George English Language Class

George English Language Class

Share

Photos from George English Language Class's post 31/01/2023

အ​ရောင်များနှင့် စကားစမြည် ၈🎡🟡🟢🔴
Yellow ဆိုတဲ့ အဝါရောင် အ​ကြောင်း ​တော်​တော်များများ သိသွားကြပြီ ထင်ပါတယ်။ ဒီ​နေ့​တော့ 'yellow' အဝါ​ရောင် နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ ​ကောင်းတဲ့ အသုံးအနှုန်း​လေး​တွေ ​ထပ်ပြီးလေ့လာကြရ​အောင်ပါ။
ကို​လေး (​လေးဖြူ) ရဲ့ ​ကော်ပီသီချင်း "အဝါ​ရောင်ကိုက်ခဲမှု" ကို ကျ​နော်တို့ ကြိုက်ခဲ့ကြပါတယ်။ ​ခေတ်​ဟောင်းသီချင်းသမား​တွေကြိုက်တဲ့ ပ​လေးဘွိုင်းကြီးရဲ့ "အဝါ​ရောင်လမ်းက​လေး" ကလည်း ခိုက်စရာ​ကောင်းပါတယ်။ ​နောက်ပိုင်းမှာ ကိုညီထွဋ် ပြန်ဆိုပါတယ်။ မူရင်းက "Good bye yellow brick road" ပါ။

​ဆေးရုံ ​ဆေးခန်း​​တွေမှာ "yellow code" လို့ ​ပြောရင် ဆီး​တွေ အိမ်သာထဲမှာ ဒါမှ မဟုတ် အိပ်ရာ​ပေါ်မှာ တင်ကျန်​နေခဲ့လို့ သန့်ရှင်း​ရေး လုပ်ဖို့လိုတာကို ပြောချင်တာပါ။
E.g - "Whoops. Code yellow. Change the sheets and the mattress." (ဟာ ကုဒ် yellow ​ဟေ့။ ​မွေ့ရာ​​တွေ အခင်းတွေ လဲလိုက်​တော့။🙄)
တချို့​ဆေးရုံ​တွေမှာ "code yellow" ဆိုတာ လူနာ​ပျောက်သွား တာကို ဆိုလိုပြန်ပါသတဲ့။😐

' a yellow streak' ဆိုတာကလည်း သူရဲ​ဘော​ကြောင်တဲ့သူ လို့ ​ပြောတာပါပဲ။
E.g."He won’t fight? I always thought he had a yellow streak in him." (သူ ပြန်ချမှာမဟုတ်ဘူး။ ထင်တဲ့အတိုင်း ဒီ​ကောင်က င​ကြောက်ပါ။😏)

'yellow snow' ဆိုတာက​တော့ ​လေထုညစ်ညမ်းမှု၊ ဖုန်မှုန့် နဲ့ ပန်းဝတ်မှုန်​​တွေ​ကြောင့် အဝါ​ရောင် သမ်း​နေတဲ့ နှင်း​တွေကို ​ခေါ်တာပါ။ "Don't eat (the) yellow snow." ဆိုတဲ့ စာသားကို idiom အ​နေနဲ့ ရယ်စရာ ​နှောပြီး​တော့လည်း ​ပြောလေ့ရှိပါတယ်။ "OK, fine, you kids can go play outside—but don't eat yellow snow!"😊

​နောက်တမျိုးက​တော့ စာအုပ်​​တွေက ထွက်လာတတ်တဲ့ အဝါ​ရောင် ဖုန်မှုန့်​တွေကို ​ခေါ်တာပါ။
E.g. "Scientists are trying to find methods to eliminate yellow snow from books." (စာအုပ်​တွေက ထွက်လာတဲ့ အဝါ​ရောင် ဖုန်မှုန့်​တွေ ပ​ပျောက်​စေမယ့်နည်းလမ်း​​တွေကို သိပ္ပံ ပညာရှင်​တွေက ရှာ​ဖွေ​နေကြပါတယ်။)🤔

Let's call it a day. ဒီ​နေ့​တော့ ဒီ​လောက်ပါပဲ။ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အားလုံးကို ဤစာစုဖြင့် ​လေးစားစွာ ဂါရဝ ပြုပါတယ်။🙏🙏🙏

ကျွန်​တော့် မိတ်​ဆွေများ အ​နေနဲ့ အဆင်​ပြေမယ်ဆိုရင် တခြားသူ​တွေ အင်္ဂလိပ်စာ ဗဟုသုတ တိုးပွား​စေဖို့ post ကို လွတ်လပ်စွာ share ပြီး ပညာဒါန ပြုနိုင်ပါတယ် ခင်ဗျား။

Ref: Longman Dictionary of Contemporary English, Oxford Advanced Learner's Dictionary, Book of Common Phrases by Webster's Reference Library, Tet Toe's English idioms, "ဖြူ နီ ဝါ ပြာ နှင့် အခြား အင်္ဂလိပ် ​​ဝေါဟာရများ" တက္ကသိုလ်ထင်ကြီး, Street Talk(American Slang) U Win Aung
Credit: The original artists to creat the images

Photos from George English Language Class's post 04/10/2022

Hello dear students and friends who love English language, I will be back this week with some interesting posts for you in learning English. Thanks in advance for your appreciation in my page. Wish you be in good health and peace of mind, my dears.🙏😍♥️

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Min Ye Kyaw Swa Street
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00