐛𝐣𝐞𝐜𝐭𝐢𝐨𝐧 𝐇𝐚𝐧𝐝𝐥𝐢𝐧𝐠 ) ကို သေချာလေး ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။
🍃အာမခံ ဝယ်ယူမည့်သူများ အတွက်ရော အသက်အာမခံ ကိုယ်စားလှယ်များ အတွက်ရော ရည်ရွယ်ပြီး ကျွန်မ ပြန်လည်မျှဝေ ပေးလိုက်ပါတယ်ရှင်။
📚ကိုးကားချက် - 𝙏𝙝𝙚 𝙋𝙨𝙮𝙘𝙝𝙤𝙡𝙤𝙜𝙮 𝙊𝙛 𝙈𝙤𝙣𝙚𝙮 𝘽𝙮 𝙈𝙤𝙧𝙜𝙖𝙣 𝙃𝙤𝙪𝙨𝙚𝙡 💰
crd; Ma Zar Ni Win
09/07/2025
Hello....
ဒီနေ့မှာ အာမခံလို့ပြောလိုက်တာနဲ့ ပေးလိုက်ရတာပဲရှိတယ် ပြန်မရဘူးတို့ အာမခံက စျေးကြီးမှာပဲ တို့ ကြားဖူးနားဝတွေနဲ့ အာမခံကို ကြောက်လန့်နေကြတာ ရှိပါတယ်🤷♀️ အဲဒီလို ကိုယ်သိထားတဲ့ အကြောင်းအရာနဲ့ကွဲလွဲပြီးတော့ အာမခံက စျေးမကြီးတဲ့အပြင် လူတိုင်းဝယ်ယူနိုင်တယ်ဆိုတာ အသိပေးချင်ပါတယ်ရှင့်😉
အသက် ၃၀-၃၅ ကြား အမျိုးသမီးတစ်ဦးဟာ ငွေပမာဏ ၁၈၈၀၀၀ သွင်းလိုက်ရုံနဲ့ တစ်နှစ်လုံးစာ ၃၇ သိန်း ၅ သောင်း အာမခံ အကာအကွယ်ရရှိမှာဖြစ်ပါတယ် တစ်နှစ်ကို တစ်ကြိမ်ပဲ သွင်းရုံနဲ့ ခံစားခွင့်က အများကြီးနော ပြီးတော့ အဲဒီကျန်းမာရေးအာမခံဝယ်ထားတဲ့သူက ဘယ်နိုင်ငံပဲ အလည်အပတ်ရောက်နေသည်ဖြစ်စေ တစ်စုံတစ်ခု အရေးပေါ်ဆေးရုံတတ်ခဲ့ရရင်လည်း အကျံုးဝင်ပါတယ်ရှင့် အဲတာကတော့ AIA ရဲ့ One Health Solution လို့ခေါ်တဲ့ အလုံးစုံးကျန်းမာရေး အာမခံပဲ ဖြစ်ပါတယ်
🚑အရေးပေါ် လူနာတင်ယာဉ်ခေါ်မလား?
🐕 အာဝုလေးတွေ ကိုက်တာခံရလို့ ကာကွယ်ဆေးထိုးမှာလား?
🏋🏻♀️ Gym ဆော့လို့ ခြေထောက်တွေ လက်တွေ မတော်တဆ အကြောလွဲတာ ဆေးခန်းပြမှာလား?
အကုန်လုံး ဒီအာမခံနဲ့ ဖြေရှင်းလို့ရပါတယ်
အဲဒီအာမခံလေး စိတ်ဝင်စားလို့ အသေးစိတ်သိချင်တယ်ဆိုရင် အောက်က ဖုန်းနံပါတ်နဲ့ Email လေးကို ဆက်သွယ်နိုင်ပါတယ် အခုပဲ သိချင်တယ်ဆိုရင်တော့ မက်စင်ဂျာကို ကြွလှမ်းခဲ့ပါရှင့်🥰🥰
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the business
Telephone
Website
Address
Yangon
11211