PMP Coach

PMP Coach

Share

19/04/2026

𝗣𝗠𝗣 𝗖𝗼𝗮𝗰𝗵 ကို ⭐️ 𝑹𝒆𝒄𝒐𝒎𝒎𝒆𝒏𝒅 ⭐️ ပေးသွားတဲ့ 𝗞𝗼 𝑲𝒉𝒊𝒏𝒆 𝑯𝒆𝒊𝒏 အား ကျေးဇူးတင်ရှိပါတယ်။

👩‍🏫 April (25) ရက်နေ့တွင် ဖွင့်လှစ်မည့် PMP Exam Prep Course (Batch 16) အတွက် စားရင်းပေးသွင်းနိုင်ပါသေးတယ်။
____________

👩‍🏫 𝑰𝒏𝒕𝒆𝒏𝒔𝒊𝒗𝒆 𝑪𝒐𝒖𝒓𝒔𝒆 နှင့် 𝑶𝒏𝒆 𝒐𝒏 𝑶𝒏𝒆 𝑪𝒐𝒂𝒄𝒉 အတွက် သိရှိလိုပါက Chatbox တွင် မေးမြန်းစုံစမ်းနိုင်ပါသည်။
_____________
💎 𝗣𝗿𝗼𝗷𝗲𝗰𝘁 𝗠𝗮𝗻𝗴𝗲𝗿 တစ်ဦး ရဲ့ 𝗰𝗮𝗿𝗲𝗲𝗿 မှာ 𝗣𝗠𝗣 𝗰𝗲𝗿𝘁𝗶𝗳𝗶𝗰𝗮𝘁𝗲 ရှိမှ ပြည့်စုံမှာပါ။ 💎

19/04/2026

ကျွန်မသင်တန်းမှာ Exam အောင်သွားကြတဲ့ ကျောင်းသား တွေကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် ကျောင်းသား (၂) မျိုး ရှိနေတာကို တွေ့ရပါတယ်။

💁🏻‍♀️ ပထမ (၁) မျိုးကတော့

စာကို သေချာ အချိန်ယူလေ့လာတယ်။ Exam အောင်ဖို့ကော၊ ဖြေဖို့ကော ပြတ်ပြတ်သားသား ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ အချိန်တွေ အများကြီးယူတယ်။ ပုံမှန်လေးလုပ်တယ်။ မေးခွန်းတွေကို မပိုင်မချင်း သူက စိတ်တိုင်းမကျနေဘူး။ နောက်ပြီး ကျွန်မပြောထားတဲ့ timetable ကို တစ်သွေမတိမ်း လိုက်နာတဲ့အပြင် ကြားဖြတ်ကိစ္စပေါ်လာလို့ စာနဲ့ အလှမ်းဝေးသွားပြီဆိုရင်လည်း timetable ကို reset ပြန်ချပြီး အစကနေ ပြန်ပြီး လေ့လာကြတဲ့ သူမျိုးပေါ့နော်။

🙋🏻‍♀️ နောက် ဒုတိယ (၁) မျိုးကတော့

သင်တန်းလာအပ်ကတည်းက Exam ဖြေဖို့ အရမ်း rush ဖြစ်နေပြီး သင်တန်းကို ရောက်လာတယ်။ သူ့ဘက်က Exam ဖြေရမယ့်ရက်နဲ့ Exam အောင်ရမယ့်ရက်ကို တစ်ခါတည်း goal setting ချထားပြီးသား။ ဘယ်သူဘာပြောပြော သူသတ်မှတ်ထားတဲ့ ရက်အတွင်း အောင်ရမယ်ဆိုပြီး အချိန်တိုအတွင်း အဲဒီရက်မှာပဲ Exam ကို ဖြေချလိုက်တယ်။ ကျွန်မအတွေ့အကြုံအရ ဒါက 50% - 50% chance ပဲ ရှိတာ တွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲလိုလုပ်သွားတဲ့သူရဲ့ 50% ကတော့ Exam အောင်ခဲ့ကြပြီး၊ ကျန် 50% ကတော့ overconfidence အရှိလွန်သလိုမျိုးဖြစ်ပြီး Exam failed ဖြစ်ခဲ့ကြပါတယ်။

ဒုတိယ အမျိုးအစားထဲက ကျောင်းသားတစ်ယောက်ဆိုရင် သင်တန်းကာလမှာတင် Theory တွေ တော်တော်ပိုင်နေပြီ။ ကျွန်မနဲ့ နောက်ဆုံးတွေ့တော့ သူက Mock Question ကို ကောင်းကောင်း မဖြေနိုင်သေးဘူး။ ဒါပေမဲ့ တစ်လလောက် လုံးဝ ပျောက်သွားတယ်။ အဲဒီကာလအတွင်း ရုံးကနေ (၂) ပတ်တိတိ ခွင့်ယူတယ်။ တစ်နေ့ (၈) နာရီနှုန်းနဲ့ စုစုပေါင်း နာရီ (၈၀) စာသေချာလုပ်တယ်။

တစ်ရက်သား သူဆီက message ဝင်လာတယ်။ Exam ဖြေထားတဲ့ report ပေါ့နော်။ 2 ATs နဲ့ Exam ကို လွတ်လွတ်ကျွတ်ကျွတ် အောင်ခဲ့တာပါ။

ဒါဆိုရင် ကိုယ်တိုင်ကကော အချိန်တွေ အများကြီးပေးပြီး Safe Zone ထဲမှာနေကာ Exam ဖြေဆိုမယ့်သူလား။ ဒါမှမဟုတ် Risk တွေယူပြီး အချိန်တိုအတွင်း Exam အောင်ချင်သူမျိုးလား။

ဘယ်အမျိုးအစားထဲမှာ ပါနေလဲ…?

PMP Exam နှင့်ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးချင်တယ်ဆိုရင်တော့ PMP Coach မှ ပုံမှန်ဖွင့်လှစ်ထားတဲ့ Intensive Course, One-on-One Coach နှင့် PMP Exam Prep Course တွေမှာ ပြန်လည် ဆုံတွေ့ကြပါမယ်ရှင်။

အားလုံးပဲ လွယ်ကူအဆင်ပြေကြပါစေရှင်။

🟪🟪🟪🟪🟪
Cho Zin Wint
(18 April 2026)
PMP Coach

13/04/2026

💦 သင်္ကြန်အခါသမယ မှာ ပျော်ရွှင်ပါစေ 🌾

မြန်မာနှစ်သစ်ကူး သင်္ကြန်အချိန်အခါသမယမှာ
အေးချမ်းသာယာမှု၊ ပျော်ရွှင်မှု နှင့်
ကံကောင်းခြင်းတွေ အစဉ်တစိုက်
ပြည့်စုံစေပါစေ ကြောင်း
PMP Coach Team မှ
နှစ်သစ်ဆုမွန်ကောင်း
တောင်းလိုက်ပါသည်။ 💦 ✨

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No (69), 8th Floor, Yangon Lucky Condo, MayNiGone Zay Street
Yangon