Happy Diet Plan

Happy Diet Plan

Share

28/07/2020

အဆီကျစေမဲ့ Diet Plan လေးပါ 🥰

အစားအသောက်ပုံစံကိုပြုပြင်ပေးတာမလို့ Side effect လဲမရှိဘဲစိတ်ချရတယ်👍🏼

အစားအသောက်လေးတွေကို Calories တွက်ချက်ပြီး စားခိုင်းတာပါ

ကျန်းမာရေးနဲ့လဲညီညွတ်တယ်🙆🏻‍♀️

Members တွေအများကြီး ရှိနေပြီဖြစ်တဲ့ အဆီကျ Diet Pan လေးပါ

Happy Diet Plan လေးကို Join ချင်တယ်ဆိုရင်
page messenger လေးကတဆင့် မေးမြန်းစုံစမ်းလိုက်နော်

Happy Diet Plan🍋🥒🥝

28/07/2020

ကိုယ်အလေးချိန်လျော့ချချင်သူတွေ အရင်ဆုံးပြောင်းလဲသင့်တဲ့ အမူအကျင့်များ
ဝိတ်လျော့ဖို့စတင်ပြီဆိုရင် အစားလျော့စားတာတွေ၊ လေ့ကျင့်ခန်းလုပ်တာတွေထက် အရေးကြီးတာက စိတ်ပါပဲ။ စိတ်က သေချာလိုက်မလာနိုင်ရင် ဘယ်အရာမှအောင်မြင်နိုင်မှာမဟုတ်တော့ပါဘူး။ ဝိတ်လျော့ဖို့ဆိုရင်လည်း စိတ်ကိုကဝိတ်ကျဖို့ကို အားသန်နေမယ်ဆိုရင် အစားလျော့စားတာတွေ၊ လေ့ကျင့်ခန်းလုပ်တာတွေကို ပုံမှန်လုပ်နိုင်ပြီး အလေးချိန်ကိုလည်း ကောင်းကောင်းလျော့ကျနိုင်မှာပါ။
ဝိတ်လျော့တော့မယ်ဆိုရင် ပြောင်းလဲလိုက်သင့်တဲ့အတွေးအခေါ်တွေကို ဖော်ပြပေးလိုက်ပါတယ်။
ကျန်းမာရေးနဲ့ကိုက်ညီတဲ့အစားစာတွေကိုနှစ်သက်တယ်
အသီးအရွက်တွေကို များများကြိုက်နှစ်သက်တဲ့သူဆိုရင် ဝိတ်လျော့ဖို့အတွက်ပိုပြီးတော့ အဆင်ပြေပါတယ်။ တကယ်လို့ သင်ကအရင်ထဲက အသီးအရွက်တွေကို သိပ်မကြိုက်ခဲ့ဘူးဆိုရင်တော့ သင့်စိတ်ထဲမှာအသီးအရွက်တွေက ကိုယ့်အတွက်အဆင်ပြေပါတယ်။ ဒါမှလည်းဝိတ်မြန်မြန်ကျစေမှာပေါ့ဆိုတဲ့ စိတ်မျိုးကို ထည့်ထားပေးနိုင်မှ ကျန်းမာရေးကိုအထောက်အကူပြုတဲ့ အစားစာတွေနဲ့ ဝိတ်လျော့လို့ရမှာပေါ့။
ဝိတ်ကျဖို့အတွက်စီစဉ်ထားတဲ့ အစားစာတွေကို စားချင်စိတ်
ဝိတ်ကျဖို့အတွက်ဆိုရင် အရင်စားနေကျအတိုင်းပဲ စားနေလို့တော့မရဘူးပေါ့။ ဒါကြောင့် ဝိတ်ကျဖို့အတွက် ကြိုးစားနေတဲ့အချိန်မှာ စားဖို့ပြင်ဆင်ထားတာတွေကို စားချင်စိတ်ရှိတယ်ဆိုတဲ့ စိတ်မျိုးထားထားပေးရင် ပိုပြီးတော့အဆင်ပြေစေပါတယ်။ အဓိကကတော့ အသီးအရွက်တွေနဲ့၊ Salad တွေကို ကောင်းကောင်းစားပေးနိုင်ဖို့ပါပဲ။
လေ့ကျင့်ခန်းလုပ်ရတာကို နှစ်သက်ရမယ်
လေ့ကျင့်ခန်းလုပ်တယ်ဆိုတာလည်း ခန္ဓာကိုယ်ပိုပြီးလှပဖို့အတွက်၊ စိတ်ကိုလည်း လန်းဆန်းသွားစေတာကြောင့် ကြိုက်နှစ်သက်တယ်ဆိုတဲ့ စိတ်မျိုးကိုထားထားပေးဖို့တော့လိုပါတယ်။ လေ့ကျင့်ခန်းလုပ်နေတဲ့အချိန်မှာ အစပိုင်းတော့ နာကျင်တာတွေ၊ ပင်ပန်းတာတွေကို ခံစားရနိုင်တယ် ဆိုပေမယ့် တစ်ချိန်ကျရင် လှပတဲ့အရာတွေကို ပိုင်ဆိုင်လာရတော့မှာဆိုတဲ့စိတ်မျိုးနဲ့ လေ့ကျင့်ခန်းလုပ်ရတာကို နှစ်သက်နေဖို့လိုအပ်ပါတယ်။
ကျန်းမာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ရတာကောင်းတယ်လို့ သတ်မှတ်ထားပါ
ကျန်းမာတဲ့ခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ရဖို့ဆိုတာ လေ့ကျင့်ခန်းတွေများများလုပ် အစားအသောက်တွေဆင်ခြင်ရနဲ့ဆိုတော့ နည်းနည်းတော့ပင်ပန်းမှာပေါ့။ ဒါပေမယ့် ကျန်းမာပြီးလှပတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်လိုက်ရပြီဆိုရင် နေရထိုင်ရတာရော၊ စိတ်ကိုပါလန်းဆန်းနေစေပြီး စိတ်ကျေနပ်စရာကောင်းနေမှာဆိုတဲ့ စိတ်မျိုးကိုထားထားဖို့လိုပါတယ်။
ဒီအချက်တွေအားလုံးကို အရင်ပြင်ဆင်ပြီးစိတ်ဆုံးဖြတ်နိုင်ပြီဆိုရင်တော့ သင့်ရဲ့ဝိတ်လျော့တဲ့အစီအစဉ်ကို စတင်လိုက်လို့ရပါပြီနော်။ ဒီအချက်တွေကို သေချာပိုင်နိုင်မှုရှိမှလည်း အောင်မြင်စွာနဲ့ ဝိတ်ချလို့ရနိုင်မှာပဲဖြစ်ပါတယ်နော်။
Credit MyStyle Myanmar

15/07/2020

လေဖြတ်မှုကို ကာကွယ်ပေးမယ့်အပြင် ပန်းသစ်တော်သီးရဲ့ အကျိုးကျေးဇူးများ
ပန်းသစ်တော်သီးစားတာဟာ ကျန်းမာရေး အကျိုးအာနိသင်အများကြီးရှိတယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။
အနီရောင် ၊ အစိမ်းရောင် ၊ အဝါရောင် အဆင်းရှိတဲ့ သစ်တော်သီးတွေမှာ ရေဓါတ်၊ အမျှင်ဓါတ် ၊ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများအပြားပါဝင်နေပါတယ်။
ပန်းသစ်တော်သီးရဲ့ အကျိုးကျေးဇူးများ
လေဖြတ်ခြင်း
သစ်တော်သီးကိုစားပေးတာဟာ သွေးလည်ပတ်မှုကောင်းစေပြီး လေဖြတ်မှုကို ကာကွယ်ပေးပါတယ်။ သစ်တော်သီးမှာ ပါဝင်တဲ့ အမျှင်ဓါတ်တွေဟာ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးပါတယ်။ လေ့လာမှုတွေအရ သစ်တော်သီးကိုစားပေးရင် လေဖြတ်နိုင်ချေကို ၅၀ % ထိလျှော့ချပေးတယ်လို့ ဆိုပါတယ်။
ကင်ဆာ
ပန်းသစ်တော်သီးမှာ ဗီတာမင် C ၊ အမျှင်ဓါတ်နဲ့ Folic Acid တွေသာမက ဓါတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တွေမြင့်မားစွာပါဝင်နေပါတယ်။ ဒါ့ကြောင့် ဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီး ကင်ဆာအမျိုးမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကင်ဆာဖြစ်စေတဲ့ဓါတုပစ္စည်းတွေ အူလမ်းကြောင်းမှာ စုနေတာကို ကာကွယ်ပေးပါတယ်။ အမျိုးသမီးတွေအတွက်တော့ ရင်သားကင်ဆာကို ကာကွယ်ပေးနိုင်လို့ သစ်တော်သီးကို စားပေးသင့်ပါတယ်။
ဝမ်းချုပ်ခြင်း
ပန်းသစ်တော်သီးမှာ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် ဝမ်းမှန်စေပါတယ်။
ဘက်တီးရီးယား
ပန်းသစ်တော်သီးမှာပါဝင်တဲ့Caffeic Acid ဓါတ်နဲ့ Tannins ဓါတ်တွေဟာ ခန္တာကိုယ်အတွင်း ရောဂါပိုးမွှားဝင်ရောက်မှုကို ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် အလွယ်တကူ အအေးမိ ဖျားနာတာမျိုး ကို အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။
Credit MyFood Myanmar

