M.Y Japanese Language School

M.Y Japanese Language School

Share

Photos from M.Y Japanese Language School 's post 25/10/2025

ဂျပန်နိုင်ငံရဲ့ဆောင်းဦးရာသီမှာ Momojiရဲ့အလှကို သေချာမြင်နိုင်မယိ့ နာမည်ကြီးနေရာတွေကို တင်ပေးလိုက်ပါတယ်🍁

ပိတ်ရက်မှာ ကိုယ်နဲ့နီးတဲ့နေရာတွေကိုသွားပြီး momiji အလှအပကို အပြည့်အဝကိုခံစားလိုက်ရအောင်🍂🍁🧡

#秋

24/10/2025

hiragana katakana ထိတော့အဆင်ပြေသေးတယ်🥲

Photos from M.Y Japanese Language School 's post 15/09/2025

ဂျပန်စာလေ့လာနေတဲ့သူတွေအတွက် ဖတ်စာအုပ်ထဲမှာတွေ့ရနည်းပြီး တကယ်လက်တွေ့မှာအသုံးများတဲ့ဂျပန်စကားလုံးတွေကို မျှဝေပေးထားပါတယ်😇

တစ်ပုံချင်းစီမှာရှင်းပြထားပြီး ဥပမာစာကြောင်းလည်းပါတော့ みなさんတို့ အလွယ်တကူမှတ်လို့ရမယ်ထင်ပါတယ်🥰

Photos from M.Y Japanese Language School 's post 03/03/2025

😇ဂျပန်မှာ မတ်လ ၃ ရက်နေ့ဆိုရင် ကျင်းပတဲ့ပွဲတော်တစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ မတ်လ ၃ရက်နေ့ဆိုရင် ဂျပန်နိုင်ငံမှာ Hina Matsuri ဆိုတဲ့ မိန်းကလေးများနေ့ကို ကျင်းပပါတယ်။

👩🏻‍🦰ဒီနေ့ဟာ ဂျပန်လူမျိုးတွေရဲ့ ရိုးရာပွဲတစ်ခုဖြစ်ပြီး ‘အရုပ်ပွဲတော်’ လို့လည်း ခေါ်ကြပါတယ်။

🫅🏼ဒီပွဲမှာ မိသားစုတွေက ဧကရာဇ်၊ ဧကရီမိဖုရား၊ နန်းတွင်းသားတွေနဲ့ အခြွေအရံတွေကို ကိုယ်စားပြုတဲ့ ဟီနာအရုပ်လေးတွေကို အထူးစင်ပေါ်မှာ အလှဆင်ပြီး ပြသထားကြပါတယ်။ ဒီအရုပ်တွေကို ဂျပန်အနုပညာပုံစံနဲ့ လက်ရာမြောက်အောင် ဖန်တီးထားတာမို့ တကယ်ကို ကြည့်လို့ကောင်းပါတယ်။👸🏻

👩🏼‍💼ဒီလိုပြသရတာက မိန်းကလေးတွေရဲ့ ကျန်းမာရေး၊ ပျော်ရွှင်မှုနဲ့ အနာဂတ်မှာ ကံကောင်းခြင်းတွေ ရရှိဖို့ ဆုတောင်းပေးတဲ့ အဓိပ္ပာယ်လည်း ပါပါတယ်။

🍱အစားအသောက်အနေနဲ့ကတော့ Chirashizushi (ပင်လယ်စာနဲ့ ထမင်းရောစပ်ထားတဲ့ အစားအစာ)၊ Hina-arare(အရောင်စုံဆန်မုန့်) နဲ့ ဆာကူရာမိုချိလိုမျိုး အရသာရှိတဲ့ ရိုးရာအစားအစာတွေကို စားသုံးကြပါတယ်။

🌺ဒါ့အပြင် နွေဦးရာသီကို ကြိုဆိုတဲ့အနေနဲ့ မက်မွန်ပန်းခက်တွေကို အလှဆင်ရင်း ကံကောင်းခြင်းနဲ့ သာယာမှုကို ကိုယ်စားပြုတဲ့ သင်္ကေတအဖြစ် ထည့်သွင်းကြပါတယ်။

✨ဒီပွဲဟာ မိသားစုတွေ စုစည်းပြီး မိန်းကလေးတွေကို ဂုဏ်ပြုတဲ့ ပျော်ရွှင်စရာနေ့တစ်နေ့ပါ။ မိန်းကလေးအားလုံးကို Hina Matsuri မှာ ပျော်ရွှင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 🌸

#မိန်းကလေးများနေ့ #ဂျပန်ယဉ်ကျေးမှု

15/03/2024

kanji လွယ်လွယ်မှတ်ကြမယ် - part 3

Part 1👇
https://fb.watch/q6KZzUWnYU/?mibextid=2JQ9oc

Part 2👇
https://fb.watch/qPw3byz2uP/?mibextid=RtaFA8

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon