Innovative Learning Academy

Innovative Learning Academy

Share

07/11/2024

𝗛𝗼𝘄 𝘁𝗼 𝗮𝗽𝗽𝗹𝘆 𝗙𝗼𝗿𝗺 𝗖❓
Form-C ဆိုသည်မှာ မြန်မာပြည်က နိုင်ငံခြားသားကုမ္ပဏီတွေမှာ စာချုပ်စာတမ်းနဲ့နှစ်ရှည်လာရောက် အလုပ်လုပ်ကြတဲ့ နိုင်ငံခြားသား ဝန်ထမ်းများအတွက် ပြုလုပ်ပေးခြင်းဖြစ်ပါတယ်။ ကုမ္ပဏီမှနိုင်ငံခြားသားဝန်ထမ်းများ မြန်မာပြည်သို့ရောက်ရှိပြီး ၂၄ နာရီအတွင်း ၎င်းတို့နေထိုင်သည့် သက်ဆိုင်ရာမြို့နယ်ရပ်ကွက်ရုံးများတွင် အကြောင်းကြားကာ လူဝင်မှုကြီးကြပ်ရေးတွင်သတင်း ပေးပို့တိုင်ကြားရခြင်းဖြစ်ပါတယ်။ နိုင်ငံခြားသားဝန်ထမ်းအနေဖြင့် ၎င်းနေထိုင်ရန် Apartment များရသေးပါက Hotel တွင် ယာယီနေထိုင်စဉ်တွင် Form-C တိုင်ကြားရန်မလိုအပ်ပါဘူး။ နေထိုင်မည့် Apartment သို့ပြောင်းရွှေ့ခြင်းမတိုင်မီတွင် ကိုတင်တိုင်ကြားဖို့လိုအပ်ပါတယ်။ Form-C သည် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများနေထိုင်ရန် လိုအပ်သော စာရွက်စာတမ်း အထောက်အထား (တနည်း-ဧည့်စာရင်း) ဖြစ်ပြီး၊ နိုင်ငံခြားသားဝန်ထမ်းများ မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်မည်ဆိုပါက သက်ဆိုင်ရာ မြို့နယ်ရုံးများတွင် ၂၄ နာရီအတွင် လျှောက်ထားရန်လိုအပ်ပါသည်။
🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻🔻
Form-C လျှောက်ထားခြင်းလုပ်ငန်းစဉ်ကို အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါသည်-
📌 #လျှောက်ထားသူ၏အချက်အလက်ပြင်ဆင်ခြင်း - Form-C လျှောက်ထားခြင်းအတွက် နိုင်ငံခြားသားဝန်ထမ်း၏ နိုင်ငံကူးလက်မှတ်၊ ဗီဇာ၊ နေထိုင်ခွင့် အထောက်အထား၊ အလုပ်ခွင့် အထောက်အထားများ (အိမ်အငှာစာချုပ်၊ ယင်းအိမ်ရှင့်၏ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်မိတ္တူ၊ ဓာတ်ပုံ) နှင့် နေထိုင်မည့် လိပ်စာ အချက်အလက်များကို ပြင်ဆင်ထားရပါမည်။
📌 #လျှောက်လွှာတင်သွင်းခြင်း - ဦးစွာ သက်ဆိုင်ရာမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်နှင့်တကွ စာရွက်စာတမ်းအပြည့်အစုံးအား မြို့နယ် Immigration and National Registration Department (ပြည်ထဲရေးဝန်ကြီးဌာန၊ ဝင်ရောက်ရေးနှင့် လူမျိုးစုမှတ်ပုံတင်ရေး ဦးစီးဌာန) သို့ သွားရောက်၍ လိုအပ်သည့် Form-C လျှောက်လွှာကို ဖြည့်စွက်ကာတင်ပြကြရမည်ဖြစ်ပါသည်။
📌 #လျှောက်လွှာမှာအွန်လိုင်းစနစ် မှတဆင့် လည်းလျှောက်ထားနိုင်ရန်အတွက် eVisa Myanmar ကိုအသုံးပြုနိုင်ပါသည်။ ၎င်းတွင် တင်သွင်းရန် လိုအပ်သော ဖိုင်များ Form-C လျှောက်လွှာနှင့်အတူ အောက်ပါအချက်အလက်များကိုလည်း တင်သွင်းရပါမည်-
➡Passport First Page, Visa Page Only
➡ Photo – 3 Nos.
➡ E-Visa Approval letter
➡ Company Registration Certificate
➡ Company Extract
➡Home Contract
➡ House Owner’s Family household certificate copy
➡ House Owner’s NRC copy
➡Employment Contract
➡ Authorization Letter for submission employee
📌 #လျှောက်လွှာအတည်ပြုခြင်း - စာရွက်စာတမ်းများအား အရာရှိများမှ စစ်ဆေးပြီးနောက် အတည်ပြုမည်ဖြစ်ပါသည်။ လျှောက်ထားချိန်တွင် ပုံမှန်အားဖြင့် ၃ ရက်မှ ၇ ရက်အတွင်း အတည်ပြုချက် ရရှိနိုင်ပါသည်။
📌 #ခွင့်ပြုလက်မှတ်ရရှိခြင်း - လျှောက်ထားထားသော Form-C ခွင့်ပြုလက်မှတ်ကို အောင်မြင်စွာ လက်ခံရရှိပြီးနောက် ယင်းကို အလုပ်သမားသည် မြန်မာနိုင်ငံတွင် နေထိုင်ခွင့်သက်တမ်းအတွင်း ယုံကြည်စိတ်ချစွာ နေထိုင်နိုင်ပါသည်။
📌Form-C လျှောက်ထားခြင်းသည် မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများ စည်းမျဉ်းများနှင့် ကိုက်ညီစွာ နေထိုင်အလုပ်လုပ်ရန်အတွက် မဖြစ်မနေ လိုအပ်သည့် အခွင့်ပြုချက်တစ်ခုဖြစ်ကြောင်း သတိပြုရန်လိုပါသည်။ Form-C တိုင်ကြားထားခြင်းမရှိပါက မတော်တဆထိခိုက်ဒဏ်ရာရခြင်း၊ Accident ဖြစ်ခြင်း၊ ဗီဇာသက်တမ်းတိုးရာတွင် အခက်အခဲ ဖြစ်ခြင်း၊ ရုတ်တရက်ပြသနာတစ်စုံတစ်ရာပေါ်ပေါက်ခဲ့ပါက ဖြေရှင်းရန်ခက်ခဲခြင်းတို့ကြုံတွေ့ရနိုင်ပါသည်

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Thazin Street
Yangon
11051

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00