Victoria Academy Language Center
11/02/2026
ဘာလို့ အခုခေတ် လူငယ်တွေ Slay, Slay နဲ့ ဖြစ်နေကြတာလဲ?
ဒီစကားလုံးကို Social Media ပေါ်မှာရော၊ အပြင်မှာပါ ခဏခဏ ကြားနေရပေမဲ့ တကယ်တမ်း ဘာကို ဆိုလိုတာလဲ? အဘိဓာန်ထဲကလို "သတ်ဖြတ်တာ" ကို ပြောတာလား?
တကယ်တော့ "Slay" ဆိုတာ အခုခေတ် လူငယ်တွေကြားမှာ အကောင်းဆုံးသော ချီးမွမ်းစကားတစ်ခုပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ တစ်ခုခုကို အမိုက်စား လုပ်ဆောင်နိုင်တာ၊ ဒါမှမဟုတ် ဖက်ရှင်ကျကျ လှပနေတာကို ဆိုလိုတာဖြစ်ပါတယ်။
ကဲ... ကိုယ့်ရဲ့ Daily Life မှာ "Slay" ဖို့အတွက် ဘယ်လို English စကားလုံးလေးတွေ သုံးလို့ရမလဲဆိုတာ ကြည့်လိုက်ရအောင်။
▪️Fashion & Looks (အလှအပနဲ့ ဖက်ရှင်အတွက်)
"You are slaying in that red dress!"
(အဲ့ဒီ ဂါဝန်အနီလေးနဲ့ မင်း တကယ်ကို အပြတ်အသတ် လှနေတာပဲ။)
"Wait, look at her... She came to slay!"
(နေဦး၊ သူ့ကို ကြည့်လိုက်ပါဦး... သူကတော့ ဒီနေ့ အားလုံးကို အမှောက်သိမ်းဖို့ (အလှဆုံးဖြစ်ဖို့) ရောက်လာတာပဲ။)
"Slay, Queen! 👑"
(မိမိုက်နေလိုက်တာ ဘုရင်မလေးရေ!)
◾️ Success & Performance (အောင်မြင်မှုနဲ့ လုပ်ဆောင်ချက်အတွက်)
"I know you’re going to slay that exam."
(မင်း အဲ့ဒီစာမေးပွဲကို အေးဆေး ဖြေရှင်းနိုင်မှာ (အကောင်းဆုံး ဖြေနိုင်မှာ) ငါ သိပြီးသားပါ။)
"She didn't just win; she slayed the whole competition."
(သူက နိုင်ရုံတင် မဟုတ်ဘူး၊ တစ်ပြိုင်ပွဲလုံးမှာ အကောင်းဆုံး စွမ်းဆောင်ပြီး အပြတ်အသတ်ကို သာသွားတာ။)
◾️Short & Trendy Phrases (တိုတိုနဲ့ ထိမိတဲ့ အသုံးအနှုန်းများ)
"Another day, another slay."
(နောက်ထပ် နေ့သစ်တစ်ခု၊ နောက်ထပ် အမိုက်စား စတိုင်လ်တစ်ခုပေါ့။)
"Wake up, pray, and slay."
(အိပ်ရာထ၊ ဆုတောင်း၊ ပြီးရင် အကောင်းဆုံးတွေ ဖန်တီးလိုက်။)
"You literally slayed it!"
(မင်း တကယ်ကို အမိုက်စား လုပ်နိုင်ခဲ့တာပဲ!)
"Slay" ဆိုတာ ကိုယ့်ရဲ့ အပြင်ပန်း အလှအပတစ်ခုတည်းကို ပြောတာမဟုတ်ဘဲ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တိုင်းမှာ ယုံကြည်မှုရှိရှိနဲ့ အကောင်းဆုံး ဖြစ်နေတာကို ဆိုလိုတာပါ။ ကိုယ်ဟာ ကျောင်းစာမှာပဲဖြစ်ဖြစ်၊ အလုပ်မှာပဲဖြစ်ဖြစ်၊ ဝါသနာပါတဲ့ အရာတစ်ခုခုမှာပဲဖြစ်ဖြစ် အားလုံးထက် ထူးချွန်နေရင် ကိုယ်ဟာ "Slaying" ဖြစ်နေပါပြီ။ဒါကြောင့် ဘယ်သူက ဘာပြောပြော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့သာ ရှေ့ဆက်လိုက်ပါ။ You got this! ✨
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Times City
Yangon