EIG Car Rental Service
17/07/2023
31/01/2021
ကိုယ်တွေ နှစ်ပဲ တစ်ပြား နဲ့ တိုင်ပတ်နေတာ။ EFD က လှူသွားတာ သိန်း တစ်သောင်း။ အိမ်း ချမ်းသာကြတာဟ။ ကိုယ်တွေက ထီထိုးပြီး ပေါက်မယ့်ပမာဏနဲ့ ဘဝပြောင်းမလား စိတ်ကူးယဥ်နေတာ။ သူတို့က အဲလောက်ကို စွန့် လှူကြတာ။ သြော် ဘဝ အကျိုးပေးများ ကွာတယ်။
ကောင်းတဲ့ကံတွေ နောက် လိုက်ဖို့ ကားလိုခဲ့ရင် EIG ကို သတိရလိုက်ပါ။
28/01/2021
စစ်ပြေး ရှင်ပြုရသလို ပျာယီးခြောက်ချက် မနက်ခင်းတွေမှာ ဂျင်းတီး နဲ့ စမူဆာ ကို Rod Stewart နဲ့ မြည်းရတာ သိပ်တော့မလိုက်လှပေမယ့် ဘဝက ဒီလိုဘဲ ပြဌာန်းခံထားရရှာတာ။
လိမ်ဖယ်ဖယ်နဲ့ လုပ်ငန်းပိုင်းအရ အောင်မြင်မှုလမ်းစလေးမြင်တုန်း ကိုဗစ်ဝင်လာတော့ ကိုယ်တွေလဲ မသောက်ချင်တဲ့ မိုးခါးရေဝင်သောက်ရ။ အဝင်သာနည်းတာ အထွက်နဲ့ ပြဿနာကတော့ တစ်ခုပြီး တစ်ခု လာလိုက်တဲ့ lesson ။ ခေါင်းမငုံ့ပါဘူး။ အဲ ကိုယ့် IC နဲ့ လာတိုက်တဲ့ သီချင်းမျိုးကျတော့ ခဏ ခဏ ညဥ်းမိတယ်။ အဲ ----- ကားတွေလား။ ရပ်ထားရတာ အတော်တောင်ကြာပေါ့။ ကြံ့ခိုင်ရေးလား။ လာထား ဘယ်ထိသွားချင်လဲ။ စောင့်နေတယ်နော် ဘယ်နေ့ခေါ်မလဲ။ ရယ်ဒီဘဲ။
26/01/2021
ကိုယ်တွေကလဲ လမ်းမင်းသား ပြောရမလောက်ဘဲ ။ တွေ့ပြန်ပြီ တစ်ခု အင်းလျာလိတ်ဟိုတယ်ပွိုင့်မှာ။အရမ်းဟိုက်ဂျက်နဲ့ သောက်ရမ်း စူဇူကီး။ စူဇူကီးက ကွေ့ကြောကနေလာပြီး ပွိုင့်ထိပ်မှာ ဦးဦးရဲတွေ မြင်လိုက်တော့ မျဥ်းသေမရောက်ခင် အတင်းဝင်တိုးပုံရပါတယ်။ ရွေ့နေရင်း ပွိုင့်နီသွားလို့အရမ်းဟိုက်ဂျက်က ဘရိတ်အုပ်လိုက်တော့ ဟိုက ခြေတက်ခုံစတီးတန်းကို မီးခွက်နဲ့ ဝင်နမ်းမိတာပေါ့။ ကွေ့ကြောကနေ တညိ့ဖြတ်လဲ ဖမ်းခံရမှာ။ အခုလဲ မျဥ်းသေပေါ်က ဖြတ်ရင် အမှုပိုဦးမှာ။ အားလုံးဘဲ စည်းကမ်းတကျ မောင်းကြပါစို့။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon