Tadashi Channel
သားသတ်စက်ရုံတစ်ခုမှာ အလုပ်လုပ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ သူ့အလုပ်ချိန်ပြီးခါနီး အိမ်မပြန်ခင်လေးမှာ ခုတ်ထစ်ပြီး အမဲသားတွေကို မပုပ်သိုးအောင် တန်းစီချိတ်ဆွဲထားတဲ့ အအေးခန်းထဲကို ဝင်စစ်ဆေးပါတယ်။
ဒီအချိန်မှာဘဲ ဝင်ပေါက် သံတံခါးကြီးဟာ ရုတ်တရက်ပိတ်သွားတယ်။ တံခါးကြီးဟာ အထဲကနေ ဖွင့်လို့မရဘဲ အပြင်ကနေပဲ ဖွင့်လို့ရတယ်။
အအေးခန်းထဲကအပူချိန်ကလဲ ရေခဲမှတ်အောက် ရောက်တဲ့အထိ အေးနေတယ်။ အခန်းတစ်ခုလုံးလည်းအလင်းရောင်မရှိ မှောင်ပိန်းသွားတယ်။
သူမလည်း ကြောက်အားလန့်အားနဲ့ အသံကုန်အော်တယ်။ တံခါးကို လက်နဲ့ တဝန်းဝုန်း ထုပုတ်တယ်။ ဒါပေမဲ့ ဝင်ပေါက်တံခါးဟာ သံထုထည်ကြီးကြီးမားမားနဲ့ အထူကြီး လုပ်ထားတာမို့ အပြင်က လူတွေ မကြားနိုင်ပါဘူး။ နောက်ပြီး အလုပ်ဆင်းချိန်မို့ အလုပ်သမားအားလုံးနီးပါးလည်း အိမ်ပြန်သွားကြပြီ။
သူမလည်း တံခါးကို ထုလိုက်၊ အော်ခေါ်လိုက်နဲ့ တစ်နှစ်ရီကြာတော့ လက်တွေနာ၊ အသံတွေဝင် မောပန်းလာလို့ အအေးခန်းအတွင်းနံရံကိုမှီရင်း နားနေလိုက်တယ်။
တဖြည်းဖြည်းနဲ့ အအေးဓါတ်ကြောင့် သူမရဲ့အရိုးအဆစ်တွေကို ကိုက်ခဲလာတယ်။ နောက်ပြီး သူမကိုယ်အပူရှိန်ဟာ အရမ်းကျဆင်းလာတာကြောင့် တကိုယ်လုံး မလှုပ်မယှက်နိုင်လို့ နံရံကို မှီထားရတယ်။ သူမ ပိတ်မိနေတဲ့အချိန်ဟာ ၂ နာရီ၊ ၃ နာရီ၊ ၄ နာရီ ကြာလာပြီ။
သူ့မျက်လုံးတွေ မှေးလာပြီး ဖွင့်မရအောင်ဖြစ်နေတယ်။ သတိကလည်း ရလိုက် မရလိုက် ဖြစ်နေပြီ။ သူ့မျက်နှာ၊ အဝတ်တွေမှာ နှင်းခဲတွေ ဖုံးနေပြီ။ ၅ နာရီ ကြာသွားပြီ။ သူမ မျှော်လင့်ချက် မရှိတော့လို့ စိတ်ကို လုံးဝလျှော့လိုက်ပြီ။ သေမင်းလက်ကို အပ်နှံလိုက်ပြီ။
ဒီအချိန်မှာပဲ အအေးခန်းတံခါးကြီးဟာ ရုတ်တရက် ပွင့်လာတယ်။ တံခါးပေါက်မှာ လူတစ်ယောက်ရဲ့ ပုံရိပ်ပေါ်လာနေတယ်။ အပြင်က စူးရှတဲ့ အလင်းရောင်ကြောင့် မှောင်နေတဲ့အခန်းထဲကနေ သဲသဲကွဲကွဲမမြင်ရဘူး။
သူမ မျက်စေ့ကို အတင်းဖွင့်ပြီး အားစိုက်ကြည့်လိုက်တော့ လုံခြုံရေးအစောင့်အဖိုးကြီး ဖြစ်နေတယ်။ မကြာခင် ဆေးရုံက လူနာတင်ကား ရောက်လာတယ်။ သူနာပြုတွေက သူမကို စောင်တွေနဲ့ပတ်၊ ထမ်းစင်နဲ့ သယ်ပြီး ဆေးရုံကို ခေါ်သွားတယ်။ သူ အသက်ရှင်ခဲ့ပါတယ်။
သူမ သက်သာလာလို့ ဆေးရုံက ဆင်းတော့ အသက်ကယ်ပေးခဲ့တဲ့ လုံခြုံရေးအဖိုးကြီးကို ဘာကြောင့် အအေးခန်းတံခါးကို သူ့အလုပ်မဟုတ်ဘဲ လာဖွင့်ပေးရတာလဲလို့ မေးလိုက်တယ်။ အဖိုးကြီးက ခုလို ပြန်ဖြေတယ်။
"ငါ ဒီသားသတ်စက်ရုံမှာ လုပ်နေတာ ၃၅ နှစ် ရှိသွားပြီ။ ဒီစက်ရုံမှာ နေ့တိုင်း အလုပ်လာ ၊ အလုပ်ပြန်ကြသူတွေ ရာနဲ့ချီရှိတယ်။ ဒါပေမဲ့ ငါ့ကို မနက်တိုင်းမှာ နူတ်ဆက်တဲ့သူ မင်းအပါအဝင် နည်းနည်းလေးပဲ ရှိတယ်။ ကျန်တဲ့ လူတွေက ငါ့ကို ရှိတယ်လို့တောင် အလေးမထားသလို အဖက်လည်း မလုပ်ကြဘူး။ အဲဒီနေ့ မနက်က မင်း ငါ့ကို အရင်အတိုင်းပဲ " ဟဲလိုး ဂွတ်မောနင်း " ဆိုပြီး နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြနူတ်ဆက်ခဲ့တယ်။ ညနေ အလုပ်ဆင်းချိန်မှာ ငါ အရင်ကြားနေကျဖြစ်တဲ့ " ဘိုင်ဘိုင် မနက်ဖြန် ပြန်တွေ့ကြမယ်" ဆိုတဲ့ အသံကို မကြားမိဘူး။
ဒါကြောင့် မင်း အလုပ်ကနေ မပြန်သေးဘူးဆိုတာ ငါသိနေတယ်။ ဒါပေမဲ့ မင်း အချိန်ပို ဆင်းနေတယ်လို့ ထင်တာကြောင့် ငါ မင်းအတွက် စိတ်မပူပါဘူး။
ဒါပေမဲ့ အလုပ်ဆင်းလို့ ၃ - ၄ နာရီ ကြာတဲ့အထိ မင်း မပြန်သေးဘူးဆိုတော့ မင်း တစ်ခုခု ဖြစ်နေပြီ ထင်ပြီး ငါ စိတ်ပူလာတယ်။ ဒါကြောင့် စက်ရုံအနှံ့ လိုက်ရှာကြည့်တယ်။ မတွေ့လို့ နောက်ဆုံးမှာ အအေးခန်းတံခါးကိုဖွင့်လိုက်တော့ မင်းသတိလစ်နေတာကို တွေ့လိုက်ရတာပဲ"
ပေးချင်တဲ့စကားကတော့ ...
လူတစ်ယောက်နဲ့ ဆုံတွေ့တိုင်း စိတ်ရော ကိုယ်ပါ နူတ်ဆက်ပါ။ အဲဒီလို လုပ်ခြင်းကြောင့် သင့်အတွက် ထူးပြီး ပင်ပန်းသွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ချိန်မှာ ဒီအဖြစ်အပျက်ထဲကလို နူတ်ဆက်ခြင်းက သင့်အသက်ကို မကယ်တင်နိုင်ဘူးလို့ ဘယ်သူပြောနိုင်ပါ့မလဲ။
အပေါ်ကလူမို့ ဖားပေါင်းမယ် အောက်ကလူမို့ ဖိနှိပ်မယ်ဆိုတာမျိုး ဆင်းရဲချမ်းသာ မခွဲခြားနေပဲ အရာရာကို တန်းတူ အသိမှတ်ပြု တန်ဖိုးထား ဆက်ဆံနိုင်ကြပါစေ။
Ref : original
08/09/2021
ဂျပန်အင်တာဗျူးတွေမှာ မေးလေ့ရှိတဲ့ မေးခွန်း ၅၀
✨အင်တာဗျူးဖြေတဲ့ အခါ အဆင်ပြေအောင် တင်ပေးလိုက်ပါတယ်။
(1) 自己紹介(じこしょうかい)をお願(ねが)します。
ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပါ။
(2) 志望動機(しぼうどうき)を教(おし)えください。
ဒီအလုပ်ကိုရည်မှန်းရတဲ့ ရည်ရွယ်ချက်က ဘာလဲ?
(3) 学生時代(がくせいじだい)に最(もっと)も打ち込ん(うちこん)だことは何ですか。
ကျောင်းသားဘဝမှာ ပိုပြီး အချိန်တွေ၊ ခွန်အားတွေ စိုက်ပြီး ကြိုးစားခဲ့ရတာက ဘာဖြစ်ပါသလဲ?
(4) 自己(じこ)PRを教えてください。
ကိုယ့်ရဲ့ဆွဲဆောင်မှု၊ ကောင်းတဲ့အချက်၊ အားသာချက်တွေက ဘာလဲ?
(5) 入社後(にゅうしゃご)にやりたい仕事(しごと)?
ကုမ္ပဏီဝင်ပြီးနောက် လုပ်ချင်တဲ့ အလုပ်က ဘာလဲ?
(6) 長所(ちょうしょ)は何ですか。
သင့်ရဲ့ အားသာချက်က ဘာလဲ?
(7) 短所(たんしょ)はなんですか。
သင့်ရဲ့ အားနည်း ချက်က ဘာလဲ?
(8) 失敗経験(しっぱいけいけん)について教えてください。
ဆုံးရှုံးခဲ့ရတဲ့ အတွေ့အကြုံနဲ့ ပတ်သက်ပြီး ပြောပြပါ။
(9) サークル.部活動経験(ぶかつどうけいけん)について教えてください。
Club activities အတွေ့အကြုံတွေကို ပြောပြပေးပါ။
(10) 希望職種(きぼうしょくしゅ)は何ですか。
ရည်ရွယ်ထားတဲ့ အလုပ်အမျိုးအစားက ဘာလဲ?
(11)勤務地(きんむち)について確認(かくにん)
အလုပ်လုပ်ချင်တဲ့နေရာကို အတည်ပြုပေးပါ။
(12)最近(さいきん)気(き)になるニュースは何ですか。
ခုတလော စိတ်ဝင်စားတဲ့ သတင်းက ဘာလဲ။
(13)アルバイト経験(けいけん)について
အချိန်ပိုင်း အလုပ်အတွေ့အကြုံ နဲ့ပတ်သက်ပြီး ပြောပြပေးပါ?
(14)キャリアプランについて教えてください
မင်းရဲ့ career plan နဲ့ ပတ်သက်ပြီး ပြောပြပေးပါ။
(15)あなたに趣味(しゅみ)は何ですか。
မင်းရဲ့ ဝါသနာက ဘာလဲ။
(16)自分を動物(どうぶつ)に例(たと)えると?
မင်းကို တိရိစ္ဆာန် တစ်ကောင်နဲ့ ဥပမာပေးရမယ်ဆို ဘာဖြစ်မလဲ?
(17)資格(しかく)について?
အရည်အချင်းနဲ့ပတ်သက်ပြီး?
(18)卒論(そつろん)のテーマ?
Graduation thesis title ကဘာလဲ?
(19)業界(ぎょうかい)の志望理由(しぼうりゆう)は?
ဒီလုပ်ငန်းအမျိုးအစားကို လျှောက်ရတဲ့ ရည်ရွယ်ချက်က?
(20)10年後(ねんご)の自分(じぶん)はどうなっていたい?
နောက်၁၀နှစ်ကြာရင် မင်းက ဘယ်လိုပုံစံမျိုး ဖြစ်ချင်လဲ?
(21)今の学部(がくぶ)を選ん(えらん)だ理由(りゆう)?
အခု မေဂျာကို ရွေးရတဲ့ အကြောင်းပြချက်က ဘာလဲ?
(22)尊敬(そんけい)する人はいますか?
လေးစားရတဲ့လူရှိပါသလား။
(23)あなたにとって仕事(しごと)とは何ですか。
သင့်အတွက် အလုပ်ဆိုတာ ဘယ်လိုအဓိပ္ပာယ်လဲ?
(24)将来(しょうらい)の夢(ゆめ)は何ですか。
အနာဂတ်အိပ်မက်က ဘာလဲ?
(25)5年後(ねんご)の自分(じぶん)はどうなっていたい?
နောက် ၅နှစ် ကြာရင် မင်းက ဘယ်လိုပုံစံမျိုး ဖြစ်ချင်လဲ?
(26)他者(たしゃ)と弊社(へいしゃ)の違(ちが)いはどんなところだと思いますか。
အခြားကုမ္ပဏီ နဲ့ ငါတို့ကုမ္ပဏီရဲ့ ကွာခြားချက်က ဘာလို့ထင်သလဲ?
(27)あなたの特技(とくぎ)は何ですか。
သင့်ရဲ့ ကျွမ်းကျင်မှုက ဘာဖြစ်မလဲ?
(28)最近読んだ本を教えてください。
အခုတလော ဖတ်နေတဲ့ စာအုပ်ကို ပြောပြပေးပါ။
(29)語学力(ごがくりょく)について?
ဘာသာစကားစွမ်းရည်နဲ့ ပတ်သက်ပြီး?
(30)ボランティア経験(けいけん)について?
ပရဟိတအတွေ့အကြုံနဲ့ ပတ်သက်ပြီး?
(31)働(はたら)く以上(いじょう)で大切(たいせつ)なことは?
အလုပ်လုပ်ခြင်းအပြင် အရေးကြီးတဲ့အချက်က ဘာလဲ?
(32)学業(がくぎょう)以外(いがい)で力(ちから)を入れたこと?
ပညာရေးအပြင် အားစိုက်ပြီးကြိုးစားခဲ့ရတာက ဘာလဲ?
(33)苦手(にがて)なことは?
သင့်ရဲ့ ညံ့တဲ့အချက်က ဘာလဲ?
(34)前の仕事をやめた理由は?
ရှေ့က အလုပ်ကို ထွက်ခဲ့ရတဲ့ အကြောင်းပြချက်ကဘာလဲ?
(35)入社可能時期(にゅうしゃかのうじき)はいつですか。
အလုပ်ဘယ်အချိန်ကစပြီး ဝင်နိုင်ပါသလဲ?
(36)内定(ないてい)を出したらご入社(にゅうしゃ)いただけますか。
အလုပ်ခန့်လိုက်တာနဲ့ အလုပ်လုပ်နိုင်ပါသလား?
(37)同業他社(どうぎょうたしゃ)ではなくどうして当社(とうしゃ)なのですか。
အမျိုးအစားတူတဲ့ အခြားကုမ္ပဏီမဟုတ်ပဲ ဘာလို့ ကျွန်တော်တို့ ကုမ္ပဏီမှာ လာလျှောက်တာလဲ?
(38)この事業(じぎょう)を将来(しょうらい)どのように成長(せいちょう)させていきたいですか。
အနာဂတ်မှာ ဒီအလုပ်ကနေ ဘယ်လိုတိုးတက်အောင်လုပ်ချင်ပါသလဲ?
(39)最後(さいご)に何か伝(つた)えておきたいことがありますか?
နောက်ဆုံးမှာ တစုံတခု ပြောထားချင်တာမျိုးရှိလဲ?
(40) 突然(とつぜん)の残業(ざんぎょう)や休日出勤(きゅうじつしゅっきん)は大丈夫(だいじょうぶ)ですか。
ရုတ်တရက် အချိန်ပိုဆင်းရတာမျိုး၊ ပိတ်ရက်မှာအလုပ်ဆင်းရတာမျိုးဆို အဆင်ပြေလား?
(41)今までの職務(しょくむ)経歴(けいれき)を教えてください。
အခုချိန်ထိ အလုပ်လုပ်ခဲ့ဖူးတဲ့ history ကို ပြောပြပေးပါ။
(42)今までの仕事にどんな不満(ふまん)を持っていましたか。
အခုချိန်ထိလုပ်ခဲ့တဲ့ အလုပ်တွေထဲမှာ စိတ်မချမ်းမမြေ့ ဖြစ်ခဲ့ရတာမျိူး ရှိလား။
(43)当社(とうしゃ)があなたを採用(さいよう)するメリットは何ですか。
ကျွန်တော်တို့ ကုမ္ပဏီက မင်းကို အလုပ်ခန့်မယ်ဆိုရင် ရရှိမယ့် အကျိုးကျေးဇူးက ဘာလဲ?
(44)周(まわ)りの同僚(どうりょう)や友人(ゆうじん)はあなたのことをどのように評価(ひょうか)していますか。
ပတ်ဝန်းကျင်ကလူတွေ၊ မိတ်ဆွေ အပေါင်းအဖော်တွေက မင်းနဲ့ ပတ်သက်ပြီး ဘယ်လို တန်ဖိုးဖြတ်သတ်မှတ်ပါသလဲ။
(45)当社(とうしゃ)以外(いがい)に受けている業界(ぎょうかい).企業(きぎょう)はありますか。
ကျွန်တော်တို့ ကုမ္ပဏီအပြင် တခြားအင်တာဗျူးဖြေထားတဲ့ ကုမ္ပဏီရှိလား။
(46)志望企業(しぼうきぎょう)を選(えら)ぶ基準(きじゅん)は何ですか。
သင်အခုရည်မှန်းထားတဲ့ ကုမ္ပဏီလုပ်ငန်းကို ရွေးချယ်ရတဲ့ အခြေခံအချက်က ဘာလဲ?
(47)仕事での誇(ほこ)れる実績(じっせき)や成功体験(せいこうたいけん)はありますか。
အလုပ်မှာဂုဏ်ယူရလောက်တဲ့ အကျိုးရလဒ်တွေ၊ အောင်မြင်ခဲ့ရတဲ့ ကိုယ်တွေ့အတွေ့အကြုံတွေ ရှိလား။
(48)これまでで、最も厳(きび)しかった仕事は何ですか。
အခုချိန်ထိလုပ်ခဲ့တဲ့ အလုပ်ထဲမှာ ပိုပြီးတော့တင်းကျပ်ရတဲ့ အလုပ်ကဘာလဲ ?
(49)この職種(しょくしゅ)の仕事をしてあなたは将来(しょうらい)どうなりたいのですか。
ဒီအလုပ်ကို လုပ်ပြီးတော့ မင်းဟာ အနာဂတ်မှာ ဘယ်လိုဖြစ်ချင်သလဲ?
(50) 最後(さいご)に何(なに)か質問(しつもん)はありますか。
နောက်ဆုံး မေးစရာမေးခွန်း ရှိပါသလား?
🗾
専門(せんもん) ဒုတိယနှစ်တက်နေတဲ့သူများကတော့ ဂျပန်ကုမ္ပဏီတွေမှာအလုပ်လျှောက်လွှာတင်ပြီး အလုပ်အင်တာဗျူးအတွက် လက်တွေ့လေ့ကျင့်ရတော့မှာဖြစ်တာကြောင့် အရမ်းအသုံးဝင်ပါတယ်နော်။
#日本語
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11431