Myanmar AK languages school

Myanmar AK languages school

Share

05/05/2026

Congratulations👏🎉

Germanyနိုင်ငံ၊ Erfurt မြို့ရှိ Fachhochschule Erfurt တွင် Sustainable Engineering of Infrastructureကို တက်ရောက်ခွင့်ရရှိသွားတဲ့ ကျောင်းသားလေး Mg Kaung Khant Kyaw အတွက် ကျွန်မတို့ Myanmar AK languages schoolမှ အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်ရှင် 🌟🌟

ပညာသင်ကြားရေးခရီးလမ်း တစ်လျှောက်လုံးမှာ အခက်အခဲမရှိ အဆင်ပြေချောမွေ့ပြီး၊ မိမိရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ ရည်မှန်းထားတဲ့ အောင်မြင်မှုပန်းတိုင်ကို အမြန်ဆုံး ဆိုက်ရောက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်❤️

29/04/2026

"ကျောင်းပိတ်ရက် အသိပေးကြေညာခြင်း"

30.04.2026 ရက်နေ့ '‌ကဆုန်လပြည့်​နေ့'နှင့် 01.05.2026 ရက်​နေ့ 'ကမ္ဘာ့အလုပ်သမားနေ့'တို့တွင် Myanmar AK languages schoolရှိ အတန်းများအားလုံးပိတ်ပါမည်ဖြစ်ကြောင်း ‌အသိပေး ကြေညာအပ်ပါတယ်ရှင်။

02.05.2026တွင် ပုံမှန်အတိုင်း အတန်းများ ပြန်လည်ဖွင့်အပ်သွားပါမယ်ရှင်။

24/04/2026

Guten Tag🙋‍♀️

Myanmar AK ရဲ့ Mayလအတွက် အတန်းသစ် Timetable လေးတွေ ထွက်ရှိလို့ လာပါပြီရှင်✨🇩🇪

ဂျာမနီနိုင်ငံသွားဖို့ပဲဖြစ်ဖြစ်၊ Skills တစ်ခုအနေနဲ့ တတ်မြောက်ထားချင်တာပဲဖြစ်ဖြစ် အလုပ်မအားသူတွေအတွက်ပါ အဆင်ပြေစေမယ့် ရုံးချိန်လွတ် အတန်းလေးတွေကို အဓိက စီစဉ်ပေးထားပါတယ် ❤️

🇩🇪A1.1 - Tr.Htet
Starting date : 11.05.2026
Days : Mon, Tues, Wed
Time : 7:15 - 8:30 PM

🇩🇪A1.2 - Tr.Kyaw
Starting Date : 12.05.2026
Days : Tue, Wed, Thur, Fri
Time : 7:00 - 8:15 PM

🇩🇪A2.2
Starting date : 19.05.2026
Days : Tue, Thur, Sat
Time : 7:45 - 9:00 PM

🇩🇪 Germany နိုင်ငံ Hueber Verlag ထုတ် Common European Framework အတိုင်း ရေးဆွဲထားသော စာအုပ်များကို အသုံးပြု သင်ကြားပေးမှာဖြစ်ပါတယ်

🇩🇪သင်ပုံသင်နည်းကတော့ Myanmar AK ရဲ့ ထုံးစံအတိုင်း ကျောင်းသားတိုင်းကို Speaking, Listening, Reading, Writing 4skills လုံးကို စနစ်တကျ သင်ကြားပေးသွားမှာပါ

🇩🇪သင်မယ့် တီချယ်တွေကလည်း ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကျောင်းဆင်း, licensed tour guides တွေလည်းဖြစ်တဲ့ ဂျာမန်ဘာသာကို ပိုင်ပိုင်နိုင်နိုင် တတ်ကျွမ်းပြီး အတန်းသားအားလုံး နားလည်အောင် သင်ပြပေးနိုင်သည့် တီချယ်များဖြစ်ပါတယ်

🇩🇪အချိန်မကုန် လူမပင်ပန်းဘဲ အိမ်မှာပဲ သက်တောင့်သက်သာလေ့လာနိုင်အောင် အတန်းအားလုံးကို Zoomဖြင့် Onlineကနေ သင်ကြားပေးသွားပါမယ်

🇩🇪အကြောင်းကြောင်းကြောင့် အတန်းပျက်ရတဲ့ နေ့တွေအတွက် သင်ခန်းစာတွေ လွတ်မသွားအောင် A1.1, A1.2 အတန်းတွေအတွက် Telegram Group ထဲမှာ Recording Videos လေးတွေ ပြန်တင်ပေးပါတယ်

🇩🇪အတန်းတိုင်းမှာ ဖတ်စာအုပ်အပြင်၊ လေ့ကျင့်ခန်းစာအုပ်များ၊ သဒ္ဒါမှတ်စုများ၊ vocabulary fileများ နဲ့ listening fileများလည်း အခမဲ့ဝေမျှပေးသွားမှာဖြစ်ပါတယ်

✅ အတန်းလေးတွေကို စိတ်ဝင်စားရင် တက်ရောက်ချင်တဲ့ levelလေးကို Commentမှာ ရေးခဲ့ပေးပါ…..သဘောကောင်းတဲ့ adminလေးတွေက လာရောက်ဆက်သွယ်ပါမယ်နော်…..🥰🥰

အတန်းများ အပ်နှံလိုပါက:
💬 𝗣𝗮𝗴𝗲 𝗖𝗵𝗮𝘁𝗯𝗼𝘅
☎️ 09 401 861 422 သို့ဆက်သွယ်၍ စုံစမ်းနိုင်ပါတယ်။

21/03/2026

🇩🇪 German for Teens

နွေရာသီကျောင်းပိတ်ရက်မှာ သားငယ်၊သမီးငယ်များအတွက် အချိန်ကို အကျိုးရှိရှိအသုံးချရင်း ထူးခြားတဲ့ Language Skill တစ်ခု ပိုင်ဆိုင်သွားစေဖို့ German A1.1.1 Summer Class လေးဖွင့်ပေးလိုက်ပါပြီရှင် ☀️🌳

German for Teens အတန်းလေးတွေက အသက် 10 နှစ်မှ 15 နှစ်အထိ ကျောင်းသူကျောင်းသားလေးများပဲ တက်ရောက်ခွင့်ရမှာဖြစ်သလို သင်ကြားမဲ့ပုံစံကလည်း ဆယ်ကျော်သက်များအတွက် သီးသန့်ပြင်ဆင်ထားတဲ့ Teens သင်ရိုးမို့ ဖေဖေမေမေတို့ရဲ့ ရတနာလေးတွေအတွက် လိုအပ်ချက်နဲ့ ကွက်တိကျမဲ့အတန်းလေးပါ...🍀

🇩🇪A1.1.1 (Teens)
Starting Date - 1. April 2026
Days - Mon, Wed
Times - 7:00 - 8:30 PM

သင်ကြားပေးမဲ့ Teacher ကလည်း နိုင်ငံခြားဘာသာတက္ကသိုလ်က B.A (German) ဘွဲ့ရရှိထားပြီး ခရီးသွားလုပ်ငန်းမှာ Tourist Guide & Tour Leader အဖြစ် လုပ်သက် 15 နှစ်ကျော်ရှိတဲ့အပြင် လူငယ်ဘဝမှာ Peer Educator, Youth Leader အဖြစ် နိုင်ငံကိုယ်စားပြု စွမ်းဆောင်မှုများစွာ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ Teacher ကိုယ်တိုင် ဆယ်ကျော်သက်သားလေးရှိနေတဲ့အတွက် ဖေဖေမေမေတို့နဲ့အတူ ခံစားနားလည်ပေးနိုင်တာမို့ လက်မလွှတ်သင့်တဲ့သင်တန်းတစ်ခုပါ... ✨❤️

လူနည်းနည်းနဲ့ထိထိ​ရောက်​ရောက် သင်ကြား​ပေးမှာမို့ လူပြည့်သွားလို့ မတက်လိုက်ရဘူး မဖြစ်ရလေအောင် အမြန်ဆုံးစာရင်းပေးအပ်နှံထားလိုက်ပါ...❣️

သင်တန်းများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက
💬 page messenger (သို့မဟုတ်)
☎️ 09771866718 , 09401861422 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


56, First Floor, (middle), Thida Street, Hlaing Township
Yangon