YAMIN - Tokutei Service

YAMIN - Tokutei Service

Share

21/05/2026

(187) ကြိမ်မြောက်J-TESTလျှောက်လွှာများခေါ်ယူခြင်း။
🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵🇯🇵

(12.07.2026) ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပပြုလုပ်
မည့် J-TEST စာမေးပွဲလျှောက်လွှာများစတင်လျှောက် ထားနိုင်ပြီဖြစ်ပါသည်။

(187)ကြိမ်မြောက် J-TESTစာမေးပွဲကို

👉ရန်ကုန်

👉မော်လမြိုင်

(စာဖြေဌာန(၂)နေရာတွင်ကျင်းပပြုလုပ်မည်ဖြစ်ပါ သည်)

J-TESTစာမေးပွဲသည် ဂျပန်အစိုးရလူဝင်မှူကြီးကြပ်ရေးမှ အသိအမှတ်ပြုထားသော စာမေးပွဲဖြစ်သောကြောင့် Training Visa, Work Visa, Student Visa များ အတွက် အသုံးပြု နိုင်ပါသည်။

ယခု(187)ကြိမ်မြောက် J.TEST စာမေးပွဲတွင် D-E Level ၊F-G Level (2) ခုအား ကျင်းပ ပြုလုပ် ပေးသွားမည်ဖြစ်သည်။

လျှောက်လွှာလက်ခံခြင်းနည်းလမ်းများ။
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

👉ကိုယ်တိုင်/ကိုယ်စားလျှောက်လွှာများစတင်လျှောက် ထားနိုင်မည့်ရက်
(22-05-2026 မှ 18-06-2026) ထိ

လျှောက်လွှာရယူရန်
-------------------https://j-testmm.com/uploads/pdfs/J-Test%20Application%20Form.pdf

⛔️မှတ်ချက်။ ။ အစိုးရရုံးပိတ်ရက်များပိတ်ပါသည်။

👉အွန်လိုင်းလျှောက်လွှာများစတင်လျှောက်ထားနိုင်မည့်
ရက်- (21-05-2026 မှ 18-06-2026) ထိ

⛔️မှတ်ချက်။ ။ အွန်လိုင်းလျှောက်လွှာများအားပိတ်ရက်မရှိလျှောက်ထားနိုင်ပါသည်။

လျှောက်လွှာတင်နည်းလမ်းညွှန်။
———————————————-

🟠ကိုယ်တိုင်/ကိုယ်စားလာရောက်လျှောက်လွှာတင်ခြင်း။

အထက်ဖော်ပြပါ ပေးထားသော Link မှ လျှောက်လွှာအားdownload ရယူ၍ လျှောက်လွှာတွင်ပါရှိသော အချက် အလက် များအားဖြည့်သွင်းပါ။ ဓာတ်ပုံကပ်ရန် နေရာတွင် (3 x 4 cm) ဆိုဒ်ရှိသော ဓာတ်ပုံကို ဖြည့်သွင်းပြီး Print ထုတ်ယူကာ (3 x 4 cm)ဆိုဒ် ရှိသော ဓာတ်ပုံ(၃)ပုံ ၊ မှတ်ပုံတင်မိတ္တူ(၁)စုံ၊စာမေးပွဲကြေး ငွေကျပ်-50,000/- ကျပ် နှင့်အတူလာရောက်လျှောက်ထားနိုင်ပါသည်။
ကိုယ်တိုင်/ကိုယ်စားလျှောက်ထားချင်သူများအတွက်မိမိတို့စာဖြေဌာနအလိုက်လာရောက်လျှောက်ထားရန်နေရာများအားအောက်ဖော်ပြပါ ပူးတွဲပါဖိုင်တွင်ကြည့်နိုင်ပါသည်။

🟠အွန်လိုင်းလျှောက်လွှာတင်ခြင်း။

အောက်ဖော်ပြပါ စာဖြေဌာနများမှ မိမိတို့ဖြေဆိုမည့်သက်ဆိုင်ရာစာဖြေဌာန Application Form Link သို့ဝင်ရောက်ဖြည့်သွင်းလျှောက်ထားရမည်ဖြစ်ပါသည်။
J.TESTဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ၏ စာမေးပွဲကြေးပေးသွင်းခြင်း နည်းလမ်းများကိုအောက်တွင်ဖော်ပြထားသောပူးတွဲပါလမ်းညွှန်တွင်လေ့လာ နိုင်ပါသည်။

🔸ရန်ကုန်စာဖြေဌာန

https://forms.gle/95H1abjgsD5EBoWG6


🔸မော်လမြိုင်စာဖြေဌာန

https://forms.gle/yxrjrs7FFnpWZwrP6

📎အွန်လိုင်းလျှောက်လွှာဖြည့်သွင်းနည်းလမ်းညွှန်။

မိမိတို့လျှောက်ထားဖြေဆိုမည့်စာဖြေဌာန Online Application Form သို့ဝင်ရောက်ပြီး အချက်အလက်များကို စတင်ဖြည့်သွင်းရမည်ဖြစ်ပါသည်။

(၁) E-Mail (မိမိအမည်ဖြင့်ဖွင့်ထားသော E-mail ဖြစ်ရပါမည်)
(၂) TEST SITE (မိမိဖြေဆိုမည့်စာဖြေဌာနအားရွေးပါ)
(၃) LEVEL ( ဖြေဆိုမည့် Level အားရွေးပါ)
(၄) NAME (အမည်အား Capital Letter စာလုံးအကြီးများဖြင့်သာဖြည့်သွင်းပါ)
(၅) DATE OF BIRTH (မွေးသက္ကရာဇ်ရွေးပါ)
(၆) MALE / FEMALE (ကျား/မရွေးပါ)
(၇) NRC Number (နမူနာအားကြည့်ပါ)
(၈) PHONE NUMBER (မိမိကိုင်ဆောင်သောဖုန်းနံပါတ်သာထည့်သွင်းပါရန်)
(၉) ADDRESS (လက်ရှိနေထိုင်သောလိပ်စာအားဖြည့်သွင်းပါ)
(၁၀) SCHOOL NAME (ဂျပန်စာသင်ကျောင်းအမည်/ Self-Study/Privateစသည်ဖြင့်မိမိနှင့်သက်ဆိုင်ရာရေးပါ)
(၁၁) NRC ATTACHMENT (Add File ကို နှိပ်ပါ။နိုင်ငံသားစိစစ်ရေးကဒ်ပြား ရှေ့/နောက်တစ်မျက်နှာထဲပါသောfileအား attach တွဲပါ)
(၁၂) PHOTO ATTACHMENT (Add File ကို နှိပ်ပါ။ (3×4) cm ဆိုဒ်ရှိသောဓာတ်ပုံအားဖြည့်သွင်းပါ။
(နောက်ခံ background သည်အပြာ/အဖြူ အရာင်တစ်မျိုးသာဖြစ်ရမည်)
(၁၃) PAYMENT RECEIPT (Add File)ကို နှိပ်ပါ။ Payment Receipt KBZPay / CB Payဖြင့် စာမေးပွဲကြေး ပေးသွင်းထား သော ချလံ(Receipt)ကို တွဲပါ။
K PAY (History မှ Payment Successful)ကိုAttachတွဲရပါမည်။
CB PAY (Transfer Complete)ကိုAttachတွဲရပါမည်။
Complete/Successful မဖြစ်သေးပါကလက်ခံမည်မဟုတ်ပါ။
***အထက်ဖော်ပြပါအချက်အလက်များအားလုံးဖြည့်သွင်းပြီး “Submit Button”အားနှိပ်ပါက စာမေးပွဲ ဖြေဆိုခွင့်လျှောက်လွှာလက်ခံရရှိကြောင်းအကြောင်းကြားစာရရှိမည်ဖြစ်ပြီး၊လုပ်ဆောင်ချက်အောင်မြင်ပြီဖြစ်ပါ သည်****
J-TEST MYANMAR OFFICE မှ လည်း လျှောက်လွှာလက်ခံရရှိသည့်နေ့မှစ၍(၁)ပတ်အတွင်းလျှောက်ထားသူ၏E-mailသို့ငွေသွင်းပြေစာ (Receipt) များပြန်လည် ပေးပို့သွားမည်ဖြစ်ပါသည်။

📛>>
မိမိဖြေဆိုမည့် Test Siteကိုသေချာရွေးပြီးမှသာစာမေးပွဲကြေးပေးသွင်းပါ။Test Site မှားယွင်းရွေးချယ်Formတင်မိခြင်းဖြစ်စေ၊မည့်သည့်အကြောင်းကြောင့်ဖြစ်စေ စာမေးပွဲကြေး(၁)ကြိမ်ထက်ပိုသွင်းထားမိခြင်းများအားပြန်ဖြေရှင်းပေးမည်မဟုတ်ပါ။

📛>>
ဖြေဆိုသူများအနေဖြင့် မိမိတို့၏အချက်အလက်များအား မှန်ကန်စွာဖြည့်သွင်းရန်နှင့် တစ်စုံတရာမှားယွင်းမှု့ များပါရှိပါကဖြေဆိုသူ၏တာဝန်သာဖြစ်ပါသည်။ J.TESTမှအောင်လက်မှတ် (Certificate)ပါအချက်အလက်များ အား ပြန်လည်ပြင်ဆင်ပေးမည် မဟုတ်ပါ။

📛>>
အွန်လိုင်းမှလျှောက်လွှာတင်သူများအနေဖြင့်လျှောက်လွှာတင်နည်းအဆင့်ဆင့်အားပြီးဆုံးအောင်လုပ်ဆောင်ရမည်ဖြစ်သည်။ လုပ်ဆောင်ချက်အားလုံးပြီးဆုံးသွားပါက မိမိဖြည့်သွင်းထားသော G-Mail သို့လျှောက်လွှာအောင်မြင်စွာတင်ပြီးကြောင်းအကြောင်းကြားစာရရှိမည်ဖြစ်ပါသည်။အကယ်၍မရရှိသောကျောင်းသားများအနေဖြင့် J-Test Myanmar Office သို့ချက်ချင်းအကြောင်း ကြားပေးရမည်ဖြစ်ပါသည်။ အကြောင်းကြားရန်ပျက်ကွက်ခဲ့ပါက J-Test Myanmar Office မှ စာမေးပွဲဖြေဆိုခွင့်ပြုမည်မဟုတ်သလို၊စာမေးပွဲကြေး များလည်း(လုံးဝ) (လုံးဝ)ပြန်လည်ပေးအပ်မည်မဟုတ်ပါ။

📌စာမေးပွဲကြေးပေးသွင်းခြင်းလမ်းညွှန်။

Online မှ လျှောက်လွှာတင်သူများအတွက်စာမေးပွဲကြေးအား K Pay , CB Pay များဖြင့်ပေးသွင်းရမည် ဖြစ်ပါသည်။ငွေပေးသွင်းနည်းလမ်းညွှန်အသေး စိတ်အား အောက်တွင်ဖော်ပြထားသောပူးတွဲပါဖိုင်တွင်ကြည့်ရှု့နိုင်ပါသည်။
(၂) ဖြေဆိုရန်လျှောက်ထားသောလျှောက်လွှာများအား ဖြေဆိုသူဘက်မှအကြောင်းအမျိုးမျိုးကြောင့် cancel လုပ်ပါက စာမေးပွဲကြေးများအားပြန်အမ်းပေးမည်မဟုတ်ပါ။
(၃) အွန်လိုင်းမှလျှောက်လွှာတင်သူများအနေဖြင့်တပတ်အတွင်းJ-Test မှ ငွေသွင်းပြေစာ receiptများပေးပို့မည်ဖြစ်ပါသဖြင့်သေချာစွာစစ်ဆေးပေးရန်လိုအပ်ပါသည်။Receiptများမရောက်ရှိပါကJ-Test Myanmar Office သို့ချက်ချင်းအကြောင်းကြားပေရန်လိုအပ်ပြီးပျက်ကွက်ခဲ့ပါကစာဖြေသူ၏တာဝန်သာဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့်မရရှိခြင်းအတွက်စာမေးပွဲကြေးများပြန်အမ်းပေးခြင်းများကိုဆောင်ရွက်ပေးမည်မဟုတ်ပါ။
(၄) ဖြေဆိုရန်ရွေးချယ်ထားသောစာဖြေဌာန(TEST SITE) နှင့် (LEVEL) အားမည်သည့်အကြောင်းကြောင့်မှပြန်လည်ပြင်ဆင်ပေးမည်မဟုတ်ပါ။
(၅) စာဖြေသူများအနေဖြင့်မိမိတို့ဖြေဆိုမည့်Test Site နှင့် ဖြေဆိုမည့် Level အားသေချာစွာရွေးချယ်ပြီးလျှောက်ထားပေးပါရန်နှင့်ဖြေဆိုမည့် Levelတစ်ခုတည်းအတွက်သာစာမေးပွဲကြေးပေးသွင်းရန်လိုအပ်ပါသည်။တစ်ကြိမ်ထက်ပို၍ပေးသွင်းထားသောစာမေးပွဲကြေးများအားလုံးဝပြန်ပေးမည်မဟုတ်ပါသဖြင့်သေချာစွာဖြည့်သွင်းလျှောက်ထားပေးပါရန်လိုအပ်ပါသည်။
(၆) ကိုယ်တိုင်/ ကိုယ်စား လာရောက်လျှောက်ထားခြင်းဖြစ်စေ ၊ Online မှ လျှောက်ထားခြင်းဖြစ်စေ ၊ အထက်ပါအချက်အလက်များ ပြည့်စုံစွာဖြည့်သွင်းလျှောက်ထားပြီး စာမေးပွဲကြေးပေးသွင်းထားသော သူများသာ ခုံနံပါတ် (ဖြေဆိုခွင့်ကဒ်များ) ရရှိမည်ဖြစ်ပြီး ၊ ခုံနံပါတ်များ ကြည့်ရှုနိုင်မည့်ရက်ကိုလည်း စာမေးပွဲကျင်းပမည့်ရက်မတိုင်ခင် (၁)ပတ်အလိုတွင် J-Test Yangon Myanmar Page တွင်အသိပေး ကြေငြာပေးသွားမည်ဖြစ်ပါသည်။

🏷️စာမေးပွဲရလဒ်နှင့်ပတ်သက်၍ကြေငြာချက်။ ။

စာမေးပွဲဖြေဆိုပြီး (၃)ရက်အကြာတွင်အဖြေမှန်များ ထွက်ရှိမည်ဖြစ်ပြီး၊ (၃)ပတ်အကြာတွင် အောင်စာရင်းများ ထွက်ရှိမည်ဖြစ်ပါသည်။
အောင်စာရင်းထွက်ပြီး(၁)ပတ်အကြာတွင်အောင်လက်မှတ်များ ရောက်ရှိမည်ဖြစ်ပါသည်။ အောင်လက်မှတ်များ ရောက်ရှိလာပါက J .Test-Yangon, Myanmar Page တွင် လာရောက်ထုတ်ယူနိုင်ပြီဖြစ်ကြောင်း ကြေငြာပေး သွားမည်ဖြစ်ပါသည်။

J-TESTစာမေးပွဲနှင့် ပတ်သတ်သော ကြေငြာချက်များအား J. Test-Yangon, Myanmar Page တွင် အသိပေးသွားမည် ဖြစ်ပြီး၊အသေးစိတ်အချက်အလက်များကို j.testmm.comတွင်ဝင်ရောက်ဖတ်ရှု့နိုင်ပါသည်။

J-TEST YANGON MYANMAR OFFICE
09-950205385@

Photos from YAMIN - Tokutei Service's post 25/04/2026

ထိုင်း Nat-Test form တွေဖွင့်ပါပြီနော်

မင်မင်ကိုလာမေးထားကြတဲ့ ထိုင်း Nat-Test ဖွင့်ရင်ပြောပါဦးဆိုသူလေးတွေ လာအပ်လို့ရပါပြီနော်

Service fees - 20000 ကျပ်ပါ

စာမေးပွဲကြေးကတော့သတ်မှတ်ဘတ်ပေါက်စျေးအတိုင်းပါ။

☎️ 09979505076 Viber, Telegram, Phone.

-Test #ယုံကြည်စိတ်ချစွာအပ်နိုင်ပါတယ်

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon