Myanmar FPGA Platform

Myanmar FPGA Platform

Share

21/07/2023

" #မိုက်ခရိုပရိုဆက်ဆာဆိုတာ_ဘာလဲ "

လွန်ခဲ့သောအနှစ်လေးဆယ်အတွင်း ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးကို မမှတ်မိနိုင်လောက်အောင် ပြောင်းလဲစေခဲ့တဲ့အရာကို ပြပါဆိုလျှင် မိုက်ခရိုပရိုဆက်ဆာကို ပြရမှာဖြစ်ပါတယ်။ မိုက်ခရိုပရိုဆက်ဆာတွေနဲ့ တည် ဆောက်ထားတဲ့ ကွန်ပျူတာတွေ၊ ဖုန်းတွေနဲ့ အခြားသော အီလက်ထရောနစ်ပစ္စည်းတွေဟာဆိုရင် ယနေ့ခေတ်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် အခြားသော နယ်ပယ်များတွင် များစွာအသုံးဝင်လျက်ရှိပါတယ်။ ၎င်းမိုက်ခရိုပရိုဆက်ဆာတွေကို ဟာ့ဒ်ဝဲ (Hardware) ပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ထားပြီး အသုံးပြုသည့်နယ်ပယ်အလိုက် အမျိုးမျိုးသော ပုစ္ဆာပြဿနာများကို ဖြေရှင်းနိုင်သော်လည်း မိုက်ခရိုပရိုဆက်ဆာတွေဟာဆိုရင် ပရိုဂရမ်ညွှန်ကြားမှု အစီအစဉ်ဖြင့် ဘိုင်နရီကိန်းများ (ဒေတာများ) ၏ ဂဏာန်းသင်္ချာနှင့်လော့ဂျစ်သင်္ချာကိုသာ တွက်ချက်နိုင်သည့် အီလက်ထရောနစ်ပစ္စည်းများသာဖြစ်ပါတယ်။
ဖွဲ့စည်းပုံ - မိုက်ခရိုပရိုဆက်ဆာကို အဓိကအားဖြင့် တွက်ချက်စက် (Operating Device – OD)၊ ထိန်းချုပ်စက် (Control Device - CD)၊ ဒေတာသိမ်းပစ္စည်း (Memory) နှင့် ကြားခံပစ္စည်းများ (Interface Devices) များဖြင့် တည်ဆောက်ထားပါတယ်။ ရှေးဦးစွာ တွက်ချက်ခြင်းခံရမည့် ဒေတာများကို ဒေတာသိမ်းပစ္စည်းထဲ၌ သိမ်းဆည်းထားပါတယ်။ ထို့နောက်တွက်ချက်စက်သည် မှတ်ဉာဏ်ပစ္စည်းမှ ပေးပို့လာသော ဒေတာများ၏ ဂဏာန်းသင်္ချာနှင့်လော့ဂျစ်သင်္ချကို တွက်ချက်ပေးပါတယ်။ တွက်ချက်မှုလုပ်ငန်းကို ထိန်းချုပ်ပေးရန် ပရိုဂရမ်ညွှန်ကြားချက်များ (program instructions)ကို ထုတ်ပေးနိုင်သော ထိန်းချုပ်စက်ကို သုံးထားပါတယ်။ ကြားခံပစ္စည်းများကို ပြင်ပပစ္စည်းများနှင့် မိုက်ခရိုပရိုဆက်ဆာ၏ အီလက်ထရောနစ်/လော့ဂျစ်ပိုင်းဆိုင်ရာ ချိတ်ဆက်ပေးမှု နှင့် ၎င်းတို့အကြား ဒေတာများ၏ လဲလှယ်မှုအတွက် အသုံးပြုပါတယ်။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon