LOGIC TECH Computer Skills Training Center

LOGIC TECH Computer Skills Training Center

Share

Photos from LOGIC TECH Computer Skills Training Center's post 30/11/2024

အလုပ်ချိန် ရုံးချိန် ပြင်ပ 6:00 PM To 8:00 PM
လုပ်ငန်းခွင်သုံး ကွန်ပျူတာသင်တန်းသစ်များ စပါမည်။
တက်ရောက်လိုသူများ ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ။
Microsoft 365 Office Course
1. Word
2. Excel
3. PowerPoint
4. Myanmar Unicode
5. Printing
6. Scanning
7. CD/DVD Burning
8. Windows File Explorer
9. Data Management
10. Data Security
11. Basic Internet Browsing
12. Basic Email (Gmail)

Photos from LOGIC TECH Computer Skills Training Center's post 23/08/2024

Chrome Version 128 မှာ Google Lens နဲ့ Gemini AI Feature အသစ်တွေ ထပ်မံ ပါဝင်လာပါတယ်။ ကိုယ်ကြည့်နေတဲ့ Video , Live-stream နဲ့ Web page တွေမှာ ပါရှိတဲ့ Image တွေရဲ့ အချက်လက်တွေကို Google Lens ဖြင့် ထပ်မံ လေ့လာရှာဖွေပြီး Browsing လုပ်နိုင်မှာပါ။
Google AI ဖြစ်တဲ့ Gemini ရဲ့ အကူအညီကိုလည်း address bar ကနေ တိုက်ရိုက် ရယူ အသုံးပြုနိုင်ပါဦးမှာပါ။ လေ့လာ အသုံးပြုနိုင်ကြဖို့ သတင်းကောင်း မျှဝေလိုက်ပါတယ်။
IT and AI ခေတ်မှာ မဖြစ်မနေ အသုံးပြုနေရတဲ့ Internet, Email, Cloud and AI တွေနဲ့ ပတ်သတ်လို့ Professional အသုံးပြုတတ်ချင်တယ်ဆိုရင် LOGIC TECH Computer Skills Training Center မှာ သင်တန်းတွေ တက်ပြီး လေ့လာ သင်ယူနိုင်ပါတယ်။ Advanced Internet Class အသစ်တွေ စတင်တော့မှာဖြစ်ကြောင်းလည်း သတင်းကောင်း ပါးအပ်ပါတယ်။

11/05/2024

Windows 11 မှာ Crack, Keygen and Patch တွေ ကို Run မယ်ဆိုရင် Real-time protection ကို Off ရုံနဲ့တင် မရဘဲ Smart App Control ကိုပါ Off ထားဖို့ လိုပါလိမ့်မယ်။

TED - YouTube 14/04/2024

သင်္ကြန် ပိတ်ရက် အိပ်မှာပဲ အနားယူမယ့်သူတွေအတွက် နားနားနေနေ နဲ့ အသိပညာ ဗဟုသုတတွေတိုး ရအောင် YouTube က TED ဆိုတဲ့ Channel ကို ကြည့်ဖို့ အကြံပြုပါရစေ။ https://www.youtube.com/
TED Talks မှာ စီးပွားရေး၊ သိပ္ပံ၊ ပညာရေး၊ တီထွင်ဖန်တီးမှု၊ နည်းပညာ၊ သဘာဝအကြောင်း၊ ဘာသာရေး အမြင်ဆွေးနွေးမှု စတဲ့ အကြောင်းရာ ပေါင်းများစွာကို သက်ဆိုင်ရာ နယ်ပယ်က ကျွမ်းကျင်သူတွေက ဆွေးနွေး တင်ပြပေးထားတာပဲ ဖြစ်ပါတယ်။ Short Video လေးတွေ ဖြစ်တဲ့ အတွက် ပေါ့ပေါ့ပါးပါး ကြည့်ရှု လေ့လာလို့ ကောင်းပါတယ်။ Computer အသုံးပြုသူတွေ အနေနဲ့ Chrome Browser ကို အသုံးပြုပြီး Subtitles ကို လိုအပ်သလို ပြောင်းလဲ အသုံးပြုနိုင်တယ်။ Mobile Phone အသုံးပြုသူတွေ အနေနဲ့ TED Application ကို Install လုပ်ပြီး Online/Offline အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။ Application ရဲ့ Browse > Language > Burmese လို့ သတ်မှတ်ထားလိုက်ရင် Myanmar Subtitles အမှန်နဲ့ Video တွေ ကို သီးသန့် ပြပေးပါလိမ့်မယ်။

TED - YouTube The TED Talks channel features the best talks and performances from the TED Conference, where the world's leading thinkers and doers give the talk of their l...

Photos from LOGIC TECH Computer Skills Training Center's post 08/02/2024

Microsoft PC Manager
Windows အသုံးပြုသူ User တွေ အတွက် Microsoft PC Manager ဆိုတဲ့ Security Tool ကို Microsoft ကနေ Officially ထုတ်ပေးလိုက်ပါပြီ။ Users တွေ အတွက် ရိုးရှင်း လွယ်ကူ ထိရောက်ပြီး အသုံးပြုတဲ့အခါ သွက်လက်မှု ရှိတဲ့ One-stop computer problem-solving solution Tools လေးဖြစ်ပါတယ်။ ဒီ Tools မှာ ဒါတွေကို ထိရောက် ကောင်းမွန်စွာ အသုံးချနိုင်ပါတယ်။
PC Boost: Computer ရဲ့ လုပ်ဆောင်ချက်တွေ မြန်ဆန် သွက်လက်ဖို့အတွက် Boost လုပ်ပေးနိုင်မယ်။ Boost အတွက် လိုအပ်တဲ့ Setting တွေ ကို ပြုပြင် ပြောင်းလဲနိုင်မယ်။
Storage Management: Computer ရဲ့ Data သိုလောင် သိမ်းဆည်းမှု နဲ့ပတ်သတ်လို့ Storage တွေ မပြုန်းတီးရအောင် Files တွေကို စနစ်တကျ Manage လုပ်ပေးနိုင်မယ်။ အသုံးမပြုဘဲ ကျန်ရှိနေတဲ့ မလိုအပ်တော့တဲ့ အမှိုက် Files တွေကို ရှင်းလင်း ဖယ်ရှားပေးမယ်။

Antivirus Scan: Computer ရဲ့ လုံခြုံရေးကို ထိခိုက်နိုင်မယ့် Virus တွေရဲ့ အန္တရာယ်ကနေ ကာကွယ် ရှင်းလင်းပေးမယ်။

Health Check: Computer မှာ ရှိတဲ့ Error တွေကို ရှာဖွေ စစ်ဆေးပြီး အဆင်ပြေအောင် Fix လုပ်ပေးမယ်။

Toolbox: Computer System နဲ့ ပတ်သတ်တဲ့ အခြားလိုအပ်ချက်တွေကို လွယ်ကူစွာ ပြုပြင်ပြောင်းလဲပြီး အသုံးပြုနိုင်မယ်။ နေ့စဥ် လုပ်ငန်းတွေအတွက် လိုအပ်တဲ့ Productivity Apps & Tools တွေကို အလွယ်တကူ ရယူ အသုံးချနိုင်မယ်။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. 832, Kan Thar Yar Street, 24 Ward, South Dagon
Yangon
11431

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00