ReveVista

ReveVista

Share

Photos from ReveVista's post 14/02/2025

ဒါကတော့ ကိုယ့်အကြောင်းကိုယ် အမှတ်တရအနေနဲ့ရေးတဲ့ပိုစ့်ပါ 🤭

လွန်ခဲ့တဲ့ ၃နှစ်လောက်က ရုတ်တရက်ကြီး digital illustration ဆွဲချင်လိုက်တာ ထဖြစ်ရော
သင်တန်းတက်ချင်ပေမယ့်အဲ့တုန်းက brandထဲထည့်နေရလို့ လက်ထဲပိုက်ဆံကပြတ်နေတာနဲ့ သင်တန်းမတက်ရလည်းဘာဖြစ်လဲ ငါ့ဘာသာ Youtubeကနေ ကြည့်သင်မယ်ဆိုပြီး ၃/၄ရက်လောက်နဲ့ အောက်ကပုံ ၃ပုံ ကိုဆွဲနိုင်ခဲ့တာ အမှတ်တရပါပဲ 🥹
ipad မဝယ်နိုင်သေးလို့ ss က ibis နဲ့ဆွဲခဲ့တာပါ

သေချာကြည့်ရင်လိုင်းတွေ မညီပေမယ့် အဲ့ပုံတွေဆွဲအပြီးသေချာထပ်ကျင့်ပြီး local brandတွေကိုပုံဆွဲပေးရင်း ပိုက်ဆံပါဝင်ခဲ့တာလည်းအမှတ်တရပါပဲ

bkkရောက်မှသာကျောင်းပိတ်ရက်မို့သင်တန်းတက်ခဲ့တာပါ အစထဲက သင်တန်းတက်ပြီးဆွဲခဲ့တာမဟုတ်ပါဘူး

watercolor တုန်းကလည်းအဲ့လိုပါပဲ Youtube ကြည့်ပြီး ချတဲ့ ပထမဆုံး ၃ပုံပါ 🥹

ကိုယ့်အတွက်ကတော့လေ တစ်ခုခုကိုသင်ယူချင်ရင် တတ်ချင်တဲ့စိတ်တကယ်သာရှိရင် ဖြစ်ကိုဖြစ်လာမှာပါလို့ ခံယူထားပါတယ် 🙆🏻‍♀️

Photos from ReveVista's post 21/12/2024

Fashion history နဲ့ပတ်သတ်ပြီး လေ့လာချင်တယ်
ဘယ်ကရှာဖတ်ရမလဲမသိဘူး ဆိုတဲ့လူတွေအတွက် အမ ဒီစာအုပ်လေးကို recommend ပေးပါတယ် 🙆🏻‍♀️

သူက page 500နီးပါးရှိပြီးတော့ လေ့လာသင့်တဲ့စာအုပ်ထဲ ပါတယ်လို့အမကတော့မြင်ပါတယ်

google မှာ pdf drive လို့ရိုက်ရှာပြီး အဲ့ဒီကနေတစ်ဆင့် free downloadလုပ်လို့ရပါတယ်

အဲ့ဒီမှာ ဒီစာအုပ်ပဲမဟုတ်ပဲ textile, sewing စတဲ့fashion နဲ့ဆိုင်တဲ့ စာအုပ်တွေရော တခြား နယ်ပယ်က စာအုပ်တွေပါdownလို့ရပါတယ်နော်
စာအုပ်ဝယ်တာက ပိုကောင်းပေမယ့် ကိုယ့်နိုင်ငံအခြေအနေနဲ့ကျ ဝယ်ဖို့မလွယ်တဲ့စာအုပ်တွေရှိတဲ့ အတွက် ဖတ်လို့ရအောင်ညွှန်းပေးလိုက်ပါရစေ🙆🏻‍♀️

စာအုပ်ထဲမှာပါတဲ့ တချို့ကို ပုံထဲမှာပြထားပေးတယ်နော်💗

Photos from ReveVista's post 24/10/2024

fashion fieldထဲ ဘယ်ကဘယ်လို စရောက်လဲဆို dressပုံတွေဆွဲတာကို ကြိုက်ရင်းကနေရောက်လာတယ်လို့ပြောရမှာပဲ

ပထမဆုံး ပုံဆို ၉တန်းတုန်းကစာမကျက်ပဲ အရိုက်ခံပြီး ထိုင်ဆွဲခဲ့တဲ့ပုံ🤭

တဖြည်းဖြည်းချင်းလေ့လာရင်းနဲ့ဒီလောက်ထိဆွဲနိုင်သွားခဲ့တာလေးကိုအမှတ်တရအနေနဲ့ထားချင်လို့ ရယ် အိပ်မက်တွေနောက်တကယ်လိုက်နိုင်ခဲ့တဲ့အတွက် ပျော်ရလို့ရယ်ကြောင့်တင်လိုက်တာပါ

Photos from ReveVista's post 27/09/2024

1st yrလည်းပြီးသွားပြီဆိုတော့ အမှတ်တရအနေနဲ့ သိမ်းရင်း CIDIမှာ fashion show ပါဖို့ ဘယ်လိုအဆင့်ဆင့်လုပ်ခဲ့ရလည်း sharing လုပ်ပေး
ပါရစေရှင့် 🫶
ပုံအောက်မှာတစ်ဆင့်ချင်းရေးပေးမှာမို့ နဲနဲလေးပဲဖြစ်ဖြစ်အထောက်အကူဖြစ်ဖို့မျှော်လင့်ပါတယ်💗

Want your business to be the top-listed Clothing Store in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
10260