07/07/2020

ခါးပတ်လည်က အဆီတွေကျဆင်းစေမယ့် အစားအစာများ
လူကသာ ပိန်နေပေမယ့် ခါးမှာ အဆီရှိနေရင်လည်း ကြည့်လို့မကောင်းပါဘူး။ ခါးပတ်လည်၊ ဗိုက်တွေမှာ အဆီတွေ စုနေရင် မြန်မာအင်္ကျီ ဝတ်ရတာလည်း အဆင်မပြေသလို ကြည့်လို့လည်း မကောင်းပါဘူး။
ဒါကြောင့် ခါးပတ်လည်က အဆီပိုတွေကို အလျင်အမြန် ကျဆင်းစေမယ့် အစားအစာအကြောင်းကို ဝေမျှချင်ပါတယ်။
ငှက်ပျောသီး
ငှက်ပျောသီးမှာ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပါတယ်။ တစ်နေ့ကို ငှက်ပျောသီးတစ်လုံးစားရင် ဗိုက်ပြည့်နေပြီး အဆီမတက်တာကြောင့် ကိုယ်အလေးချိန်လျော့ကျကာ ခါးပတ်လည်က ပိုနေတဲ့ အဆီတွေလည်း ကျဆင်းသွားမှာဖြစ်ပါတယ်။
အခွံမာအသီးများနဲ့ Almonds စေ့
အခွံမာအသီးတွေ၊ Almonds သီးတွေမှာ Omega-3 နဲ့ ပရိုတင်းဓာတ် တို့ ပါဝင်မှုများပါတယ်။ Almonds အစေ့ကတော့ သွေးအတွင်း သကြားဓာတ်ပါဝင်မှုပမာဏကို ထိန်းညှိပေးပြီး ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။ အဲ့ဒီအပြင် ခါးပတ်လည်က အဆီပိုတွေကိုလည်း ကျဆင်းစေပါတယ်။
အခွံမာသီးတွေနဲ့ Almonds တို့ကို အသုတ်တွေမှာထည့်စားတာဖြစ်ဖြစ် အဆာပြေ အစားအစာ အဖြစ် စားသုံးလို့ရပါတယ်။
ထောပတ်သီး
ထောပတ်သီးက အရသာ ကောင်းရုံတင်မကဘဲ သူ့မှာ oleic အက်ဆစ်ဓာတ်ပါဝင်ပြီး ဗိုက်ခဏခဏ မဆာအောင်လည်း ပံ့ပိုးပေးပါတယ်။ သူ့မှာ အမျှင်ဓာတ်တွေ၊ Monounsaturated Fats တွေပါဝင်တာကြောင့် ကိုယ်အလေးချိန် မတက်အောင် ကူညီပေးပါတယ်။
ဖြစ်နိုင်ရင်တော့ ထောပတ်သီး တစ်နေ့ ၁ လုံး စားသုံးပေးပါ။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးက သွေးထဲမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေနဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။
ဒါကြောင့် ကိုယ်အလေးချိန်ကျဆင်းနိုင်ကာ အဆီတွေလည်း လျော့ကျစေပါတယ်။ အကောင်းဆုံးကတော့ ခရမ်းချဉ်သီးကို အသုတ်တွေထဲထည့်
စားတာ အစိမ်းစားတာမျိုး စားသုံးသင့်ပါတယ်။
ဘယ်ရီသီး
ဘယ်ရီသီးတွေဖြစ်တဲ့ စတော်ဘယ်ရီ၊ Raspberries၊ Blackberries ၊ Blueberries တို့က ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။
သူတို့မှာ Anthocyanins ဓာတ်ပါဝင်တာကြောင့် အမြဲတမ်း ဗိုက်ပြည့်နေသလိုခံစားရပြီး ခန္ဓာကိုယ်ထဲက အဆီနဲ့ သကြားဓာတ်တွေကို လျော့ချပေးပါတယ်။
Credit MyFood Myanmar

26/06/2020

အကြောပြတ်များကို ဖယ်ရှားဖို့ မီးဖိုချောင်က အစားအစာနဲ့ ပစ္စည်းတွေကို အသုံးပြုလိုက်ပါ
အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ခန္ဓာကိုယ်ပေါ်မှာ အကြောပြတ်ရာလေးတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အကြောပြတ်ရာတွေ အဖြစ်အများဆုံးနေရာတွေကတော့ ဝမ်းဗိုက်၊ ပေါင်နှင့် လက်မောင်းသားတွေမှာ အဖြစ်များပါတယ်။
ကိုယ်အလေးချိန် ရုတ်တရက်တက်ခြင်း၊ ကျခြင်းတို့ကြောင့် အကြောပြတ်ရာတွေဖြစ်ပေါ်လာတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို အသုံးပြုပြီး အကြောပြတ်ရာများကို ဖယ်ရှားနိုင်ပါတယ်။
ကော်ဖီအကြမ်းမှုန့် အသုံးပြုပါ
ကော်ဖီအကြမ်းမှုန့် အနည်းငယ်ကို ရေနည်းနည်းဖြင့် ရောနှောပြီး အနှစ်ကလေးများရအောင် ပြုလုပ်လိုက်ပါ။ ထို့နောက် အကြောပြတ်ရာကြောင့် အသားအရေမညီမညာ မလှမပဖြစ်နေတဲ့နေရာပေါ်မှာ စက်ဝိုင်းပုံသဏ္ဍာန် ညင်သာစွာ ၃ မိနစ်မှ ၅ မိနစ်ခန့်အထိ ပွတ်တိုက်ပေးလိုက်ပါ။
ထို့နောက် ရေနွေးနွေးဖြင့် ဆေးကြောပေးရပါမယ်။ ပိုမိုထိရောက်မြန်ဆန်တဲ့ အကျိုးရလဒ်ကို လိုချင်တယ်ဆိုရင်တော့ သံလွင်ဆီ စားပွဲတင်ဇွန်း ၂ ဇွန်း (သို့) ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်း ၂ ဇွန်းခန့် ထပ်ထည့်ပေးလိုက်ပါ။ ဒီနည်းလမ်းလေးကိုတော့ တစ်နေ့ နှစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။
သကြား အသုံးပြုပါ
သကြား စားပွဲတင်ဇွန်း ၁ ဇွန်းကို အယ်လ်မွန်ဆီ တစ်စက်၊ နှစ်စက်ခန့်နှင့် သံပုယိုရည် အနည်းငယ်တို့ဖြင့် ရောနှောကာ သမအောင် မွှေပေးလိုက်ပါ။ ထို့နောက် အကြောပြတ်ရာပေါ်မှာ သုတ်လိမ်းပေးကာ ၈ မိနစ်၊ ၁၀ မိနစ်ခန့် နှိပ်နယ်ပေးရပါမယ်။
ထို့နောက် ရေနွေးနွေးလေးဖြင့် ဆေးကြောပေးလိုက်ပါ။ ဒီနည်းလမ်းလေးကိုတော့ တစ်နေ့ တစ်ကြိမ်၊ နှစ်ကြိမ်ခန့် အသုံးပြုနိုင်ပါတယ်။
သံပုယိုရည် အသုံးပြုပါ
သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်းခန့်ကို အကြောပြတ်ရာ ဖြစ်ပွားနေသော အသားအရေပေါ်သို့ စက်ဝိုင်းပုံသဏ္ဍာန် သုတ်လိမ်းပေးလိုက်ပါ။ အသားထဲ စိမ့်ဝင်သွားဖို့ရန်အတွက် ၁၀ မိနစ်ခန့် ထားထားလိုက်ပါ။ ၁၀ မိနစ်ပြည့်မှ ရေနွေးနွေးလေနဲ့ ဆေးကြောသန့်စင်ပေးရပါမယ်။ အစိုဓာတ်ထိန်းပေးတဲ့ Moisturizing ခရင်မ်လေးကို အသားအရေပေါ်မှာ ပြန်လိမ်းပေးဖို့ မမေ့ပါနဲ့။
ဒီနည်းလမ်းလေးကိုတော့ တစ်ရက်မှာ တစ်ကြိမ် (သို့) နှစ်ကြိမ် ပြုလုပ်ပေးရပါမယ်။
Credit MyFood Myanmar

20/06/2020

ဟင်းနုနွယ်ကို ပုံမှန်စားသုံးပေးခြင်းကြောင့် ခံစားရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ
ဟင်းနုနွယ်မှာ ပါဝင်တဲ့ သံဓာတ်ကြောင့် ဟင်းနုနွယ်က ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့ စူပါအစားအစာဖြစ်တယ်လို့ အာဟာရပညာရှင်များက ပြောကြားထားကြပါတယ်။ ဟင်းနုနွယ်က သင့်ခန္ဓာကိုယ်ကို ပိုပြီး ကျန်းမာသန်စွမ်းလာအောင်၊ အသားအရေ ကြည်လင်ဝင်းပလာအောင် ကူညီပေးတဲ့အပြင် အစာချေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။
ဆက်လက်ဖော်ပြပေးချင်တာကတော့ ဟင်းနုနွယ်ကို ပုံမှန်စားသုံးပေးခြင်းကြောင့် ခံစားရမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။
အရိုးနဲ့ ကြွက်သားများ ပိုမိုသန်မာလာခြင်း
ဟင်းနုနွယ်မှာပါဝင်တဲ့ မဂ္ဂနီစီယမ်ဓာတ်က ကြွက်သားများ ပိုမိုသန်မာလာဖို့နဲ့ အာရုံကြောစနစ်များ ကောင်းစွာ အလုပ်လုပ်နိုင်ဖို့ ကူညီပေးပါတယ်။ အရိုးအဆစ်များ သန်မာတဲ့အတွက်ကြောင့် အရိုးပွရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ပေးပါတယ်။
ဟင်းနုနွယ်ကဲ့သို့ အရိုးအားကောင်းအောင် ကူညီပေးတဲ့အစားအစာတွေကတော့ ကိုက်လန်၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီး၊ ရွှေဖရုံသီးနဲ့ ငရုတ်ပွအနီတို့ပဲဖြစ်ပါတယ်။
အမြင်အာရုံ ပိုမိုကောင်းမွန်လာခြင်း
ဟင်းနုနွယ် ပုံမှန်စားသုံးတဲ့သူများက အသက်အရွယ်ကြီးရင့်လာတဲ့အခါ မျက်စိအားနည်းခြင်း၊ မျက်စိတိမ်ဖုံးခြင်း စတဲ့ အမြင်အာရုံပိုင်းဆိုင်ရာရောဂါများ ခံစားရနိုင်ချေ နည်းပါတယ်လို့ သိပ္ပံပညာရှင်များက ပြောကြားထားပါတယ်။
သွေးလှည့်ပတ်မှု ပိုမိုကောင်းမွန်လာခြင်း
ဟင်းနုနွယ်မှာ ပိုတက်စီယမ်ဓာတ်များ မြင့်မားစွာပါဝင်တဲ့အတွက်ကြောင့် သွေးတိုးရောဂါကို ကုသပေးရာမှာ အတန်အသင့်အစွမ်းထက်ပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေတာကြောင့် သဘာဝဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။
သင့်အသားအရေ ပိုမိုကျန်းမာ လှပလာခြင်း
ဟင်းနုနွယ်မှာ ပါဝင်တဲ့ ဗီတာမင်အေက အသားအရေ ခြောက်သွေ့ကာ ပက်ကြားအက်ခြင်းမှ ကာကွယ်ပေးပြီး အသားအရေကို ကြည်လင်လှပလာစေပါတယ်။
အစာချေစနစ် ပိုမိုကောင်းမွန်လာခြင်း
ဟင်းနုနွယ်ရဲ့အားသာချက်ကတော့ အစိမ်းပဲဖြစ်ဖြစ် ပြင်ဆင်ချက်ပြုတ်ပြီးပဲဖြစ်ဖြစ် အလွယ်တကူစားသုံးနိုင်ခြင်းပဲဖြစ်ပါတယ်။ ဟင်းနုနွယ်စားသုံးခြင်းက အစာချေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းပိတ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။
Credit MyFood Myanmar

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon