Creamy Bakery

Creamy Bakery

Share

29/04/2022

ဒီတပတ် သောကြာ ၊ စနေ ဆိုင်လေးပိတ်ပါမယ် 😔။
နောက်တစ်ပတ် ဆိုင်ဖွင့်တဲ့အခါ ပြန်ပြီးကြေညာပေးပါမယ်ရှင့်🙏။

15/04/2022

ဒီနေ့အတွက် မုန့်လုံးရေပေါ်လက်ဆောင်လေးတွေက ပြည့်သွားပါပြီရှင့်။

ပီဇာက အခုအမှာလေးတွေပြည့်နေတာမို့
နေ့လည် ၁ နာရီနောက်ပိုင်းကစပြီး ပြန်မှာလို့ရပါမယ်နော်။

အားပေးကြတဲ့အတွက်လည်း ကျေးဇူးပါရှင့်။

Photos from Creamy Bakery's post 14/04/2022

" ပီဇာမှာရင်း မုန့်လုံးရေပေါ် လက်ဆောင်ယူကြမယ် "

လက်ဆောင်လေးတွေမပေးရတာကြာနေပြီမို့ မနက်ဖြန် သောကြာနေ့အတွက် ရာသီစာ မုန့်လုံးရေပေါ်လေးတွေကို လက်ဆောင်ထည့်ပေးဖို့ စီစဥ်ထားပါတယ်ရှင့်။ အရေအတွက်အများကြီးတော့ မရှိလို့ အရင်မှာတဲ့သူလေးတွေကို ဦးစားပေးပြီးထည့်ပေးမယ်နော်။

ပီဇာအော်ဒါတွေက ကြိုပြီးမှာထားမယ်ဆိုလည်း ရပါတယ်။ သို့ပေမယ့် admin တို့က မီးလာမှ မုန့်လုပ်ရမှာမို့ အချိန်အတိအကျတော့ ပို့ပေးလို့မရတာကို နားလည်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်ရှင့်။ အချိန်အတိအကျမဟုတ်ပဲ အဆင်ပြေတဲ့အချိန်ရပါတယ်ဆိုတဲ့ customers လေးတွေက page မှာဖုန်းနံပါတ်လေး ပို့ပေးထားလို့ရပါတယ်။ မီးလာရင် adminတို့ဘက်က ဖုန်းဆက်ပြီး order confirm လုပ်ပေးပါတယ်ရှင့်။

Pizza Menu
https://www.facebook.com/111713640598007/posts/489476822821685/

☎️ 09-441760144 သို့ဆက်သွယ်မှာယူလို့ရပါသည်။

မင်္ဂလာရှိတဲ့နှစ်သစ်အခါသမယဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်။

26/03/2022

ဒီနေ့ Large Size ကထည့်နေကျဘူးလေးတွေကုန်သွားလို့ ဘူးအသစ်နဲ့ပြောင်းထည့်ပေးထားပါတယ်။ နောက်အပတ်တွေတော့ အသားပိုကောင်းတဲ့ဘူးလေးတွေပြောင်းသုံးဖို့လည်းစီစဥ်ထားပါတယ်ရှင့်။

ဒီနေ့အတွက် Medium နောက်ထပ် ၅ချပ်လောက် မှာလို့ရပါဦးမယ်။ မီးလာတဲ့အချိန်အတွင်း မှာပြီး ၁နာရီအတွင်းရပါတယ်ရှင့်။

ရွေးချယ်စရာ Topping 6 မျိုးရှိပါတယ်။

🐥 - Chicken Pizza - ကြက်သားပီဇာ
🧀 - Cheesy Pizza - ချိစ်ပီဇာ
🥩 + 🍍 - Bacon Pineapple Pizza - ၀က်​ပေါင်​ခြောက်နှင့်နာနတ်သီးပီဇာ
🐮 - Beef Ragu Pizza - အမဲမိုးခိုသားပီဇာ
🐟 - Spicy Tuna Pizza - တူနာငါးပီဇာ
🦂 - Seafood Pizza - ပင်လယ်စာပီဇာ

Menu
https://www.facebook.com/111713640598007/posts/489476822821685/
မှာယူလိုပါက ☎️ 09-441760144 သို့ ဆက်သွယ်လို့ရပါတယ်ရှင့်။

လိပ်စာ - အမှတ် ၂၃၅ ၊ ၆/ ၁၄ ရပ်ကွက်
( မြို့ဦးစေတီအနီး ၊ ရန်ကုန်ကျောင်းတိုက်ရှေ့ )၊ ဘားအံ ပန်းခြံ ၊ ရွှေပြည်သာမြို့နယ် ။

​ရွှေပြည်သာမြို့နယ်အတွင်း Delivery - 500 ကျပ်မှ 1500ကျပ်အထိ။

Want your business to be the top-listed Bakery in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 234, Hpaan Street, 6/14 Quarter, Shwepyitha Township
Yangon
11411