Innovative Education - InnoEd
18/05/2026
✨နိုင်ငံတကာပညာရေးအိမ်မက်ဆိုတာကို အကောင်အထည်ဖော်နိုင်ဖို့ - InnoEd ရဲ့ June လအတန်းသစ်များအကြောင်း
အတန်းအကြောင်းအသေးစိတ်တွေကတော့ -
📌GED Foundation Batch (17)
Start Date - June (1)
Days - Every Mon to Wednesday
Time - 6.00 pm to 9.15 pm
Duration - (2) months
Lead Teachers - Dr. Kant Kaw (Science), Tr. Mayme (Math), Tr. Jane (RLA), Tr. Hana (Social Studies)
📌GED Preparation Batch (19)
Start Date - June (15)
Days - Every Mon to Thursday
Time - 6.00 pm to 9.15 pm
Duration - (5) months
Lead Teachers - Tr. Khine (RLA), Dr. Kant Kaw (Science), Tr. Wint Yu (Math)
📌SAT Preparation Batch (14)
Start Date - June (11)
Days and Time - Every Tue, Thurs, Fri, Saturday - 7.00 pm to 8.30pm
Duration - (12) weeks
Lead Teachers - Founder Sayar Winston (English) and Tr. Wint Yu (Math)
📌 General (4) skills - A2 level
Start Date - June (13)
Days and Time - Every Sat, Sunday - 7.00 pm to 8.30 pm
InnoEd အတန်းတွေက အခြား ဘာတွေထူးခြားသလဲ?
🔹အတန်းချိန်တိုင်းကို recording ပြန်ပေးပါတယ်။
🔹ဆရာ/ဆရာမများနဲ့ အမြဲတမ်း ဆက်သွယ်လို့ရမယ့် Telegram group များထားရှိပေးပါတယ်။
🔹ဒါ့အပြင် InnoEd က ကျောင်းသူ/သားတွေကို စာတင်မကဘဲ၊ အဖက်ဖက်မှာထူးချွန်စေချင်တာကြောင့်
- Study group နဲ့ အခြား Extracurricular activities များစွာကိုလဲ join လို့အောင် စီစဥ်ပေးထားပါတယ်။
🔹လုပ်ငန်းခွင်အတွေ့အကြုံကိုရစေဖို့ အတန်းတွေပြီးသွားရင်လဲ Internship (Protege Program) နဲ့ volunteer လုပ်လို့ရမယ့် အခွင့်အရေးများလဲ ရှိပါတယ်။
🔹အတန်းတွေက စာမေးပွဲဖြေပြီးသည်ထိ လိုအပ်တာတွေ လိုက်လုပ်ပေးတဲ့အပြင်
🔹ကျောင်းသူ/သားများကို ပိုအဆင်ပြေချင်သော စေတနာဖြင့် အတန်းတက်နေစဥ်ရော၊ အတန်းပြီးသွားရင်ရော university education consultation များ၊ scholarship coaching များကိုလဲ ဆောင်ရွက်ပေးပါတယ်။
👉👉အတန်းအကြောင်းအသေးစိတ်နဲ့ Fees တွေကို comment မှာတင်ပေးထားပါတယ်ရှင်။
📌အတန်းတိုင်းကို လက်ခံမယ့်လူဦးရေကန့်သတ်ထားတာကြောင့် ဦးရာလူစနစ်နဲ့ အတန်းသစ်များ လက်ခံပေးနေပါပြီရှင်။✨
📩စုံစမ်းအပ်နှံရန် - ဖုန်း 09880032336 (သို့မဟုတ်) messenger ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
InnoEd - A bridge to your brighter future!
Much Love,💙
Tr. Mary
17/05/2026
ခုရက်ပိုင်း SAT အတန်းနဲ့ပက်သက်ပြီး ခဏခဏမေးနေတာလေး ပြောပြချင်ပါတယ်။
ဆရာတို့ InnoEd က SAT program က academic excellence only ရစေဖို့၊ တနည်းအားဖြင့် အမှတ်ကောင်းစေဖို့ သပ်သပ်ပဲ လေ့ကျင့်ပေးတာမဟုတ်ပါဘူး။
နိုင်ငံခြားမှာကျောင်းတက်ရင် ထူးချွန်အောင်မြင်ဖို့ လိုအပ်မယ့် စိတ်ဓာတ် (mindset)၊ ကျင့်ကြံမှု (academic practices)၊ အသိပညာပိုင်းဆိုင်ရာဖွံ့ဖြိုးမှု (intellectual development)၊ နဲ့ ပညာသင်သားတယောက်ရှိရမယ့် အရည်အချင်း (scholastic aptitude) တွေကို တည်ဆောက်ပေးတဲ့ learning program ပါ။
အဲဒီလိုပြောတာနဲ့ “အမှတ်ကောင်း မရဘူးတိုင်း လျှောက်ရွှီးနေတာ” လို့လည်းမထင်စေချင်ပါဘူး။
Academic excellence အားဖြင့်ဆိုရင် ဆရာကိုယ်တိုင် Australia မှာကျောင်းတက်တုန်းက final year မှာ capstone project လုပ်ရတာကိုမှ GPA 6.5 out of 7.0 ရခဲ့လို့ Dean’s list of excellence awards လည်းရခဲ့ပါတယ်။ အဲဒီအချိန် ဝမ်းရေးအတွက် part-time job နဲ့ QUT ရဲ့ leadership program မှာလည်း volunteering လုပ်နေခဲ့ပါသေးတယ်။ ဒီလောက် commitment တွေရှိနေတာကိုမှ academic excellence ရခဲ့တာ ဘဝအတွက် အမှတ်တရပါပဲ (ပုံ မှာကြည့်ပါ)
နောက်ပြီး ဆရာက ပညာရေးစနစ် တည်ဆောက်နေတာပါ။ သင်ရိုးစာအုပ် တအုပ်ကိုပဲ ကိုင်ပြီးသင်တာမဟုတ်ဘဲ သင်ရိုးတခုထွက်လာဖို့ program တခုဖြစ်လာဖို့ စာအုပ် ၄-၅ အုပ် လောက် research လုပ်၊ academic papers တွေဖတ်၊ ကျောင်းသူကျောင်းသားတွေရဲ့လိုအပ်ချက်ကို သူတို့တွေရဲ့ reflective journals တွေကတဆင့် လေ့လာပြီးတော့မှ ဘက်စုံဖွံ့ဖြိုးဖို့ SAT program ကို တည်ဆောက်ထားတာပါ။
အဲဒီစနစ်တွေကရမယ့် ပညာသင်အတွေ့အကြုံ learning experiences ကနေ လက်ရှိအတွက် လိုအပ်တဲ့ အသုံးချနိုင်မယ့် နည်းလမ်း toolkits တွေရသွားမယ်၊ စနစ်တကျ စာလုပ်နည်း systematic learning methods တွေရသွားမယ်၊ ကိုယ်ထူကိုယ်ထ independent-learners ဖြစ်လာဖို့ ထိထိရောက်ရောက် သင်ယူနိုင်မယ့် strategic learning လုပ်နိုင်မယ့် နည်းဗျူဟာတွေရသွားမယ်၊ စာလုပ်တဲ့အခါမရှိမဖြစ်လိုအပ်တဲ့ mental capacity ဖွံ့ဖြိုးဖို့၊ neuroscience နဲ့ psychology ရဲ့ ပညာရေးမှာ အရေးပါပုံတွေ နဲ့ အနာဂတ်ပညာရေးအတွက် မရှိမဖြစ်တဲ့ ပညာရေးရလဒ်တွေကို ရစေဖို့ တည်ဆောက်ထားတာပါ။
