3P Organization
21/04/2026
Vanzam Mawng duhtu mino pawl hrang Big Opportunity rori si.
Theihkaunak, tuih kan rampi vanzam MNA hotu bik hi Chin pa, Captain Khup Khan Mung asi.
လေကြောင်းလုပ်ငန်းကို စိတ်ဝင်စားပြီး လေယာဉ်မှူးတစ်ယောက်ဖြစ်ချင်သည့် အိပ်မက်ကို အကောင်အထည်ဖော်လိုသူများအတွက် ရည်ရွယ်၍ Cadet Pilot Program ကို Myanmar Airways International (MAI) နှင့် အင်ဒိုနီးရှားအခြေစိုက် Perkasa Flight School တို့ ပူးပေါင်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်တွင် သင်တန်းသားများအား အင်ဒိုနီးရှားနိုင်ငံရှိ Perkasa Flight School တွင် နိုင်ငံတကာအဆင့်မီ သင်ရိုးညွှန်းတမ်းများဖြင့် စနစ်တကျ လေ့ကျင့်ပေးရန်ဖြစ်ပြီး သီအိုရီပိုင်းဆိုင်ရာ ဗဟုသုတများ၊ လက်တွေ့ ပျံသန်းမှုများနှင့် ပျံသန်းမှုသရုပ်ပြလေ့ကျင့်စက်ဖြင့် လေ့ကျင့်မှုများကို ပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။
ပရိုဂရမ်ကာလအတွင်း စွမ်းဆောင်ရည်ကောင်းမွန်သော သင်တန်းသားများအား MAI ၏ သတ်မှတ်ထားသော အလုပ်ခန့်အပ်ခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လေယာဉ်မှူးအဖြစ် ခန့်အပ်ရာတွင် ဦးစားပေးစဉ်းစားသွားမည်လည်း ဖြစ်သည်။
အဆိုပါပရိုဂရမ်အား အထက်တန်းအောင်မြင်ပြီးသူများနှင့် အသက် (၁၇) နှစ် ပြည့်ပြီးသူများ လျှောက်ထားနိုင်ပြီး အင်္ဂလိပ်ဘာသာစကားအရည်အချင်းစစ်စာမေးပွဲ (TOEIC) ရမှတ် အနည်းဆုံး (၅၀၀) ရှိထားရမည်ဟု သိရသည်။
ဝင်ခွင့်ရရှိရန်အတွက် လေယာဉ်မောင်းနှင်မှုပင်ကိုယ်ပါရမီစစ်ဆေးမှု (Flight Simulator Aptitude Test)၊ စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်မှု (Psychological Assessment) နှင့် သင်္ချာ (Math) နှင့် ရူပဗေဒ (Physics) ရေးဖြေစာမေးပွဲတို့ကို ဖြေဆိုရပါမည်။
လျှောက်ထားလိုသူများသည် လျှောက်လွှာဖောင်အား ဒေါင်းလုဒ်ဆွဲ ဖြည့်စွက်ပြီး [email protected] သို့ အီးမေးလ် ပေးပို့ရပါမည်။ ထို့နောက် လျှောက်လွှာဖောင် (Hardcopy) ကို ပြည်လမ်း၊ IBC မှာရှိသည့် MAI ရုံးချုပ်တွင် မေလ (၈) ရက် နောက်ဆုံးထား သွားရောက်တင်ပြရမည်ဖြစ်သည်။
လျှောက်လွှာနှင့်တကွ အနည်းဆုံး ကန်ဒေါ်လာ ၃ ထောင် (သို့မဟုတ်) ညီမျှသောငွေ ရှိကြောင်း Bank Statement၊ ပတ်စ်ပို့၊ ပတ်စပို့အရွယ်ဓာတ်ပုံ၊ အနီရောင်နောက်ခံဓာတ်ပုံနှင့် ဝတ်စုံအပြည့် (Formal attire) ဖြင့် တစ်ကိုယ်လုံးပါ ဓာတ်ပုံတို့ကို တင်သွင်းပြသရပါမည်။
21/12/2025
NUS and NTU ASEAN Undergraduate Scholarship for Myanmar (National Curriculum/ International Curriculum)
National University of Singapore နဲ့ Nanyang Technological University တွေမှာ Computing/ STEM programs တွေ တက်ရောက်အဖို့အတွက် မြန်မာကျောင်းသားတွေကို သီးသန့်ပေးတဲ့ Fully funded scholarships ဖြစ်ပါတယ်။
NUS/ NTU မှာ Myanmar national curriculum နဲ့ normal administration route ကနေဝင်ခွင့်ရဖို့က မဖြစ်နိုင်သလောက်ပါပဲ။ ဒါပေမယ့် ဒီ scholarship က aptitude-based admissions ဖြစ်တဲ့အတွက် မြန်မာ public school က ကျောင်းသားတွေလျှောက်နိုင်မှာဖြစ်ပါတယ်။
📚Majors and Programs
NUS မှာတော့ School of Computing အောက်မှာရှိတဲ့
1. Computer Science
2. Artificial Intelligence
3. Information Security
4. Business analytics
5. Business artificial intelligence systems
6. Computer Engineering
တို့လျှောက်ထားနိုင်ပြီးတော့
NTU မှာ ဆိုရင်တော့ STEM related majors 140 ထဲက ရွေးချယ်လျှောက်ထားနိုင်ပါတယ်။
Check for available programs at NTU:
https://docs.google.com/spreadsheets/d/1lfJxPepGeOo8EN-hUUrgRHUuiEwMY_Ft/edit?usp=sharing
💰Benefits
1. Full tuition fees waiver
2. Annual allowance of SDG8800
3. One-time computer allowance
📝Eligibility
Myanmar Curriculum:
အတွဲ ၁ (bio) - 520 နဲ့ အထက်
အတွဲ ၂ (eco) - 480 နဲ့ အထက်ဆို လျှောက်ထားလို့ရပါတယ်။
International curriculum: must be nominated by school
**2024 သို့မဟုတ် 2025 မှာ အထက်တန်းအောင်မြင်ထားသူဖြစ်ရပါမယ်။ (Graduates from AY23-24 and AY24-25)
📜Required Documents (for scholarship application form):
1. CV/ Resume
2. High school transcripts
3. Recommendation letter (recommender ရဲ့ email ပဲ ပေးရမှာဖြစ်ပြီးတော့ recommender က တိုက်ရိုက်ပို့ပေးရမှာဖြစ်ပါတယ်)
**Language proficiency certificate is NOT required.
**Check NUS/ NTU application portals for documents required for university application.
⚙️Application Process
Scholarship Application Form : https://docs.google.com/forms/d/e/1FAIpQLSfihy35GXnDjKW7oEG58mdSkfXDVC-LA_h9o3wbFYkCxojBXA/viewform
Phase 1: Scholarship Application form ရော university application form (via nus/ntu application portal, link in scholarship form) ရော တစ်ခါတည်း တင်ရမှာဖြစ်ပါတယ်
Phase 1.5: shortlisted applicants တွေက Python Programming course တစ်ခုကို တက်ခွင့်ရမှာဖြစ်ပါတယ်။ မဖြစ်မနေတက်ရမှာတော့ မဟုတ်ပေမယ့် course performance ကို selection လုပ်တဲ့အခါ ထည့်စဉ်းစား မှာဖြစ်ပါတယ်။ NUS Mod တစ်ခုကို သင်ရမှာဖြစ်တဲ့အတွက် နောက်ဆုံး ဝင်ခွင့်ရတဲ့အခါမှာလည်း academic performance အတွက် အထောက်အကူဖြစ်မှာဖြစ်ပါတယ်
Phase 2: Shortlisted applicants တွေက Yangon or Mandalay မှာ in-person aptitude test ဖြေရမှာ ဖြစ်ပါတယ်။ Maths, English, IQ Test တွေဖြစ်ရမှာဖြစ်ပါတယ်။ Selection process တစ်ခုလုံးမှာ weightage အများဆုံး phase ဖြစ်ပြီး tests တွေထဲမှာမှ math test က အရေးအကြီးဆုံးနဲ့ rigorous အဖြစ်ဆုံးလို့ပြောလို့ရပါတယ်။
Phase 3: Final phase မှာတော့ Zoom interview ဖြေရမှာဖြစ်ပါတယ်။
⏳Timeline
1. Scholarship application deadline: 4 January 2026
2. University application deadline: check on NUS/ NTU website
Deadline ကပ်နေပေမယ့် form က အများကြီးဖြည့်ရတာ မဟုတ်လို့ လျှောက်ဖို့ အချိန်မီပါတယ်။
ကျနော်က ဒီ scholarship ကို 2025 မှာရခဲ့တာ ဖြစ်ပြီး လက်ရှိ NUS မှာတက်နေတာဖြစ်ပါတယ်။ Scholarship နဲ့ပတ်သတ်ပြီး သိချင်တာရှိရင် Ko Win Htut Messenger မှာ မေးလို့ရပါတယ်။
Candidates တွေအားလုံး all the best ပါဗျာ။ 🤞
Crd_Owner & WH
17/12/2025
Singapore Phunsang Tlawngah ah Bachelor kai a theih.
စင်္ကာပူနိုင်ငံရှိ Singapore Management University (SMU) က မြန်မာအပါအဝင် အာဆီယံနိုင်ငံက ကျောင်းသား ကျောင်းသူတွေအတွက် ဘွဲ့ကြို (၄) နှစ်စာ ပညာသင်ဆုကို ပေးအပ်ချီးမြှင့်မယ့် ASEAN Undergraduate Scholarship အကြောင်း မျှဝေပေးသွားပါမယ်။
ရွေးချယ်လျှောက်ထားနိုင်တဲ့ ပရိုဂရမ်များ
Accountancy
Business Management
Computing & Law
Computer Science
Economics
Information System
Integrative Studies
Law
Politics, Law & Economics
Social Sciences
Software Engineering
> https://admissions.smu.edu.sg/programmes
Zo pawl in himi phunsang tlawng kai thei
အာဆီယံနိုင်ငံသားများ
ခေါင်းဆောင်စွမ်းရည်ရှိပြီး အလားအလာရှိသူများ
ကျောင်းတွင်း/ပြင်ပလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်သူများ
အမှတ်စာရင်းကောင်းသူများ
SMU မှာ ဘွဲ့ကြိုပရိုဂရမ်တစ်ခုခုအတွက် ဝင်ခွင့်လျှောက်ထားသူများ
အကျိုးခံစားခွင့်
၁၀၀% ကျောင်းစရိတ် ကင်းလွတ်ခွင့်
နှစ်စဉ် အသုံးစရိတ် S$5,800
S$1,750 တန် ကွန်ပျူတာတစ်လုံး
နှစ်စဉ်နေထိုင်စရိတ် S$3,000
စည်းကမ်းချက်
စင်္ကာပူအစိုးရ အသိအမှတ်ပြု ကုမ္ပဏီမှာ (၃) နှစ် အလုပ်လုပ်ပေးရပါမယ်။ (၃) နှစ် ပြီးရင် ကိုယ့်အလုပ်ကိုယ် ရှာရပါမယ်။ အလုပ်ဆက်ပေးမယ်လို့ အာမမခံပါ။
ကျောင်းတက်နေစဉ် နိုင်ငံခြားပရိုဂရမ်တွေမှာ ပါဝင်ပေးရပါမယ်။
Double Degree တွေ လျှောက်လို့ရပေမဲ့ ပညာသင်ဆုကတော့ (၄) နှစ်စာပဲ ဖြစ်ပါတယ်။ (၄) နှစ်အတွင်း ဒီဂရီ (၂) ခုလုံး ရရင် အဆင်ပြေပါတယ်။
အမှတ်မကောင်းရင် (သို့) စည်းကမ်းမလိုက်နာရင် အချိန်မရွေး ပညာသင်ဆုကို ပြန်သိမ်းပါမယ်။
တခြားပြင်ပ ပညာသင်ဆုတွေ ထပ်လျှောက်ခွင့် မရှိပါ။
ဘယ်လိုလျှောက်ရမလဲ?
အောက်ပါ SMU ၀င်ခွင့်လျှောက်လွှာနဲ့အတူ ပညာသင်ဆု လျှောက်လွှာကို ဖြည့်ရပါမယ်။
> https://publiceservices.smu.edu.sg
ဝင်ခွင့်လိုအပ်ချက်များ > https://admissions.smu.edu.sg/
လျှောက်လွှာနမူနာ > https://admissions.smu.edu.sg/
ဝင်ခွင့်လျှောက်လွှာ ဖြည့်ပြီးရင် (applicants-self-service) မှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ တင်ပြရပါမယ်။
နောက်ဆုံးလျှောက်ထားရမယ့်ရက်
မတ်လ (၁၉) ရက်နေ့၊ ၂၀၂၆ ခုနှစ်
အသေးစိတ်ဖတ်ရှုရန်
> https://admissions.smu.edu.sg/financial-matters
Crd to Original Owner
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
Bago River Road
Yangon
11431