Tamwe Times
30/12/2024
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန် ဂွမြို့အား အပြီးသတ်သိမ်းပိုက်ပြီးနောက် တွေ့မြင်ရသည့် အာရက္ခစစ်သည်တော်များ၏ မှတ်တမ်းဓာတ်ပုံတချို့
Credit - AA Info Desk
07/04/2022
အကြမ်းဖက်စစ်ကောင်စီကို အရေးယူနိုင်မယ့် Burma Act 2021 ဥပဒေကို အမေရိကန် အောက်လွှတ်တော်အတည်ပြု။
Burma Act ဥပဒေကို အမေရိကန် အထက်လွှတ်တော်၌ ဆက်လက်အတည်ပြုရန် ကျန်ရှိနေသည်။
ဆက်လက်ပြီး Burma Actကို အမေရိကန် လွှတ်တော် နှစ်ရပ်လုံး၌ အတည်ပြုပြီးလျှင် အာဏာသိမ်းဖြစ်စဉ်၌ ပါဝင်ခဲ့သည့် မင်းအောင်လှိုင်နှင့် အပေါင်းအပါများကို အရေး ယူပိတ်ဆို့ခြင်း၊ အခြားလူမဆန်သည့် လုပ်ရပ်များနှင့် ပတ်သက်ပြီး အကျိုးဆက် အားလုံးကို တာဝန်ယူခိုင်းနိုင်မည့် လုပ်ပိုင်ခွင့်များ ရရှိလာမည်ဖြစ်သည်။
7.4.2022
07/02/2022
ဩစတြေးလျ ပညာရှင် ရှောင်တာနယ် လွတ်မြောက်သည့် သတင်းအမှား ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ပြန်ရှင်းနေရ။ ထိုသတင်းအမှားနှင့်ပတ်သက်ပြီး မြန်မာစစ်ကောင်စီနှင့် ရွှေလက်တွဲနေသည့်ဟွန်ဆန်အပေါ် ဝေဖန်ဟားတိုက်မှုများ မြင့်တက်နေ။
၇.၂.၂၀၂၂
13/12/2021
ကြေညာချက် အမှတ် (၅ /၂၀၂၁)
၁၃၈၃ ခုနှစ်၊ နတ်တော်လဆန်း ၁၀ ရက်
(၂၀၂၁ ခုနှစ် ၊ ဒီဇင်ဘာလ ၁၃ ရက်)
“ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နှင့်ပက်သက်သော ကြေညာချက် ”
၁။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည် ကရင်နီတပ်မတော် (KA) နှင့်အတူလက်တွဲ၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်ရေးတွင် တပ်ဦးမှတွန်းလှန် တိုက်ခိုက်နေသော တပ်ဖွဲ့ဖြစ်သည်။ KNDF သည် စနစ်ကျသော ဖွဲ့စည်းပုံ၊ စစ်ဦးစီးမှု၊ ခိုင်မာသော မူဝါဒများဖြင့် ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ၏ ကြီးကြပ်မှု အောက်တွင် ရပ်တည်လျက်ရှိသည်။
၂။ KNDF သည် ဒေသအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်ကာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တိုက်ပွဲ ဝင်နေသည့် တော်လှန်ရေးအဖွဲ့အစည်းဖြစ်သည်။
၃။ ထို့အပြင် KNDF သည် ကာကွယ်ရေးဝန်ကြီးဌာန (အမျိုးသားညီညွတ်ရေးအစိုးရ) နှင့်လည်း မြေပြင်စစ်ရေး၊ နိုင်ငံရေးအခြေအနေများကို စဉ်ဆက်မပြတ် ချိတ်ဆက် ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်၍ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သည် ကရင်နီပြည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးဌာန (အမျိုးသားညီညွတ်ရေးအစိုးရ) က အသိအမှတ်ပြု၊ ပူးပေါင်း ဆောင်ရွက်နေသည့် အဖွဲ့အစည်းဖြစ်ကြောင်း ထုတ်ပြန် ကြေညာအပ်ပါသည်။
ပုံ
ရည်မွန်
ပြည်ထောင်စုဝန်ကြီး
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Address
Tamwe Township
Yangon