ဒီစနစ်တွေကထိရောက်မှုရှိလားဆိုရင် ရှိပါတယ်။ ပထမ ဥပမာအနေနဲ့ပြောရရင် ဆရာတို့ ကျောင်းက GED မှာ “ကမ္ဘာ့အမှတ်အများဆုံး” လို့ဆိုရမယ့် ၇၇၉/၈၀၀ ရထားပါတယ်။ ဒါက ဆရာတို့ စနစ်မှာ ကြိုးစားရင် ကြိုးစားသလို ဘယ်လောက် ထိအောင်မြင်နိုင်လဲဆိုတဲ့ မှတ်တိုင်တခုပါ။ သူဆိုရင် ဆရာတို့ဆီမှာ Foundation + Preparation တက်ခဲ့တဲ့ကျောင်းသားပါ။
နောက် ဥပမာပြောရရင် SAT မှာလည်း ၁၅၀၀ ကျော်ရဖူးတဲ့ တယောက်ရှိပါတယ်။ သူကတော့ SAT ကို ဆရာတို့ဆီမှာတက်ခဲ့တာမဟုတ်ပါဘူး။ အဲဒီတုန်းက SAT အတန်းဖွင့်ဖို့ပြင်နေတုန်း၊ သင်ရိုးအတွက် ဆရာ စာအုပ်တွေဖတ်နေတုန်းပါ။ ဒီကျောင်းသားက InnoEd က IELTS အတန်းတွေနဲ့ General English အတန်းတွေမှာ ၁၅-၁၆ နှစ် အရွယ်ကတည်းက တက်ခဲ့တယ်။ အပေါ်မှာပြောသလိုပဲ independent-learner ဖြစ်လာစေဖို့ toolkits အစုံပေးပြီးသကာလမှာ ကိုယ်ဒူးကိုယ်ချွန်ဆက်လေ့လာသွားတာ ACT Science မှာ self-study နဲ့ အမှတ်ပြည့်ရတယ် လို့လည်းပြန်သိရပါတယ်။ ကိုယ့်ကျောင်းက မဟုတ်တော့ “ဂုဏ်ဆာ” တာမျိုး မလုပ်ဖြစ်ခဲ့ပါဘူး။
📌 ပညာသင်ရာမှာ ဆရာတို့က အုတ်မြစ်ချပေးရင် ဘဝမှာ အမြင့်ကိုရောက်ဖို့ ဆက်ပြီးတည်ဆောက်သွားရမှာက ကျောင်းသူကျောင်းသားတွေရဲ့တာဝန်ပါ။
နောက်ပြီး academic excellence တခုတည်းမသင်တာက “3 idiots” ဇာတ်ကားထဲကပြောသလို “pressure cooker” ပေါင်းအိုးထဲထည့်ပေါင်းသလို ဖိအားနဲ့ အတင်းဇွတ်လုပ်ခိုင်းတဲ့ ပညာရေးစနစ်မျိုး ဆရာကတော့ မလိုချင်ဘူး။ ကိုယ်မလိုချင်တဲ့ ပညာရေးစနစ်ကို သူများကိုလည်းလက်ဆင့်မကမ်းဘူး။ “3 idiots” ဇာတ်ကားထဲမှာပဲ “ဖိအား” တွေကြောင့် အသက်ဆက်မရှင်ဖို့ ဆုံးဖြတ်လိုက်တဲ့ ဇာတ်ဝင်ခန်းလည်းမှတ်မိမယ်ထင်ပါတယ်။ နောက်ပြီး ကမ္ဘာ့ပညာရေး data တွေအရ Korea မှာဆိုရင်လည်း ပညာရေး ဖိအားတွေကြောင့်၊ လူ့အသိုင်းအဝိုင်းက ဖိအားတွေကြောင့် နှစ်စဉ် 12% က အသက်ဆက်မရှင်ဖို့ ရွေးချယ်ကြသလို 33% က အဆုံးသတ်ဖို့ အတွေးတွေဝင်ခဲ့ကြဖူးတယ် ဆိုတာ အင်တာနက်မှာရှာကြည့်နိုင်ပါတယ်။
📌 ကိုယ့်ရဲ့ အဖိုးတန်သားသမီးရင်သွေးတွေဖိအားပေးတာနဲ့ တန်ရဲ့လားဆိုတာ တွေးကြည့်စေနိုင်ဖို့ပါ။ နောက်ပြီး အခုလို AI ခေတ်မှာ အမှတ်တခုတည်းကလည်း ဘဝကို အဆုံးဖြတ်မပေးတော့ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။
