Iconic

Iconic

Share

04/01/2026

Social media ခေတ်ကြီးမှ website ဆိုတာ လိုအပ်လို့လား? ဘယ်သူမှလဲ သိပ်ကြည့်ဖြစ်တာ မဟုတ်ဘဲနဲ့။

ပြည်တွင်းမှာပဲဆိုရင်တော့ website ဟာ မရှိမဖြစ်တော့ မဟုတ်ပါဘူး။ Customer တွေက အဓိက ဆက်သွယ်ဖို့ရာမှာ facebook နဲ့ tiktok ဟာ အဓိက လမ်းကြောင်းပဲ။ အဓိက အရောင်းတွေကို ဖြစ်စေတဲ့ နေရာဟာ social media ပဲဖြစ်တာမို့ ခုမှစမယ့် လုပ်ငန်းတွေဟာ website တစ်ခုမှာ ဘတ်ဂျတ်သုံးတာထက် facebook နဲ့ tiktok page တွေလှုပ်နေဖို့ ပိုအားစိုက်သင့်တယ်။

ကိုယ့်လုပ်ငန်းဟာ အနေအထားလယ်ဗယ်တစ်ခုကို ရောက်လာပြီဆိုရင်တော့ website ဘက်ကို စဥ်းစားသင့်ပြီ။ အဲဒါက
- ကိုယ့်လုပ်ငန်းပုံရိပ်ကို branding အနေနဲ့ ပိုအားကောင်းစေတယ်
- Social media ကိုယ်တိုင်က website ထည့်ပေးထားရင် rating ပိုပြီး မြင့်မြင့်သတ်မှတ်ပေးတာကြောင့် ကိုယ့် page တွေ အားကောင်းတယ်
- social media page တွေ မှတ်ပုံတင်ရင် website ဖြည့်ပေးရတာမျိုး ရှိတယ်။
- ChatGPT တို့လို့ AI တွေရဲ့ အဓိက information အရင်းမြစ်တွေကို web site တွေကနေ ရယူတယ်။

ဒီတော့ ပြည်တွင်းအနေနဲ့ဆိုရင် website ဟာ တိုက်ရိုက် စားသုံးသူတွေကို ခေါ်လာမယ့် နေရာမဟုတ်ပေမယ့် လုပ်ငန်းအနေအထား တစ်ခု ရောက်နေပြီဆိုရင်တော့ လစ်လျူမရှုထားဘဲ လုပ်ငန်းချဲ့ထွင်ရာမှာ ထည့်သွင်းစဥ်းစားရမယ့် စီးပွားရေး လက်နက်တစ်ခုတော့ ဖြစ်နေပါတယ်။

တကယ်လို့ နိုင်ငံတကာနဲ့ ဆက်သွယ်ပြီး ကုန်သွယ်မှုတွေ ဝန်ဆောင်မှုတွေ လုပ်မယ်ဆိုရင်တော့ website ဟာ တော်တော်လေး အရေးကြီးတယ်။ သူတို့အတွက်တော့ ကုမ္ပဏီတစ်ခုခု အကြောင်းသိချင်ပြီဆိုရင် အဲဒီ company ရဲ့ website ဟာ ပထမဆုံး သွားကြည့်တဲ့ နေရာပါပဲ။ အဲလိုဖြစ်အောင်လဲ တချို့နိုင်ငံတွေမှာ ကုမ္ပဏီထောင်ရင် website ရှိရမယ်လို့ သတ်မှတ်ထားတာမျိုး ရှိတော့ ဒါကအလေ့အကျင့်လို ဖြစ်နေတယ်။

ဘတ်ဂျတ်အရလည်း အများကြီး တွန့်ဆုတ်နေစရာ မလိုပါဘူး။ ပုံမှန် အသေးစား လှတပတအဆင့်မြင့်မြင့် website လေးကစလို့ စျေးရောင်းစျေးဝယ်လုပ်လို့ရတဲ့ website မျိုးအလည်၊ လက်မှတ်တွေရောင်း booking တွေလုပ်လို့ရတဲ့ website မျိုးအဆုံး အနေအထားအမျိုးမျိုးမှာ စျေးနှုန်းအမျိုးမျိုး ရှိနေတာပါပဲ။

သင့်လုပ်ငန်းအတွက် website တစ်ခု လုပ်ရင်ကောင်းမလား စဥ်းစားနေပြီဆိုရင်တော့ 09 445566 027 ကို ဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့ရဲ့ specialist တွေက အကောင်းဆုံး အကြံညာဏ်တွေ ပေးဖို့ အသင့်ရှိနေပါတယ်။

Photos from Iconic's post 01/01/2026

နှစ်သစ်ကို ကြိုဆို။
To the team that makes it all happen: Thank you for a fantastic year. We are ready for 2026.

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Address


No. 349(B) 2nd Floor, Thu Mingalar Road, 9th Quarter, South Okkalapa Township
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00