Lae Lae Hnin Financial Advisor - AIA Insurance
28/08/2022
လေ့လာပါ၊ ပြန်လည်ဝေမျှပေးပါ ☝
Lae Lae Hnin- Financial Advisor
09 791220041
26/06/2022
✔ အကယ်၍ လူကြီးမင်းမှာ အောက်ဖော်ပြပါ ရွေးချယ်စရာ အချက် (၃)ခု ရှိမယ်ဆိုရင်_
၁။ ပုံမှန်ဝင်ငွေရှိမယ် လူငယ်ပိုင်း ငယ်သေးတယ် ကျန်းမာဦးမယ်
၂။ ပုံမှန်ဝင်ငွေရှိမယ် လူလတ်ပိုင်း ကျန်းမာနေသေးတယ်
၃။ ပုံမှန်ဝင်ငွေရှိမယ် လူကြီးပိုင်း ကျန်းမာရေး ထင်သလောက် မကောင်းတော့ဘူး
ဒါဆိုရင် လူကြီးမင်း အနေနဲ့ အာမခံ အကာအကွယ်ယူပီး အနာဂတ်ကို စနစ်တကျ တည်ဆောက်ဖို့အတွက် ဘယ်အချက်က ပိုလွယ်ကူစေမလဲ? လူကြီးမင်း အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေပဲ အကာအကွယ် ရယူနိုင်မလဲ ?
💡သေချာလေး စဉ်းစားကြည့်ပါ
☝ အဖြေရပီဆိုရင်တော့ လူကြီးမင်းရဲ့အဖြေကို စနစ်တကျ ရှင်းလင်းပေးမယ့် Financial Advisorနဲ့ ဆက်ဆက် ဆက်သွယ်လိုက်ပီး Financial Planning စလုပ်ဖို့အတွက် အကြံပြုပါရစေ။
Lae Lae Hnin- Financial Advisor
09 791220041
13/06/2022
B2B Sale Training 💯
22/05/2022
အသက် အာမခံ ( Life Insurance )❔
အသက်အာမခံ ဆိုတာက❕
လူကြီးမင်းတို့ရဲ့ အနာဂတ်မှာ မျှော်လင့်မထားတဲ့ အခြေအနေတစ်ခုကြောင့် ထာဝစဉ် မသန်စွမ်းဖြစ်ခဲ့မယ် (သို့မဟုတ်) သေဆုံးသွားခဲ့မယ်ဆိုရင်
မိမိကိုယ်တိုင် အပါအဝင် ချစ်ရတဲ့ မိသားစုအတွက်ပါ မူလ အခြေအနေ အတိုင်း ဆက်ရှိနေဖို့ ငွေကြေး အကာအကွယ် ရအောင် အာမခံချက် တစ်ခု ယူထားတဲ့သဘောပါ
ဘယ်လို အာမခံ ပေးတာလဲ❔
အာမခံ ငွေစု နေစဉ်အတွင်း မျှော်လင့်မထားဘဲ ထာဝစဉ် မသန်စွမ်း (သို့မဟုတ်) သေဆုံးခဲ့ရင် အာမခံ လျော်ကြေးအဖြစ် မိမိ ရွေးချယ်ထားတဲ့စုငွေ စုစုပေါင်း ရရှိပါမယ်
ရရှိမယ့် စုငွေ စုစုပေါင်းဆိုတာ မိမိသွင်းထားတဲ့ ငွေပမာဏမဟုတ်ပါဘူး
အာမခံ စထား စဉ်ထဲက စုမယ်လို့ သတ်မှတ်ထားသော တန်ဖိုးများတဲ့ ပမာဏပါ
( ဥပမာ- သိန်း၅၀၀ စုဖို့ အာမခံထားမယ်, ထို အာမခံစုငွေ သိန်း၅၀၀အတွက် ၁နှစ်ကို သိန်း၂၀ အာမခံကြေး ပုံမှန်သွင်းရတယ် ဆိုပါစို့,
မိမိဟာ အာမခံကြေး သွင်းနေစဉ် ၃နှစ်ရောက်တဲ့ အခါမှာ မျှော်လင့်မထားပဲ ထာဝစဉ် မသန်စွမ်း (သို့မဟုတ်) သေဆုံးခဲ့ရင်တော့ အာမခံ ကုမ္ပဏီမှ လူကြီးမင်း သတ်မှတ်ထားသော စုငွေ စုစုပေါင်း - သိန်း၅၀၀ ကို ပေးလျော်မှာပါ
အာမခံ သတ်မှတ်ကာလမှာ လူကြီးမင်း ဘာမှမဖြစ်ခဲ့ရင် စာချုပ် သက်တန်းစေ့တဲ့ နေ့မှာ စုဆောင်းထားတဲ့ ငွေအားလုံးကို ပြန်လည် ရရှိမှာ ဖြစ်ပါတယ်
မိမိ စုထားတဲ့ပိုက်ဆံ ပြန်ရတာပဲ အာမခံဆိုတာ ဘာထူးသွားလို့လဲ ❔
ဟုတ်ကဲ့ပါ လူကြီးမင်း ငွေစုဆာင်းနေစဉ် ကာလတစ်လျှောက်လုံး လူကြီးမင်းရဲ့ မမြင်ရတဲ့ အန္တရာယ် (Risk), ဆုံးရှုံးနိုင်ခြေရှိသော အရာတွေကို အာမခံ ကုမ္ပဏီက တာဝန်ယူ ပေးထားရတာပဲ ဖြစ်ပါတယ်
လူကြီးမင်း ငွေစုဆောင်း နေစဉ်မှာ သာမက စာချုပ်သက်တမ်း ပြည့်လို့ ပြန်လည် ထုတ်ယူတဲ့ အခါမှာလည်းTax benefit ရရှိမှာ ဖြစ်ပါတယ်
ထို့အပြင် Benefit, Bonus လည်း ခံစားခွင့် ရရှိမှာပါ
ငွေစုလျှင် အတိုးရနိုင်တဲ့ အခြားလုပ်ငန်းတွေရှိသော်လည်း ငွေစုသူရဲ့ မမြင်ရတဲ့ အန္တရာယ် (Risk) ကို အာမခံချက် မပေးနိုင်ပါဘူး
ငွေစုသက်တမ်း မပြည့်ခင် ကာယကံရှင် တစ်ခုခု ဖြစ်သွားခဲ့ပါကလည်း စုဆောင်းထားပီးတဲ့ (ငွေ ပမာဏ+အတိုး)သာ ရရှိမှာဖြစ်ပါတယ်
အာမခံ စုငွေကို ဘယ်လိုပေးသွင်းရမလဲ/သက်တမ်း ဘယ်လောက်ထိ ပေးသွင်းရမလဲ? ဆိုတာ တွေကတော့ လူကြီးမင်းတို့ရဲ့...
❕စုဆောင်းချင်တဲ့ ငွေပမာဏ
❕အသက်အရွယ်
❕ကျန်းမာရေး အခြေအနေ တွေ အမျိုးမျိုး ရှိကြတာကြောင့် အသေးစိတ် ထပ်မံ ဆွေးနွေးဖို့ တိုက်တွန်း လိုက်ပါတယ်
Lae Lae Hnin- Financial Advisor
09 791220041
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon