Better Future Learning and Training Center
19/12/2025
100 % အောင်ချက်ကောင်းများရရှိနေတဲ့ Better Future Learning and Training Center
ကို စနစ်တကျ သင်ယူပြီး ကိုယ်လိုချင်တဲ့ ရမှတ်ပန်းတိုင်ကို ရောက်ဖို့ဆိုတာ ဆရာကောင်းနဲ့တွေ့ဖို့ လိုပါတယ်။
🧑🎓ဆရာသူရထက်ရဲ့ GMAT သင်တန်းသစ်အတွက် သင်တန်းသား စတင်လက်ခံနေပါပြီ။
ရုံးဝန်ထမ်းတွေပါ အဆင်ပြေအောင် နဲ့ ညနေပိုင်း 7နာရီမှ 9နာရီထိ သင်ကြားပေးမယ့်အတန်းဖြစ်ပါတယ်။
ဝင်ခွင့်ပါပြီးရင်လည်း VIVA အတွက်လိုအပ်ချက်တွေပါ သင်ကြားပြောပြပေးသွားမှာဖြစ်ပါတယ်။
အသေးစိတ်သိရှိလိုပါက ဖုန်း
၀၉ ၂၅၁ ၉၉၃၃၆၆ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ရန်စီး၊ မိတ်စီး၊ မုံစီး တို့ မှာ Thesis ရေးတော့မယ် Research ကာလ ရောက်ပြီဆိုရင်ဆိုရင် Research paper (သုတေသနစာတမ်းတစ်စောင်)ကို စနစ်တကျရေးသားနိုင်ဖို့ သိထားရမယ့်အချက်တွေနဲ့ ပါဝင်ရမယ့်အချက်တွေကို အားလုံးနားလည်အောင် ရှင်းပြပေးလိုက်ပါတယ်။
စာသင်နှစ် semester 6ခု ပြီးပြီဆိုတာနဲ့ အရင်ဆုံး Supervisor ခွဲကြပါတယ်။ ကိုယ့်ရဲ့ Supervisor အတိအကျ ရပြီဆိုရင် Thesis မစခင်ကတည်းက ကိုယ့်ရဲ့ Supervisorနဲ့ အနီးကပ်တိုင်ပင်ဆွေးနွေးပါ။ ခေါင်းစဉ်ရွေးချယ်ခြင်းကစလို့ Data ကောက်ယူတာ၊ Analysis လုပ်တာ၊ ရေးသားတာအထိ အကြံဉာဏ်ရယူပါ။ Supervisor ရဲ့ အတည်ပြုချက်ရပြီးမှ Thesis Proposal ကို တင်ပြီး Thesis Title Defense ဝင်ရပါမယ်။
ခေါင်းစဉ်အတည်ဖြစ်ပြီဆိုတာနဲ့ သက်ဆိုင်ရာလုပ်ငန်း (သို့) လေ့လာမည့်အုပ်စုနှင့် ဆက်သွယ်ပါ။ Data မပေးနိုင်သည့် ပြဿနာများ မရှိစေရန် ကြိုတင်ညှိနှိုင်းပါ။ Google Form ကဲ့သို့ Online tools များကို အသုံးပြု၍ Data ကောက်ယူခြင်းက ပိုမိုလွယ်ကူမြန်ဆန်စေပါတယ်။
Thesis တစ်စောင် မှာ Chapters 5ခန်း ပါဝင်ပါတယ်။
1
ကိုယ်ရေးချင်တဲ့အကြောင်းအရာရဲ့ နောက်ခံသမိုင်းBackground of the Study ကိုတင်ပြရမယ်။intro ကိုဖတ်လိုက်တာနဲ့ ကိုယ်စာတမ်းမှာ ဘာတွေလုပ်မယ် ဘယ်အကြောင်းရာတွေကိုဦးတည်တယ် စတဲ့ ကိုယ်လေ့လာမည့်အကြောင်းအရာနှင့် ပတ်သက်၍ အကျဉ်းချုပ်ပြီး ခြုံငုံတင်ပြရပါမယ်။
of the Study
ကိုယ့်ရဲ့ research ကို မည်သည့်အတွက်ကြောင့် မည်သို့အရေးကြီးလို့ လုပ်ရတယ်ဆိုတဲ့ ပြဿနာဖော်ထုတ်ခြင်းများ၊ ဤသုတေသနကို လုပ်ဆောင်ရန် လိုအပ်ကြောင်း (Research Gap) ကို ဖော်ပြခြင်း၊ ဤသုတေသနကနေ မည်သူတွေမည်သို့သော valuable insight (အကျိုးကျေးဇူး)များ ရနိုင်မယ်ဆိုသည့် Significance of the Studyအကြောင်းများ ပါဝင်အောင်ရေးသားရပါမယ်။
of the Study
ကိုယ့်ရဲ့သုတေသနက မည်သည့်အရာများကို ရှာဖွေဖော်ထုတ်လိုကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ လေ့လာမှု၏ ရည်ရွယ်ချက်များ (ဥပမာ- Main Objective နှင့် Specific Objectives များ)ကို ပေါ်လွင်အောင်ရေးရပါမယ်။
and Method of Study
ကိုယ့်ရဲ့ သုတေသနက မည်သည့်နယ်ပယ်က မည်သူတွေကို အဓိကမေးမည်၊ ဦးတည်မည်။လူဘယ်နှစ်ယောက်ကို မေးမည်။မည်သည့်နည်းလမ်းကို သုံးမည် (Qualitative/Quantitative/Mixed Method)၊ မည်သည့် Data Collection Method (Survey, Interview, Case Study) ဖြင့် လုပ်ဆောင်မည်ကို ဖော်ပြရပါတယ်။
of the Study
Thesis တစ်ခုလုံးတွင် ပါဝင်မည့် အခန်းကြီးများကို အကျဉ်းချုပ် ဖော်ပြတာပဲဖြစ်ပါတယ်။
2
Review
သည်အခန်းမှာ တော့ ကိုယ်ရွေးချယ်ထားသော ခေါင်းစဉ်နှင့် သက်ဆိုင်သည့် ချိတ်ဆက်မှုရှိသည့် ရှိပြီးသား (previous studies)သုတေသနများ၊ စာပေများ၊ သီအိုရီများ (Theories) ကို ပြန်လည် ဖော်ပြပေးရခြင်းဖြစ်ပါတယ်။ကိုယ့်ရဲ့ သုတေသနစာတမ်းမှာ သုံးမယ့် variables တွေ နဲ့ သူတို့ရဲ့ ဆက်စပ်မှုကိုဖော်ပြတဲ့ Conceptual Framework ကို ဤအခန်းတွင်ရေးပေးရပါမယ်။
3
အဖွဲ့အစည်းတစ်ခုရဲ့ အဆင့်ဆင့်ဖွဲ့စည်း တည်ဆောက်ပုံ profile of Organization structure၊ Mission & Vision တွေ၊ chapter 2မှာ ဖော်ပြထားတဲ့ကိုယ့်ရဲ့research မှာanalysis လုပ်မယ့် variables တစ်ခုစီကို အဖွဲ့စည်းကလုပ်ဆောင်နေတဲ့practices တွေဖော်ပြလေ့ရှိပါတယ်။
4&5 ကို ဆက်လက်ရေးသားပေးပါမည်။
#သုတေသနစာတမ်း
12/07/2025
ရန်ကုန်စီးပွားရေးတက္ကသိုလ် မဟာဘွဲ့ ခေါ်ယူခြင်း
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Aung Chan Thar Street , Thumingalar Housing
Yangon
11071