Vision Creative Academy
16/06/2026
VCA တွင် တက်ရောက်ခဲ့သော ကျောင်းသား/ကျောင်းသူများရဲ့ စကားသံများ🎬✨
==========
စိတ်ကူးအိပ်မက်တွေကို လက်တွေ့ပုံဖော်ဖို့အတွက် Vision Creative Academy မှာ ပညာသင်ယူခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူများ၏ စကားသံများကို ဖော်ပြပေးလိုက်ပါတယ်ရှင်။ ✨
အနုပညာလမ်းကြောင်းပေါ်မှာ ပထမဆုံးခြေလှမ်းကို စလှမ်းဖို့ တွန့်ဆုတ်နေပါသလား?
အခုဖော်ပြပေးထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေဟာလည်း တစ်ချိန်က သင့်လိုပဲ ဝါသနာတစ်ခုတည်းနဲ့ စတင်ခဲ့ကြသူတွေပါ။
VCA ရဲ့ သင်တန်းသားတွေဟာ သီအိုရီသက်သက်တင်မဟုတ်ဘဲ လက်တွေ့နယ်ပယ်ထဲမှာပါ အမှန်တကယ် အလုပ်ဖြစ်စေမယ့် ရုပ်ရှင်အနုပညာရပ်တွေကို စနစ်တကျ လေ့လာသင်ယူခဲ့ကြတာ ဖြစ်ပါတယ်။ သင်ဟာ ဝါသနာပါရုံတင်မကဘဲ ကိုယ်တိုင်ဖန်တီးသူတစ်ယောက် ဖြစ်လာဖို့ဆိုရင်တော့ VCA က အမြဲတမ်း ကြိုဆိုနေမှာပါ။ 🤝
Vision Creative Academy မှာ ပညာသင်ယူခဲ့တဲ့ ကျောင်းသား၊ ကျောင်းသူများအားလုံးကိုလည်း VCA မှသတိရလျက်ပါ။
ကျောင်းသား၊ ကျောင်းသူများအားလုံး မိသားစုနှင့်အတူတကွ ကိုယ်ကျန်းမာ၊စိတ်ချမ်းသာပြီး ကိုယ်ဖြစ်လိုတဲ့ဆန္ဒများပြည့်ဝပါစေ။
စစ်မှန်တဲ့အနုပညာများကိုလည်း ဖန်တီးနိုင်သူများဖြစ်ကြပါစေလို့ VCA မှဆုတောင်းပေးလိုက်ပါတယ်ရှင်။🙏✨
VCA ရဲ့ "ရုပ်ရှင်အနုပညာသင်တန်းများ"ကို စိတ်ဝင်စားလေ့လာချင်သူများအတွက်သင်တန်းများအကြောင်း အပြည့်အစုံကို အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုလို့ရနေပါပြီ။
🔗 https://www.facebook.com/share/p/18uXwhX9qA/
သင်တန်းများနဲ့ပတ်သက်ပြီး အသေးစိတ်သိချင်တာတွေကို
Page Messenger (သို့မဟုတ်)
Phone No - 09444080889, 09978691727 သို့ အားမနာတမ်းဆက်သွယ်မေးမြန်းဖို့ ဖိတ်ခေါ်ပါရစေ။
#စိတ်ကူးအိပ်မက်မှသည်လက်တွေ့ပုံဖော်ဖန်တီးရာ
09/06/2026
"An artist’s job is to captivate. If we stumble into truth, we got lucky. And decisions are made by those who show up."
— Aaron Sorkin 🎬
အနုပညာဆိုတာ သင်ခန်းစာပေးဖို့ထက် အရင်ဆုံး လူတစ်ယောက်ကို မျက်လုံးမလွှဲနိုင်လောက်အောင်အထိဆွဲခေါ်နိုင်ဖို့ပဲ။
ရုပ်ရှင်တစ်ကား၊ ဇာတ်လမ်းတစ်ပုဒ်ဟာ လူတွေကို စိတ်ဝင်စားအောင် မဖမ်းစားနိုင်ဘူးဆိုရင် အဲ့ဒီထဲမှာ ဘယ်လောက်နက်ရှိုင်းတဲ့ အမှန်တရားတွေ၊ ဘယ်လောက်ကောင်းတဲ့ message တွေရှိနေပါစေ အဲဒါတွေက Screen အောက်မှာပဲ ပျောက်သွားတတ်တယ်။
တစ်ခါတလေရုပ်ရှင်ထဲက “အမှန်တရား” ဆိုတာ ရည်ရွယ်ပြီး ရှာဖွေတူးဖော်တာထက်၊ ဇာတ်လမ်းထဲကို လှည့်ဝင်သွားရင်း မတော်တဆ ပေါ်လာတဲ့ အရာမျိုး ဖြစ်တတ်တယ်။ ရုပ်ရှင်ဇာတ်လမ်းတစ်ခုကို ကြည့်ပြီးတဲ့အခါ ပရိသတ်ရဲ့ စိတ်ထဲမှာ ကျန်ခဲ့တာက အဖြေတစ်ခုထက် မေးခွန်းတစ်ခု ဖြစ်နေတတ်ပါတယ်။
Aaron Sorkin ရဲ့ လက်ရာတွေဖြစ်တဲ့ The Social Network, Moneyball, A Few Good Men, Steve Jobs တို့ကို ကြည့်ရင်လည်း အဲ့ဒီအရာကို မကြာခဏ တွေ့ရမှာပါ။
သူက အမှန်တရားကို သင်ပေးဖို့ ကြိုးစားတာထက် ကြည့်ရှုတဲ့သူတွေကို စိတ်ဝင်စားအောင် ဆွဲခေါ်သွားဖို့ ပိုအရေးကြီးတယ်လို့ ယုံကြည်တဲ့သူတစ်ယောက်ပါ။ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ Dialogue တွေ၊ ဇာတ်ကောင်တွေရဲ့ထက်မြက်တဲ့ အတွေးအခေါ်တွေ၊ ဆုံးဖြတ်ချက်တစ်ခုရဲ့ နောက်ကွယ်က ဖိအားတွေနဲ့ လူသားဆန်တဲ့ အားနည်းချက်တွေကို သူ့ဇာတ်လမ်းတွေထဲမှာ အမြဲတွေ့ရတတ်ပါတယ်။
တစ်ခါတလေ ဇာတ်ကားတွေက အမှန်တရားကို တိုက်ရိုက်ပြောပြလို့ မရဘူး။ ဒါပေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ကတော့ လူတွေကို တွေးစေတယ်၊ ခံစားစေတယ်၊ ကိုယ့်ဘာသာ အဖြေရှာစေတယ်။
အဲ့ဒါကြောင့်ပဲ Aaron Sorkin ရဲ့ လက်ရာတွေဟာ ဇာတ်လမ်းတစ်ခုကစကားပြောနိုင်ခြင်းရဲ့ စွမ်းအားကို သက်သေပြနေသလိုပါပဲ။
Happy Birthday, Aaron Sorkin! 🎉
#စိတ်ကူးအိပ်မက်မှသည်လက်တွေ့ပုံဖော်ဖန်တီးရာ
06/06/2026
"I have never made a film to praise or to criticize something. That kind of filmmaking is nothing but propaganda."
— Hirokazu Kore-eda 🎬
ရုပ်ရှင်ကားကောင်းတစ်ကားကို ကြည့်ပြီးတဲ့အခါ "ဒီရုပ်ရှင်က ဘာပြောချင်တာလဲ" ဆိုတာထက် "ဒီရုပ်ရှင်က ဘာတွေ ခံစားစေခဲ့လဲ" ဆိုတာက ပိုပြီး စိတ်ထဲကျန်နေတတ်ပါတယ်။
Hirokazu Kore-eda ရဲ့ ရုပ်ရှင်တွေကို ကြည့်ရင်လည်း အဲ့ဒီခံစားချက်ကို မကြာခဏ တွေ့ရမှာပါ။
သူ့ရုပ်ရှင်တွေက ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ်လို့ ဆုံးဖြတ်မပေးဘူး။ ဘယ်သူ့ဘက်က ရပ်တည်ရမယ်ဆိုတာလည်း မပြောဘူး။ အဲ့ဒီအစား လူတွေရဲ့ ဘဝထဲကို တိတ်တိတ်လေး ခေါ်သွားတယ်။
မိသားစုတစ်ခုရဲ့ အက်ကြောင်းတွေ၊ မပြောဖြစ်ခဲ့တဲ့ စကားတွေ၊ သံယောဇဉ်တွေ၊ နောင်တတွေ၊ ခွင့်လွှတ်မှုတွေကို ပကတိအတိုင်း မြင်ခွင့်ပေးတယ်။
ရုပ်ရှင်ဆိုတာ တစ်ယောက်ယောက်ရဲ့ အမြင်ကို အတင်းအကျပ် လက်ခံခိုင်းဖို့ မဟုတ်ဘဲ လူသားဘဝကို ပကတိအတိုင်း မြင်တွေ့ခံစားစေချင်တာကို Kore-eda ရဲ့ အနုပညာက သတိပေးနေသလိုပါပဲ။
Happy Birthday, Hirokazu Kore-eda! 🎉
#စိတ်ကူးအိပ်မက်မှသည်လက်တွေ့ပုံဖော်ဖန်တီးရာ
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
No. 318, Wireless (3) Street, Kaba Aye, Mayangone Township
Yangon
11062
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |