Phyu PhyuWin
လူ(၃)မျိုး
မင်းဘဝမှာ လူ(၃)မျိုးနဲ့
ဆုံရပါလိမ့်မယ်။
(၁) သစ်ရွက်လိုလူ
(၂) သစ်ကိုင်းလိုလူ
(၃) သစ်မြစ်လိုလူ
ဒီလို လူတွေနဲ့ပါ။
သစ်ရွက်လိုလူ...
*******************
ဒီလိုလူတွေက မင်းဘဝထဲမှာ
ရာသီတစ်ခုနဲ့ ရောက်လာကြတာ။
အားနည်းတဲ့အတွက်
သူတို့ကို အားကိုးလို့မရဘူး။
သူတို့လိုချင်တာသာ
ယူဖို့လာတဲ့အတွက်...
လေတိုက်ရင် ထွက်သွားကြလိမ့်မယ်။
အဆင်ပြေတဲ့အခါ
ဒီလူတွေက မင်းကို ချစ်ပေမယ့်
လေတိုက်တဲ့အခါ
မင်းကို ထားခဲ့လိမ့်မယ်။
သစ်ကိုင်းလိုလူ...
********************
ဒီလိုလူတွေက သန်မာတယ်။
ဒါပေမယ့် သူတို့ကိုလည်း သတိထားရမယ်။
ဘဝက ခက်ခဲလာပြီး
ဝန် အလွန်အကျွံကို မထိန်းနိုင်တဲ့အခါ
ကျိုးပဲ့သွားလိမ့်မယ်။
တစ်ချို့ရာသီတွေမှာ
မင်းနဲ့အတူ ရှိနိုင်ပေမယ့်
ပိုခက္ခဲလာတဲ့အခါ
ဖဲ့ထွက်သွားလိမ့်မယ်။
သစ်မြစ်လိုလူ...
******************
ဒီလိုလူတွေရဲ့ စိတ်ရင်းခံကို
မင်းမြင်ဖို့ အလွန်ခက်ခဲပေမယ့်
သူတို့က မင်းဘဝအတွက်
အလွန်အရေးကြီးပါတယ်။
မင်းဘဝရဲ့
အလွန်ခက်ခဲတဲ့အချိန်ကာလကို
ဖြတ်သန်းနေချိန်မှာ
မင်းအနေအထားကို တည်ငြိမ်မှုရှိအောင်
သူတို့က ဖေးမကူညီထားလိမ့်မယ်။
သူတို့က မင်းကို
တကယ်ချစ်တဲ့သူတွေပါ။
မင်းဘဝမှာ
ဆုံခဲ့ရတဲ့သူတွေ...
ချစ်ခဲ့ရတဲ့ သူငယ်ချင်းတွေ...
အားလုံးကေတာ့
သစ်မြစ်လိုလူချည့် မဟုတ်နိုင်ဘူးပေါ့။
ခက်ခဲတဲ့ကာလမှာ
အတူရှိနေသူတွေကမှ
သစ်မြစ်လိုလူလို့ ဆိုနိုင်မယ်။
သစ်မြစ်လိုလူတွေကတော့
ရာသီမရွေး
မင်းနဲ့အတူ ရှိနေပါလိမ့်မယ်ဟု
ဆိုနိုင်ပါကြောင်း။ ။
#ခီရီဒီးဒ်
11/03/2023
အဆင် မပြေရင်_ ဒီလိုလေး -နှလုံးသွင်းလိုက်ပါ
ဘဝမှာ ....ကိုယ်နဲ့ ပတ်သက်ရတဲ့ လူတိုင်းဟာ
သံသရာအဆက်ဆက်က ပါလာတဲ့
ရှေးရေစက်ကြောင့်ပါ ....။
တချို့က ....
ကိုယ်က ပေးဆပ်ရမယ့် ဝဋ်ကြွေးကို
ပြန်ယူဖို့အကြောင်းနဲ့ ဆုံလာကြတာ ...။
တချို့ကတော့ ....
ကိုယ့်ဆီကနေ ကြွေးသစ်ယူသွားကြတဲ့
သူတွေလဲ ရှိမှာပေါ့လေ ...။
ပြုသူအသစ်_ဖြစ်သူအဟောင်း_တဲ့
ဘာပဲဖြစ်ဖြစ်ပေါ့
အကြောင်းမကင်းလို့ ပေါင်းသင်းကြရတာ
အကြောင်းရှိလို့ ပေါင်းမိ ကြရတာပါပဲ ...။
ကိုယ်က ကောင်းပါရဲ့နဲ့ ....
ကိုယ့်ကို အနိုင်ကျင့်တာ ခံရတဲ့အခါ
စော်ကားတာကို ခံရတဲ့အခါ
ငြိုငြင်တာကို ခံရတဲ့အခါ
အထင်လွဲတာကို ခံရတဲ့အခါ
သစ္စာဖောက်တာကို ခံရတဲ့အခါ
ဒီလိုလေး နှလုံးသွင်းလိုက်ပါ ....။
ပေးဆပ်ရမယ့် ဝဋ်ကြွေးတွေ ....
တစ်ခုပြီး တစ်ခု ကျေသွားတယ် လို့ပဲ
သဘောထားလိုက်ပါ ....။
ခံရတဲ့သူက_အဟောင်း_ခံရတာပါ
လုပ်တဲ့သူကသာ_အသစ်_လုပ်နေတာပါ
များများပေးဆပ်ရရင်
မြန်မြန်ကျေတာပေါ့ လို့
သဘောထားပြီး......
အခြေအနေ တချို့ကို
ကျေနပ် လက်ခံလိုက်ပါ ....။
ကိုယ့်ရဲ့ အတ္တကို
ဖြေးဖြေးလေး ဖြေလျှော့လိုက်ပြီး....
ဘယ်သူ့ကိုမှ
တင်းတင်းကြပ်ကြပ် မနှောင်ဖွဲ့တော့ဘဲ
ဖြစ်လွယ် ပျက်လွယ်တဲ့ သဘောတရားကို
နားလည် လက်ခံနိုင်ခဲ့ရင်....
အနည်းနဲ့ အများတော့
စိတ်သက်သာရာ ရလိမ့်မယ်လို့
မျှော်လင့်မိပါတယ် .....။
ပါချုပ်ဆရာတော်ဘုရားကြီး
ဒေါက်တာအရှင်နန္ဒမာလာဘိဝံ
🙏🙏🙏 🙏🙏🙏
#ရွှေဂျိုးဖြူ_ဆရာတော် ၏
ဆုံးမ သြဝါဒ
သင် ကောင်း မကောင်း
သင့် အကြောင်းကို
သင့် ခေါင်းထဲက သိပါ၏ ။
သင့်ကို စောင့်ကြပ်
ကိုယ်စောင့် နတ်လည်း
ပြတ်ပြတ်သားသား သိပါ၏ ။
နတ်တို့ သနင်း
သိကြားမင်းလည်း
ရှင်းရှင်းလင်းလင်း သိပါ၏ ။
ငရဲ သနင်း
ယမမင်းလည်း
ကွင်းကွင်းကွက်ကွက် သိပါ၏။
စျာန် အဘိဥာဉ်
တန်ခိုးရှင်လည်း
ထင်ထင်ရှားရှား သိပါ၏။
သင်ပြုလုပ်စဉ် သင့်ဝန်းကျင် မှ
မြင်မြင်သမျှ လူ နတ် ကလည်း
ဂဃနဏ သိပါ၏ ။
လိမ်ညာမရ ဤလောကဝယ်
ကောင်းသော လမ်းစဉ်
လျှောက်လှမ်းချင်က
အသင် ပြု ပြင်နိုင်သေး၏ ။
#ရွှေဂျိုးဖြူဆရာတော်
သုတဂဝေသီဗန်းမော်
သုခိတာ ဟောထ-
ကိုယ်စိတ် နှစ်ဖြာ
ကျန်းမာ ချမ်းသာပါစေ။
ဒုက်ခာ မုစ်စထ
ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု အပေါင်းမှလွတ်ကင်းကြပါစေ။ 🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 မေတ္တာမွန်
ငယ်ငယ်က အိမ်ကို ဧည့်သည်တွေလာပြီဆိုရင်
မေမေက ရှုပ်ပွနေတဲ့ပစ္စည်းတွေကို လိုက်ကာနောက်ဘက်ကို ကမန်းကတန်း သွားထား
တတ်တယ်။
ဒီတော့ လိုက်ကာအပြင်ဘက်မှာ
ခဏအတွင်း အမြင်မှာ ရှင်းသွားတယ်။
အဲဒီတုန်းကတော့
မေမေကဟန်ဆောင်တတ်လိုက်တာလို့ စိတ်ထဲက
နေ အပြစ်တင်ခဲ့ဖူးတယ်။
အခုအတွေးနဲ့ပြောရရင်တော့
အမေဟာ အရှိတရားကို မပြရဲဘူး၊ရှက်နေတယ်လို့ ပြောရမယ်ထင်တယ်။
တကယ်တမ်း သေသေချာချာတွေးကြည့်တော့
အမေ့လုပ်ရပ်ဟာ ရှက်စရာမဟုတ်ဘဲ
သိပ်ကောင်းတဲ့ လုပ်ရပ်တခုများလားလို့
သံသယဝင်လာတယ်။
ဧည့်သည်ဆိုတာ
ကိုယ့်အိမ်မှာ အမြဲနေတာ မဟုတ်ဘူးလေ။
သူတို့ရှိတာ အချိန်အပိုင်းအခြားခဏလေးပဲ။
ဒီတော့ ကိုယ့်ဆီ ခဏတာ လာတဲ့သူတွေကို
ရှုပ်ပွနေတဲ့ ကိုယ့်နေရာကြီးထက်
သပ်ရပ်သန့်ရှင်းနေတဲ့ နေရာကို ပြပေးတာက
ပိုကောင်းတာပေါ့။
လူဆိုတာ အပူကိုယ်စီနဲ့မလား။
ဒီတော့ ကိုယ့်ဆီလာတဲ့သူတွေမှာ
စိတ်ရှုပ်စရာတွေ ပါလာကောင်းပါလာမယ်၊
စိတ်ညစ်စရာတွေ ပါလာကောင်းပါလာမယ်။
ဒီတော့ သူတို့မှာရှိပြီးသား စိတ်ရှုပ်စိတ်ညစ်စရာတွေဟာ ကိုယ့်အိမ်က ရှုပ်ပွနေတဲ့နေရာကို မြင်ရရင် ပိုပြီး ဒီဂရီတိုးမှာပေါ့။
အဲဒီလို တွေးမိတော့
အမေ့လုပ်ရပ်က မှန်တယ်လို့ သိလာတယ်။
တလောက ကိုယ့်အသိတယောက်က
သူ သားကလေးမွေးတာကို ဖေ့ဘွတ်မှာတင်ထား
တာတွေ့တယ်။ကျွန်တော် ဝမ်းသာပါတယ်။
လူသားတယောက် လူ့လောကထဲ ရောက်လာတာ
ဝမ်းသာစရာ၊ကြည်နူးစရာပဲကိုး။
အဲ မကြာခင်မှာပဲ
ကိုယ့်အသိတယောက်ဆုံးတာကို
သူ့အဖေက ဖေ့ဘွတ်မှာ တင်ထားတာတွေ့လိုက်ရတယ်။ကျွန်တော် တော်တော်ကလေး ရှော့ရသွားတယ်။ခုနက ကြည်နူးနေတာတွေဟာ လုံးဝမရှိတော့ဘူး။တနေ့လုံး စိတ်မကောင်းဖြစ်ပြီး
စားလို့သောက်လို့တောင် မရတော့ဘူး။
နောက်မှ ကျွန်တော် သိလိုက်ရတာက
ကျွန်တော်တို့ရဲ့ စိတ်ဟာ
ကြည်နူးစရာနဲ့စိတ်ညစ်စရာ၊
ပျော်ရွှင်စရာနဲ့ဝမ်းနည်းစရာ စသဖြင့်
ကောင်းတာနဲ့မကောင်းတာတွေယှဉ်လာရင်
မကောင်းတာကို ပိုပြီး စုပ်ယူတယ်ဆိုတာပဲ။
ဘယ်လောက်ပဲ ပျော်နေနေ
စိတ်ရှုပ်စရာတခုကို ထစ်ခနဲ ကြုံလိုက်ရရင်
ကျွန်တော်တို့ မပျော်တော့ဘူး။သေးသေးမွှားမွှား
စိတ်ရှုပ်စရာလေးက ထုထည်ခိုင်ခိုင်မာမာနဲ့
ရှိနှင့်နေပြီးသားပျော်ရွှင်မှုကြီးကို လုံးဝကို တိုက်ထုတ်ပစ်တာကို သိရတော့ စိတ်ကို တော်တော်ကလေး အံ့ဩမိတယ်။
ဘဝခရီးတိုတိုလေးမှာ
တချို့လူတွေက ကျွန်တော်တို့ဆီကို တဒင်္ဂကလေးပဲ
လာတာပါ။သူတို့လာချိန်မှာ သူတို့မှာ ပါလာတဲ့
သောကအပူတွေကို ကိုယ်က ငြှိမ်းမပေးနိုင်ရင်တောင် ပိုတိုးမလာအောင်တော့ လုပ်ရမယ်ဆိုတဲ့ စိတ်ကလေး ဝင်လာတာကိုတော့
ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်မိပါတယ်။
𝑺𝒂𝒍𝒂𝒊 𝑵𝒂𝒚 𝑳𝒚𝒏𝒏
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Thongwa
Yangon