InnoEd က စာသင်ခန်းက ပေါင်းအိုး မဟုတ်ပါဘူး။ ကစားကွင်း ပါ။ student-centric learning တခုဖြစ်တဲ့ experiential learning အရ ကစားဖို့၊ အမှားလုပ်ဖို့၊ အမှားကနေသင်ယူဖို့ နဲ့ ရှင်သန်ဖွံ့ဖြိုးဖို့ ကို ဦးစားပေးပါတယ်။ ကစားကွင်းဖြစ်တဲ့အလျှောက် ပျော်ရတဲ့အခါလည်းရှိသလို၊ ပင်ပန်းတဲ့အခါလည်းရှိသလို၊ ကစားရင်းချော်လဲတဲ့အခါ နာတာလည်းရှိမှာပေါ့။ နော်။ 🙄
အတန်းတိုင်းမှာ ဆရာကတော့ ဆရာစားမချန် အကုန် အိတ်သွန်ဖာမှောက်သင်ပေးလိုက်တာပဲ။ ဘာကွာသွားလဲဆိုတော့ သင်ပေးတာတွေကို မနာယူတဲ့သူ၊ နာယူရုံနာယူတဲ့သူ၊ ကျင့်သုံးတဲ့သူ၊ ချိတ်ဆက် ကျင့်သုံးနိုင်စွမ်းရှိတဲ့သူ ဆိုပြီး ကျောင်းသူကျောင်းသား အမျိုးအစားပေါ်မူတည်ပြီးကွာသွားတာပါပဲ။ ဆရာက မီးပေးလိုက်ရင် အဲဒီမီးကို အလင်းရဖို့သုံးတဲ့သူ၊ နွေးထွေးဖို့သုံးတဲ့သူ၊ တပါးသူကိုပူလောင်စေဖို့ သုံးတဲ့သူ ကွာသလိုပါပဲ။
အဓိကဆိုလိုရင်းကိုပြန်ချုပ်ရရင် - ဆရာတို့ InnoEd ရဲ့ SAT အတန်းက လုံးစုံဘက်စုံဖွံ့ဖြိုးစေဖို့နဲ့ ကိုယ်ထူကိုယ်ထ သင်ယူတတ်သူတယောက်ဖြစ်ဖို့ လိုအပ်တာမှန်သမျှ သင်ပေး၊ လေ့ကျင့်ပေးလိုက်တဲ့သင်တန်းပါ။ ရလာတဲ့ ပညာနဲ့ ဘာလုပ်မလဲ၊ ဘယ်လိုလုပ်မလဲ ဆိုတာက ကျောင်းသူကျောင်းသား သင်ယူသူနဲ့ပဲ ဆိုင်ပါတယ်။
📌 SAT က IQ skill development training ဖြစ်တဲ့အတွက် knowledge development လိုမျိုး ဆရာပြောတာ ထိုင်မှတ်နေရုံနဲ့ မရဘဲ ကိုယ်တိုင်ကျင့်ဖို့လိုပါတယ်။
ကြိုးစားလေ့ကျင့်တာက ကျောင်းသူကျောင်းသားတွေရဲ့ အလုပ်၊ လေ့ကျင့်တဲ့ သင်တန်းကာလ ၁၂ ပတ်အပြင် စာမေးပွဲမဖြေမချင်းထိ ဘေးကနေ ပံ့ပိုးကူညီပေးနေတာကဆရာတို့အလုပ်ပါပဲ။ ဒီလိုပြောလို့လဲ self-study ဆိုပြီး စာတွေထိုင်ဖတ်ပြပြီး သင်တန်းကြေးညာယူပြီး ဂျင်းတာမျိုး မလုပ်ပါဘူး။ independent-learner ဖြစ်လာဖို့ စနစ်တကျသင်ပေးပါတယ်။
📌 စနစ်တကျစာလိုက်လုပ်ရင်၊ သေချာလေး ကြိုးစားအားထုတ်မှု စိုက်ထည့်ရင် ကမ္ဘာ့အများဆုံး ဆိုတဲ့ အမှတ်တွေထိရနိုင်ပါတယ်။
နိုင်ငံတကာပညာရေးအတွက် စနစ်တကျ၊ အထာကျကျ ကူးပြောင်းနိုင်ပြီး အောင်မြင်ချင်ရင် InnoEd က SAT အတန်းမှာတက်ပါ။
လောလောဆယ် အမှတ်ကောင်းရဖို့က အဓိက၊ နောက်ပြဿနာ နောက်မှရှင်းမယ် ဆိုရင် SAT သင်နေကြတဲ့ တခြားသင်တန်းကျောင်းတွေပေါပါတယ် လို့ပဲပြောပါရစေ။
ပညာရေး စီးပွါရေးဆိုတာက ကိုယ်လိုတာ ကိုယ်ဝယ်ကြတဲ့ ဝန်ဆောင်မှု စီးပွါးရေးအမျိုးအစားပါ။ လိုချင်တာရပြီး ပညာရေးလမ်းကြောင်းမှာ အဆင်ပြေကြဖို့က အဓိကပါပဲ။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Nawaday Street, Yawmingyi Ward, Dagon
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |