Realist E&C

Realist E&C

Share

Photos from Clean Yangon's post 30/03/2025

ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြု ရန်အချက်များကို ထပ်မံ ဝေမျှလိုက်ပါသည်။

~~~~~~~~~~~~~~
📌ငလျင်ဘေးအန္တရာယ်သည် ဖြစ်ပေါ်မည့် နေရာ၊ အချိန်နှင့် ပြင်းအားတို့ကို ကြိုတင် ခန့်မှန်း တွက်ချက်နိုင်ရန်ခက်ခဲပြီး ငလျင်ပြင်းအားပေါ်မူတည်၍ဖျက်ဆီးနိုင်စွမ်းမြင့်မားသည့် ဘေးအန္တရာယ် တစ်ခုဖြစ်ပါသည်။

📌သို့ဖြစ်ရာ ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်၊‌ ရှောင်ရန်နှင့် သတိပြုရန်အချက်များအား ပြည်သူများ သိရှိပြီး ကြိုတင်ပြင်ဆင်ခြင်းနှင့် အရေးပေါ်တုံ့ပြန်ခြင်းများ ဆောင်ရွက်နိုင်ရန် အကြံပြုတင်ပြအပ်ပါသည်။

📌မြန်မာပြည်သူလူထုအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ ဖိနှိပ်မှုမျိုးစုံနှင့် မတရား အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် လူမှုဒုက္ခအဝဝကို ခံစားနေရချိန်တွင် သဘာဝဘေး အန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးရမှုများ ထပ်မံ မဖြစ်ပွားစေရေးအတွက် အထူးသတိပြု နေထိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

📌မြန်မာနိုင်ငံသူ/နိုင်ငံသားများ ဘေးအန္တရာယ် အမျိုးမျိုးမှ ကင်းဝေးနိုင်ကြပါစေ။

Photos from Realist E&C's post 03/12/2023

ပေါ်လစ်အကြောင်း သိကောင်းစရာ 📌
*************************

ပထမဆုံးအနေနဲ့ ပေါ်လစ်ပုံးတွေရဲ့ အောက်ခြေက စာတွေရေးထားတာကိုကြည့်ပါ။ အမျိုးအစားတူမှသာ အသုံးပြုရတာ လွယ်ကူမှာ ဖြစ်ပါတယ်။

နိုင်ငံခြားပေါလစ်ဆေးတွေမှာတော့ လုပ်ငန်း (၃) ရပ်ရှိတယ်လို့ လေ့လာမိပါတယ်။

1️⃣ ဖီလာ (Filler)

ဖီလာကတော့ အရောင်အတွက်ဖြစ်ပြီးတော့ အရောင်‌အတော်များများ ရှိတတ်ပါတယ်။ သူ့ကို အသုံးပြုမယ်ဆိုရင် သင်နာ (Thinner) နဲ့ ဖျော်ရပါတယ်။

2️⃣ ဆီလာ (Sealer)

ဆီလာမှာလည်း အများကြီး သိဖို့တော့ မလိုပါဘူး လေးမျိုးလောက် သိထားရင်ကို အဆင်ပြေနေပါပြီ။

(၁) NC ဆီလာ နဲ့ PC ဆီလာ
=====================

ဒီနှစ်မျိုးကတော့ အသုံးပြုပုံနဲ့ ဆေးအာနိသင် သိပ်မကွဲလှပါဘူး။

NC/PC ၁ဆ+သင်နာ၂ဆ
ဒီအချိုးအတိုင်း ဖျော်စပ်သုတ်ရပါတယ်။

ဒါမှ သစ်ကြော ပိတ်တာ မပိတ်တာကို သုတ်ကြည့်ရင်းနဲ့ သိနိုင်မှာပါ။ အရည်အသွေး နည်းနည်းနိမ့်တဲ့ ဆီလာထဲမှာ ပါပါတယ်။

(၂) AC ဆီလာ
==========

AC ဆီလာကတော့ အက်စစ်ပါတဲ့ ဆီလာအကြည်ဖြစ်ပါတယ်။ ရုပ်ထွက်ကောင်းတယ်၊ ကြည်လင်တယ်၊ ရှင်းသန့်တယ်၊ အလယ်အလတ် တန်းစား
ဆီလာ လို့သိထားရင်ရပါတယ်။

AC ဆီလာမှာတော့ ဟာဒနာ ပါဝင်လာပါတယ်။ ဟာဒနာဆိုတာကတော့ ခြောက်သွေ့မြန်‌စေတဲ့ ဆေးဖြစ်ပါတယ်။ ဆီလာတွေက သူပါမှသာ ခြောက်သွေ့မှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီမှာ အချိုးအစား အများကြီး မသုံးထားပါဘူး။ AC ဆီလာ ၁၀ဆ+ ACဟာဒနာ ၁ဆ + AC သင်နာ ၅ ဆ ပေါင်းစပ်ဖျော်ရပါတယ်။ သုံးမျိုးပေါင်း ဆီလာတွေပါ။ ပရိဘောဂအတွက် အသုံးပြုတာပိုအဆင်ပြေပါတယ်။

(၃)PU ဆီလာ
==========
PU ဆီလာက‌ သစ်ဆီအများဆုံး ပါဝင်တဲ့ ဆီလာဖြစ်ပါတယ်။ ဆီလာသား နည်းနည်းနောက်တယ်၊ အိတယ်၊ ချောမွေ့တယ်၊ ပြောင်တင်းတယ်။

ဆီလာတွေထဲ အမြင့် စာရင်းဝင်သလို
ကြမ်းခင်းပိုင်း၊ လှေခါးပိုင်းလို အနင်းပိုင်းတွေအတွက် သင့်တော်ပါတယ်။
ဈေးလည်း မြင့်ပါတယ်။ ဆေးအချိုးအစားမှာ ဟာဒနာ အသုံးပြု့မှုပိုများလာပါတယ်။

PU ဆီလာ ၁၀ဆ+PU ဟာဒနာ၅ဆ+PU သင်နာ ၅ဆ သုံးမျိုးပေါင်းစပ် ဖျော်သုတ်ရပါတယ်။

3️⃣ Lacquer နဲ့ Topcoat

တတိယ လုပ်ငန်း ဖြစ်တဲ့ ... Lacquer နဲ့ Topcoat ရဲ့ တူမလိုလိုနဲ့ မတူတဲ့ အကြောင်းလေးကို ပြောပြပေးပါမယ်။

Lacquer ‌လိုက်ကာ တွေဟာ NC/PC (ဆီလာ) နဲ့ မျိုးနွယ် နေသလိုရှိပါတယ်။

သူ့ကို သင်နာ နဲ့ ပေါင်းစပ် ပြီး နှစ်မျိုးထဲ သုံးလာတာ တွေ့ရပါတယ်။ 2k တစ်ချို့မှာ ဟာဒနာပါတယ်။ UT လို့ရေထားရင် လက်ဆွဲသုတ်လို့ကောင်းပါတယ်။

ခြောက်ချိန်နှေးတယ်၊ သင်နာ အမျိုးအစားရွေးတယ်၊ ကြည်လင်တယ်၊ အသန့်ကြိုက်တယ်၊ ရုပ်ထွက်ကောင်းတယ်၊ %ရာခိုင်နုန်းနဲ့ပြောရင် 90%လောက် ထိကြည်လင်တယ်၊ ပြောင်တယ်။

T အမျိုးအစားတွေကတော့ စုတ်ဆွဲအား သိပ်မကောင်းချင်ဘူး၊ ခြောက်သွေ့မြန်တယ်၊ သင်နာ အချိုး လိုက်ကာနဲ့ ဆတူလောက်ထိ သုံးခွင့်ရှိတယ်။ 80% နှုန်း လောက်ထိပြောင်လက်ပါတယ်။

ဒီအမျိုးအစားထဲမှာ အမှိန်တွေ လာတတ်ပါတယ်။
အမှိန်လိုက်ကာတွေက ပိုပြီးဆေးပျစ်တယ် သင်နာအချိုးပိုသုံးရတတ်ပါတယ်။
ဒါတွေကတော့ Lacquer လိုက်ကာ အပိုင်းဖြစ်ပါတယ်။

Topcoat ကို‌တော့ ဆီလာတွေနဲ့ သီးသန့် တွဲဖက်အသုံးပြုရတဲ့ လိုက်ကာများလို့ပဲ နားလည်ထားပါတယ်။

NC /PC topcoat
AC / Topcoat
PU / Topcoat
စသဖြင့် မူလ ဆီလာတွေရဲ့ ဆေးအချိုး
အစားအတိုင်း အသုံးပြု့ပေးရမှာဖြစ်ပါတယ်။

နိုင်ငံခြားပေါ်လစ်ရဲ့ အခြေခံအချက်အားလုံးက အတူတူပဲမို့ ဒီနည်းအတိုင်း ဖျော်စပ် အသုံးပြုလို့ ရပါတယ်။


Crd:Original Uploader

Photos from Realist E&C's post 09/09/2022

#ကမ္ဘာပေါ်မှာ_သင့်ထက်ပိုပြီးချမ်းသာတဲ့လူရှိလား ?

ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဖြစ်တဲ့ ဘီလ်ဂိတ်ကို
“ကမ္ဘာပေါ်မှာ သင့်ထက် ပိုပြီးချမ်းသာတဲ့သူ ရှိသလား”
လို့ လူတစ်ဦးက မေးတယ်။

“ရှိတာပေါ့။ ကျွန်တော့်ထက် ပိုပြီး ချမ်းသာတဲ့ပုဂ္ဂိုလ်တစ်ဦး
ရှိပါတယ်။” လို့ ဘီလ်ဂိတ်က ပြန်ဖြေပါတယ်။

အဲဒီနောက် ဘီလ်ဂိတ်က သူတွေ့ကြုံခဲ့ရတဲ့
ဇာတ်လမ်းတစ်ပုဒ်ကို အခုလို ပြောပြခဲ့ပါတယ်။

- ကျွန်တော် အဲဒီအချိန်တုန်းက မချမ်းသာသေးပါဘူး။
လူသိလည်း မများသေးပါဘူး။ တစ်နေ့ နယူးယောက်
လေဆိပ်မှာ သတင်းစာရောင်းသူ တစ်ဦးနဲ့ ဆုံခဲ့ပါတယ်။

- ကျွန်တော် သတင်းစာ တစ်စောင်ကို ဝယ်ချင်ခဲ့တယ်။
ဒါပေမယ့် ကျွန်တော့်မှာ ပိုက်ဆံအကြွေမရှိမှန်း
ငွေပေးခါနီးမှ သိခဲ့ရတယ်။ ဒါနဲ့ ဝယ်ချင်တဲ့ဆန္ဒကို
မျိုသိပ်ပြီး အဲဒီသတင်းစာကို ရောင်းတဲ့သူဆီ
ပြန်ပေးလိုက်တယ်။

ကျွန်တော့်မှ အကြွေမပါကြောင်း သူ့ကို ပြောပြပါတယ်။
ဒါနဲ့ “ဒီစာစောင်ကို အလကားပေးပါတယ်၊ ယူပါ” လို့
သတင်းစာရောင်းသူက ပြောပါတယ်။
သူက မရမက ဇွတ်အတင်းပေးတာကြောင့်
ကျွန်တော် အဲဒီသတင်းစာကို ယူသွားလိုက်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ရက်သတ္တပတ် နှစ်ပတ်၊
သုံးပတ်လောက်အကြာမှာ အဲဒီလေဆိပ်မှာ
ပြန်ဆိုက်ခဲ့ပါတယ်။ သတင်းစာ ဝယ်ဖို့ အကြွေမပါဘူး။
သတင်းစာ ရောင်းသူက သတင်းစာ
တစ်စောင် အလကား ပေးပြန်ပါတယ်။

“ကျွန်တော် ဒီနေ့လည်း အကြွေ မပါပြန်ဘူး။ ဒါ့ကြောင့်
ကျွန်တော် ဒီသတင်းစာကို မယူနိုင်ပါဘူး” လို့
ငြင်းဆန်လိုက်ပါတယ်။

“သင် ယူသွားလိုက်ပါ။ ကျွန်တော် အမြတ်ငွေလေးရှိလို့
သင့်ကို အလကားပေးနိုင်တာပါ။ ကျွန်တော့် မရှုံးပါဘူး။
ဒီနေ့ ရောင်းကောင်းပါတယ်” လို့ သူက ပြောပါတယ်။
ဒါနဲ့ ကျွန်တော်လည်း အဲဒီသတင်းစာကို
ယူသွားလိုက်ပါတယ်။

နောက်၊ ၁၉ နှစ်အကြာမှာ ကျွန်တော်ဟာ လူသိများတဲ့
ပုဂ္ဂိုလ်၊ ကျော်ကြားတဲ့သူ တစ်ဦး ဖြစ်လာပါတယ်။
ရုတ်တရက်ဆိုသလို၊ သတင်းစာရောင်းသူကို
ကျွန်တော် သတိရပါတယ်။ ဒါနဲ့ အဲဒီနေ့က စပြီး
သူ့ကို ရှာပုံတော် ထွက်ပါတော့တယ်။
တစ်လခွဲလောက် ရှာပြီးတဲ့နောက်မှာ
ကျွန်တော် သူ့ကို တွေ့ခဲ့ပါတယ်။

“ကျွန်တော့်ကို သိပါသလား” လို့ သူ့ကို မေးလိုက်ပါတယ်။
“သိပါတယ်၊ သင်ဟာ ဘီလ်ဂိတ်ပဲ” လို့
သူက ပြန်ဖြေပါတယ်။

“ဟို အရင်တစ်ခေါက်က၊ ကျွန်တော့်ကို
သတင်းစာ တစ်စောင် အလကားပေးခဲ့တာ မှတ်မိသေးလား” လို့ သူ့ကို ပြန်မေးပါတယ်။

“ဟုတ်ကဲ့၊ ကျွန်တော် မှတ်မိတာပေါ့။
သင့်ကို နှစ်ကြိမ် အလကားပေးခဲ့တယ်လေ။” လို့
သတင်းစာ ရောင်းသူက ပြန်ဖြေပါတယ်။

“အဲဒီတုန်းက၊ သင် ကျွန်တော့်ကို ကူညီခဲ့တဲ့အတွက်
ကျေးဇူးပြန်ဆပ်ချင်ပါတယ်။ သင့်ဘဝမှာ လိုအပ်တာရှိရင် ကျွန်တော့်ကို ပြောပါ။ ဖြည့်ဆည်းပေးပါ့မယ်”လို့
ကျွန်တော် သူ့ကို ပြောပါတယ်။

“ဆရာရယ်၊ သင်က အဲလို ကျေးဇူးပြုလိုက်လို့
အဲဒီ ကျွန်တော် ကူညီခဲ့တဲ့အရာကို ပြန်ဆပ်နိုင်မယ်လို့
မထင်ပါနဲ့”လို့ သတင်းစာရောင်းသူက
ကျွန်တော့်ကို ပြောပါတယ်။

“ဘာဖြစ်လို့လဲ” လို့ ကျွန်တော် ပြန်မေးလိုက်တယ်။

“ကျွန်တော်ဟာ ဆင်းရဲတဲ့ သတင်းစာရောင်းသူ
တစ်ဦးဖြစ်တဲ့အချိန်မှာ သင့်ကို ကျွန်တော် ကူညီခဲ့တယ်။
သင်ဟာ အခု ကမ္ဘာပေါ်မှာ အချမ်းသာဆုံးသူ
ဖြစ်တဲ့အချိန်မှာ ကျွန်တော်ကို ကူညီချင်နေတာ ဖြစ်တယ်။ ကျွန်တော့်ရဲ့ ကျေးဇူးကို ဘယ်လိုလို့ ပြန်ဆပ်နိုင်မှာလဲ” လို့ သူက ပြောပါတယ်။

“အဲဒီနေ့က စပြီး ကျွန်တော် အသိတစ်ခု ရခဲ့ပါတယ်။
သတင်းစာရောင်းသူဟာ ကျွန်တော့်ထက်
ပိုပြီးချမ်းသာတဲ့သူ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့
သူဟာ တစ်ဦးတစ်ယောက်ကို ကူညီဖို့ သူ ချမ်းသာတဲ့အထိ မစောင့်ခဲ့လို့ပဲ ဖြစ်တယ်။”

အမှန်တကယ် ချမ်းသာတဲ့သူဆိုတာ
ငွေကြေးအမြောက်အများ ချမ်းသာတာထက်
ချမ်းသာကြွယ်ဝတဲ့ နှလုံးသားကို ပိုင်ဆိုင်တဲ့သူ ဖြစ်တယ်။ ဒါကို လူတိုင်း နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။

ဟုတ်ပါတယ်။ အဲလို ချမ်းသာတဲ့ပုဂ္ဂိုလ်မျိုး ရှိနေဖို့
အင်မတန်မှ အရေးကြီးပါတယ်။

Credit to _ Original Uploader

Photos from Realist E&C's post 01/09/2022

Tiny Bath & WC room

17/04/2022

မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍
အားလုံး ကျန်းမာချမ်းသာ၍ ဘေးဘယာကင်းဝေးပြီး ကပ်ဆိုးတွေအမြန်ကျော်လွှားနိုင်ပါစေ။
🙏🙏🙏

Photos from Realist E&C's post 13/03/2022

Interior Renovation & Floor Addition Work
Project Location : South Okalar Township
Area : 17’-0” x 26’-0”

Realist Engineering & Construction သည် Design မှစ၍ Construction , Decoration အပြီးအစီး အထိကို အတွေ့အကြုံရှိ Engineer Team မှ တာ၀န်ယူ ဆောက်လုပ်ပေးလျက်ရှိပါတယ်။
 Archi Design ပိုင်းဆိုင်ရာအရဆိုရင် Client နှင့်တွေ့ဆုံ ဆွေးနွေးပြီး Confirm ပြီဆိုတာနဲ့ ခိုင်ခံ့မှုပိုင်းဆိုင်ရာ Structure Design တွက်ချက်၍ Cost တစ်ခု ပြန်လည်တင်ပြပေးပါတယ်။
 Construction ပိုင်းဆိုင်ရာမှာလဲအရည်အသွေးမီ ပစ္စည်းတွေကိုသာသေချာစိစစ်ရွေးချယ် အသုံးပြုထားပေးပြီး အရည်အသွေးကောင်းမွန်စွာ တာ၀န်ယူကြီးကြပ်ပေးတာဖြစ်လို့ စိတ်ချရပါတယ်။
 အချိန်ကုန်သက်သာမယ်
 Design ပြည့်စုံသပ်ရပ်မယ်
 အသုံးပြုမယ့် ပစ္စည်း Quality ကောင်းမွန်မယ်
 ငွေကုန်ကြေးကျ safe ဖြစ်မယ်
 ခိုင်ခံ့မှုပိုင်းဆိုင်ရာ စိတ်ချရမယ်
 Service ကောင်းမွန်ပြီး စိတ်တိုင်းကျရမယ်

စိတ်ကူးထားသည့် ပုံစံ မျှော်မှန်းထားသည့် Budget နဲ့အညီ Design ကိုဆွေးနွေးတိုင်ပင်နိုင်ပါသည်။
Our Services:
Project Management
Design & Consultants
Budgeting
Construction & Renovation


[For Details & Appointment Please Call Office Phone No.
09-763368489 between office hours 9AM to 5PM]

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon
11421

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00