TILA Japanese Language School

TILA Japanese Language School

Share

16/09/2020

#မရှယ်ပါနဲ့_ကူးယူပြီး_ပို့စ်တင်ပေးကြပါ

Dr. ဝင်းသန္တာဖြူ (ဆေးရုံအုပ်)
မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး

မိဘပြည်သူများရှင် ...

အရေးကြီးလို့ သတိပေးတောင်းဆိုပါရစေ။ အဓိက လူနာအရေအတွက်ရှေ့ပြေးနေတဲ့ ကျွန်မတို့ မြို့ရွှေရန်ကုန်ကမိဘပြည်သူများ ...

၁။ တတ်နိုင်သမျှ အိမ်ပြင်မထွက်ဘဲနေလို့ရလျှင် အိမ်ထဲမှာနေရန်။

၂။ လိုအပ်၍လမ်းထွက်တိုင်း Mask ကို နှာခေါင်းနှင့်ပါးစပ်တို့ကိုလုံအောင်တပ်ပါ။

၃။ #မေးစေ့တွင်လုံးဝမချိတ်ပါနဲ့။ မေးစေ့တွင်ချိတ်ထားစဉ် နှာခေါင်း၊ ပါးစပ် ပတ်ဝန်းကျင်တွင် ပိုးများကပ်နေနိုင်ခြင်း၊(သို့) အသက်ရှူစဉ် ပါသွားခြင်း (သို့) မေးစေ့ကနေ အပေါ်သို့ ဆွဲအုပ်လိုက်ပါက အကယ်၍ ရောဂါပိုးရှိ‌ နေသော ပတ်ဝန်းကျင် ဖြစ်နေပါက ရောဂါပိုးများ အလုံးလိုက် အုပ်ရှူခိုင်းသလို ဖြစ်တဲ့အတွက် အန္တရာယ် အထူးများပါတယ်။

၄။ သုံးပြီးသား Mask အလွယ်တကူ လွှင့်မပစ်ပါနဲ့။

၅။ Face Shield ထပ်တပ်လိုက တပ်နိုင်ပါသည်။ သို့သော် Mask မတပ်ဘဲ Face Shield တခုတည်း တပ်၍ ရောဂါ ကူးစက်မှုကို မကာကွယ်နိုင်ပါ။

၆။ အပြင်က ပြန်လာသည်နှင့် လက်ဆေးပါ။ အဝတ်အစား တခါတည်းဆပ်ပြာရည်စိမ်ပါ။ ရေချိုးလျှင် အကောင်းဆုံးပါ။ အသုံးပြုပြီး Mask ကို ဆပ်ပြာရည် စိမ်ထားသော အလုံပိတ်ဗူးနှင့် အိမ်အဝင်တွင် ထား၍ စွန့်ပစ်ပါ။

၇။ အပြင်ထွက်လျှင် Hand Gel ဆောင်ပါ။

၈။ အိပ်ရေးဝအောင် အိပ်၍ အဟာရ ပြည့်ဝအောင် စားပါ။

၉။ အချိန်နှင့် တပြေးညီ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းများကို တိကျစွာ လိုက်နာပါ။

၁၀။ အနည်းဆုံး ၂ ပတ်လောက် အနေအထိုင်၊ အပြုအမူ၊ အသွားအလာ ထိန်းပေးပါ။

#မိမိအသိစိတ်ဖြင့်_Semi_Lock_Down_လုပ်ပါ။

၁၁။ မိမိ စားဝတ်နေရေးအတွက် အပြင်ထွက် စီးပွားရှာရင်း၊ အိမ်သို့ ရောဂါပိုးများ ပြန်သယ်မသွားဖို့သည် တစ်ဦးစီ၏ လိုက်နာ ထိန်းသိမ်းရမည့် ကျင့်ဝတ်ဖြစ်ပါသည်။

၁၂။ ဆေးရုံတွေမှာ အနံ့မရ၊ အရသာမရှိ၊ ဖျား၍ ရောက်ရှိလာသော လူနာ အရေအတွက်၊ Suspected Case တွေ များပြားလာနေတာမို့ မိဘပြည်သူ မည်သူ တစ်ဦးတစ်ယောက်ကိုမျှ အစွန်းအထင်း အပွန်းအပဲ့ မခံလိုသဖြင့် မိမိ မဆင်ခြင်မိတဲ့ ခဏတွင် အိမ်က ဘိုးဘိုးဖွားဖွား နာတာရှည်လူနာများ၊ သားငယ်၊ သမီးငယ်များကို မထိခိုက်စေပါရန် အားလုံး စောင့်ထိမ်း လိုက်နာပေးကြပါလို့ မေတ္တာထား သတိပေးပါရစေ။

Dr. ဝင်းသန္တာဖြူ
ဆေးရုံအုပ်
မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး #မရှယ်ပါနဲ့_ကူးယူပြီး_ပို့စ်တင်ပေးကြပါ

04/08/2020

さしすせそ
ဒါလေးတွေနဲ့ အစပျိုးထားတဲ့ စာလုံး အနည်းငယ်ကို
မှတ်သားကြည့်ကြရအောင်✊🏻✊🏻

23/07/2020

ကဲ ဂျပန်စာအခြေခံကို သီချင်းလေးဆိုပြီး လေ့လာကြရအောင်။ 🤗🤗

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

No. 12, 5th Floor, Hledan Road, 3rd Ward, Kamayut Township, Yangon Region
Yangon
11041

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00