Purity
31/01/2021
Dos and Don’ts after injection of Covid-19 Vaccine
📌 ဒီနေ့ပြောပြမယ့်အကြောင်းအရာက အရမ်းအရေးကြီးလို့ကျော်မသွားဘဲ
ဆုံးအောင်ဖတ်ကြည့်ပေးပါနော်။
ဒါနဲ့Covid-19ကာကွယ်ဆေးထိုးဖို့ မြို့နယ်အလိုက်
စာရင်းကောက်နေတယ်နော်👀
သူငယ်ချင်းတို့ရော စာရင်းပေးပြီးကြပြီလား❓
တကယ်လို့ ကာကွယ်ဆေးထိုးပြီးသွားပြီဆိုရင်ပြုလုပ်သင့်တဲ့ ရှောင်ရန်၊ဆောင်ရန်လေးတွေကို Purity ကနေပြောပြပေးပါမယ်
ကာကွယ်ဆေးမထိုးရသေးဘူးဆိုရင်လည်း ရှောင်ရန်၊ဆောင်ရန်လေးတွေကို ကြိုတင်သိရအောင်လို့ အဆုံးထိဖတ်ကြည့်ပေးပါဦး👇
✅ပထမဆုံးအနေနဲ့ ကာကွယ်ဆေးထိုးအပြီး လုပ်သင့်တဲ့အချက်လေးတွေကနေ စပြောမယ်နော်။
1️⃣ဆေးထိုးတဲ့နေရာက အောင့်လာတာ၊နီရောင်တာဖြစ်တတ်တဲ့အတွက် အဲ့နေရာတွေကို ဆေးလျှောက်မလိမ်းပါနဲ့❌ အရောင်ကျဖို့အတွက် အ၀တ်အေးသန့်သန့် ဒါမှမဟုတ် ရေခဲအိတ်ဖြင့်သာကပ်ပေးပါနော်✅
ဆေးထိုးထားသော လက်ကိုလည်း သွေးလှည့်ပတ်မှုကောင်းစေဖို့လှုပ်ရှားပေးသင့်ပါတယ်🙌
2️⃣အကယ်၍ ခေါင်းကိုက်၊ကိုယ်လက် ကိုက်ခဲ၊ဖျားနာပါက Paracetamolကို ၁လုံးမှ ၂လုံး - ၆နာရီခြားတစ်ခါစီသောက်ပေးနိုင်ပါတယ်။
👉 ရေ၊ energy drinkစသဖြင့် အရည်များများသောက်ပေးနိုင်ပါတယ်။👈
3️⃣Covid ကာကွယ်ဆေး ထိုးထိုးပြီးချင်း အိမ်တန်းမပြန်ပါနဲ့။ covid ကာကွယ်ဆေးထိုးတာက သွေးလှူတာနဲ့ဆင်တူပါတယ် ။ သွေးလှူပြီးပြီးချင်းလည်း ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကိုစောင့်ရသလိုမျိုး Covid Vaccine ထိုးပြီး လူတိုင်းရဲ့ ခန္ဓာကိုယ်က ဆေးနဲ့အပ်ကိုတုံ့ပြန်ပုံကမတူပါဘူး ။ အဲ့တာကြောင့် ကာကွယ်ဆေးထိုးထိုးပြီးချင်း အိမ်ကိုတန်းမပြန်ဘဲ ထိုးတဲ့နေရာမှာ ခဏစောင့်ရင်းအနားယူသင့်ပါတယ် ။🚺🚹
4️⃣Covid-19ကာကွယ်ဆေးဟာ လူ့ခန္ဓာကိုယ် ရဲ့ကြွက်သားထဲကိုထိုးနှံပေးရမယ့် ကာကွယ်ဆေးဖြစ်တဲ့အတွက်သာမန်အားဖြင့် ကာကွယ်ဆေးထိုးတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ သာမန်ဆေးတုံ့ပြန်မှုတွေကြောင့်ဖြစ်တဲ့ နာကျင်ခြင်း၊ နီခြင်း၊ ရောင်ခြင်း၊ နုံးချည့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မအီမသာဖြစ်ခြင်း၊ ဖျားခြင်း၊ အန်ခြင်း၊ ကြွက်သားနာကျင်ခြင်း စတဲ့အနေအထားနဲ့ အခြေအနေမျိုးတွေကိုဆေးထိုးခံရတဲ့ 10 ရာခိုင်နှုန်းလောက်မှာဖြစ်ပေါ်လာတတ်ပါတယ်။
အဲ့လိုမျိုး သာမန်ကာကွယ်ဆေးတုံ့ပြန်မှုတွေ ဖြစ်ပေါ်လာခဲ့ရင်လည်း တစ်ရက်၊ နှစ်ရက်အတွင်း အလိုလိုပျောက်ကင်းသွားမှာဖြစ်ပါတယ်။ 📌လက္ခဏာပြင်းထန်၍သော်လည်းကောင်း၊ အချိန်ကြာရှည်နေလျှင်သော်လည်းကောင်း နီးစပ်ရာကျန်းမာရေးဆရာဝန်တွေထံ သွားရောက်ပြသပေးရမှာဖြစ်ပါတယ်။📌
❌ဆောင်ရန်လေးတွေပြီးပြီဆိုတော့ ရှောင်ရန်လေးတွေပြောပြပေးပါမယ်။
1️⃣ မိမိတွင်ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအားလုံးကိုထိမ်ချန်မထားပါနဲ့။ ယားရင်ယားတယ်။ ကိုက်ရင်ကိုက်တယ်ဆိုတာ ထိုးတဲ့ဆရာဝန်ကို၊တာဝန်ရှိသူကို သေချာပြောပြပါ။မိမိကိုဆေးဆက်မထိုးပေးတော့မှာ၊အထင်လွဲမှာကိုစိုးပြီး သတင်းမထိမ်ချန်ပါနဲ့။
2️⃣ ဆေးထိုးပြီးဖြစ်ပေါ်တတ်တဲ့၊ခန္ဓာကိုယ်က ဖြစ်တဲ့လက္ခဏာတွေကိုကြိုတွေးပူပြီး၊ ကြောက်မိပြီး အကိုက်အခဲပျောက်ဆေးတွေ ကြိုမသောက်ထားပါနဲ့။ကာကွယ်ဆေးကို တုံ့ပြန်တဲ့ ခန္ဓာကိုယ်က ပဋိဇီဝအာနိသင်တွေ မူမမှန်ဖြစ်သွားပါလိမ့်မယ်။
ဆေးထိုးပြီးရင် လူကအားပြတ်ပြီး ဗိုက်နာသလို၊ဝမ်းပျက်သလိုဖြစ်တတ်ပါတယ်။ဒါပေမဲ့လည်း ဝမ်းနှုတ်ဆေးကို ဗမာဆေးဖြစ်ဖြစ်၊အင်္ဂလိပ်ဆေးဖြစ်ဖြစ် မသောက်ပါနဲ့။
3️⃣ပထမအကြိမ်ထိုးပြီးနောက် တစ်ရက်နှစ်ရက်မျှတွေ့ကြုံခံစားရတဲ့ရောဂါလက္ခဏာတွေကို ခံစားရပြီးတဲ့နောက် ကြောက်ရွံ့တဲ့စိတ်နဲ့ ဒုတိယအကြိမ်ဆေးဆက်မထိုးဘဲ မနေပါနဲ့။ပထမအကြိမ်ထိုးပြီးတဲ့နောက်မှာ သန္ဓေရသွားရင်ကာကွယ်ဆေးဓာတ်မပြုတာ၊ မထိရောက်တာရှိနိုင်လို့လိင်ဆက်ဆံခြင်းမပြုပါနဲ့။ ဖြစ်နိုင်ရင် ခန္ဓာကိုယ်ကို အတင်းအလုပ်ခိုင်းတာမျိုး ရှောင်ကြဉ်ပေးပါ။
4️⃣မိမိကိုယ်တိုင်က C-19 Positive ဖြစ်နေတဲ့ဝေဒနာရှင်ဆိုရင်... နောက်ပြီး Covid-19 test လုပ်ထားပြီးသားသူဆိုရင်
ဆရာဝန်ညွှန်ကြားထားတဲ့ period ကို မကျော်လွန်ချင်း Vaccination Site ကိုသွားပြီး ထပ်ဆေးထိုးတာမျိုးမလုပ်ပါနဲ့နော်🚺🚹
အရေးကြီးဆုံးတစ်ခုကျန်နေသေးတယ်💭💭
အဲ့ဒါကတော့အခုလတ်တလောမှာ Covid ကာကွယ်ဆေးတွေထိုးလာရတာနဲ့ အမျှ social media ပေါ်မှာ Vaccine နဲ့ဆိုင်တဲ့ကောလဟာလတွေ တဖြည်းဖြည်းပျံ့လာတာကိုတွေ့နေရတယ်။🗣
Social Media တွေပေါ်က Covid ကာကွယ်ဆေး နဲ့ပတ်သက်တဲ့ကောလာဟလတွေကိုလည်း အလွယ်တကူမယုံမိစေနဲ့နော် ။ယုံကြည်ရတဲ့ သတင်းsourceကလွဲရင် ကျန်တဲ့သတင်းအတုအယောင်တွေကိုမယုံဖို့ ၊ ကိုယ့်ထက်အရင်ထိုးပြီးသားလူတွေရဲ့ စကားတွေကိုသေချာနားထောင်ဖို့က အရေးကြီးပါတယ် ။💯
ပြီးတော့ကာကွယ်ဆေးထိုးပြီးပြီဆိုပြီး
မပေါ့ဆသင့်ဘဲ maskကိုသေချာတပ်ဆင်ခြင်း၊ မကြာခဏလက်ဆေးခြင်းများ နှင့် Social distancingကိုလည်း ဆက်ပြီးလုပ်ဆောင်ရပါမယ်နော် သူငယ်ချင်းတို့ရေ🙆♂️
အခုပြောပြသွားတဲ့ အချက်တွေအတိုင်း ကာကွယ်ဆေးထိုးပြီးရင် လိုက်နာပေးကြပါ။✅
ဒီလို Dos and Don'ts လေးတွေအများသိအောင်လဲ share သွားပေးပါဦးနော်။
ဒီနေ့ကတော့ ဒီလောက်ပါပဲ👀နောက်နေ့နောက်နေ့တွေမှာလည်း အခုလိုမျိုး အရေးကြီးတဲ့ အကြောင်းအရာလေးတွေကို sharing လုပ်ပေးမှာဖြစ်တဲ့အတွက် Purity Page လေးကို like နဲ့ following လုပ်ပေးထားပါဦး
Content by-Khai Zar Thwe
Graphic by-Hsu Cherry Min
20/01/2021
[Forms closed❗❗]
Reminder:3 days left❗❗
[Volunteer Recruitment from Purity]
Purityနှင့် အလုပ်တွဲလုပ်နိုင်ဖို့ volunteerများ အလိုရှိပါတယ်🥳 ခေါ်သွားမည့် volunteer positionsများကတော့
(1)Content Writer (3) posts
(2)Graphic Designer (3) posts
(3) Video Editor (2) postsတို့ပဲဖြစ်ပါတယ်
-Content Writer-
Content Writerများအနေနဲ့ idea creationကောင်းဖို့ပဲလိုပါတယ်။ တစ်ပတ်ကို အနည်းဆုံး ၃ပုဒ်ခန့်လောက် ရေးသားရမှာဖြစ်ပါတယ်။ မြန်မာလိုရော Englishလိုပါ ရေးသားတတ်ရပါမယ်။ Idea တွေတွက်တော့ purity ဘက်ကကူစဥ်းစားပေးမှာပါနော်👀
-Graphic Designer-
Graphic Designer တွေကတော့ Content writerများနဲ့ အလုပ်တွဲလုပ်ရမှာဖြစ်တဲ့အတွက် contentနှင့် ကိုက်ညီသော Graphicများ ဖန်တီးနိုင်ရပါမယ်။ Graphicဆွဲရန် လိုအပ်သည့် toolsများ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်ရပါမယ်။
-Video Editer-
Video Editorများကတော့ Purityကပြုလုပ်သော online class recordingများအတွက် လိုအပ်သော editingများပြုလုပ်ပေးနိုင်ရပါမယ်။ Video upload စရာရှိလာရင်လဲ video တွေကို create လုပ်တာ edit လုပ်တာတွေလုပ်ပေးနိုင်ရပါမယ်။
-လျောက်ဖို့ဘာတွေလိုအပ်လဲ-
လျှောက်ထားသူများအနေနဲ့ Team work ကောင်းကောင်းရှိပြီး Responsibilityရှိသူဖြစ်ရပါမယ် တစ်ပတ်မှာ အနည်းဆုံး အချိန် ၃နာရီခန့်တော့ ပေးရပါလိမ့်မယ်။ လျောက်မယ်ဆိုရင်အောက်ဆုံးကပါတဲ့ link မှာ form ဝင်ဖြည့်ပေးရုံပဲနော်။
-လျှောက်တဲ့လူတွေကိုဘာပြန်ပေးမလဲ?-
Purity က non profit organization ဖြစ်တဲ့အတွက်တော့အဓိကပေးနိုင်တာတော့ကုသိုလ်ပါပဲ👅ဒါတင်ပဲလားဆိုတော့မဟုတ်ပါဘူး။
Purityရဲ့ volunteerများအနေနဲ့ purityက ပြုလုပ်တဲ့ classတိုင်း programတိုင်း(refund classများအပါအဝင်)ကို အခမဲ့ joinခွင့်ပေးသွားမှာပါ commitmentအပြည့်ပေးနိုင်တဲ့ volunteerများကိုလည်း recommendation letterများပေးအပ်သွားမှာဖြစ်ပါတယ်နော်🥰
Positionများကိုလျှောက်ထားလိုပါက အောက်ပါ linkမှာ လျှောက်ထားနိုင်ပါတယ်👇
https://docs.google.com/forms/d/1Hrrrmww097X74IGeLdKKnNYludRcJ6-_UblnMJASkx0/edit?usp=drivesdk
Click here to claim your Sponsored Listing.
Contact the school
Telephone
Website
Address
Yangon