B Cosmetics

B Cosmetics

Share

07/05/2021

မင်္ဂလာပါ 🙏🏻
အခုတလော VPN တွေအမျိုးမျိုးပြောင်းပီးသုံးနေရတဲ့အတွက်ကြောင့် လူကြီးမင်းတို့၏ business page များ error အမျိုးမျိုး ဖြစ်ပေါ်နေမှုကို Impression team မှကောင်းမွန်သောဝန်ဆောင်မှုနဲ့အတူ အခက်အခဲတွေအားလုံးကိုဖြေရှင်းပေးဖို့ အသင့်ဖြစ်နေပါပီနော် 🧡
Privacy နှင့်ပက်သက်ပီးလုံးဝစိတ်ချရလို့အမြန်ဆုံးလှမ်းခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်😍

Photos from Impression - Digital Marketing Agency's post 04/02/2021

Online Shop တစ်ခု စတင်ဖို့ page တစ်ခုကို အလွယ်ဆုံး ဘယ်လိုထောင်မလဲ ❓

ဒီပိုစ့်က မသိသေးတဲ့သူတွေအတွက် ရည်ရွယ်ပါတယ်။
သိသွားတဲ့သူတွေအတွက်ကတော့ လွယ်လွယ်လေးပါ။
ဒါပေမယ့် တချို့မသိသေးတဲ့သူတွေအတွက် သူများကိုလိုက်ပြီး အောက်ကျခံ မေးနေစရာမလိုအောင် ဖော်ပြပေးလိုက်ပါတယ်။

✔ ကိုယ်တိုင် Page ထောင်ဖို့အတွက်
မိမိရဲ့ အကောင့် icon လေးအောက်က Pages ထဲဝင်ပြီး Create your own Page ကနေတဆင့် သွားလည်းရတယ်။
ဒါမှမဟုတ် တခြား Page တစ်ခုခုအောက်မှာ ပေါ်လာတတ်တဲ့ Create your own Page ကိုနှိပ်ပြီးတော့ သွားလည်းရတယ်။
ဒါကြောင့် မိမိအဆင်ပြေတဲ့ဆီကနေ Create Page ကို နှိပ်ပါ။

✔ ပေါ်လာတဲ့စာမျက်နှာမှာ Get Started ကိုနှိပ်ပါ။

✔ Page Name ပေးရပါမယ်။ ကိုယ်ထားချင်တဲ့ နာမည်လေးပေးလိုက်ရင် ရပါပြီ။ ကျွန်တော်ကတော့ Test လို့ ပေးထားလိုက်တယ်။

✔ နောက်တဆင့်က category ရွေးရမယ်။
Personal Blog လား၊ Business Service လား အစရှိသဖြင့်ပေါ့။ အများဆုံး ၃ခုထိ ရွေးလို့ရတယ်။ ကျွန်တော်က Business Services ဆိုပြီး နမူနာရွေးပြထားတယ်နော်။ ဒါပြီးရင် Next။

✔ နောက်တဆင့်မှာ address ထည့်ပေးရမယ်။
ကိုယ်က မထည့်ချင်သေးရင် I don't want to add an address မှာ အမှန်ခြစ်ထည့်ပေါ့။ ဒါက နောက်မှပြန်ထည့်လည်းရပါတယ်။

✔ အခု Final Process ရောက်ပြီ။ လွယ်လွယ်လေးပါပဲ။ Profile နဲ့ cover photo ရွေးလိုက်ရုံပဲ။ ကျွန်တော်ကတော့ အစမ်းမို့ မရွေးတော့ဘူး next နှိပ်လိုက်တယ်။

✔ ကဲ ရပါပြီဗျ။ Test ဆိုတဲ့ ကျွန်တော်ရဲ့
ကိုယ်ပိုင် page လေးတစ်ခု။ မိတ်ဆွေတို့လည်း ​ကျွန်တော်နဲ့အတူလိုက်လုပ်ကြည့်ရင် page လေးတစ်ခု ရလာပါလိမ့်မယ်။

Page လေးထောင်ပြီးတဲ့အခါမှာ ကိုယ့်ရဲ့ Friends တွေကို invite လုပ်ပြီး page ရဲ့ like တွေများလာအောင်လုပ်လို့ရပါတယ်။
Post တွေလည်း တင်လို့ရပါပြီနော်။

မိတ်ဆွေက online shopping လုပ်ချင်လို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် လုပ်ငန်း page တစ်ခု ထောင်ချင်လို့ပဲဖြစ်ဖြစ် အခုလို အလွယ်တကူ page တစ်ခု တည်ဆောက်ပြီး လုပ်ငန်းစတင်လို့ရပါပြီဗျာ။

တကယ်လို့ မိတ်ဆွေက page နဲ့ပက်သက်ပြီး ကျွမ်းကျွမ်းကျင်နားလည်တတ်မြောက်ချင်တယ်ဆိုရင်တော့
ကျွန်တော်တို့ Impression မှာဖွင့်ထားတဲ့ Facebook Marketing Online Class ကို တက်ရောက်နိုင်ပါတယ်ခင်ဗျာ

သင်တန်းလင့်
https://www.facebook.com/111546003730337/posts/301138038104465/

အားလုံးပဲ သဘောကျတယ်ဆိုရင် IMP လို့ ဝင်မန့်ပြီး Share လေးလုပ်သွားပေးဖို့မမေ့နဲ့အုံးနော် . . .

Photos from Impression - Digital Marketing Agency's post 03/02/2021

Facebook ပေါ်က video တွေကို အလွယ်ဆုံးဘယ်လိုဒေါင်းမလဲ ❓

ဒီနေ့ကတော့ အိမ်မှာနေရင်း video တွေ down ချင်တယ်ဆိုရင် လွယ်လွယ်လေးနဲ့ မြန်မြန်လေး down လို့ရတဲ့ အရာလေးတစ်ခုပြောပြချင်ပါတယ်နော် 🤩

အဲ့တာကဘာလေးလဲဆိုတော့ faebook ကနေ video down လို့ရတဲ့အရာလေးပါပဲ။ အဲ့တာက application လေးလားဆိုတော့ မဟုတ်ပါဘူး။ google ကရှာရုံနဲ့ရပါတဲ့ website လေးပါ။

👉🏻google ရဲ့ search bar ကနေ ပုံထဲကစာလေးကို ရှာလိုက်ပါ ။
👉🏻ပြီးရင် မိမိ down ချင်တဲ့ video လေးကို copy link လေးလုပ်ပါ။
👉🏻ပြီးရင် link လေးကိုEnter ဆိုတဲ့နေရာမှာ paste လေးချလိုက်ပါ။
👉🏻ပြီးရင် ဘေးက Download လေးကိုနှိပ်လိုက်ပါ။
👉🏻ပြီးရင်တော့ More options ကိုနှိပ်လိုက်ပါ။
👉🏻 SD နဲ့ HD ကြိုက်တာနဲ့ ဒေါင်းလို့ရပါတယ် ။ တစ်ချို့ကတော့ တင်ထဲက SD ပဲမို့ SD ပဲရတာမျိုးရှိတတ်ပါတယ် (AD တွေဝင်လာရင် အောက်ဆုံးနားက ရှေ့ကို ပြန်ထွက်တဲ့ < လေးကို နှိပ်ပြီး ပြန်ထွက်လိုက်ပါ )
👉🏻ပြီးရင် Download လေးကို နှိပ်ပေးပါ ဒါဆိုရပါပြီနော်။

အားလုံးပဲ အဆင်ပြေတယ်ဆိုရင် OK လို့မန့်ခဲ့ပေးပါနော်။
ကောင်းသော နေ့လေးပဲ ဖြစ်ပါစေ။
လူသားအားလုံးလဲ အဆင်ပြေပါစေခင်ဗျာ။

08/12/2020

အွန်လိုင်း မှာ စီးပွါးရေးစမယ်ဆိုရင် ဒီအချက် ၂ ကို သေချာ ကွဲပြားစွာ သိအောင်လုပ်ပါ ✌🏻
Facebook Profile နဲ့ page ဘယ်လို ကွာခြားသလဲ ?
☝🏻 Facebook Profile ဆိုတာ ကိုယ့်ရဲ့ ဖုန်းနံပါတ် (သို့) Gmail နဲ့ ဖွင့်ထားတဲ့ အရာကို ဆိုလိုပါတယ်
-ကိုယ့်ရဲ့ မိသားစုတွေ သူငယ်ချင်းတွေနဲ့ ဆက်သွယ်နိုင်မယ် ။ ကိုယ့်ပုံလေးတွေတင်မယ် ။ ရင်တွင်းခံစားချက် စာလေးတွေတင်မယ် ။ ဗဟုသုတစာတွေ ဟာသ video တွေ ဖတ်မယ် ကြည့်မယ် ။ သတင်းတွေ ဖတ်မယ် ။ ကိုယ့် အတွေးအခေါ်လေးတွေကို လဲ comment မှာချရေးမယ် ။ story လေးတွေတင်မယ် ။ ကိုယ့်ရဲ့ တစ်နေ့တာကို ကိုယ့်အသိတွေနဲ့ မျှဝေ တဲ့နေရာလေးပေါ့
☝🏻 page ဆိုတာ Profile ကနေ ပြုလုပ်နိုင်တဲ့ အရာပါ
-ဒါပေမဲ့ Page ဆိုတာကကျတော့ ကိုယ်ပိုင် စီးပွါးရေးလုပ်မယ် ။ ဖျော်ဖြေမှုတွေ လုပ်မယ် ။ သတင်းတွေ တင်မယ် ။ ကိုယ့် အသိတွေမိသားစုတွေနဲ့တင်မဟုတ်ပဲ တစ်ကမ္ဘာလုံးကိုပါ မျှဝေ ဆက်သွယ်လို့ရတာမျိုးပါ ။ကိုယ်ပိုင်စီးပွါးရေး လုပ်ငန်း အခုမှစတဲ့ အသေးလေးပဲ ဖြစ်စေ Company ပိုင်ရှင်ကြီးပဲဖြစ်စေ Page ကနေ ကြော်ငြာနိုင်ရင် ကြော်ငြာနိုင်သလောက် လူအများမြင်တာကြောင့် ကိုယ့် product တွေ အရောင်းသွက်လာနိုင်ပါတယ် ။
👩🏻Profile ထက်သာတဲ့အချက်ကတော့ Profile ဟာ လူ အယောက် ၅၀၀၀ ပဲ လက်ခံနိုင်ပါတယ် ထို ၅၀၀၀ ကပဲ မိမိ post တွေကို မြင်နိုင်ပါတယ် ထို ၅၀၀၀ နဲ့ပဲ တိုက်ရိုက်ဆက်သွယ်စကားပြောနိုင်ပါတယ်
📜Page ကတော့ ကန့်သတ်ချက်မရှိ လူပေါင်းသောင်းနဲ့သိန်းနဲ့ချီမြင်နိုင်တဲ့အပြင် တိုက်ရိုက်စကားပြောဆက်သွယ်နိုင်ပါသေးတယ် ။ ဒါ့အပြင် Page ဟာ မိမိကြော်ငြာနိုင်သလောက် ကြော်ငြာအင်အားသုံးပီး စီးပွါးရေး တိုးတက် စေနိုင်လို့ ဝင်ငွေပါအများကြီးတိုးနိုင်ပါသေးတယ် 👏🏻 ဒါပေမဲ့ စနစ်တကျ အသုံးပြုတတ်ဖို့တော့ လိုပါတယ် ။
အသုံးမပြုတတ်လို့လဲ အရင်းပြုတ်နေပါဦးမယ်နော် 🤔😛
မိတ်တွေတို့အတွက် အကျိူးရှိခဲ့ရင် share ပေးပါဦးခင်ဗျာ
နောက်များလဲ ယခုလို ဗဟုသုတလေးတွေ ဆက်လက် တင်ပြသွားပါဦးမယ်
“ အားလုံးပဲ သာယာကောင်းမွန်သောနေ့လေးပိုင်ဆိုင်နိုင်ပါစေခင်ဗျာ🙏🏻”

်တန်း

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 5/D, 5th Floor, Sein Yadanar Condo, Sein Yadanar Street, Kamayut Tsp.
Yangon
11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 05:00