Marias Studio

Marias Studio

Share

Photos from Marias Studio's post 17/02/2026

တရုတ်နှစ်သစ်ကူးမှာ ယုံကြည်မှုအရ တားမြစ်ထားတဲ့ အရာတွေက ဘာတွေလဲ...🏮

13/02/2026

ဘော်ဒါဆောင်တခုမှာ ဆယ်တန်း (စနစ်ဟောင်း) အင်္ဂလိပ်စာ 𝗟𝗼𝗼𝗸𝗶𝗻𝗴 𝗚𝗼𝗼𝗱 ကို သင်နေတဲ့အချိန် ကျောင်းသားတွေ အိပ်ငိုက်နေတာ သတိထားမိတဲ့ တီချယ်က စာသင်တာကို ခဏရပ်ပြီး စကား စပြောတယ်…

❝ အလှအပစံနှုန်းတွေမှာ အသားညိုညို၊ ဗလတောင့်တောင့်၊ အရပ်ရှည်ရှည်နဲ့ ယောက်ျားဆန်တဲ့ ကောင်လေးတွေကိုမှ ချောတာလို့ သတ်မှတ်ထားတာ…
တချို့ကောင်မလေးတွေကတော့ အသားဖြူဖြူ၊ ပိန်ပိန်သွယ်သွယ်နဲ့ ချစ်စရာကောင်လေးတွေကို သဘောကျကြမှာပေါ့…
တီချယ် တပည့်တွေထဲမှာရော ဘယ်လို ကောင်လေးတွေကို သဘောကျကြလဲ ❞ တဲ့…

တီချယ့်စကားကြောင့် မျက်လုံးကို ဒေါက်ထောက်ပြီး ပြူးနေအောင် ဖွင့်ထားရတဲ့ ကျွန်မက အသံဆာဆာနဲ့ ထဖြေလိုက်တယ်…

❝ သမီးကတော့ အသားဖြူဖြူ၊ ပိန်ပိန်သွယ်သွယ်နဲ့ ချစ်စရာကောင်လေးတွေကိုပဲ သဘောကျတယ် တီချယ် ❞

ဖြေလည်းဖြေရင်း စာသင်ခန်းရဲ့ ထောင့်စွန်းနားမှာထိုင်နေတဲ့ ဖြူဖြူဖွေးဖွေး ရည်းစားလေးကို လှမ်းငေးလိုက်ရင်းနဲ့ပေါ့…

❝ တော်ကြာ တီချယ့်စကားကြောင့် သမီးရည်းစားလေး အားငယ်သွားပါဦးမယ် ❞ ဆိုပြီး စိတ်ကူးထဲကနေတောင် အသားယူလိုက်သေးတယ်…

တီချယ်ကတော့ မျက်စောင်းတချက်ထိုးပြီး မသိချင်ယောင်ဆောင်ရင်း စာဆက်သင်တာပေါ့…

ပြန်တွေးကြည့်လိုက်ရင် ရယ်တော့ရယ်ရသား…
အကို့ကို အဖြေပြန်ပေးဖြစ်ခဲ့တဲ့ အကြောင်းက ချစ်လို့တော့ မဟုတ်ခဲ့ဘူး… အကို့ရုပ်ရည်နဲ့ အသားအရေက ငြင်းပစ်လိုက်ဖို့အတွက် နှမြော​​​​​​​​​​​​​​​​​​​​စရာ ကောင်းလွန်းလို့လေ…

နောက်တခုက သူ ကျွန်မကို ဇွဲကောင်းကောင်းနဲ့ အဖြေလိုက်တောင်းတဲ့အချိန် ကျွန်မ မူနေခဲ့တဲ့ရက်တွေများလို့ ❝ အအိပ်ပျက် အစားပျက်နဲ့ မင်းမချစ်ရင် ဘဝပျက်သွားပါလိမ့်မယ် ❞ ဆိုတဲ့ ပလီပလာ စကားတွေကြားမှာ ရည်းစားမထားဖူးတဲ့ ဆယ်ကျော်သက်မလေးတယောက် ကြွေကျသွားတယ် ဆိုပါတော့…

အမျိုးသားသီးသန့် အဆောင်ထဲကနေ ပအိုဝ့်ဝတ်စုံလေးနဲ့ သန့်သန့်ကလေး ထွက်လာတဲ့ရက်တွေဆို ကျွန်မ မျက်လုံးအကြည့်တွေက အကို့ဆီမှာ ဝဲနေလိုက်ပုံများ ❝ ဘယ်သူက ဘယ်သူ့ကို စကြိုက်တာလဲဟယ် ❞ လို့တောင် ဝိုင်းမေးယူရလောက်တဲ့အထိပဲ…

ပြောသာပြောတာ သူ ကျွန်မကို ဘာလို့များ ကြိုက်ခဲ့လဲ ဆိုတာကို ကျွန်မ အခုချိန်ထိ စဥ်းစားလို့မရဘူး။

ကျွန်မပုံစံက ချေမိုးပြီး တင်းမာနေတဲ့ မျက်နှာထားနဲ့ မာနက ခပ်ကြီးကြီးရယ်…
ယောက်ျားပုံဆံပင်ကေနဲ့ အသားက ခပ်ညိုညို၊ ဝတ်လိုက်ရင်လည်း ဗရိုဗရဲ အင်္ကျီအပွကြီးတွေနဲ့…

ကောင်လေးတော်တော်များများက ကျွန်မကို ရည်းစားစကားပြောဖို့မပြောနဲ့၊ စဖို့၊ နောက်ဖို့တောင် ကြောက်ကြတယ်လို့တောင် ပြန်ကြားရတယ်။

ဒီကြားထဲ လူကလည်း တခါတလေဆိုရင် ဖိနပ်အမြင့်ကြီးနဲ့ ချော်ကျလိုက်၊ မှောက်လဲလိုက်…
တခါတလေကျတော့လည်း အတန်းနောက်ကျလို့ မပြင်မဆင် မဖီးမလိမ်း မျက်နှာပြောင်ကိုမှ ထမိန်က ဇောက်ထိုးဖြစ်နေလိုက်နဲ့ အတော့်ကို ကယက်ထခဲ့မှာပဲ…

သူကတော့ ဝတ်တတ်စားတတ် ခပ်သန့်သန့်ရယ်၊ လမ်းလျှောက်ရင် မြောက်ကြွမြောက်ကြွနဲ့ အစအနောက်သန်လို့ အမြင်ကပ်စရာကောင်းတာက လွဲရင် ရုပ်က အတော်လေး ချောတယ်လို့ ပြောရမယ်…

ကျွန်မတို့ ဘော်ဒါမှာ စည်းကမ်းတခုရှိတယ်…
အဲ့တာက ရည်းစားမထားရဘူး…
ရည်းစားထားတာကို လက်ပူးလက်ကြပ်မိတာနဲ့ ဘောင်ဒါတဆောင်လုံးက လူတွေအရှေ့မှာ ရေစိမ်ထားတဲ့ ကြိမ်လုံးနဲ့ အရိုက်ခံရမယ်တဲ့…

ယောက်ျားလေးတော်တော်များများကတော့ ဒီလိုအခြေအနေမှာ ❝ ကျွန်တော်ကသာ တဖက်သတ်ကြိုက်တာပါ သူနဲ့ ဘာမှမဆိုင်ရပါဘူး ❞ ဆိုပြီး ကာကွယ်ကြတာချည်းပါပဲ…

ကျွန်မရည်းစား ဖိုးသခွားကတော့ အဲ့လိုမျိုး စစ်တဲ့အချိန်ရောက်တိုင်း ❝ ပြတ်ချင်ယောင် ဆောင်ကြရအောင်နော် တကယ်မပြတ်ဘူးနော် ကိုကိုတို့ နှစ်ယောက်တည်း တိတ်တိတ်လေး တွဲကြမယ် ❞ ဆိုပြီး စာရေးတော့တာပဲ…

ကျွန်မကလေ အတော်လေးကို 𝗔𝘁𝘁𝗮𝗰𝗵𝗺𝗲𝗻𝘁 များတဲ့လူစားမျိုးပဲ… သူ့ကို တကယ်မချစ်ဘဲ တွဲခဲ့တာတောင်မှ တော်တော်လေးကို စိတ်နှစ်ပြီး သဘောကျခဲ့တာ… ကျွန်မဘဝရဲ့ ရည်းစားဦးလည်းဖြစ်တော့ သူ့ကို ပညာရေးကနေစပြီး ဘဝမှာ အစစအရာရာ အောင်မြင်စေချင်တယ်…

ကျွန်မအနေနဲ့ သူ့အတွက် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာအရပါ တိုးတက်အောင်မြင်ဖို့ အကူအညီ၊ အထောက်အပံ့ကောင်းတခု ဖြစ်ချင်ခဲ့တာ…

ကျွန်မစိတ်ထဲမှာတော့ သူက ကျွန်မရဲ့ ❝ ဂုဏ်သိက္ခာ ❞ တခုလို့ကို သတ်မှတ်ထားတာပဲ…

ဒီစိတ်က ဘယ်လောက်အထိ ပြင်းထန်လဲဆိုရင် ❝ သူစာမေးပွဲ ကျတယ် ❞ လို့ ကြားရတာနဲ့ ကျွန်မ မျက်နှာတခုလုံး နီရဲပြီး ပူထူလာတော့တာ…

ဒါတွေကြောင့်ပဲ ကျွန်မ သူ့အပေါ်မှာ ဖိအားတွေ အများကြီး ပေးခဲ့မိတယ် ထင်ပါရဲ့… ကျွန်မတို့နှစ်ယောက် တယောက်ကိုတယောက် စွဲလန်းခဲ့ကြပေမဲ့ သဝန်တိုစိတ်တွေ၊ သဘောထားကွဲလွဲမှုတွေနဲ့ အမြဲ ပူလောင်နေခဲ့ရတယ်…

ပြတ်ဆဲခဲ့သမျှ အကြိမ်ကြိမ်တိုင်းမှာလည်း မာနကြီးလွန်းပါတယ်ဆိုတဲ့ ကျွန်မကပဲ ချော့လိုက် ခြောက်လိုက်နဲ့ အမြဲပြန်ဆွဲထားခဲ့ရတာလေ…

တကယ့်ကို 𝗧𝗼𝘅𝗶𝗰 𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽 ကြီးပါပဲ…

လမ်းခွဲပြီးတဲ့နောက် ရင်နာစရာကောင်းအောင် ကျွန်မပြန်ကြားရတဲ့ စကားတခွန်းက ❝ မေက မာနကြီးပေမဲ့ စိတ်ထားကောင်းပါတယ် ငါသူ့ကို ထပ်ပြီး ဒုက္ခမပေးချင်တော့ဘူး ❞ တဲ့…

အဲ့ဒီတကြိမ်မှာတော့ ကျွန်မလည်း ဆက်ဆွဲထားဖို့ ခွန်အားမရှိတော့လို့ သူထားခဲ့သလိုပဲ ကျန်နေခဲ့လိုက်ပါတော့တယ်…

ကျွန်မဘဝမှာ နောင်တအရဆုံးနဲ့ ပြန်ပြင်ဖို့ ဆန္ဒအရှိဆုံး အမှားတခုကိုပြောပါဆိုရင် သူနဲ့ပတ်သက်ခဲ့မိတဲ့အချိန်တွေပါပဲ…

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Insein
Yangon