Food Blog Myanmar
30/09/2023
ငရုတ်ချဉ်,ကြက်သွန်ချဉ်,ဘိတ်ချဥ်
********************************
ကျမအိမ်မှာ အဆင်သင့် အမြဲ လုပ်ထားတတ်တဲ့
အိမ်လုပ်ချဉ်လေးတွေကို စားချင်တဲ့သူများအတွက်
လုပ်နည်းလေး တင်ပေးလိုက်ပါတယ်နော်။
ပါဝင် ပစ္စည်းများ
**************
၁။ ကြက်သွန်ဖြူ ဥတစ်လုံး ( အခွံနွှာထားပါ )
၂။ ငရုတ်တောင့်ရှည် ( ခပ်ထူထူ လှီးထားပါ )
၃။ ရှာလကာရည်
၄။ ငံပြာရည်
၅။ ဟင်းခပ်မှုန့် ( မထည့်လဲရ )
ပထမဆုံး
ရှာလကာရည်, ငံပြာရည်, ဟင်းခပ်မှုန့်တို့ကို
ပန်းကန်လုံး တစ်လုံးထဲ ထည့်ပြီး
မိမိ စိတ်ကြိုက် အရသာ အချို အငံ စပ်လိုက်ပါ။
ဟင်းခပ်မှုန့်ကတော့
မိမိ အကြိုက် အနည်း အများ ထည့်ပါ။
( မကြိုက်သူများ မထည့်ရင်လဲ ရပါတယ်။ )
ကျမကတော့ ဟင်းခပ်မှုန့် ထည့်ပါတယ်။
ဟင်းခပ်မှုန့် ပါရင် အရသာ ပိုကောင်းရုံမျှမက
အချဉ်ဓါတ် ထိန်းပြီးသားဖြစ်လို့ပါ။
ပီးတော့မှ ငရုတ်, ကြက်သွန် ထည့်ထားတဲ့ ပုလင်းထဲ
ကန်တော့လေးနဲ့ လောင်းထည့်လိုက်ရုံပါပဲ။
၎င်းနောက် ဖန်ပုလင်းကို လေလုံအောင် ပိတ်ထားပါ။
၃ ရက်ဆိုရင် စ စားလို့ရပါပြီ။
ချဉ်ချဉ်လေး စားချင်ရင်တော့ တစ်ပတ်ထိ ထားပါ။
မိမိ စိတ်ကြိုက် အချဉ်အရသာ ရပြီ ဆိုရင်တော့
ရေခဲသေတ္တာထဲ ထည့်သိမ်းထားပါ။
ငရုတ်ချဉ်, ကြက်သွန်ချဉ် က
ကြာလေ အချဉ်စူးလေ ဖြစ်တာမို့
ဆယ်ရက်စာလောက်ပဲ လုပ်စားတာက ပို ကောင်းပါတယ်။
လုပ်ရတာလည်း လွယ်ကူ လှတာမို့ ကုန်ခါနီးမှ
အချဉ် အသစ်တည်တာ ပို အဆင်ပြေပါတယ်။
ငရုတ်ချဉ်, ကြက်သွန်ချဉ်လေး
မိမိ အိမ်မှာ အဆင်သင့်ရှိနေရင်
ထမင်းပေါင်း,ထမင်းကြော်,
ကြာဇံကြော်, ခေါက်ဆွဲကြော်, ကြေးအိုး,
ကြက်ကင် , အသားလုံးကြော် စသဖြင့်
ဘာပဲ လုပ်စားစား အိမ်လုပ်ချဉ်လေးနဲ့
အဆင်သင့် တွဲဖက် စားသုံးရုံပါပဲ။
Hot Pot နဲ့ စားရင်တော့
ခု စိမ်ထားတဲ့ အိမ်လုပ်ချဉ် ထဲကို
သကြား ထပ်ထည့်ပီး စားပါတယ်။
ကျမကတော့ အရောင်ပါတဲ့ အချဉ်တွေထက်
အိမ်လုပ်ချဉ်ကို ပိုကြိုက်ပါတယ်။
ကြက်သွန်ဖြူကလဲ လူနဲ့ တည့်ပါတယ်။
ကော်ဗူးနဲ့ စိမ်တဲ့အခါ
ကြာရင် ကော်နံ့ ထွက်တတ်တာမို့
ဖန်ပုလင်းနဲ့ စိမ်တာက ပိုကောင်းပါတယ်။
ခုလို စိမ်ထားတော့
ကြက်သွန်ဖြူနဲ့ ငရုတ်သီး ထဲကို
အချဉ် အချို အငံ အရသာလေးများ
စိမ့်ဝင်နေပီး ပို စားကောင်းစေပါတယ်။
ကင်းမွန် ငံပြာရည် ထည့်ထည့်,
ဗမာငံပြာရည် ထည့်ထည့် ရပါတယ်။
ရေ မရောရပါဘူး။
သက်သက်လွတ်သမားများကတော့
ဆားနဲ့ စိမ်လို့ ရပေမယ့်လည်း
ဆား နဲ့ အချဉ်စိမ်ရင် အချဉ်စူးလွန်းတာကြောင့်
ကင်းမွန် ငံပြာရည်နဲ့ အချဉ်စိမ်တာက ပိုစားကောင်းပါတယ်။
ငရုတ်ချဉ်ကတော့
အစပ်ချည်းပဲ သီးသန့်စားလိုသူများအတွက်ပါ။
ငရုတ်သီးစိမ်း ထက်စာရင်
ငရုတ်တောင့်ရှည်က ပိုစားကောင်းပါတယ်။
ကြက်သွန်ချဉ်ကတော့
အစပ် မစားနိုင်ပဲ ကြက်သွန်ချဉ် သီးသန့်စားလိုသူများအတွက်ပါ။
တရုတ်ကြက်သွန်ဖြူထက်
ချိုတဲ့ ဥတစ်လုံး ကြက်သွန်ဖြူက ပိုစားကောင်းပါတယ်။
ဥတစ်လုံး ကြက်သွန်ဖြူမရှိရင်လည်း
မြန်မာကြက်သွန်ဖြူနဲ့ လုပ်လို့ရပါတယ်။
,. ..............................................
(လွယ်ပါတယ်ကျွန်တော်ကတော့ရေကျက်အေးနဲ့ဆားပဲသုံးတယ်၊ကြက်သွန်ဖြူ+နီ+ငြုပ်သီးကိုယ့်ဘာသာစိမ်စားတယ်၊ပုတ်မသွားဘူးလုံးဝမာကြွပ်နေရောပဲ တခါတလေပန်းဂေါ်ဖီပွင့်လည်းဆားစိမ်တာပဲမပုတ်မရိဘူး၊ရက်သတ္တပါတ်လောက်ဆိုစားလို့ရပြီ။***)
ငရုတ် ကြက်သွန်ချဉ်ကတော့
အစပ် နဲ့ ကြက်သွန် ၂ မျိုး တွဲဖက်စားလိုသူများအတွက်ပါ။
ငရုတ် ကြက်သွန်ချဉ် တစ်ပုလင်း စိမ်ထားရင်တော့
ငရုတ်ချဉ် ကိုက်စားလိုက်
ကြက်သွန်ချဉ် ကိုက်စားလိုက်နဲ့
အိမ်ရှင်မများအတွက် အဆင် အပြေဆုံးပါပဲ။
ကျမအိမ်မှာတော့ အိမ်လုပ်ချဉ် စိမ်ထားရင်
အချဉ်လွန်သွားမှာကို မစိုးရိမ်ရပါဘူး။
စ ချဉ်ပြီဆိုတာနဲ့ တစ်အိမ်သားလုံး အားပေးကြတာ
ပြိုက်ခနဲ ကုန်သွားတတ်တာမို့ အလျှင်မှီအောင်ပဲ
အိမ်လုပ်ချဉ် အသစ်ကို ထပ်ကြိုလုပ်ထားရပါတော့တယ်။
ကျေးဇူးပါရှင့်
အိမ်ရှင်မတို့အတွက် ဘိတ်ချဉ်ပြုလုပ်နည်း
ဘိတ်ချဉ်
****************
၁။ ကြက်သွန်ဖြူ ဥတစ်လုံး
၂။ ငရုတ်သီးစိမ်း
၃။ ရှာလကာရည်
၄။ ငံပြာရည်
၅။ ဟင်းခပ်မှုန့်
အားလုံးရောပီး စိမ်ထားရုံပါ
crd Original Writer
08/09/2023
ဟင်းထုပ်ကြိုက်သူများအတွက်
အလွယ်ကူဆုံး #ဟင်းထုပ်ပြုလုပ်နည်း
ကြက်သားကိုနုပ်နုပ်စင်းပြီး အရသာမှုန့်ဖြင့်နယ်ထားပေးပါ။ ကြက်သွန်မြိတ်ပါးပါးလှီးထားပေးပါ။ အရည်စပ်မယ့် ဇလုံထဲသို့ ဆန်မှုန့် တစ်ထုပ် ရဲ့ တစ်ဝက်တိတိ ဖောက်ထည့်ပါ။ ဆီထမင်းစားနှစ်ဇွန်းထည့်ပါ။ ဆန်မှုန့်နှစ်စဆိုရင် ကောက်ညှင်းမှုန့်တစ်စရောထည့်ပေးပါ။ ကြက်သွန်မြိတ် နှင့် အရသာမှုန့်ထည့်ပါ။ ရေအနည်းငယ်ထည့်ပြီးဖျော်ပါ။ အရည်အရမ်းကျဲတောက်နေအောင်မဖျော်ရပါဖူး။ ပျစ်ထွေးနေအောင်ဖျော်ဖို့လည်းမလိုပါဖူး။ အနေတော်အနေထားရပြီဆို ရေထည့်တာလုံလောက်ပါပြီ။ ပြီးမှ နုပ်နုပ်စင်းထားသောအသားထည့်ပြီး ထပ်မွှေပါ။ ပြီးရင် ဌက်ပျော်ရွက်နဲ့ ဖက်ထုပ် ထုပ်ပေးပါ။ ထမင်းပေါင်းအိုးဖြင့် မိနစ်၅၀ခန့်ပေါင်းပေးပါ။ တွဲဖက်စားသောက်ဖို့ ငရုတ်သီးကြော် ဂျူးမြစ် ကြက်သွန်ဖြူဆီချက်ပြင်ဆင်ပေးထားပါ။ နှစ်သက်ရာအသား အသုံးပြုနိုင်ပါတယ်။
15/06/2023
#ဝက်သားဒုတ်ထိုးလုပ်နည်း
ပါဝင်ပစ္စည်းများ ✍️
အချင်းတိုင် ၂၅သား
အူချို ၂၀သား
အူမကြီး ၂၅သား
နို့အုံသား ၄၀သား
အူပိတ် ၂၅သား
နားရွက် တစ်ဖက်
လျှာ တစ်ချောင်း
နှလုံး တစ်ခု
သုံးထပ်သား ၂၀သား
အသဲ ၁၀သား
ဘဲဥ ၃လုံး
ကြိုက်နှစ်သက်ရာထည့်ပါ😋
🥺 ဝက်သား မစားသူများအတွက် အနူးညွတ်တောင်းပန်ပါတယ် 🥺
🐷ဝက်ကလီစာများကို ရေစင်စင်ဆေးပါ။
🐷အူချို/အချင်းတိုင်/နလုံး/လျှာ/နို့အုံသား/နားရွက်/အသဲ/သုံး
ထပ်သား တို့ကို မကျည်းသီး ဆား နှင့်ဆေးပါ။
အရမ်းမဆေးပဲ
စင်ရုံဆေးပါနော်။
🐷အူမကြီးကို ရေဆေးပါ။ဒယ်အိုးပူပူမှာအိုးကင်ပူကပ်ပါ။အချွဲ
များကုန်အောင်မွှေပါ။ပြီးမှ ဆား သံပုရာသီး မကျည်းသီးနှင့်
ဆေးပါ။
🐷အူပိတ်ကို ပြောင်းပြန်လှန် ဆား မကျည်းသီးနှင့်ပွတ်ဆေးပါ။
အချွဲများကုန်လျှင် သံပုရာသီးနှင့်ထပ်ဆေးပါ။
ပြောင်သွားလျှင်
အတည့်ပြန်လှန်ပြီး ထပ်ဆေးပါ။အားလုံးပြီးမှ တစ်ချောင်းသို့
ထပ်ထပ်ပြီးသွတ်ပါ။တူသုံးလို့ရပါတယ်။
🐷အားလုံးပြီးရင် ကြက်သွန်ဖြူ ဂျင်း အရည်ညှစ်ချပါ။ဆား/သ
ကြား(ကြက်သားမှုန့်)/ငရုတ်ကောင်း/တရုတ်မဆလာ/အ
သားမဆလာ/ပဲငံပြာရည်အနောက် တို့နှင့် ၃/၄နာရီခန့် ရေခဲ
သေတ္တာထဲသို့ထည့် နှပ်ထားပါ။
🐷ကျွန်မကတော့ မနက်ချက်ရန် ညထဲကနှပ်ထားပါတယ်။
ချက်ကာနီးလျှင်နာရီဝက်ခန့်ကြိုထုတ်ပါ။ဆီပူပူမှာသကြား
ထည့်ပါ။ရဲလာလျှင် အသဲမှလွဲ၍ အားလုံးကိုထည့်ပြီး ကြော်ပါ။
🐷ရေခမ်းပြီးဝက်သားနီလာလျှင် ရပါပြီ။
Pressure cookerထဲသို့ပြောင်းထည့်ပါ။ရေနို့ဆီဘူး ၁လုံးခွဲခန့်ထည့်ပါ။နာနတ်ပွင့် ၂ပွင့်ခန့်ထည့်ပါ။
🐷မိနစ်၂၀ခန့်ကြာ
လျှင် နူးလွယ်သောအသားများထုတ်ကာကျန်သောအသား
များနူးသည်အထိတည်ပါ။
🐷အားလုံးရလျှင်ဆယ်ပြီးကျန်သော
ရေဖြင့် အသဲထည့်ပြုတ်ပြီးဆယ်ထားပါ။ဘဲဥပြုတ်ထည့်ပါ။
ဗန်းထည့်သို့ပြောင်းထည့်ပြီး မီးမျှင်မျှင်ဖြင့်တင်ထားပါ။
ကြိုက်ရာကိုလှီးပြီးစားလို့ရပါပြီရှင်။
🐷အချဉ်ရည်
မကျည်းသီးကိုရေဆေးပြီးရေစိမ်ကာပွလာလျှင်ဇကာနှင့်အနှစ်တိုက်ချပါ။
ထန်းလျှက်ကိုရေအနည်းငယ်နှင်ကြိုပြီးသဲစစ်ထား
ပါ။
ကြက်သွန်ဖြူငရုတ်သီးထောင်းပါ။
ငရုတ်ဆီထည့်ပါ။
ပဲငံပြာ
ရည်အကြည် ဂျင်းအရည်ထည့်ပါ။
ငံပြာရည်(ကြက်သားမှုန့်)
ထည့်ပါ။
ကော်မှုန့် ဇွန်းသေးတစ်ဇွန်းခန့်ကြိုထည့်ပါ။
သုံးဆောင်နိုင်ပါပြီ
15/06/2023
#တို့ဟူးနွေးပြုလုပ်နည်း
I. တို့ဟူးနွေး ကျို ရန် -
ပါ၀င်ပစ္စည်းများ
မွှေးပဲမှုန့် - အစိမ်း - ၂၅ကျပ်သား
မွှေးကော်မှုန့် - ၁ခွက် (လက်ဖက်ရည်ပန်းကန်လုံး)
ရေ - ၃ လီတာ
ဆား - အနည်းငယ်
နနွင်းမှုန့် - အနည်းငယ်
ပြုလုပ်နည်း -
ပဲမှုန့်အစိမ်း နှင့် ရေ ၃ လီတာ ခန့်ဖြင့် တညသိပ် ဖျော်ထားပါ။
မနက်စောစော တို့ဟူး မကျိုမီ အရည်ဖျော ထားသည့် ပဲရည်၏ အပေါ် ရေကြည် ၃ပုံ - ၂ ပုံခန့်ကို ဆား ၊နနွင်းမှုန့် အနည်းငယ်နှ င့်အတူ ရောရ်ျ မီးအနေတော် ထားရ်ျ ကျိုပါ။ နှစ်သက်က ဟင်းချိုမှုန့် အနည်းငယ်ထ ည့်နိူင်ပါသည်။
ကျန် ဖျော်ထားသည့် အရည် ၁ ပုံကို ဖယ်ထားပါ။
ပဲရည်ပူရ်ျ မဆူပွက်ခင်တွင် ဖယ်ထားသည့် အရည် ၁ ပုံကို နှံ့စပ်အာင် မွှေပြီး ဖြည်းဖြည်းခြင်းလောင်းထည့်ပါ။
ပဲအနှစ်ရည်သည် အနည်းငယ် ပြစ်လာပါလိမ့်မည် ။ အဆက်မပြတ် မွှေပေးနေပါ ။
ပိုပျြစ်လာစေရန် ကော်မှုန့်ကို အရည်ဖျာ်ပြီး ပဲရည်အိုးထဲသို့ ဖြေးဖြေးလောင်း ထည့်ပါ ။ လောင်းထည့်ချိန်တွင် မခဲသွားစေရန် အဆက်မပြတ်မွှေပေးနေပါ။
အပျစ်အကျဲ စိတ်ကြိုက်အနေအထားရ၍ ပဲနံ့ပျောက်ပြီး တို့ဟူးနံ့ မွှေးလာလျှင် မီးအေးအေးဖြင့် ဆက်တည်ထားပါ ။ဖိုပေါ်မှ ချလုက်လျင် အတုံးခဲသွားပါမည်။
II. ဆီ မွှေး ပြု လုပ်ရန်
ပါ၀င်ပစ္စည်းများ
ငရုတ်ကောင်း
ဝှါးကျောင်းစေ့
ရှောင်ကေား
ကြက်သွန်ဖြူဆီချက်
ငရုတ်သီးကြော်
မြေပဲ မညက်တညက်ထောင်း
နမ်းလှော်
ထန်းညက်ရည်
ပဲငံပြာရည် အပျစ်
ကြက်သွန်မိတ်
နံနံပင်
ဆန်စီး ခေါက်ဆွဲ သို့ ရေစိမ် (ခေါက်ဆွဲပါ ထည့်စားမည်ဆိုပါက)
ပြုလုပ်နည်း -
ဒယ်အိုးထဲတွင် ရှောင်းကား ၊ ငရုတ်ကောင်းစေ့ ၊ ဝှါးကျောင်းစေ့ကို လှော်ပြီး လုံးခြမ်းခွဲ ထောင်းပြီး ပန်းကန်လုံးထဲ ထည့်ထားပါ။
ငရုတ်ခွဲကြမ်းမှုန့် ကိုလဲ ပန်းကန်လုံး နောက်တခုထဲ ထည့်ထားပါ။
အိုးထဲတွင် ဆီများများကို အပူပေးပြီး ပူလာသည့် ဆီကို အမွှေးအကြိုင်များ ထည့်ထားသည် ပန်းကန်လုံးများ ထဲသို့ လောင်းထည့်ပါ။
ငရုတ်သီး ဆီချက်ကိုလဲ ထိုနည်း အတိုင်းပြုလုပ်ပါ။
လက်ကျန်ဆီထဲတွင် ကြက်သွန်နီကို အကြွပ်ကြော်ပြီး စစ်ထုတ်ပါ။
ကြက်သွန်ဖြူကို မညှက်တညှက် ထောင်းပြီး ဆီချက် ချက်ရ်ျ နှမ်းလှော်ပါပေါင်းထည့်ပါ။
မြေပဲလှော်ကိုမညှက်တညှက်ထောင်းပါ။
ထန်းညှက်နှင့် ပဲငံပြာရည်အပျစ်ကို ခပ်ပျစ်ပျစ်ကျိုပါ။
နံနံပင် နှင့် ကြက်သွန်မြိတ်ကို ပါးပါးလှီးပါ။
ကြက်သွန်ဖြူ နှင့် နံနံပင် အနည်းငယ်ကို ညှက်နေအောင် ထောင်းပြီး ရေခပ်နွေးနွေးနှင့်ဖျော်ထားပါ။
III. မုန့် ပွဲ ပြင် နည်း
ခေါက်ဆွဲကို တစ်ပွဲစာ စားမည့် ပန်းကန်လုံး ထဲတွင်ထည့်ရ်ျ တိုဟူး ပူပူထဲတွင် နှစ်လိုက်ပြီး တိုဟူးနှစ်ရည်ကိုပါ ထည့်လိုက်ပါ။
ပြီးလျင် အပေါ်မှ ပြင်ဆင်ထားသည့် မြေပဲထောင်း ၊ ဆီမွှေး ၊ ငရုပ်ဆီ နှင့် နှမ်းလှော် ၊ ကြက်သွန်ဖြူအစိမ်းရည် ၊ ထန်းညက်ရည်ကျို ၊ နံနံပင် ၊ ကြက်သွန်မိတ် တို့နှင့် ပြင်ရ်ျ စားကြသည်။
တို့ဟူးနွေး နှင့် တွဲ၍ တို့ဟူးကြော် ၊ အီကြာကွေး ဝက်ခေါက်ကြော် တို့နှင့်လည်း တွဲ
စားကြပါသည် ။
credit
Click here to claim your Sponsored Listing.
Category
Website
Address
Kuauk Myaung
Yangon