TAS System Integration
31/10/2020
သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့)
+++++++++++++++++++++++++++++++
✍️ သီတင်းကျွတ်လပြည့်နေ့ သည် ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သူ မြန်မာလူမျိုးများတိုင်းအတွက်
နေ့ထူးနေ့မြတ်ကြီး တစ်နေ့ဖြစ်သည်။ သီတင်းကျွတ်လပြည့်နေ့တွင်
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် နတ်ပြည်၌ အဘိဓမ္မာခုနစ်ကျမ်းကိုဟောတော် မူပြီးနောက်
သင်္ကဿနဂိုရ်ပြည်သို့ ကြွမြန်းဆင်းသက်တော်မူ၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့်
မီးများ ထွန်းကာမြင့်မိုရ်ပွဲ ဆင်ယင်ကျင်းပကြခြင်းဖြစ်သည်။
✍️ လူအပေါင်းတို့သည် မြတ်စွာဘုရား သက်ဆင်းတော်မူသည်ကို ဖူးမျှော်ချင်ကြကြောင်း တောင်းပန်လျောက်ထား သဖြင့်
ရှင်မဟာမောဂ္ဂလာန်က ဘုရားရှင်အားမည်သည့်အခါ မည်သည့်အချိန်၌
လူ့ပြည်သို့သက်ဆင်းမည်ကို လျှောက်ထားသောအခါ ဘုရားရှင်က ငါဘုရားကို ဖူးမြော်လိုသူတို့သည် ရွာဦးကျောင်းသို့ ဥပုသ်သည်များ တရားနာသွားသကဲ့သို့ လာခဲ့ကြရမည်ဟု မိန့်ကြားတော်မူသည်။ ဤသည်ကို ရည်၍ သတင်းကျွတ်လပြည့်နေ့တွင် ဥပုသ်သီတင်းဆောက်တည်ကြခြင်းဖြစ်သည်။
✍️ သီတင်းကျွတ်လပြည့်နေ့ကို ဘုရားဆုပန်နေ့ဟုလည်း ခေါ်နိုင်လေသည်။ မြတ်စွာဘုရားသည် တာဝတိံသာမှ ဆင်းသက်လာသောအခါ ကိုယ်တော်တိုင် ပတ္တမြားစောင်းတန်းဖြင့် ဆင်း၍ လက်ယာဘက်ရွှေစောင်းတန်းဖြင့် နတ်တို့ခြံရံလိုက်ပါကာ လက်ဝဲဘက်ငွေစောင်းတန်းဖြင့် ဗြဟ္မာမင်းတို့ ခြံရံလိုက်ပါ လာလေသည်။ ထိုအခါ မြတ်စွာဘုရား၏ တင့်တယ်သော အသရေတော်ကိုဖူးမြင်ကြရသောအခါ ၃၆ ယူဇနာအတွင်း၌ ရှိသော
ပရိသတ်အားလုံးပင် ဘုရားဆုကို တောင်းကြသည်။ တစ်ယောက်သောသူမျှ ဘုရားဆုကို မတောင်းသူဟူ၍မရှိချေ။
ဤသည်ကိုရည်၍ ဘုရားဆုပန်နေ့ ဟု ခေါ်ထိုက်ခြင်းဖြစ်လေသည်။
✍️ ထို့အပြင် သီတင်းကျွတ်လပြည့်နေ့သည် ဝါတွင်းသုံးလ၏ နောက်ဆုံးနေ့ဖြစ်သဖြင့် ဝါဆိုတော်မူကြသော သံဃာတော်မြတ်တို့ သီတင်းသုံးရာ ကျောင်းသင်္ကန်းမှ လွတ်လွတ်ကျွတ်ကျွတ်သွားလာ
သီတင်းသုံးခွင့်ကိုလည်းရရှိကြသည်။ ဤသည်ကို အကြောင်းပြု၍ သီတင်းကျွတ်ဟူသော ဝေါဟာရပေါ်ပေါက်လာရခြင်းလည်းဖြစ်သည်။ ထို့အပြင် ဤနေ့အထိ ဝါဆိုကြသည့် သံဃာများသည် အလွန်မြတ်သော ကထိန်အလှူကို ခံယူထိုက်သော အခွင့်အရေးကိုလည်း ရရှိကြလေသည်။
✍️ အချုပ်အားဖြင့်ဆိုသော် သီတင်းကျွတ်လပြည့်နေ့သည် ရဟန်းတော်များဝါမှ ထသောနေ့၊ မြတ်စွာဘုရားရှင်သည် တာဝတိံသာ၌
