F Automobile Myanmar
ကားချစ်သူတွေဆောင်ထားရမဲ့ ကားသန့်ရှင်းရေးပစ္စည်း ၃ မျိုး ✨
ကားသန့်နေရင် မောင်းရတာ ပိုပြီး ဇိမ်ရှိသလို စိတ်လည်း ကြည်လင်ရပါတယ်။ ဒီနေ့မှာတော့ အချိန်အများကြီး ပေးစရာမလိုပဲ ကိုယ်တိုင် အလွယ်တကူ သန့်ရှင်းရေးလုပ်လို့ရမယ့် ပစ္စည်း (၃) မျိုးကိုပြပေးထားပါတယ်။
1. Toyo Multi-Purpose Foam Cleaner (၇၅၀ ml)
ထိုင်ခုံတွေနဲ့ ကားမျက်နှာကြက်က ဂျီးတွေကို အမြှုပ်လေးဖြန်းပြီး သုတ်လိုက်ရုံပါပဲ။ အစွန်းအထင်းတွေ ဖယ်ရှားဖို့ တကယ်ကို အဆင်ပြေပါတယ်။
💰 ဈေးနှုန်း - 12000 Ks
အိမ်ရောက်ငွေချေနဲ့ မြန်မာနိုင်ငံအနှံ့ပို့ပေးပါတယ် ခင်ဗျ။
မှန်မှာစွဲနေတဲ့ မိုးရေစက်အကွက်တွေနဲ့ ဂျီးကွက်တွေကို အမြစ်ပြတ်အောင် သန့်စင်ပေးမှာပါ။ မှန်ပြန်ကြည်ဖို့ဆိုရင် ဒါလေးက ဆောင်ထားသင့်ပါတယ်။
💰 ဈေးနှုန်း - 20000 Ks
၃။ Oil Film Cleaning Wipes (၁၀ ခုပါ)
မိုးရွာရင် မြင်ကွင်းမကြည်တာမျိုး မဖြစ်ရအောင် မှန်ပေါ်က ဆီဂျီးတွေကို အလွယ်တကူ သုတ်ပေးနိုင်ပါတယ်။ သုံးရတာလည်း အရမ်းလွယ်တယ်နော်။
💰 ဈေးနှုန်း - 10000 Ks
အသုံးပြုပုံလေးတွေကိုတော့ ဗီဒီယိုထဲမှာ သေချာလေး ရှင်းပြပေးထားပါတယ်။ ပစ္စည်းကောင်းလေးတွေမို့ ကားချစ်သူတွေအတွက် တကယ်ကို အသုံးတည့်စေမှာပါ။
🛒 မှာယူချင်ရင်တော့ - Chat box မှာအမည်၊ ဖုန်းနံပတ်၊ လိပ်စာပို့ပြီး မှာယူနိုင်ပါတယ်။
အိမ်ရောက်ငွေချေနဲ့ မြန်မာနိုင်ငံအနှံ့ ပို့ပေးပါတယ် ခင်ဗျ။
#ကားအသုံးအဆောင်
15/03/2026
ကားထဲမှာဆီနံ့တွေနံလို့ စိတ်ညစ်နေပြီလား?💨🤢
ကားနောက်ဖုံးမှာ ဓါတ်ဆီပုံးတွေတင်ထားတဲ့အခါ ကားထဲအထိ ဆီနံ့တွေ ထွက်လာတာမျိုး ကြုံဖူးကြမှာပါ။ အဓိကကတော့ ဆီပုံးအဖုံး မလုံလို့ ဆီငွေ့တွေ ထွက်လာတာဖြစ်ပါတယ်။ ဒါက အနံ့နံရုံတင် မဟုတ်ပါဘူး.. မီးဘေးအန္တရာယ်လည်း ရှိနိုင်သလို ကျန်းမာရေးအတွက်လည်း မကောင်းပါဘူး။
ဒါဆို ဆီနံ့မထွက်အောင် ဘယ်လိုလုပ်ကြမလဲ? 👇
၁။ ပလတ်စတစ်ဘူးအဟောင်းတွေကို လုံးဝမသုံးပါနဲ့ ❌
ရေသန့်ဗူးတွေ၊ ကော်ဘူးအအဟောင်းတွေက လောင်စာဆီထည့်ဖို့အတွက် ထုတ်ထားတာ မဟုတ်လို့ လေလုံအောင် မပိတ်နိုင်ပါဘူး။ အပူရှိန်နည်းနည်းထိတာနဲ့တင် ဆီငွေ့တွေက ကြားထဲက ထွက်လာတော့တာပါပဲ။
၂။ Gasket (ရာဘာကွင်း) ပါတဲ့ လောင်စာဆီပုံးကိုပဲ သုံးပါ ✅
လောင်စာဆီထည့်ဖို့ သီးသန့်ထုတ်ထားတဲ့ပုံးတွေမှာ အဖုံးအတွင်းသား ရာဘာကွင်း (Gasket) ပါပါတယ်။ သူက လေလုံအောင် အပြည့်အဝ ပိတ်ပေးနိုင်လို့ ဆီနံ့ထွက်တာကို သိသိသာသာ လျော့ကျစေပါတယ်။
၃။ အပူချိန်ကို သတိထားပါ ☀️
ကားကို နေပူထဲမှာ အကြာကြီးရပ်ထားရင် ဆီပုံးထဲမှာ အပူကြောင့် Pressure တက်လာတတ်ပါတယ်။ ဒါကြောင့်မို့လို့ Fuel အတွက် သီးသန့်ထုတ်ထားတဲ့ Jerry Canတွေကို သုံးတာက ပိုပြီး စိတ်ချရပါတယ်။
ဆီတွေကို သယ်ယူတဲ့အခါ ပုံးအမျိုးအစား မှန်ကန်ဖို့နဲ့ လုံခြုံဖို့က အရေးကြီးဆုံးပါပဲ။
▶️ကားထဲမှာ ဆီနံ့ကင်းစင်ပြီး စနစ်တကျရှိနေဖို့ဆိုရင်တော့ ကျွန်တော်တို့ F Automobile မှာ ရာဘာကွင်းပါဝင်ပြီး သံသားအထူ Heavy Duty Jerry Can တွေ အသင့်ရှိပါတယ်။ ပစ္စည်းကောင်းမှ စိတ်အေးရမှာမလို့ လိုအပ်တဲ့အချိန် အမြဲလှမ်းခဲ့လိုက်ပါ!
အားလုံးပဲ ကားထဲမှာ ဆီနံ့ကင်းစင်ပြီး ဘေးကင်းတဲ့ ခရီးစဉ်တွေပိုင်ဆိုင်ကြပါစေ!
#လောင်စာဆီပုံး
12/03/2026
Jerry Can ဆီပုံးအရောင်တွေက ဘာကိုဆိုလိုတာလဲ? 🤔🎨
ဆီပုံးဝယ်ရင်ဘာလို့အရောင်တွေကွဲနေတာလဲ" လို့ တွေးဖူးကြလား?
တကယ်တော့အရောင်တွေက အလှသက်သက်မဟုတ်ပဲ နိုင်ငံတကာစံနှုန်းအရ ဘေးကင်းဖို့အတွက်ခွဲခြားသတ်မှတ်ထားတာဖြစ်ပါတယ်။
ဘယ်အရောင်က ဘာဆီ ထည့်ဖို့အတွက်လဲဆိုတော့... 👇
🔴 အနီရောင် (Red) — ဓာတ်ဆီ (Petrol/Gasoline)
ဓာတ်ဆီက မီးလောင်လွယ်ကူတဲ့ လောင်စာဆီဖြစ်လို့ "အန္တရာယ်ရှိ သတိထားရန်" ဆိုတဲ့ အဓိပ္ပာယ်နဲ့ အနီရောင်ကို သုံးပါတယ်။ ကမ္ဘာတစ်ဝန်းမှာလည်း ဓာတ်ဆီဆိုရင် အနီရောင်ပုံးနဲ့ ထည့်သုံးကြတာများပါတယ်။
🟡 အဝါရောင် (Yellow) — ဒီဇယ် (Diesel)
မီးစက်သမားတွေနဲ့ ကားကြီးသမားတွေအတွက် အဓိကအရောင်ပါ။ ဓာတ်ဆီနဲ့ ရောမထွေးသွားအောင် ဒီဇယ်ကိုအဝါရောင်ပုံးလေးတွေနဲ့ ခွဲခြားထည့်သွင်းကြပါတယ်။
🔵 အပြာရောင် (Blue) — ရေနံဆီ
နိုင်ငံတကာမှာအပြာရောင်ကို ရေနံဆီ (Kerosene) အတွက် သုံးပါတယ်။
🟢 အစိမ်းရောင် (Green) — ဆီရောဆီ (Oil Mix)
အစိမ်းရောင် Jerry Can ကိုမြက်ရိတ်စက်၊ လွှစက်နဲ့ စက်လှေအင်ဂျင်ငယ်လေးတွေမှာ သုံးတဲ့ "ဓာတ်ဆီ + အင်ဂျင်ဝိုင် (2T)" ရောပြီးသားဆီတွေအတွက် သုံးကြပါတယ်။ ဓာတ်ဆီအစစ်နဲ့ မမှားရအောင် အစိမ်းရောင်ပုံးနဲ့ ခွဲထားတာပါ။
လောင်စာဆီပုံးတွေကိုအရောင်ခွဲသုံးခြင်းအားဖြင့်
✅ အမှားအယွင်းကင်းစေတယ်- ဓာတ်ဆီကားထဲကို ဒီဇယ်မှားထည့်တာမျိုး မဖြစ်တော့ဘူး။
✅ ဘေးကင်းစေတယ်- ပုံးအရောင်ကို ကြည့်ရုံနဲ့ ဘာဆီလဲဆိုတာ တန်းသိလို့ မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်တယ်။
✅ စနစ်တကျရှိစေတယ်- ကိုယ့်စတိုခန်းထဲမှာပဲဖြစ်ဖြစ်၊ ကားနောက်ဖုံးမှာပဲဖြစ်ဖြစ် Professional ဆန်ဆန် စနစ်တကျ ရှိနေမှာပါ။
➡️ မိမိတို့ရဲ့ အဖိုးတန်ကားနဲ့ စက်ပစ္စည်းတွေ ဘေးကင်းဖို့အတွက် ဆီပုံးတွေကို စနစ်တကျ အရောင်ခွဲခြားသုံးစွဲကြဖို့တိုက်တွန်းလိုက်ပါတယ်။
ကျွန်တော်တို့ F Automobile မှာလောင်စာဆီထည့်ဖို့သီးသန့်ထုတ်ထားတဲ့ အနီရောင်နဲ့ အဝါရောင် Jerry Can ဆီပုံးတွေကို အကောင်းဆုံးကွာလတီ၊ အသက်သာဆုံးစျေးနှုန်းနဲ့ရောင်းချပေးနေပါတယ်။
📞ဆက်သွယ်ရန်- 09975249026 , 09880947156
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 10/12, Ground Floor, Bogalay Zay Street (Lower Block), Botahtaung Township
Yangon