Glorious Myanmar 2Dfire Software Solution

Glorious Myanmar 2Dfire Software Solution

Share

14/08/2023

ကုမ္ပဏီမှတိုက်ရိုက်ခေါ်ယူခြင်း

အရောင်းဝန်ထမ်း (၅) ယောက် (Male or Female)
 အထက်တန်း (သို့) အထက်တန်းအောင်
 အသက် (၁၈ မှ ၂၅) အတွင်းလျှောက်ထားနိုင်သည်။
 မှတ်ပုံတင် (သို့ )ကျောင်းသားကဒ်ရှိရမည်။
 ဆက်ဆံရေးအထူးကောင်းမွန်ပြီးစကားပြောဆိုချိုသာသူဖြစမရမည်။
 ရုံးစည်းကမ်းကိုလိုက်နိုင်သူဖြစ်ရမည်။
 အသင်းအဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်နိုငရမည်။
 အတွေအကြုံမရှိသူများလည်းလျှောက်ထားနိုင်သည်။

အကျိုးခံစားခွင့်
 Sunday and Public Holiday ပိတ်ခြင်း။
 လမ်းစရိတ်ပေးခြင်း၊ရက်မှန်ကြေးပေးခြင်း။
 % အလိုက် Bonus ပေးခြင်း
 အခြေခံလစာ ၁၅၀၀၀၀

ဆက်သွယ်ရန်
Viber – 09 450 020 880

Block-03, Ground Floor-04 Golden City Condominium, Yankin Road, Yankin Township, Yangon, Myanmar

13/03/2023

စားသောက်ဆိုင်တော်တော်များများနဲ့ နေရာတော်တော်များများမှာ POS တွေ အသုံးပြုပြီး ဝန်ဆောင်မှုတွေပေးနေတာမျိုးကို တွေ့ဖူးကြမှာပါ။

ဒီလို POS နည်းပညာက ဘယ်ချိန်ကတည်းက ပေါ်လာခဲ့တာလည်းဆိုတာကို သိပါသလား ❓

ကမ္ဘာ့ပထမဦးဆုံး POS ကို 1879 မှာ Ohio ပြည်နယ်က James Ritto က စပြီးတီထွင်ခဲ့တာဖြစ်ပါတယ်။ အဲ့ချိန်က POS က စက်ပုံစံလိုမျိုးသာရှိသေးပြီး ငွေစာရင်းမှတ်တမ်းကို သိမ်းထားနိုင်ဖို့အတွက် ထိထိရောက်ရောက် အမှားအယွင်းမရှိ အသုံးပြုနိုင်တာလောက်ပဲရှိပါသေးတယ်။

ဒီတီထွင်မှုကနေ အကျိုးအမြတ်တွေလိုချင်သေးတာကြောင့် သူ့ရဲ့ မူပိုင်ခွင့်ကို တခြားသူကို ပြန်လည်ရောင်းချခဲ့ပါတယ်။

နောက်ဆုံးမှာတော့ National Cash Register (NRC) က မူပိုင်ခွင့်ရသွားခဲ့ပါတယ်။

ဒီလိုမူပိုင်ခွင့်ရသွားတဲ့ NRC က ၂၀ရာစုအစောပိုင်းကာလမှာ Customers တွေကို Receipts တွေပြန်ပေးဖို့အတွက် POS စက်တွေမှာ စက္ကူလိပ်တွေထည့်သွင်းတီထွင်လာတဲ့အပြင် ငွေသားအံဆွဲတွေကိုပါ ပေါင်းစပ်ဖန်တီးလာပါတယ် 🗞️

ဒီလိုပြောင်းလဲတီထွင်လိုက်တဲ့အတွက် လုပ်ငန်းအများအပြား POS စက်တွေအသုံးပြုလာကြပြီး အရောင်းအဝယ်မှတ်တမ်းတွေကို တိတိကျကျလုပ်နိုင်တဲ့အပြင် အရင်းအနှီးကို စီမံခန့်ခွဲရလွယ်ကူစေတဲ့အထိ အကျိုးဖြစ်ထွန်းခဲ့ကြပါတယ် 😊

၁၉၀၀ ခုနစ် အလယ်ပိုင်းကာလမှာတော့ POS စက်တွေဟာ ငွေရှင်းကောင်တာတွေမှာ LCD မျက်နှာပြင်၊ ခရက်ဒစ်ကတ်သံလိုက်ပြားတွေနဲ့အတူ အပူပိုင်းစနစ်နဲ့ပုံနှိပ်နိုင်တဲ့ စွမ်းရည်မြင့် ဒစ်ဂျစ်တယ်စက်တစ်ခုအသွင်ဖြစ်လာခဲ့ပါတယ်။

စားသောက်ဆိုင်တွေအတွက် ပထမဦးဆုံး Electronic Cash Register (ECR)ပါဝင်တဲ့ POS စနစ်ကို IBM က ၁၉၇၃မှာ စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ နောက်ပြီး မီးဖိုချောင်စီ Order လှမ်းတင်နိုင်တဲ့အထိ စွမ်းဆောင်ရည်ကောင်းလာခဲ့ပါတယ် ♻️

နောက်ထပ်အားသာချက်ကတော့ ဖောက်သည်တွေအနေနဲ့ တိကျတဲ့ ပြေစာကိုလည်း ရနိုင်သလို ပြေစာမှာပါတဲ့ အခွန်စာရင်းကိုလည်း POS သုံးပြီး သီးသန့်ခွဲထုတ်ပေးနိုင်ပါတယ် 🤗

ဒါပေမယ့် အဲ့ဒီခေတ်တုန်းက ECR စနစ်ကိုရခဲ့ပေမယ့် တကယ်အသုံးပြုတဲ့အခါ နည်းနည်းကြာပြီး နှောင့်နှေးခဲ့တာကြောင့် အဆင်မပြေမှုလေးတွေတော့ ရှိခဲ့ပါတယ် ...

Touch Screen နဲ့အသုံးပြုလို့ရမယ့် ပထမဦးဆုံး POS ကိုတော့ ၁၉၈၆ မှာ Gene Mosher ကဖန်တီးခဲ့ပါတယ်။

Mosher ရဲ့ ဖန်တီးမှုကို အရင်းပြုပြီး Microsoft ကလည်း စားသောက်ဆိုင်လိုလုပ်ငန်းတွေအတွက် စီးပွားဖြစ် POS Software ကို ဆန်းသစ်တီထွင်လိုက်ပါတယ် 👍

အဲ့ဒီ POS Software က အရောင်းအဝယ်ဆိုင်ရာငွေကြေး Database တစ်ခုဖြစ်လာရုံသာမက ဖောက်သည်တွေရဲ့အချက်အလက်တွေကိုလည်း မှတ်တမ်းတင်နိုင်လို့ POS Software စံနမူနာကောင်းတစ်ခုဖြစ်လာခဲ့ပါတယ် 🥇

အင်တာနက်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာတဲ့နောက်မှာ Credits Card တွေနဲ့ မြန်မြန်ဆန်ဆန်ငွေရှင်းနိုင်တဲ့အထိပါ POS Software တွေက စွမ်းဆောင်ရည်အားကောင်းလာကြပါတယ် 🎉

ဒါတွေအပြင် Cloud Based နဲ့ချိတ်ဆက်ထားတဲ့ POS တွေဆိုရင် User တွေအနေနဲ့ ဘယ်နေရာကမဆို ထိန်းချုပ်စီမံနိုင်တဲ့အထိ တိုးတက်လာခဲ့ပါတယ် 🔝

POS Software တွေက Customers တွေကို ဝန်ဆောင်မှုတွေပေးတဲ့နေရာမှာ မြန်ဆန်စေသလို ဝန်ထမ်းတွေကို စီမံတဲ့နေရာမှာလည်း အသုံးဝင်တာကြောင့် ဒီနေ့ခေတ်မှာတော့ POS Software တွေကို နေရာတိုင်းလိုလိုမှာတွေ့မြင်နိုင်ပြီး စားသောက်ဆိုင်လိုလုပ်ငန်းတွေအပြင် လုပ်ငန်းတော်တော်များများမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပြီဖြစ်ပါတယ် ✅

ဒါတွေကတော့ ခေတ်အဆက်ဆက် ပြောင်းလဲဖြစ်ပေါ်လာခဲ့တဲ့ Point Of Sale System အကြောင်းလေးပဲဖြစ်ပါတယ်။

အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ရှိပါတယ် 🥰

03/03/2023

Cloud Base System နဲ့ POS ကို ဘာကြောင့် အသုံးပြုသင့်တာလဲ ❓

POS သုံးတော့မယ်ဆိုရင် Cloud Base System ကို အသုံးပြုထားတဲ့ Glorious Myanmar ရဲ့ POS ကိုရွေးပါ ✅

ဘာကြောင့်လဲဆိုရင် Cloud Based ကို အခြေခံပြီး ရေးဆွဲထားတဲ့ POS System မှာ ခုလို အားသာချက် ( ၇ )ချက်အထိရှိပါတယ် 👇

💁‍♂️ Data တွေအလွယ်တကူ မပျက်ဆီးနိုင်ခြင်း။

Data တွေ အလွယ်တကူ မပျက်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် Hardware ပျက်ဆီးတာပဲဖြစ်ဖြစ်၊ မှားနိပ်မိတာပဲဖြစ်ဖြစ် Cloud မှာ Data တွေကျန်နေမှာဖြစ်လို့ Backup အနေနဲ့ ပြန်ယူလို့ရနေမှာဖြစ်နေတာက နံပါတ်တစ်အားသာချက်ပါပဲ။

💁‍♂️ ဖောက်သည်တွေကို မြန်မြန်ဆန်ဆန်နဲ့ ဝန်ဆောင်မှုများပေးနိုင်ခြင်း။

ကိုယ့် Customers တွေကို မြန်မြန်ဆန်ဆန်နဲ့ တိတိကျကျဝန်ဆောင်မှုပေးနိုင်တယ်။

ဆိုင်ကိုလာတဲ့အခါ Menu ကိုကြည့်ပြီး မေးမြန်းတဲ့အခါ မရနိုင်တဲ့အစားအစာက မရတတ်သလိုမျိုးရှိတတ်ပါတယ်။ ဒီအခါ Customer တစ်ယောက်အနေနဲ့ နောက်ထပ်ရွေးချယ်စရာတွေကို ထပ်ပြီးစဉ်းစားရပါတယ်။ POS ကိုသုံးပြီး Up to date ဖြစ်နေမယ့် E-Menu ကို ဖန်တီးထားတဲ့အခါ ဒီလို ပြဿနာတွေမရှိတော့ပါဘူး။ Scan လေးဖတ်ပြီး အလွယ်တကူ မှာယူရုံပါပဲ။

နောက်ပြီး ငွေရှင်းတဲ့နေရာမှာလည်း လွယ်ကူမြန်ဆန်စေတယ်။ Printer တွေနဲ့ချိတ်ပြီး ပြေစာပေးနိုင်တာတွေကတော့ သိလောက်ပြီးသားဖြစ်မယ် ထင်ပါတယ်။

💁‍♂️ Up To Date Software

Glorious Myanmar ရဲ့ POS က နောက်ဆုံးပေါ်နည်းပညာထဲက တစ်ခုဖြစ်တာကြောင့် Error ဖြစ်တာမျိုးဖြစ်မှာလည်း ပူစရာမလိုသလို အသုံးပြုရင်း နားမလည်တဲ့အပိုင်းတစ်ခုခုကိုတွေ့တဲ့အခါမျိုးမှာလည်း အချိန်မရွေးပြန်လည်မေးမြန်းလို့လည်းရပါတယ်။ Software နဲ့ပတ်သက်ပြီး ပြင်ချင်တာတွေရှိရင်လည်း ပြန်ပြင်လို့ရနေမှာမို့ Software က အမြဲ Up To Date ဖြစ်နေမှာပါ 🔝

💁‍♂️ သက်သာတဲ့ Hardware ပိုင်းကုန်ကျစရိတ်

POS Software အသုံးပြုဖို့အတွက် Device တွေအများကြီးလိုတာမျိုးမဟုတ်ပဲ မဖြစ်မနေလိုအပ်တဲ့နေရာလောက်မှာ အသုံးပြုမယ့် Hardware လောက်အတွက်ပဲ ကုန်ကျမှာဖြစ်သလို ကျန်တဲ့ Devices တွေကလည်း Log in ဝင်ထားနိုင်ပြီး စီမံနိုင်တဲ့အတွက် ကုန်ကျစရိတ်ကို အများကြီး လျှော့ချနိုင်မှာလည်း ဖြစ်ပါတယ် 💸

💁‍♂️ တိကျတဲ့ စာရင်းအင်း စီမံနိုင်မှု

Customers တွေကို ဝန်ဆောင်မှုပေးတဲ့နေရာမှာ ကိုယ်သတ်မှတ်ထားတဲ့ နှုန်းထားတွေနဲ့ပဲ POS က အလုပ်လုပ်ပြီး ဝန်ဆောင်မှုပေးနိုင်မှာဖြစ်ပြီး Report တွေမှာ အလိုအလျှောက် စာရင်းမှတ်ပြီးသားဖြစ်နေမှာမို့ စာရင်းမှားတာမျိုးလုံးဝဖြစ်မှာမဟုတ်ပါဘူး။ ဒါကြောင့် တိကျတဲ့ စာရင်းစီမံခန့်ခွဲမှုကိုလည်း ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်မှာဖြစ်ပါတယ် 😊

👉 ဒါ့အပြင် နောက်ထပ်အားသာချက်က နေ့စဉ် ဝင်ငွေ၊ ထွက်ငွေစာရင်းတွေက အချိန်နဲ့အမျှ Save ဖြစ်ပြီးသားမလို့ တာဝန်တစ်ခု ခွဲပြီး သီးသန့်လုပ်နေစရာလည်း လိုတော့မှာ မဟုတ်ပါဘူး 🤗

💁‍♂️ Customers တွေကို ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပေးနိုင်ခြင်း။

အမြဲတမ်း Customers တွေအတွက် အထူးလျှော့ဈေးပေးချင်သေးတယ်ဆိုရင်တောင် Pos ထဲမှာ Customer တစ်ဦးချင်းစီရဲ့ Data တွေထည့်ထားပြီး ကူပွန်လေးတွေပြန်ပေးဖို့အတွက် လွယ်ကူမြန်ဆန်စွာနဲ့ ဆောင်ရွက်နိုင်ဦးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် E-Menu တွေဖန်တီးနိုင်မှာဖြစ်တာကြောင့် ပြတ်သွားတဲ့ကုန်ပစ္စည်းကို Menu ထဲက ဖယ်ပစ်ပြီး အသစ်ရလာတဲ့ ကုန်ပစ္စည်းကို ချက်ခြင်းထည့်ချင်တယ်ဆိုရင်လည်း ခဏလေးနဲ့ ပြင်နိုင်ဆင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဆိုင်ကို လာရောက်အားပေးတဲ့ Customers တွေအနေနဲ့ E-Menu ကို Scan ဖတ်ပြီး သိရှိနိုင်တာကြောင့် မှန်ကန်တဲ့ Information နဲ့ ဝန်ဆောင်မှုတွေရနိုင်မှာဖြစ်ပါတယ် 🛒

💁‍♂️ အသုံးပြုရလွယ်ကူခြင်း။

Glorious Myanmar ရဲ့ POS Software က User တွေ အသုံးပြုရလွယ်အောင်လုပ်ထားပြီး စ,စချင်း တပ်ဆင်အသုံးပြုကတည်းက မိတ်ဆက်ရှင်းပြပေးသလို နားမလည်တာတွေကိုလည်း ပြန်လည်မေးမြန်းနိုင်အောင် ရှင်းပြထားတဲ့ Video တွေကိုလည်း အချိန်မရွေးပြန်ကြည့်နိုင်အောင် စီစဉ်ပေးထားပါသေးတယ် 😌

👉 ဒါကြောင့် လူကြီးမင်းတို့ရဲ့ဆိုင်ကို အရင်ကထက်ပိုပြီး အဆင့်မြှင့်တင်ပြီး Customers တွေကို ဝန်ဆောင်မှုကောင်းတွေပေးဖို့အတွက် POS Software အသုံးပြုဖို့Glorious Myanmar ကိုသာ အမြန်ဆုံးဆက်သွယ်လိုက်ပါဗျာ 👨‍💼

📱Tel: 09 954 000 335, 09 979 716 493
🏢 Block - 3, Ground floor – 04, Golden City Condo, Yankin Road, Yankin Township, Yangon 11081, Myanmar.

30/01/2023

POS ဆိုတာ…

တစ်ချို့စားသောက်ဆိုင်တွေက ဘာကြောင့် POS တွေသုံးနေကြတာလဲ 🤔

👉အဓိက,ကတော့ ဆိုင်တစ်ခုလုံးမှာ လည်ပတ်နေတဲ့နေရာတွေကို စနစ်တကျလုပ်ချင်တာနဲ့ ဆိုင်ရဲ့ဝင်ငွေထွက်ငွေတွေကို တိတိကျကျ စာရင်းအင်းထားနိုင်ဖို့အတွက်ပါ။

👉နောက်ပြီး Customers တွေကို ဝန်ဆောင်မှုပေးတဲ့နေရာမှာ ရိုးရှင်းလွယ်ကူစေတဲ့အပြင် အမြဲတမ်းဖောက်သည်ဖြစ်တဲ့အထိ ထိန်းသိမ်းနိုင်လို့ပါ။

ဆိုင်အတွက် POS Software နဲ့ လိုအပ်တဲ့ Devices တွေလိုတယ်ဆိုရင်တော့ Glorious Myanmar ကိုသာ ဆက်သွယ်လိုက်ပါဗျာ📲

📱Tel: 09 954 000 335, 09 979 716 493
🏢 Block - 3, Ground floor – 04, Golden City Condo, Yankin Road, Yankin Township, Yangon 11081, Myanmar.

25/01/2023

“ငွေချေ၊ ပြေစာ၊ စာရင်းမှတ်တာတွေ အားလုံးအတွက် အကောင်းဆုံး POS”

ကိုယ့်ဆိုင်ကိုလာတဲ့ Customer တွေကို အကောင်းဆုံး ဝန်ဆောင်မှုတွေကို ပေးချင်ကြတာတော့ ဆိုင်တိုင်းလုပ်ငန်းတိုင်းပါပဲ 🤗💕

ခေတ်ကာလအရ ဆိုင်ကိုလာရောက်အားပေးတဲ့ Customers တိုင်းက မြန်ဆန်တာမျိုးကို သဘောကျကြပါတယ်။

စားပွဲဝိုင်းမှာ ထိုင်လိုက်တာနဲ့ ဘာတွေရမလဲလို့မေးနေတာထက် ကိုယ့်ဘာသာ Menu လေး အေးဆေးကြည့်ပြီး ကိုယ်ကြိုက်တာမှာရတာလေးမျိုးကို ကြိုက်တယ်။

မှာထားတာလေးတွေ မြန်မြန်ရချင်တယ်။ ပြန်ခါနီး ငွေရှင်းရင်လည်း မြန်မြန်ဆန်ဆန်ပဲ လုပ်ချင်ကြတယ်။

👉ဒီလို E-Menu တွေ၊
👉မြန်ဆန်တဲ့ Order တွေ၊
👉လျှင်မြန်တဲ့ ငွေရှင်းစနစ်၊
👉ပြေစာတွေ စတဲ့ အလုပ်တွေအားလုံးအတွက် ဝန်ထမ်းတွေ ထပ်ခေါ်နေစရာမလိုပါဘူး။
Glorious Myanmar ရဲ့ POS တွေရှိပါတယ် 😎

နောက်ပြီး ဆိုင်ရဲ့ ယိုပေါက်တွေမရှိအောင် စာရင်းမှတ်တာတွေ Customers တွေအတွက် Promotion ကူပွန်လေးတွေဖန်တီးတာတွေလည်း လုပ်နိုင်ပါသေးတယ်။

Cloud Base System နဲ့ဖန်တီးထားတဲ့ Glorious Myanmar ရဲ့ POS Software တွေကတော့ ဆိုင်ရဲ့ အဝေးကို ရောက်နေချိန်မှာတောင် အလွယ်တကူစီမံနိုင်တဲ့အထိ စွမ်းဆောင်ပေးနိုင်ပါတယ်။

ဒါကြောင့် နည်းပညာအကူအညီတွေနဲ့ ဆိုင်ရဲ့တိုးတက်မှုနှုန်းတွေကို တစ်ဆစ်ချိုးပြောင်းလဲဖို့ဆိုရင် Glorious Myanmar ကိုသာဆက်သွယ်လိုက်ပါ 🤗

📱Tel: 09 954 000 335, 09 979 716 493
🏢 Block - 3, Ground floor – 04, Golden City Condo, Yankin Road, Yankin Township, Yangon 11081, Myanmar.

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


B3-G04, Golden City Condo, Yankin Road, Yankin Township
Yangon
11081

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00