အဘိဓမ္မာတရားတော်ကို ဝါတွင်းသုံးလပတ်လုံး ဟောကြားတော်မူ၍ အောင်မြင်စွာပြီးဆုံးသောနေ့ (ဝါ) အဘိဓမ္မာအခါတော်နေ့၊ နတ်ဗြဟ္မာအပေါင်းခြံရံလျက် တာဝတိံသာမှ သင်္ကဿနဂိုရ်ပြည်သို့ ဆင်းသက်တော်မူသောနေ့၊ စသည့် ဂုဏ်ထူး ဝိသေသ အထူးထူးဖြင့် ပြည့်စုံသော နေ့ထူးရက်မြတ်ကြီး တစ်နေ့ပင်ဖြစ်ကြောင်း TAS ၏ မိဘပြည်သူများအား ဒါနပြု ပြန်လည်မျှဝေ ပေးလိုက်ရပါသည်။
🙏🙏🙏 TAS ၏ မိတ်ဟောင်း ၊ မိတ်သစ်များအားလုံး ယနေ့တွင်ကျရောက်သည့် သီတင်းကျွတ်လပြည့်နေ့မှစ၍ Covid ကပ်ဆိုးကြီးကို ကျော်လွှားနိုင်ကြကာ နောင်နှစ်ပေါင်းများစွာတိုင် အနာရောဂါကင်းရှင်း၍ စီးပွားလာဘ်လာဘများ ဒီအရေအလားတိုးတက်ကြပါစေကြောင်းလည်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ... 🙏🙏🙏
13/10/2020
👍👍👍ကျွန်တော်တို့ TAS System Integration Co., Ltd. သည် EnGenius ၏ product များကို အသုံးပြု၍ Client များကို Wireless Service များ ပေးအပ်နေသည်မှာ နှစ်ကာလများစွာကြာမြင့်ခဲ့ပါပြီ..
အရည်အသွေးကောင်းမွန်သည့် အဆင့်မြင့် Product တစ်ခုဖြစ်သည့်အတွက် EnGenius နှင့် ယုံယုံကြည်ကြည်လက်တွဲခဲ့ခြင်းဖြစ်ပြီး ကျွန်တော်တို့၏ Wireless ဝန်ဆောင်မှုကို ရယူသုံးစွဲကြသည့် Customer များအားလည်း စိတ်ကျေနပ်မှုအပြည့်အဝ ပေးနိုင်ခဲ့ပါသည်။ 👍👍👍
🧑🎓🧑🎓🧑🎓ကျွန်တော်တို့ TAS အနေနှင့်လည်း Customer များကို ဝန်ဆောင်မှုများပေးအပ်ရာတွင်
EnGenius အသိမှတ်ပြုလက်မှတ်ရ နည်းပညာကျွမ်းကျင်ပညာရှင်များဖြစ်သည့် EnGenius Solution Specialist ၊ EnGenius Cloud Professional အစရှိသည့် Technical ကျွမ်းကျင် ပညာရှင်များ ဖြင့်သာ ဝန်ဆောင်မှုပေးအပ်လျက်ရှိပါသည်။ 🧑🎓🧑🎓🧑🎓
🥇🥇🥇ယခုအခါ ကျွန်တော်တို့ TAS သည် EnGenius ၏ တရားဝင်အသိအမှတ်ပြု Engenius Certified Partner လက်မှတ်ကို ထပ်မံရရှိခဲ့သည့်အတွက် အထူးပင်ဂုဏ်ယူ ဝမ်းမြောက်မိပါသည်။ ဒါ့အပြင် ကျွန်တော်တို့ ကုမ္ပဏီအတွက် နိုင်ငံတကာ အဆင့်မီ Certified Professional များမွေးထုတ်ပေးသည့်အတွက် EnGenius Myanmar နှင့်တကွ EnGenius အဖွဲ့သားများအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ကြောင်း
ပြောကြားလိုပါတယ်ခင်ဗျာ.. EnGenius ကုမ္ပဏီကြီးလည်း သည်ထပ်မက အောင်မြင်မှုတွေရရှိနိုင်ပါစေကြောင်း လည်း ဆန္ဒပြုပါတယ်ခင်ဗျာ.. 🥇🥇🥇
Click here to claim your Sponsored Listing.
Contact the business
Telephone
Website
Address
Room 202, Building 2, Parami Housing, Parami Road, Hlaing Township
Yangon
Opening Hours
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |
| Saturday | 09:00 - 17:30 |