MBA News

MBA News

Share

31/01/2026

အမေရိကန်ပြည်ထောင်စု၏ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံဆိုင်ရာ အကူအညီများပါဝင်သော ဥပဒေကြမ်းကို အထက်လွှတ်တော် (Senate) မှ အတည်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

အဓိကအချက်အလက်များ

အတည်ပြုသည့်ရက်စွဲ - ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်။

ဥပဒေအမည် - H.R. 7148 (Consolidated Appropriations Act, 2026)။

မဲရလဒ် - ထောက်ခံမဲ (၇၁) မဲ၊ ကန့်ကွက်မဲ (၂၉) မဲဖြင့် အထက်လွှတ်တော်မှ အတည်ပြုခဲ့သည်။

နောက်ဆက်တွဲအခြေအနေ - ဤဥပဒေကို အောက်လွှတ်တော် (House) မှလည်း ဇန်နဝါရီလ (၂၂) ရက်နေ့ကတည်းက အတည်ပြုပြီးဖြစ်သဖြင့်၊ ယခုအခါ သမ္မတ ထရမ့် (President Trump) လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

မြန်မာနိုင်ငံအတွက် ရန်ပုံငွေအခြေအနေ

ယခုနှစ်တွင် အမေရိကန်၏ နိုင်ငံခြားရေးအကူအညီပေးပုံစံ ပြောင်းလဲသွားပါသည်။ ယခင်ကဲ့သို့ သီးခြားခေါင်းစဉ်များအစား "National Security Investment Programs" (အမျိုးသားလုံခြုံရေး ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ) ဟူသော ခေါင်းစဉ်သစ်အောက်တွင် စုပေါင်းထည့်သွင်းထားပါသည်။

ရန်ပုံငွေပမာဏ - အဆိုပါ အစီအစဉ်သစ်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ (၆.၇၇) ဘီလီယံ ခွင့်ပြုထားသည်။

မြန်မာ့အရေးပါဝင်မှု - ဤစုပေါင်းရန်ပုံငွေထဲမှ မြန်မာနိုင်ငံအတွက် လိုအပ်သော အကူအညီများကို သုံးစွဲခွင့်ရှိကြောင်း (may be made available) ဥပဒေတွင် ပြဋ္ဌာန်းထားပါသည်။ "BURMA Act of 2022" ပါ လုပ်ပိုင်ခွင့်များအတိုင်း ဒီမိုကရေစီရေးနှင့် လူသားချင်းစာနာမှု အကူအညီများကို ဆက်လက်ပေးအပ်သွားနိုင်မည် ဖြစ်သည်။

နိဂုံးချုပ်အားဖြင့် အမေရိကန်လွှတ်တော်နှစ်ရပ်လုံးမှ မြန်မာ့အရေးကို မမေ့လျော့ဘဲ ဆက်လက်ပံ့ပိုးမည့် ဥပဒေကို အောင်မြင်စွာ အတည်ပြုလိုက်ပြီ ဖြစ်သည်။

Ref : Internet
#မြန်မာ့အရေး #အမေရိကန် #အမေရိကန်လွတ်တော်

31/01/2026

❝မြန်မာတွေက ဝန်ထုတ်ဝန်ပိုးမဟုတ်ဘူးလို့ ထိုင်းလွှတ်တော်အမတ်ပြော❞

Move Forward Party ရဲ့လွှတ်တော်အမတ်ဖြစ်သူ Tisana Chooonhavan က မြန်မာနိုင်ငံသားတွေက ဝန်ထုပ်ဝန်ပိုးမဟုတ်ဘဲ အခုလို ကိစ္စတွေက ကြုံတွေ့ရတတ်တဲ့ သာမန်ကိစ္စတွေသာဖြစ်တယ်လို့ပြောပါတယ်။ အခုလို တင်းမာမှုတွေဟာ လူမှုစီးပွားရေးခက်ခဲတဲ့ အသိုင်းအဝိုင်းတွေမှာတွေ့ရပြီး အလုပ်တွေကို ပြိုင်ဆိုင်နေရတာတွေရှိတဲ့အတွက် မကျေနပ်မှုတွေများပြီး ပြဿနာတွေ၊ တင်းမာမှုတွေဖြစ်လာတာလို့ဆိုပါတယ်။
အခုလို မြန်မာတွေအပေါ်တင်းမာမှုရှိနေပေမယ့် ထိုင်းနိုင်ငံအတွက် မြန်မာတွေက အရေးပါတဲ့နေရာကနေ လူအား၊ ငွေအား ပုံစံမျိုးစုံနဲ့ ထောက်ပံ့နေသူတွေလို့ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်သူတွေ၊ လုပ်အားနဲ့ ကုန်ထုတ်လုပ်မှုတိုးတက်အောင်လုပ်နေသူတွေ များစွာရှိပြီး တစ်ထောင့်တစ်နေရာကနေ အောင်မြင်နေကြသလို ထိုင်းကိုကောင်းတဲ့ အကျိုး သက်ရောက်စေတယ်လို့ပြောပါတယ်။ အခုလို ကိုယ့်ကို ထောက်ခံ၊ ထောက်ပံ့သူတွေရှိနေချိန်မှာ ကိုယ်တွေ ရွှေမြန်မာတွေအနေနဲ့လည်း ယဥ်ယဥ်ကျေးကျေး အေးဆေးနေပြီး ချစ်ခြင်းမေတ္တာတွေ ပြတတ်ဖို့တော့လိုပါမယ်နော်။

Ref: Internet
#ထိုင်းရောက်မြန်မာ

26/01/2026

NLD အစိုးရလက်ထက် ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာဦးမြင့်ထွေး ထိုင်းနိုင်ငံ၌ ကွယ်လွန်

ဇန်နဝါရီ ၂၆၊ ၂၀၂၆

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာဦးမြင့်ထွေးသည် ယနေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကွယ်လွန်သွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဒေါက်တာဦးမြင့်ထွေး၏ ညီဖြစ်သူ Min Han Htway က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် “အကိုအကြီးဆုံး Dr. ဦးမြင့်ထွေး သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘာမင်ဂရက်ဆေးရုံတွင် ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၆ ရက်၊ ညနေ ၅ နာရီ ၄၃ မိနစ်တွင် ကွယ်လွန်အနိစ္စရောက်သွားပါကြောင်း ဆွေမျိုးမိတ်ဆွေများအား အသိပေးအပ်ပါသည်” ဟု ရေးသားထားသည်။

၎င်းသည် မကြာသေးမီက ထိုင်းနိုင်ငံ ဘာမင်ဂရက်ဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ် ယနေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေါက်တာဦးမြင့်ထွေးသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် ဝါရင့်ပညာရှင်တစ်ဦးဖြစ်ပြီး နိုင်ငံတကာအဆင့် ကျန်းမာရေးအဖွဲ့အစည်းများတွင်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တွင် အဆင့်မြင့်အရာရှိကြီးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ပြည်သူ့ကျန်းမာရေးဆိုင်ရာ မူဝါဒနှင့် စီမံကိန်းများတွင် အတွေ့အကြုံကျယ်ပြန့်သူအဖြစ် သတ်မှတ်ခံထားရသည်။

၂၀၁၆ ခုနှစ်တွင် NLD အစိုးရ တာဝန်ယူစဉ်ကာလမှ စတင်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး နိုင်ငံ၏ ကျန်းမာရေးစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှု တိုးချဲ့ရေးနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးလုပ်ငန်းများကို ဦးဆောင်ဆောင်ရွက်ခဲ့သူဖြစ်သည်။

ယခုကဲ့သို့ ဝါရင့်ကျန်းမာရေးပညာရှင်တစ်ဦး ကွယ်လွန်သွားခြင်းအပေါ် ဆွေမျိုးမိတ်ဆွေများ၊ အစိုးရအရာရှိဟောင်းများနှင့် ကျန်းမာရေးလောကသားများက လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ဝမ်းနည်းကြောင်းနှင့် ဂုဏ်ပြုအမှတ်တရစာများ ဖော်ပြလျက်ရှိကြသည်။

ဒေါက်တာဦးမြင့်ထွေး၏ ဈာပနအစီအစဉ်နှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို မိသားစုဘက်မှ ဆက်လက်ထုတ်ပြန်သွားမည်ဟု သိရသည်။

#ပြည်ထောင်စုဝန်ကြီး #ဒေါက်တာမြင့်ထွေး #ကွယ်လွန် #ဆရာဝန်

Photos from MBA News's post 26/01/2026

𝗖𝗠𝗖 တရုတ်ထိပ်တန်းဗိုလ်ချုပ်များ အရေးယူခံရမှုလှိုင်း — တရုတ်ပြည်တွင်းတင်းမာမှုများ မြန်မာ ပြည်တွင်းစစ်ရေးအပေါ် သက်ရောက်မှုရှိနိုင်

တရုတ်နိုင်ငံတွင် ဗဟိုစစ်ကော်မရှင် (Central Military Commission – CMC) အဖွဲ့ဝင်များနှင့် စစ်ဘက်ထိပ်တန်းခေါင်းဆောင်များအပေါ် အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးစားမှု စွပ်စွဲချက်များဖြင့် စုံစမ်းစစ်ဆေးခြင်းနှင့် ရာထူးမှဖယ်ရှားခြင်းများ ဆက်တိုက်ဖြစ်ပေါ်နေရာ စစ်ရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုအပေါ် စိုးရိမ်မှုများ မြင့်တက်လာနေသည်။

သတင်းရင်းမြစ်များအရ ကာကွယ်ရေးဝန်ကြီးဟောင်းများဖြစ်သည့် Li Shangfu နှင့် Wei Fenghe တို့အပြင် နိုင်ငံရေးရာဌာနမှူး Miao Hua၊ CMC ဒု-ဥက္ကဋ္ဌ He Weidong နှင့် ပထမဒုဥက္ကဋ္ဌ Zhang Youxia တို့ အပါအဝင် စစ်ဘက်ထိပ်တန်းအရာရှိအများအပြား အရေးယူခံထားရကြောင်း သိရသည်။ ယင်းအရေးယူမှုများကို တရုတ်အစိုးရဘက်မှ “အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် စစ်ဘက်ရှင်းလင်းရေး” အဖြစ် ရှင်းလင်းထားသည်။

ထို့ပြင် တရုတ်ဗဟိုကော်မတီ၏ ခွင့်ပြုမိန့်မရှိဘဲ မြန်မာနယ်စပ်ရှိ လက်နက်ကိုင်အဖွဲ့များဖြစ်သည့် UWSA၊ MNDAA၊ TNLA၊ AA နှင့် KIA တို့၏ ၁၀၂၇ စစ်ဆင်ရေးများတွင် စစ်ရေးထောက်ပံ့မှုများ ပါဝင်ပတ်သက်ခဲ့သည်ဟု စွပ်စွဲချက်များလည်း ထွက်ပေါ်လာသည်။

အခြားတစ်ဖက်တွင် နိုင်ငံခြားအခြေစိုက် တရုတ်အတိုက်အခံမီဒီယာများနှင့် အနောက်တိုင်းသတင်းရင်းမြစ်အချို့က စစ်တပ်အတွင်း အာဏာလွန်ဆွဲမှုများ ဖြစ်ပွားနေပြီး သမ္မတ ရှီကျင့်ဖျင်နှင့် စစ်ခေါင်းဆောင်အချို့အကြား တင်းမာမှုများရှိနေကြောင်း ဖော်ပြကြသည်။ အချို့သတင်းများတွင် ဇန်နဝါရီ ၁၈ ရက်နေ့ဝန်းကျင်တွင် အာဏာသိမ်းရန် ကြိုးပမ်းမှုများ ဖြစ်ပွားခဲ့ကြောင်း ကောလဟာလများလည်း ထွက်ပေါ်နေသည်။

အထူးသဖြင့် သမ္မတ ရှီနှင့် CMC ပထမဒုဥက္ကဋ္ဌ Zhang Youxia တို့အကြား အာဏာပြိုင်ဆိုင်မှု ပြင်းထန်နေကြောင်း၊ ပီကင်း စစ်ရုံးချုပ်အတွင်း ရှီ၏ ပြည်သူ့ရဲတပ်ဖွဲ့နှင့် စစ်တပ်အင်အားစုများကြား ပဋိပက္ခများရှိနိုင်ကြောင်း အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်နေသည်။

ထို့အပြင် Bloomberg နှင့် နိုင်ငံတကာသတင်းအချို့တွင်လည်း တရုတ်ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးအား နျူကလီးယားလက်နက်ဆိုင်ရာ လျှို့ဝှက်ချက်များ ပေါက်ကြားမှုနှင့် အာဏာအလွဲသုံးစားမှုများကြောင့် စစ်ဆေးနေကြောင်း ဖော်ပြထားပြီး စစ်တပ်အတွင်း စည်းကမ်းတင်းကြပ်ရေး လှုပ်ရှားမှုများ ပိုမိုတိုးမြှင့်နေသည်ဟု ဆိုသည်။

လေ့လာသူများ၏ သုံးသပ်ချက်အရ ထိပ်တန်းစစ်ခေါင်းဆောင်များကို ဆက်တိုက်ဖယ်ရှားခြင်းသည် စစ်တပ်အတွင်း ယုံကြည်မှုနှင့် စည်းကမ်းတည်ငြိမ်မှုကို ထိခိုက်စေနိုင်ပြီး ထိုင်ဝမ်ရေးရာ သို့မဟုတ် ဒေသတွင်း စစ်ရေးလှုပ်ရှားမှုများကို အချိန်တိုအတွင်း အကောင်အထည်ဖော်ရန် ခက်ခဲစေနိုင်ကြောင်း ခန့်မှန်းထားကြသည်။

တစ်ချိန်တည်းတွင် စီးပွားရေးဖက်တွင်လည်း တရုတ်နိုင်ငံအတွင်း စီးပွားရေးတိုးတက်မှုနှေးကွေးခြင်း၊ အလုပ်လက်မဲ့နှုန်းမြင့်တက်ခြင်း၊ စက်ရုံပိတ်သိမ်းမှုများနှင့် ဝယ်လိုအားကျဆင်းခြင်းတို့ ဖြစ်ပေါ်နေပြီး ပြည်တွင်းဖိအားများ တိုးလာနေသည်။

ယင်းအခြေအနေများကြောင့် တရုတ်၏ ပြင်ပမူဝါဒများ၊ အမေရိကန်နှင့် ဆက်ဆံရေးများနှင့် ဒေသတွင်း လုံခြုံရေးရေးရာများအပေါ် သက်ရောက်မှုရှိနိုင်ကြောင်းလည်း သုံးသပ်ထားကြသည်။

သို့သော် လက်ရှိထွက်ပေါ်နေသည့် သတင်းအချက်အလက်များအနက် အများစုမှာ တရုတ်အတိုက်အခံမီဒီယာများ၊ နိုင်ငံခြားသတင်းရင်းမြစ်များနှင့် အွန်လိုင်းကောလဟာလများအပေါ် မူတည်နေခြင်းဖြစ်သဖြင့် မှန်ကန်မှုကို သီးခြားအတည်ပြုရန် ခက်ခဲနေဆဲဖြစ်သည်။

ယခုကိစ္စမှာ တရုတ်ဟာ ပြည်တွင်း အာဏာလွန်ဆွဲပွဲကြောင့် ထိုင်ဝမ် အရေးတွင်လည်း ဘက်မလှည့်နိုင် အမေရိကန်ကိစ္စလည်းဝင်မ ပါနိုင်တဲ့ ရှီဘာဖြစ်နေတာလဲဆိုတော့ သတင်းကဒီမှာပါ။ဒါဟာ 18ရက်နေ့က အာဏာသိမ်းဖို့ ကြိုးပမ်းဆောင်ရွက်ခံခဲ့ရတယ်လို့လည်း ကောလဟာလများထွက်ရှိထားတာပါ။

လက်ရှိအခြေအနေအရ တရုတ်စစ်ဘက်နှင့် နိုင်ငံရေးစနစ်အတွင်း တည်ငြိမ်မှုမရှိသည့် လှိုက်စားမှုများ ရှိနေကြောင်း မြင်ရသော်လည်း အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုများကိုဆက်လက်စောင့်ကြည့်
ရမည်ဖြစ်သည်။

#တရုတ် #အာဏာလွန်ဆွဲပွဲ #နိုင်ငံရေး #ထိုင်ဝမ် #မြန်မာ #အမေရိကန်

11/07/2025

သုံးနှစ်အတွင်းအမျိုးသား1690ကျော်ကို ဆံပင်တုတပ်ပီး ဖြား ယောင်း လိ-င် ဆက်ဆံခဲ့တဲ့ အမျိုးသား

လက်ရှိ X နဲ့ တရုတ်ပြည်မှာသာမကျန် တကမ္ဘာလုံးမှာပါ Viral ဖြစ်နေတဲ့ အမျိုးသား1691ယောက်
နဲ့နေခဲ့တဲ့ လိ-င်ပြောင်း အမျိုးသားတဦးအကြောင်းပါ

အမဟုန် ဆိုတဲ့နာမည်နဲ့ အမျိုးသားတဦးဟာ
လိုင်းပေါ်ကနေ Sister Hong ဆိုတဲ့နာမည်နဲ့ အိမ်ထောင်ကွဲအမျိုးသမီး ဟန်ဆောင်ကာ အမျိုးသားများနဲ့ chat ပီး တိုက်ခန်းကိုခေါ်ကာ အတူနေပီး Spy Cam နဲ့ ခိုးရို-က် ကာ လိုင်းပေါ်တင်‌ေရာင်းစားပီး ဒေါ်လာသောင်းချီရတယ်လို့သိရပါတယ်

ပိုက်ဆံပေးစရာမလိုပဲ သူမအတွက် အသုံးဆောင်အနဲငယ်ယူလာပေးရုံမျှ သူ့နဲ့အတူ နေလို့ရပါတယ်ဆိုပီး သုံးနှစ်တွင်း ယောကျာ်းပေါင်း1691ယောက်နဲ့အတူနေပီး အဲ့ထဲမှာမှ Tiktoker ,Gym Trainer, ကျောင်းသားနဲ့ နိုင်ငံခြားသား တွေပါပါတယ်လို့သိရပါတယ်

လက်ရှိမှာတော့ ဖြားယောင်းသွေးဆောင်မှုနဲ့ တရုတ်ပြည်မှာ အမဟုန်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ပီး
နောက်ဆက်တွဲပြဿနာအနေနဲ့ကတော့ အမျိုးသမီးတွေဟာ အမဟုန်ရဲ့‌ ယောက်ျား1691ယောက်စာရင်းထဲမှာ သူတို့အမျိုးသားတွေ ရည်းစားတွေ ပါမပါ စစ်ဆေးနေကြပီလို့သိရပါတယ်

အစွမ်းက အံ့မခန်းပါပဲ အမဟုန်ရယ် ☝🏻🥲

#အမဟုန်

Want your business to be the top-listed Media Company in Yangon?
Click here to claim your Sponsored Listing.

Address


Yangon