Mal Nan Pan Cooking Channel
09/09/2025
♨️အကြော်စုံပူ ပူလေးနဲ့ မကျည်းချဥ် ချဥ်ချဥ်စပ်စပ်လေး 🌶️🌶️ကို ထမင်း 🍚နဲ့ တွဲစားရတာ ကြိုက်တဲ့ ကိုကိုမမ တို့ရှိကြလားရှင့်။ 💁🏻♀️💁🏻♀️မယ်နန်းပန်တို့ တော့ ကြိုက်တတ်လို့ မကြာမကြာလုပ်စားဖြစ်ပါတယ်။ ဆီပြန်ဟင်းတွေ စားရတာ ငြီးငွေ့နေရင် အိမ်မှာလုပ်စားကြည့်နော် ထမင်းရှယ်မိန်စေရမယ်ရှင့်။ 🤗
07/09/2025
ဒီတစ်ခါတော့ မယ်နန်းပန်က လူကြိုက်များမယ့် ကြက်ကောင်လုံး ပေါင်းနည်းလျှို့ဝှက်ချက်ကို ပြောပြပေးမယ်နော်! 🐔✨ ဒီ အိမ်မှာ ကိုယ်တိုင်လုပ်စားရတာက ဈေးကြီးကြီးပေးပြီး ဆိုင်မှာစားတာထက် အရသာရှိရုံတင်မကဘူး၊ စိတ်ကျေနပ်မှုလည်း အပြည့်ရမှာပါ။
🍗 ပါဝင်ပစ္စည်းများ (၄ ယောက်စာ)
ကြက်ကောင်နုနု - ၁ ကောင် (၇၀ ကျပ်သားခန့်)
နှမ်းဆီမွှေး - ၁ ဇွန်း
သီဟိုဠ်စေ့ - ၂ ကျပ်ခွဲသား
ကြက်သွန်ဖြူ - ၁၀ မြွာ
ဆား/သကြား - လိုအပ်သလို
ဖာလာ/ဇီရာ/နံနံစေ့ - အနည်းငယ်စီ
ထောပတ်ဆီ - ၂ ပန်းကန်လုံး
ကြက်အသည်း/အမြစ် (ကလီစာမှ)
👩🍳 ပြုလုပ်ပုံ နည်း အဆင့်ဆင့်
၁။ ကြက်ကိုအရင် သန့်စင် ပါ - ကြက်ကို အမွေးအမှင် စင်ကြယ်အောင်လုပ်ပါ။ ကလီစာတွေအကုန်ထုတ်ပြီး အတွင်းအပြင် ရေသေချာဆေးပါ။
၂။ အဆာပြင်ဆင်ပါ - ကြက်အသည်းနဲ့အမြစ်ကို နုတ်နုတ်စင်းထားပါ။ သီဟိုဠ်စေ့နဲ့ အမွှေးအကြိုင်တွေကို ထောပတ်ဆီနဲ့ကြော်ပါ။ပြီးနောက် နုတ်နုတ်စင်းထားတဲ့ ကြက်သဲမြစ်များနှင့် ေ၇ာေကြာ်ပါ။
၃။ ကြက်ကိုအရသာသွင်းပါ - ကြက်တစ်ကောင်လုံးကို နှမ်းဆီ၊ ဆား၊ သကြားတို့နဲ့ သုတ်လိမ်းပါ။
၄။ အဆာသွတ်ပါ - ကြော်ထားတဲ့အဆာတွေကို ကြက်ဗိုက်ထဲပြန်ထည့်ပြီး အပ်ချည်နဲ့ချုပ်ပါ။
၅။ အရေပြားတင်းရုံ ကြက်က်ို ကြော်ပေးပါ - ထောပတ်ဆီနဲ့ ကြက်အရေပြား တင်းရုံပဲကြော်ပေးပါ။
၆။ ပေါင်းပါ - ဒန်အိုးကြီးထဲမှာ ရေထည့်ပြီး အပေါ်ကကြက်တင်ကာ ရေနွေးငွေ့နဲ့ ၁ နာရီခန့် ပေါင်းပေးပါ။
💡 သတိပေးချက် - ကြက်ကို သေချာမဆေးရင် အနံ့အသက်ထွက်နိုင်တာမို့ အနည်းဆုံး ၃ ကြိမ်လောက်ဆေးဖို့ မမေ့နဲ့နော်!
ကဲ... ဘယ်လိုလဲ? နည်းနည်းတော့ အလုပ်ရှုပ်တယ်မလား? 😅 ဒါပေမယ့် စားလိုက်ရင် ဒီအရသာကို တစ်သက်လုံး မမေ့နိုင်တော့တာ အာမခံပါတယ်! မိသားစုအတွက် အထူးဟင်းလျားတစ်ခုချက်ချင်ရင် ဒီနည်းလေးကို သုံးလို့ရပါတယ်။
Comment မှာတော့ မယ်နန်းပန်ကို ဘယ်လိုဟင်းမျိုးတွေ နောက်ထပ်ချက်ပြပေးစေချင်လဲဆိုတာ ရေးသွားကြပါဦး။
Share လုပ်ထားခဲ့ကြဖို့လည်း မမေ့နဲ့နော်!
#ကြက်ကောင်လုံးပေါင်း #မြန်မာ့ရိုးရာဟင်း #မယ်နန်းပန်
Click here to claim your Sponsored Listing.
Category
Address
Yangon